ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rj အပိုင်း ၅ စာ. ၁၂-၁၅
  • “ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”
  • ယေဟောဝါဘုရားဆီ ပြန်လာပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ငါ့ဆီ ပြန်လာကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမည်
    ယေဟောဝါအား တေးသီကျူးကြ
  • သင့်ကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ယေဟောဝါဘုရားဆီ ပြန်လာပါ
rj အပိုင်း ၅ စာ. ၁၂-၁၅

အပိုင်း ၅

“ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”

ဒီဘရိုရှာမှာ ဆွေးနွေးခဲ့တဲ့ အခက်အခဲ တစ်ခုနှစ်ခုကို သင် ကြုံနေရသလား။ ကြုံနေရတယ်ဆိုရင် သင်တစ်ဦးတည်း မဟုတ်ပါဘူး။ ကျမ်းစာခေတ်နဲ့ အခုခေတ် ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေဟာ အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြတယ်။ သူတို့ကို ဘုရားသခင် ကူညီပေးခဲ့သလို သင့်ကိုလည်း ကူညီပေးနိုင်ပါတယ်။

သင်ပြန်လာတဲ့အခါ ယေဟောဝါဘုရား ကြိုဆိုမှာဖြစ်

သင်ပြန်လာတာကို ယေဟောဝါ ကြိုဆိုနေတယ်ဆိုတာ ယုံကြည်စိတ်ချပါ။ စိုးရိမ်ပူပန်မှုတွေ ပြေပျောက်သွားအောင်၊ စိတ်ထိခိုက်မှုတွေ သက်သာလာအောင်၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ရှိပြီး စိတ်ငြိမ်သက်အောင် သင့်ကို ဘုရား ကူညီပေးသွားမှာပါ။ အဲဒီနောက် ယုံကြည်သူချင်းတွေနဲ့အတူ ယေဟောဝါရဲ့အမှုတော် ပြန်ထမ်းဆောင်ချင်စိတ် ရှိလာပါလိမ့်မယ်။ “ခင်ဗျားတို့ဟာ လမ်းလွဲတဲ့သိုးတွေလို ဖြစ်ခဲ့ကြပေမဲ့ အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြပြီ” လို့ တမန်တော်ပေတရုပြောတဲ့ ပထမရာစုခရစ်ယာန်တွေနဲ့ သင် အခြေအနေချင်း ဆင်တူပါလိမ့်မယ်။—၁ ပေတရု ၂:၂၅။

သင် လုပ်နိုင်သမျှထဲမှာ အကောင်းဆုံးအရာက ယေဟောဝါဆီ ပြန်လာခြင်းပါ။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့စိတ်ကို ပျော်ရွှင်စေမှာ ဖြစ်လို့ပါ။ (ပညာအလိမ္မာ ၂၇:၁၁) ယေဟောဝါဟာ ခံစားချက်ရှိတာမို့ ကျွန်တော်တို့ရဲ့လုပ်ရပ်တွေက ဘုရားအပေါ် အကျိုးသက်ရောက်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိကို ချစ်ဖို့၊ ကိုးကွယ်ဖို့ ဖိအားမပေးပါဘူး။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ဘုရားကို နှစ်နှစ်ကာကာ ချစ်တဲ့စိတ်နဲ့ ကိုးကွယ်ဖို့ ကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်တယ်။ ဒါဟာ ဘုရားအပေါ် သမာဓိရှိခြင်းဆိုတဲ့ အဖိုးတန်လက်ဆောင်ကို ပေးနေတာဖြစ်လို့ ဘုရားရဲ့စိတ်ကို အကြီးအကျယ် ရွှင်လန်းစေပါတယ်။ ယေဟောဝါတစ်ပါးတည်း ရထိုက်တဲ့ဝတ်ပြုမှုကို ပေးဆက်နေလို့ ခံစားရတဲ့ပျော်ရွှင်မှုကို ဘာနဲ့မှ အစားမထိုးနိုင်ပါဘူး။—တမန်တော် ၂၀:၃၅။ ဗျာဒိတ် ၄:၁၁။

မလှုပ်မရှားဖြစ်ခဲ့တဲ့ ညီအစ်မတစ်ဦးကို အသင်းတော်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြ

ဒါ့အပြင် ဘုရားကို ပြန်ဝတ်ပြုတဲ့အခါ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာမှာဖြစ်တယ်။ (မဿဲ ၅:၃) ဘယ်လိုနည်းနဲ့လဲ။ ‘ငါတို့ ဘာကြောင့် အသက်ရှင်နေရတာလဲ’ ဆိုပြီး ကမ္ဘာတစ်ဝန်းကလူတွေ စဉ်းစားကြတယ်။ ဘဝရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို သိချင်စိတ် ပြင်းပြကြတယ်။ အကြောင်းက ယေဟောဝါဟာ လူသားတွေကို အဲဒီစိတ် ထည့်ထားပေးလို့ပါ။ ဘုရားကို ဝတ်ပြုခြင်းကနေ ကျေနပ်ပျော်ရွှင်မှုရဖို့ ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်။ ဘုရားသခင်ကို နှစ်နှစ်ကာကာ ချစ်တဲ့စိတ်နဲ့ ဝတ်ပြုနေပါလားဆိုတဲ့ အသိကြောင့် ခံစားရတဲ့ ကျေနပ်ပျော်ရွှင်မှုထက် ပိုကောင်းတဲ့အရာ မရှိပါဘူး။—ဆာလံ ၆၃:၁-၅။

ယေဟောဝါဘုရားက သင့်ကို ပြန်လာစေချင်တယ်ဆိုတာ သိထားပါ။ အဲဒါကို ဘယ်လို သိနိုင်မလဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ။ ဒီဘရိုရှာကို အကြိမ်ကြိမ် ဆုတောင်းပြီး အသေအချာ ပြင်ဆင်ပေးထားတာပါ။ အကြီးအကဲ ဒါမှမဟုတ် ယုံကြည်သူချင်းတစ်ဦးက သင့်ဆီ ဒီဘရိုရှာ ယူလာပေးတာ ဖြစ်နိုင်တယ်။ အဲဒီအခါ ဘရိုရှာကို ဖတ်ပြီး သိလာတဲ့အတိုင်း လုပ်ဖို့ လှုံ့ဆော်ခံရမှာ ဖြစ်တယ်။ ဒါတွေအားလုံးက သင့်ကို ယေဟောဝါဘုရား မမေ့သေးဘူးဆိုတဲ့ သက်သေပါပဲ။ မိမိဆီ ပြန်လာဖို့ သင့်ကို ဘုရား ဖိတ်ခေါ်နေတာပါ။—ယောဟန် ၆:၄၄။

ပျောက်သွားတဲ့သိုးတွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့အချက်ကလည်း အားရှိစရာပါပဲ။ ဒါနာလို့ခေါ်တဲ့ ညီအစ်မတစ်ဦး အဲဒီအချက်ကို သဘောပေါက်လာတယ်။ “ကျွန်မဆို အမှန်တရားနဲ့ ဝေးမှန်းမသိ ဝေးသွားတာ။ ဒါပေမဲ့ ‘အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်စိတ်ကို သိမြင်လှည့်ပါ။ အသေအချာ ဆန်းစစ်ပြီး ပူပန်သောကတွေကို သိမြင်လှည့်ပါ။ ကျွန်တော့်စိတ်ဟာ အန္တရာယ်လမ်းကို ဦးတည်နေသလားဆိုတာ ကြည့်ရှုပေးပါ။ ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးပါ’ ဆိုတဲ့ ဆာလံ ၁၃၉:၂၃၊ ၂၄ ပါစကားတွေကို ခဏခဏ အလေးအနက် စဉ်းစားတယ်။ ကျွန်မက လောကနဲ့ ပတ်သက်လို့ မရဘူး၊ ဘယ်တော့မှလည်း အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်ဘူး၊ ကျွန်မရှိနေရမယ့်နေရာက ယေဟောဝါရဲ့ အဖွဲ့အစည်းပဲဆိုတာ သိလာပါပြီ။ ကျွန်မကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ဘုရားဆီ ပြန်လာရမယ်ဆိုတာကို သဘောပေါက်လာတယ်။ ပြန်လာနိုင်ခဲ့လို့ ဝမ်းသာလို့ မဆုံးဘူး” လို့ သူပြောတယ်။

“ကျွန်မကို ယေဟောဝါဘုရား ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ဘုရားဆီ ပြန်လာရမယ်ဆိုတာကို သဘောပေါက်လာတယ်”

“ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်း” ကို သင်လည်း ပြန်ခံစားနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။ (နေဟမိ ၈:၁၀) ယေဟောဝါဘုရားဆီ ပြန်လာပါ။ သင် ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။

ယေဟောဝါဘုရားဆီ ပြန်လာခြင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ

ဘယ်လို အစပြုမလဲ

မလှုပ်မရှားဖြစ်နေတဲ့ ညီအစ်မတစ်ဦး ကျမ်းစာဖတ်နေ

ကျန်းမာရေး မကောင်းသူဟာ လုပ်ရိုးလုပ်စဉ်တွေကို တဖြည်းဖြည်း ပြန်စဖို့ လိုတယ်။ သင်လည်း ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို တဖြည်းဖြည်း လုပ်သွားမယ်ဆိုရင် ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာပါလိမ့်မယ်။ တစ်ခါတည်းနဲ့ အကုန်လုံး လုပ်ရမယ်လို့တော့ မယူဆပါနဲ့။ အချိန်အနည်းငယ် ပေးပြီး ကျမ်းစာဖတ်တာ၊ အဖွဲ့အစည်းထုတ်စာပေတစ်ခုခု လေ့လာတာ၊ jw.org ဝက်ဘ်ဆိုက် ဝင်ကြည့်တာ၊ jw.org က အစီအစဉ်တစ်ခုခုကြည့်တာတွေ လုပ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အစည်းအဝေးတွေကို ချက်ချင်း တက်ပါ။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းခံပါ။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။

“ဘုရားရေးရာမှာ ကျွန်မ မလှုပ်မရှားဖြစ်သွား ပြီးနောက် ဆုတောင်းရမှာတောင် တွန့်ဆုတ်လာတယ်။ တစ်ခါတော့ အားတင်းပြီး ဆုတောင်းလိုက်တယ်။ မကြာခင် အကြီးအကဲတစ်ဦး ရောက်လာပြီး ကျွန်မကို ယေဟောဝါ မစွန့်ပစ်ထားမှန်း နားလည်လာအောင် ရှင်းပြတယ်။ ပြီးတော့ ကျမ်းစာကို နေ့တိုင်း စဖတ်ဖို့ အကြံပေးတယ်။ အကြံပေးတဲ့အတိုင်း ဖတ်လိုက်တော့ အစည်းအဝေးတွေ ပြန်တက်ချင်လာတယ်။ နောက်တော့ အမှုဆောင်မှာလည်း ပြန်ပါဝင်လာတယ်။ ကျွန်မကို ယေဟောဝါဘုရား ဘယ်တုန်းကမှ စွန့်ပစ်မထားလို့ ပျော်လိုက်ရတာ။” —အယ်ဗာ။

အသင်းတော်က ဘယ်လို ကြိုဆိုမလဲ

အသင်းတော်က သင့်ကို လှိုက်လှဲစွာ ကြိုဆိုမယ်ဆိုတာ စိတ်ချပါ။ ပြစ်တင်ဝေဖန်မယ့်အစား မေတ္တာနဲ့ အတတ်နိုင်ဆုံး အားပေးသွားကြမှာပါ။—ဟီဘရူး ၁၀:၂၄၊ ၂၅။

“အသင်းတော်က သူငယ်ချင်းတွေ ကျွန်တော့်ကို ဘယ်လိုများ မြင်မလဲဆိုပြီး စိုးရိမ်လို့ ခန်းမကို မသွားရဲဘူး။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကတည်းက အသင်းတော်မှာ ရှိနေတဲ့ သက်ကြီးညီအစ်မတစ်ဦး ကျွန်တော့်ကိုလည်း တွေ့ရော ‘ခုလို ပြန်လာတာ ဝမ်းသာလိုက်တာ၊ သားရယ်’ တဲ့။ သူ့စကားကြောင့် ကျွန်တော် စိတ်ထိမိသွားတယ်။ အခုမှပဲ ရင်ထဲပေါ့သွားတော့တယ်။”—ဂါဗီရာ။

“ဘယ်သူမှ သတိမပြုမိအောင် ခန်းမထဲက နောက်ဆုံးခုံမှာ သွားထိုင်လိုက်တယ်။ ဒါပေမဲ့ ကလေးဘဝကတည်းက သိခဲ့တဲ့သူတွေ ကျွန်တော့်ကိုလည်း မြင်ရော မှတ်မိသွားကြတယ်။ ကျွန်တော့်ကို ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက်ကြတော့ ဘယ်လို ပျော်သွားမှန်း မသိဘူး။ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သွားသလိုပဲ။”—မာကို။

အကြီးအကဲတွေ ဘယ်လို ကူညီပေးမလဲ

အကြီးအကဲတွေက သင့်ကို ကြင်နာစွာ ဆက်ဆံပါလိမ့်မယ်။ “ကနဦးမေတ္တာ” ပြန်လည်ရှင်သန်လိုတဲ့ သင့်ဆန္ဒကို ချီးမွမ်းပါလိမ့်မယ်။ (ဗျာဒိတ် ၂:၄) သင် မှားခဲ့တာတွေကို ပြုပြင်နိုင်အောင် “နူးညံ့သိမ်မွေ့တဲ့စိတ်” နဲ့ ကြင်နာစွာ ကူညီပေးပါလိမ့်မယ်။ (ဂလာတိ ၆:၁။ ပညာအလိမ္မာ ၂၈:၁၃) ပျော်စရာဘဝ ထာဝရ စံစားကြ ဒါမှမဟုတ် ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်တွေနဲ့ ပြန်ပြီးကျမ်းစာလေ့လာနိုင်အောင် အကြီးအကဲတွေ စီစဉ်ပေးနိုင်ပါတယ်။ ဘုရားဆီ ပြန်လာဖို့ သင် လုပ်ဆောင်ရာမှန်သမျှကို အကြီးအကဲတွေ အားပေးထောက်မမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ဟေရှာယ ၃၂:၁၊ ၂။

“ဘုရားရေးရာမှာ မလှုပ်မရှားဖြစ်ခဲ့တဲ့ ရှစ်နှစ်အတွင်း အကြီးအကဲတွေ ကျွန်တော့်ကို အမြဲလိုလို လာအားပေးကြတယ်။ တစ်နေ့ အကြီးအကဲတစ်ဦးက ကျွန်တော်တို့အုပ်စုလိုက် ရိုက်ထားတဲ့ ပုံတချို့ပြတော့ ဘုရားအမှုဆောင်ခဲ့တုန်းက ခံစားခဲ့ရတဲ့ ပျော်စရာအချိန်တွေကို ပြန်အမှတ်ရလာတယ်။ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ပြန်လုပ်နိုင်အောင် အကြီးအကဲတွေ မေတ္တာပါပါ ကူညီပေးကြတယ်။”—ဗစ်တာ။

“ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်”

ညီအစ်မနှစ်ယောက် စည်းဝေးမှာ သီချင်းစာအုပ်အတူတူကြည့်ပြီး သီချင်းဆိုနေကြ

ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ သီချင်းစာအုပ်ထဲမှာ အားရှိစေတဲ့ သီချင်း တော်တော်များများ ပါတယ်။ အဲဒီသီချင်းတွေက သင်ပြန်လာချိန်မှာ နှစ်သိမ့်မှုပေးပြီး ခွန်အားလည်း ရှိစေမယ်။ ဥပမာ၊ သီချင်းနံပါတ် ၃၈ ရဲ့ သီချင်းစာသားတွေကို သုံးသပ်ကြည့်ပါ။ ၁ ပေတရု ၅:၁၀ ကို အခြေခံထားပြီး သီချင်းခေါင်းစဉ်က “ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်” ဖြစ်ပါတယ်။

  1. ၁။ ဘုရားရှင် သင်တို့အား အမှန် တရား သိရှိစေကာ

    မှောင်မိုက်ထဲမှ ခေါ်ဆောင်၊ အလင်းတော်ထဲ။

    ဘုရားရှာ၊ မှန်ရာလုပ် လိုစိတ်ပြင်းပြဆန္ဒ

    ကိန်းအောင်း သင်တို့ နှလုံးမှာ ကိုယ်တော်တွေ့။

    သင်တို့ ကတိပြု အလိုတော်ဆောင်ဖို့

    ကိုယ်တော် သင်တို့ကို ဆက်ကူညီနေမှာ။

  2. ၂။ သင်တို့အတွက် ဘုရား ချစ်သားတော် ပေးသနား။

    ဒါကြောင့် သင်တို့ အောင်မြင်မှု ရစေလို။

    ချစ်သားကိုတောင် ရက်ရောစွာ ပေးသနားပါက၊

    စိတ်ချ၊ ခံနိုင်အား ပေးမှာ လွန်သေချာ။

    သင်တို့ပြသော ချစ်ခြင်းနဲ့ ယုံကြည်ခြင်း၊

    မေ့လျော့မထား၊ စောင့်ရှောက်တော်မူမှာပါ။

    (ထပ်ကျော့ပိုဒ်)

    သားတော် အသွေးနဲ့ရွေးထား၊ သင်တို့ကို ဘုရားပိုင်၊

    သင်တို့ကို မြဲမြံစေ၊ ခွန်အားလည်း ရှိစေမယ်။

    သင်တို့နဲ့ အမြဲရှိနေပြီး ကာကွယ်၊ လမ်းပြမယ်။

    သင်တို့ကို မြဲမြံစေ၊ ခွန်အားလည်း ရှိစေမယ်။

ယေဟောဝါအား တေးသီကျူးကြ—သီချင်းစာအုပ်

တခြားဘာသာစကားတွေနဲ့ သီဆိုထားတဲ့ ဒီသီချင်းနဲ့ တခြားနိုင်ငံတော်သီချင်းတွေကို နားဆင်နိုင်အောင် ဒီသင်္ကေတကို scan ဆွဲပါ။ ဒါမှမဟုတ် www.pr2711.com မှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ