ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ypq မေးခွန်း ၅ စာ. ၁၅-၁၇
  • ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
  • လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
    မိသားစုအတွက် အကူအညီ
  • အနိုင်ကျင့်ခံရတဲ့အခါ ယေဟောဝါကို မှီခိုအားကိုးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ဘယ်လိုလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
ypq မေးခွန်း ၅ စာ. ၁၅-၁၇
အတန်းဖော်တွေရှေ့မှာ ကောင်လေးတစ်ယောက်က နောက်တစ်ယောက်ကို အနိုင်ကျင့်နေ

မေးခွန်း ၅

ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

ဘာကြောင့်အရေးကြီးတာလဲ

သင့်ရဲ့တုံ့ပြန်ပုံကြောင့် အခြေအနေ ပိုကောင်းလာနိုင်သလို ပိုဆိုးသွားနိုင်တယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– မင်းမင်းတစ်ယောက် ဒီနေ့ ကျောင်းမတက်ချင်ဘူး။ နောက်နေ့တွေလည်း မတက်ချင်တော့ဘူး။ ဖြစ်ပုံက လွန်ခဲ့တဲ့သုံးလက စခဲ့တာ။ အတန်းဖော်တွေက သူ့အကြောင်း မမှန်တဲ့သတင်းတွေ လျှောက်ပြောကြတယ်။ နာမည်ပြောင်တွေ ပေးကြတယ်။ တစ်ခါတလေ တစ်ယောက်ယောက်က မင်းမင်းလက်ထဲက စာအုပ်တွေ ပြုတ်ကျသွားအောင် မတော်တဆဖြစ်တဲ့ပုံစံမျိုး ပုတ်ချတတ်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က အနောက်ကနေ သူ့ကို ဆောင့်တွန်းလိုက်ပြီး သူလှည့်ကြည့်တဲ့အခါ မသိသလို နေကြတယ်။ မနေ့ကတော့ ပိုဆိုးလာပြီ၊ မင်းမင်းကို အွန်လိုင်းကနေ ခြိမ်းခြောက်တဲ့ စာတောင် ပို့လာကြပြီ။

သင်က မင်းမင်းနေရာမှာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။

ပြန်စဉ်းစားကြည့်ပါ

သင်က လုံးဝအကူအညီမဲ့နေတဲ့သူတော့ မဟုတ်ပါဘူး။ တကယ်တော့ အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

  • ပြန်မတုံ့ပြန်ပါနဲ့။ ‘မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။ ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်တတ်တယ်’ ဆိုပြီး ကျမ်းစာပြောတယ်။ (သုတ္တံ ၂၉:၁၁၊ ကဘ) အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေမယ်ဆိုရင် အနိုင်ကျင့်တဲ့သူတွေ သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။

  • လက်စားမချေပါနဲ့။ “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်” ဆိုပြီး ကျမ်းစာပြောတယ်။ (ရောမ ၁၂:၁၇) လက်တုံ့ပြန်တာက အခြေအနေကို ပိုဆိုးစေရုံပဲရှိတယ်။

  • ပြဿနာထဲမဝင်ပါနဲ့။ “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏” ဆိုပြီး ကျမ်းစာပြောတယ်။ (သုတ္တံ ၂၂:၃) အနိုင်ကျင့်တတ်တဲ့ လူတွေနဲ့ အနိုင်ကျင့်ခံရနိုင်တဲ့ အခြေအနေတွေကို ဖြစ်နိုင်တဲ့အခါတိုင်း ရှောင်ပါ။

  • သူတို့ မျှော်လင့်မထားတဲ့နည်းနဲ့ တုံ့ပြန်ပါ။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏” ဆိုပြီး ကျမ်းစာပြောတယ်။ (သုတ္တံ ၁၅:၁) ဟာသတောင် လုပ်လိုက်နိုင်တယ်။ ဥပမာ၊ အနိုင်ကျင့်တဲ့သူက သင့်ကို ‘ဝက်ပုတ်’ လို့ခေါ်ရင် သိပ်အလေးမထားတဲ့ပုံနဲ့ “အေးပါ၊ ငါ ဝိတ်ချလိုက်ဦးမယ်” လို့ ပြောနိုင်တယ်။

  • ရှောင်ထွက်ပါ။ “နှုတ်ပိတ်နေတာက သင့်ကို အနှောင့်အယှက်ပေးတဲ့သူတွေထက် သင်ဟာ ပိုတည်ငြိမ်ရင့်ကျက်ကြောင်း၊ ပိုသန်မာကြောင်း ပြရာရောက်တယ်။ အနိုင်ကျင့်တဲ့သူတွေဆီမှာ မရှိတဲ့ စိတ်ချုပ်တည်းမှုကို တင်ပြနေတာပဲ” လို့ ၁၉ နှစ်အရွယ် နိုရာက ပြောတယ်။—၂ တိမောသေ ၂:၂၄။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိအောင် လုပ်ပါ။ အနိုင်ကျင့်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိသူတွေ၊ ကြောက်တတ်တဲ့သူတွေကို ပစ်မှတ်ထားတတ်ကြတယ်။ ဒါပေမဲ့ သူတို့ခြောက်တိုင်း မကြောက်တဲ့သူတွေကိုတော့ ရှောင်ကြတယ်။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ “ဘယ်သူမဆို အနိုင်ကျင့်ခံရပြီဆိုရင် တိုင်ပြောပါ။ ဒါကလုပ်သင့်တဲ့အလုပ်ပဲ။ တခြားသူတွေကို ဆက်အနိုင်မကျင့်အောင်လည်း တားဆီးပေးရာရောက်တယ်” ဆိုပြီး ဆရာမတစ်ဦးဖြစ်ခဲ့ဖူးသူက ပြောတယ်။

အနိုင်ကျင့်သူကို ယုံကြည်စိတ်ချမှုနဲ့ ​လူငယ်တစ်ယောက် ရင်ဆိုင်နေ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိမယ်ဆိုရင် အနိုင်ကျင့်တဲ့သူဆီမှာမရှိတဲ့ အစွမ်းခွန်အားကို သင်ပိုင်ဆိုင်ထားခြင်းဖြစ်

သင်သိပါသလား

အနိုင်ကျင့်တယ်ဆိုတာ ကာယပိုင်း နာကျင်အောင် လုပ်တာလောက်ပဲ မဟုတ်ဘူး။ အောက်ပါလုပ်ရပ်တွေလည်း ပါတယ်–

  • အနိုင်ကျင့်သူရဲ့ နှုတ်ကနေ မီးနဲ့တူတဲ့​စကားတွေ ထွက်လာ

    စကားနဲ့အနိုင်ကျင့်ခြင်း။ “ကျွန်မကို ခေါ်တဲ့နာမည်ပြောင်တွေ၊ ပြောတဲ့စကားတွေကို ဘယ်တော့မှမေ့လို့မရဘူး။ အသုံးမကျတဲ့သူ၊ အပယ်ခံ၊ ငတုံးတစ်ယောက်လို့ ခံစားခဲ့ရတယ်။ အဲဒီလိုအပြောခံရတာက အသားနာတာထက် ပိုခံရခက်တယ်။”—စေလင်း၊ အသက် ၂၀ နှစ်။

  • ရွယ်တူချင်းတွေရဲ့ ဖယ်ကြဉ်မှုကို ခံရပြီး တစ်ယောက်တည်းထိုင်နေတဲ့ ​လူငယ်

    ပယ်ထားခြင်း။ “ကျောင်းနေဖက်တွေက ကျွန်မကို အဖက်မလုပ်ကြဘူး။ နေ့လယ်စာစားတဲ့အခါ ကျွန်မကို နေရာမပေးလို့ သူတို့နဲ့အတူ မထိုင်ရဘူး။ မျက်ရည်စက်လက်နဲ့ တစ်နှစ်လုံး တစ်ယောက်ထဲ စားခဲ့ရတယ်။”—ဟယ်လေး၊ အသက် ၁၈ နှစ်။

  • အွန်လိုင်းကနေ ခြိမ်းခြောက်တဲ့ စာကြောင့် ထိတ်လန့်သွားတဲ့ မိန်းမငယ်

    အွန်လိုင်းသုံးပြီးအနိုင်ကျင့်ခြင်း။ “ကွန်ပျူတာခလုတ် နှိပ်လိုက်ရုံနဲ့ တစ်ယောက်ယောက်ကို နာမည်ပျက်သွားအောင်၊ သူ့ဘဝတစ်ခုလုံးကိုပါ ထိခိုက်သွားအောင် လုပ်နိုင်တယ်။ ပိုတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့ ဒါ တကယ်ဖြစ်နိုင်တယ်။”—ဒံနီယယ်၊ အသက် ၁၄ နှစ်။

အနိုင်ကျင့်ခြင်းနဲ့သက်ဆိုင်တဲ့ မေးခွန်းများ

မှန်သလား၊ မှားသလား

အဖြေများ

၁ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကျော်ကာလကတည်းက အနိုင်ကျင့်တာတွေ ရှိခဲ့တယ်။

၁ မှန်။ ဥပမာ၊ ‘အလဲထိုးသူတွေ’ လို့အဓိပ္ပာယ်ရှိတဲ့ နက်ဖလင်အုပ်စုတစ်စုအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၆:၄၊ ကဘ။

၂ အနိုင်ကျင့်ခြင်းဟာ အန္တရာယ်ကင်းတဲ့ ကျီစားမှုသာဖြစ်တယ်။ ပြဿနာကြီးကြီးမားမားမဟုတ်ဘူး။

၂ မှား။ အနိုင်ကျင့်ခြင်းကြောင့် လူငယ်အတော်များများ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်သွားစေတယ်။

၃ အနိုင်ကျင့်မှုကို ဖြေရှင်းတဲ့အကောင်းဆုံးနည်းက ပြန်တိုက်ခိုက်ခြင်းပဲ။

၃ မှား။ အနိုင်ကျင့်သူတွေဟာ အနိုင်ကျင့်ခံရသူတွေထက် ခွန်အားဗလပိုကြီးလေ့ရှိတဲ့အတွက် ပြန်တိုက်ခိုက်ဖို့ ကြိုးစားတာက အချည်းနှီးပါပဲ။

၄ အနိုင်ကျင့်နေတာကို တွေ့တယ်ဆိုရင် မသိသလိုနေတာ အကောင်းဆုံးပဲ။

၄ မှား။ မသိသလိုနေတာက အပြစ်မကင်းဘူး။ အနိုင်ကျင့်နေတာကို တွေ့လျက်နဲ့ မသိသလိုနေမယ်ဆိုရင် သူတို့နဲ့ အလိုတူအလိုပါ ဖြစ်သွားနိုင်တယ်။

၅ အနိုင်ကျင့်သူတွေဟာ စကားကြီးစကားကျယ်တွေ ပြောနေပေမဲ့လည်း စိတ်အားငယ်တတ်တဲ့သူတွေ ဖြစ်ကြတယ်။

၅ မှန်။ အနိုင်ကျင့်သူတချို့ဟာ အတ္တကြီးသူတွေ ဖြစ်ကြပေမဲ့လည်း အနိုင်ကျင့်တတ်သူများစွာက စိတ်အားငယ်တတ်သူတွေဖြစ်ပြီး သူတို့ရဲ့ခံစားချက်ကို ဖြေတဲ့အနေနဲ့ အနိုင်ကျင့်တာ။

၆ အနိုင်ကျင့်သူတွေဟာ ပြောင်းလဲနိုင်ပါတယ်။

၆ မှန်။ အကူအညီရမယ်ဆိုရင် အနိုင်ကျင့်သူတွေဟာ သူတို့ရဲ့ အမူအကျင့်တွေကို ပြောင်းလဲနိုင်ပါတယ်။

လက်တွေ့လုပ်ကြည့်ပါ

  • အနိုင်ကျင့်ခံရတဲ့အခါ ငါ ဘာလုပ်မလဲ၊ ဘယ်လိုပြန်ပြောမလဲ။

ထပ်လေ့လာကြည့်ပါ

အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း

www.pr2711.com/mya မှာပါတဲ့ အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း ကာတွန်းသရုပ်ဖော် ဗီဒီယိုကို ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ