ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇၃
  • ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ဘယ်လိုလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ဘယ်လိုလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိသင့်သိအပ်ရာ
  • လုပ်ဆောင်နိုင်ရာ
  • အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
    မိသားစုအတွက် အကူအညီ
  • ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • အနိုင်ကျင့်ခံရတဲ့အခါ ယေဟောဝါကို မှီခိုအားကိုးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇၃
လူငယ်တစ်ယောက် ဆိုက်ဘာအနိုင်ကျင့်မှု ခံရပြီးနောက် စိတ်ဓာတ်ကျနေ

လူငယ်များအမေး

ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ဘယ်လိုလဲ

  • သိသင့်သိအပ်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူချင်းတို့အဆို

သိသင့်သိအပ်ရာ

အင်တာနက်က အနိုင်ကျင့်မှုကို လွယ်ကူစေတယ်။ “ကိုယ့်သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်တာမို့ လူကောင်းလေးတွေကိုတောင် ဆိုးသွားစေတယ်” လို့ CyberSafe စာအုပ်မှာ ဖော်ပြထားတယ်။

တချို့သူတွေ ပိုပစ်မှတ်ထားခံရတတ်တယ်။ အဲဒီမှာ တသီးတသန့်နေတတ်သူတွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းသူတွေ ပါတယ်။

ဆိုက်ဘာအနိုင်ကျင့်ခံရတာက ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ အထီးကျန်ဝေဒနာ၊ စိတ်ကျဝေဒနာတို့ကို ပိုဆိုးစေတယ်။ လူတချို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိတောင် ဖြစ်စေခဲ့ပြီ။

လုပ်ဆောင်နိုင်ရာ

အရင်ဆုံး ‘ဒါဟာ တကယ်အနိုင်ကျင့်ခံရတာလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ တစ်ခါတလေ လူတွေဟာ တကယ် မရည်ရွယ်ဘဲ မကောင်းတာတွေ ပြောတတ်ကြတယ်။ ဒါဆိုရင် ကျမ်းစာပါ ပညာရှိအကြံဉာဏ်ကို လိုက်လျှောက်နိုင်တယ်–

“ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ။”​—ဒေသနာ ၇:​၉၊ အောက်ခြေမှတ်ချက်။

တစ်ယောက်ယောက်က အွန်လိုင်းမှာ တမင်တကာ နှောင့်ယှက်၊ စော်ကား၊ ခြိမ်းခြောက်တာမျိုးဆိုရင် အနိုင်ကျင့်တာပဲ။

ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ကိုယ့်တုံ့ပြန်ပုံက အခြေအနေတွေကို ပိုဆိုးသွားစေ၊ ပိုကောင်းသွားစေနိုင်တယ် ဆိုတာကို သတိရပါ။ အောက်ပါအကြံပြုချက်တွေထဲက တစ်ခုနှစ်ခုကို စမ်းကြည့်ပါ။

အနိုင်ကျင့်မှုကို လျစ်လျူရှုလိုက်ပါ။ “ဉာဏ်ပညာရှိသူဟာ စကားများများ မပြောဘူး။ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။​—ပညာအလိမ္မာ ၁၇:၂၇။

ဒီအကြံပြုချက် ထိရောက်တဲ့ အကြောင်းရင်းတစ်ရပ်– “အနိုင်ကျင့်ရတဲ့ အဓိကရည်ရွယ်ချက်က တစ်ဖက်သားကို စိတ်ထိခိုက်သွားစေဖို့ပါပဲ။ စိတ်ထိခိုက်သွားရင် အနိုင်ကျင့်သူရဲ့ ထိန်းချုပ်မှုကို ခံရတော့တာပဲ” လို့ Cyberbullying and Cyberthreats စာအုပ်မှာ နန်စီ ဝီလဒ်ကို ရေးထားတယ်။

အဓိကအချက်– တစ်ခါတလေ အကောင်းဆုံး တုံ့ပြန်နည်းက မတုံ့ပြန်ဘဲ နေလိုက်ခြင်းပါပဲ။

တုံ့ပြန်ချင်စိတ်ကို တွန်းလှန်ပါ။ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့” လို့ ကျမ်းစာမှာ ဆိုထားတယ်။​—၁ ပေတရု ၃:၉။

ဒီအကြံပြုချက် ထိရောက်တဲ့ အကြောင်းရင်းတစ်ရပ်– “ဒေါသက အားနည်းမှုကို ဖော်ပြတာမို့ ပိုအနိုင်ကျင့်ခံရတာမျိုး ဖြစ်စေတယ်” လို့ Cyber-Safe Kids, Cyber-Savvy Teens စာအုပ်မှာ ဖော်ပြထားတယ်။ လက်တုံ့ပြန်လိုက်တဲ့အခါ ကိုယ်တိုင်လည်း ပြဿနာမှာ ပါတဲ့သူလို့ အထင်ရောက်သွားနိုင်စေတယ်။

အဓိကအချက်– မီးလောင်ရာလေပင့် မလုပ်ပါနဲ့။

အခြေအနေကို ဖန်တီးယူတတ်ပါ။ “အဆိုးနဲ့ တုံ့ပြန်ပြီး အရှုံးမခံပါနဲ့” လို့ ကျမ်းစာမှာ ဆိုတယ်။ (ရောမ ၁၂:၂၁) အခြေအနေကို ဆိုးမသွားစေဘဲ အနိုင်ကျင့်မှုကို ရပ်တန့်စေဖို့ လုပ်နိုင်တဲ့အရာတွေ ရှိပါတယ်။

ဥပမာ၊

  • မက်ဆေ့ချ် ပို့သူကို ပိတ်ဆီး (block) ထားလိုက်ပါ။ “ကိုယ်မဖတ်တဲ့အရာက ကိုယ့်ကို ဒုက္ခမပေးနိုင်ဘူး” လို့ Mean Behind the Screen စာအုပ်မှာ ဖော်ပြထားတယ်။

  • မဖတ်ရင်တောင် အထောက်အထားအားလုံးကို သိမ်းထားပါ။ အဲဒီမှာ ရန်လိုတဲ့စာတွေ၊ စာတိုတွေ၊ အီးမေးလ်တွေ၊ ဘလော့ဂ် ဒါမှမဟုတ် လူမှုမီဒီယာပေါ် တင်ထားတာတွေ၊ ဗီဒီယိုမက်ဆေ့ချ်၊ တခြားအရာတွေ ပါဝင်တယ်။

  • ဆိုက်ဘာအနိုင်ကျင့်သူကို ရပ်တန်းကရပ်ဖို့ ပြောပါ။ စိတ်ခံစားချက် မပါဘဲ ခိုင်မာပြတ်သားတဲ့ အောက်ပါမက်ဆေ့ချ်မျိုး ပို့ပါ–

    • “နောက်ထပ် ဘာမက်ဆေ့ချ်မှ မပို့နဲ့တော့။”

    • “တင်ထားတာကို ဖယ်ရှားလိုက်ပါ။”

    • “မရပ်ဘူးဆိုရင် ရပ်သွားအောင် တစ်ခုခု လုပ်ရလိမ့်မယ်။”

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချပါ။ ကိုယ့်အားနည်းချက်တွေကို အာရုံမစိုက်ဘဲ ကိုယ့်အားသာချက်တွေကို အာရုံစိုက်ပါ။ (၂ ကောရိန္သု ၁၁:၆) ကိုယ်ထိလက်ရောက် အနိုင်ကျင့်သူတွေလိုပဲ ဆိုက်ဘာအနိုင်ကျင့်သူတွေကလည်း ပျော့ကွက်ရှိသူတွေကို ရှာဖွေအနိုင်ကျင့်တတ်ကြတယ်။

  • လူကြီးတွေကို ပြောပြပါ။ မိဘတွေကို အရင်ပြောပြပါ။ အနိုင်ကျင့်သူ သုံးနေတဲ့ ဝက်ဘ်ဆိုက်၊ ဝန်ဆောင်မှုဆီလည်း အခြေအနေကို အသိပေးနိုင်ပါတယ်။ အခြေအနေဆိုးရင် ကိုယ်တိုင်နဲ့ မိဘတွေအနေနဲ့ ကျောင်းကို အသိပေးသင့်ပါတယ်။ ရဲတိုင်သင့်ပါတယ်။ တရားရေးအကြံပြုချက်တောင် ရယူသင့်ပါတယ်။

အဓိကအချက်– အရှက်ခွဲစော်ကားမှုကို ရပ်တန့်စေဖို့၊ ကိုယ့်အပေါ် ဆိုက်ဘာအနိုင်ကျင့်မှု လျော့နည်းသွားစေဖို့ လုပ်ဆောင်နိုင်တဲ့အရာတွေ ရှိပါတယ်။

ရွယ်တူချင်းတို့အဆို

နာတာလီ

“ဆိုက်ဘာအနိုင်ကျင့်မှု ခံနေရရင် အဲဒီဆိုက်ကို သုံးဖို့ တကယ် လိုအပ်သလား။ ကောင်းကျိုးထက် ဆိုးကျိုး ပိုများသလား။ အဲဒီပုဂ္ဂိုလ်ကို ပိတ်ဆီးလိုက်နိုင်မလား။ အခြေအနေကနေ ရှောင်ထွက်ဖို့ လုပ်နိုင်တဲ့အရာ တစ်ခုခုတော့ ရှိတတ်ပါတယ်။​—နာတာလီ။

ဒေးရီးယပ်စ်

“ဆိုက်ဘာအနိုင်ကျင့်မှု ခံနေရရင် လူကြီးတွေကို ပြောပြပါ။ ‘ပျော့ညံ့သူ၊’ ‘ကလေးဆန်သူ’ လို့ အခေါ်ခံရမှာ မကြောက်ပါနဲ့။ ခေါ်ဆိုတဲ့အတိုင်း မဟုတ်ဘူး။ ပြောပြဖို့ ခွန်အားလိုပါတယ်။”​—ဒေးရီးယပ်စ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ