ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၄ စာ. ၆၂-စာ. ၆၃ ပိုဒ်. ၂
  • သူတို့ ကတိဖျက်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ ကတိဖျက်ကြ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွှေနွားရုပ် အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သိနာ—မောရှေ၏တောင်နှင့် သနားကြင်နာခြင်းတောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၄ စာ. ၆၂-စာ. ၆၃ ပိုဒ်. ၂
အစ္စရေးတွေဟာ ရွှေနွားရုပ်ကို ပတ်ပြီး သီချင်းဆို ကခုန်နေကြ

သင်ခန်းစာ ၂၄

သူတို့ ကတိဖျက်ကြ

ယေဟောဝါက မောရှေကို ‘တောင်ပေါ်တက်လာပါ။ ကျောက်ပြားပေါ်မှာ ငါ့ပညတ်တွေကို ချရေးပြီး သူတို့ကို ပေးပါ’ လို့ပြောတယ်။ မောရှေဟာ တောင်ပေါ်တက်သွားပြီး ရက် ၄၀ နေတယ်။ ယေဟောဝါဟာ ကျောက်ပြားနှစ်ချပ်ပေါ်မှာ ပညတ်ဆယ်ခု ရေးပေးပြီး မောရှေကို ပေးတယ်။

မောရှေက ကျောက်ပြားနှစ်ချပ်ကို ပစ်ချလိုက်တယ်

တောင်ပေါ်မှာ မောရှေကြာနေတော့ အစ္စရေးတွေက သူတို့ကို ထားခဲ့ပြီလို့ ထင်ကြတယ်။ ဒါနဲ့ သူတို့က အာရုန်ကို ‘ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွားမယ့် ဘုရားတစ်ဆူ လုပ်ပေးပါ’ လို့ တောင်းဆိုကြတယ်။ အာရုန်က ‘မင်းတို့ရွှေတွေ ယူလာခဲ့’ လို့ပြောပြီး အဲဒါနဲ့ နွားရုပ် လုပ်ပေးလိုက်တယ်။ လူတွေက ‘ဒီနွားရုပ်ဟာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ဘုရားပဲ’ လို့ပြောကြတယ်။ အဲဒီနောက် ရွှေနွားရုပ်ကို ဝတ်ပြုပြီး ပွဲခံကြပါလေရော။ အဲဒီလိုလုပ်တာ တကယ်မှားတယ်။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ဝတ်ပြုပါ့မယ်လို့ ကတိပေးပြီး ကတိဖျက်နေကြတာ။

အဲဒါကို ယေဟောဝါမြင်ပြီး ‘လူတွေဆီ ပြန်ဆင်းသွားတော့။ သူတို့ ငါ့စကား နားမထောင်ဘဲ မှားယွင်းတဲ့ဘုရားကို ဝတ်ပြုနေကြပြီ’ လို့ မောရှေကို ပြောတယ်။ မောရှေလည်း ကျောက်ပြားနှစ်ချပ်ကိုင်ပြီး တောင်အောက် ဆင်းသွားတယ်။

စခန်းနဲ့နီးလာတဲ့အခါ လူတွေသီချင်းဆိုသံကို မောရှေ ကြားတယ်။ ကခုန်ပြီး နွားရုပ်ကို ဦးချနေတဲ့ လူတွေကို မြင်တော့ အရမ်းစိတ်ဆိုးသွားတယ်။ ဒါနဲ့ ကျောက်ပြားနှစ်ချပ်ကို ပစ်ချလိုက်တာ ကွဲကြေကုန်တယ်။ ရုပ်တုကို ချက်ချင်း ဖျက်ဆီးလိုက်တယ်။ ပြီးတော့ ‘ဒီလောက် အခြေအနေဆိုးသွားရအောင် ခင်ဗျားကို ဘယ်လို သွေးဆောင်လိုက်တာလဲ’ လို့အာရုန်ကို မေးတော့ သူက ‘စိတ်မဆိုးပါနဲ့။ ဒီလူတွေအကြောင်း မင်း သိသားပဲ။ သူတို့ ဘုရားတစ်ဆူလိုချင်တော့ သူတို့ရွှေတွေကို မီးထဲပစ်ထည့်လိုက်တာ ဒီနွားရုပ်ထွက်လာတယ်’ လို့ပြန်ဖြေတယ်။ အဲဒီလို အာရုန် မလုပ်သင့်ဘူး။ နောက်တစ်နေ့မှာ မောရှေဟာ တောင်ပေါ်ပြန်တက်သွားပြီး လူတွေကို ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ အသနားခံတယ်။

ယေဟောဝါဟာ ကိုယ်တော့်စကား နားထောင်သူတွေကို ခွင့်လွှတ်ပေးတယ်။ အစ္စရေးတွေဟာ မောရှေရဲ့ စကားနားထောင်ဖို့ သိပ်အရေးကြီးတယ်ဆိုတာ တွေ့လား။

“ဘုရားသခင်ကို သစ္စာကတိပြုတဲ့အခါ အဲဒီအတိုင်းလုပ်ဖို့ မနှောင့်နှေးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဘုရားက မိုက်မဲတဲ့သူတွေကို မနှစ်သက်လို့ပဲ။ ဒါကြောင့် သစ္စာကတိပြုတဲ့အတိုင်း လုပ်ဆောင်ပါ။”—ဒေသနာ ၅:၄

မေးခွန်း– မောရှေမရှိတုန်း အစ္စရေးတွေ ဘာလုပ်ကြသလဲ။ မောရှေပြန်လာတဲ့အခါ ဘာလုပ်သလဲ။

ထွက်မြောက်ရာ ၂၄:၁၂-၁၈။ ၃၂:၁-၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ