ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၆ စာ. ၆၆-စာ. ၆၇ ပိုဒ်. ၁
  • သူလျှိုတစ်ဆယ့်နှစ်ယောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူလျှိုတစ်ဆယ့်နှစ်ယောက်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူလျှို ၁၂ ယောက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါနောက် အသင်လုံးလုံးလိုက်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၆ စာ. ၆၆-စာ. ၆၇ ပိုဒ်. ၁
ခါနန်ပြည်ကို အစ္စရေးသူလျှိုတွေ ထောက်လှမ်း

သင်ခန်းစာ ၂၆

သူလျှိုတစ်ဆယ့်နှစ်ယောက်

အစ္စရေးတွေဟာ ဆိုင်းနိုင်းတောင်ကနေ ထွက်လာတယ်။ ပါရန်တောကန္တာရကိုဖြတ်ပြီး ကာဒေရှအရပ်ကို သွားတယ်။ အဲဒီမှာ ယေဟောဝါက မောရှေကို ‘မျိုးနွယ်တစ်နွယ်ကနေ တစ်ယောက်၊ လူ ၁၂ ယောက်ကို ရွေးပြီး အစ္စရေးတွေကိုပေးမယ့် ခါနန်ပြည်ကို ထောက်လှမ်းဖို့ လွှတ်လိုက်ပါ’ လို့ပြောတယ်။ ဒါနဲ့ မောရှေလည်း လူ ၁၂ ယောက်ရွေးပြီး ‘ခါနန်ပြည်ကို သွားပါ။ အဲဒီပြည်က စိုက်ပျိုးလို့ကောင်းမကောင်း၊ ပြည်သားတွေက ခွန်အားကြီးသလား၊ အားနည်းသလား၊ တဲနဲ့နေသလား၊ ခံတပ်နဲ့နေသလား ဆိုတာတွေ သွားစုံစမ်းပါ’ လို့ပြောတယ်။ ယောရှုနဲ့ ကာလက်အပါအဝင် သူလျှို ၁၂ ယောက်ဟာ ခါနန်ပြည်ကို ထွက်သွားကြတယ်။

အစ္စရေးတွေ ပြစ်တင်ညည်းညူပြီး စိတ်ဓာတ်ကျ

ရက် ၄၀ ကြာပြီးနောက် သဖန်းသီး၊ သလဲသီး၊ စပျစ်သီးတွေယူလာပြီး သူလျှိုတွေ ပြန်ရောက်လာတယ်။ ‘ပြည်ကတော့ကောင်းပေမဲ့ ပြည်သားတွေက အားကောင်းမောင်းသန်ကြီးတွေ၊ ခံတပ်မြို့ကြီးတွေမှာ နေကြတာ’ လို့ပြန်ပြောကြတယ်။ ကာလက်က ‘သူတို့ကို ကျုပ်တို့ အနိုင်ရမှာပါ။ ချက်ချင်း သွားစစ်တိုက်ရအောင်’ လို့ ပြောတယ်။ ကာလက် ဘာလို့ အဲဒီလိုပြောတာလဲ သိလား။ သူနဲ့ ယောရှုဟာ ယေဟောဝါကို ယုံကြည်ကိုးစားလို့ပဲ။ တခြား သူလျှိုဆယ်ယောက်ကတော့ ‘အဲဒီကလူတွေဟာ လူထွားကြီးတွေ။ ကျုပ်တို့က သူတို့နဲ့ယှဉ်ရင် နှံကောင်တွေလိုပဲ’ လို့ပြောကြတယ်။

အစ္စရေးတွေ စိတ်ပျက်ကုန်ကြတယ်။ ပြစ်တင်ညည်းညူပြီး ‘ခေါင်းဆောင် နောက်တစ်ယောက် ခန့်ပြီး အီဂျစ်ပြည် ပြန်သွားကြစို့။ ခါနန်ပြည်ကိုသွားပြီး ဘာလို့အသေခံမှာလဲ’ လို့ပြောကြတော့ ယောရှုနဲ့ ကာလက်က ‘ယေဟောဝါကို မပုန်ကန်ကြပါနဲ့၊ မကြောက်ကြနဲ့။ ယေဟောဝါ ကာကွယ်ပေးလိမ့်မယ်’ လို့ပြောပေမဲ့ အစ္စရေးတွေ နားမထောင်ကြဘူး။ ယောရှုနဲ့ ကာလက်ကို သတ်တောင်သတ်ပစ်ချင်ကြတယ်။

ယေဟောဝါ ဘာလုပ်သလဲ။ ‘အစ္စရေးတွေအတွက် ငါ အားလုံးလုပ်ပေးပြီးတာတောင် သူတို့ ငါ့စကား နားမထောင်ကြသေးဘူး။ ဒါကြောင့် တောကန္တာရထဲမှာ အနှစ် ၄၀ နေပြီး သေကြရမယ်။ သူတို့ရဲ့ ကလေးတွေရယ်၊ ယောရှုနဲ့ ကာလက်ပဲ ငါကတိပေးထားတဲ့ပြည်မှာ နေခွင့်ရမယ်’ လို့ မောရှေကို ပြောတယ်။

“ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ကြောက်နေတာလဲ။”—မဿဲ ၈:၂၆

မေးခွန်း– ခါနန်ပြည်ကနေ သူလျှို ၁၂ ယောက်ပြန်လာပြီး ဘာဖြစ်သလဲ။ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ယောရှုနဲ့ ကာလက် ဘယ်လိုပြခဲ့သလဲ။

တောလည်ရာ ၁၃:၁–၁၄:၃၈။ တရားဟောရာ ၁:၂၂-၃၃။ ဆာလံ ၇၈:၂၂။ ဟီဘရူး ၃:၁၇-၁၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ