ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၄ စာ. ၈၄-စာ. ၈၅ ပိုဒ်. ၂
  • ဂိဒေါင် မိဒျန်လူမျိုးကို နှိမ်နင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂိဒေါင် မိဒျန်လူမျိုးကို နှိမ်နင်း
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ထာဝရဘုရားသခင်နှင့် ဂိဒေါင်၏ဓား’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဂိဒေါင်နဲ့ သူ့လူ ၃၀၀ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အကြီးအကဲတို့၊ ဂိဒေါင်ဆီကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါ— ကျွန်ုပ်တို့ရဲ့အကောင်းဆုံးမိတ်ဆွေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၄ စာ. ၈၄-စာ. ၈၅ ပိုဒ်. ၂
ဂိဒေါင်နဲ့ သူ့လူတွေ တံပိုးမှုတ်၊ မြေအိုးတွေခွဲ၊ မီးတိုင်တွေမြှောက်ပြီး အော်ဟစ်ကြွေးကြော်နေကြ

သင်ခန်းစာ ၃၄

ဂိဒေါင် မိဒျန်လူမျိုးကို နှိမ်နင်း

ကြာလာတော့ အစ္စရေးတွေဟာ ယေဟောဝါကို ကျောခိုင်းပြီး တခြားဘုရားတွေကို ကိုးကွယ်ကြတယ်။ မိဒျန်လူမျိုးဟာ ခုနစ်နှစ်လုံးလုံး အစ္စရေးတွေရဲ့ သိုးနွားတိရစ္ဆာန်တွေကို လုယူတယ်၊ စားပင်တွေကို ဖျက်ဆီးတယ်။ မိဒျန်တွေရဲ့ ရန်ကို ရှောင်ဖို့ အစ္စရေးတွေဟာ ဂူတွေထဲ၊ တောင်တွေပေါ် တက်နေထိုင်ကြရတယ်။ ဒါကြောင့် သူတို့ကို ကယ်ပါလို့ ယေဟောဝါကို အသနားခံကြတယ်။ ဒါနဲ့ ယေဟောဝါက လူငယ် ဂိဒေါင်ဆီ ကောင်းကင်တမန်တစ်ပါးလွှတ်ပြီး ‘ခွန်အားကြီးတဲ့ စစ်သူရဲဖြစ်ဖို့ မင်းကို ယေဟောဝါဘုရား ရွေးတယ်’ လို့ ပြောခိုင်းတယ်။ ဒါပေမဲ့ ဂိဒေါင်က ‘ကျွန်တော်က အစ္စရေးတွေကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ။ ကျွန်တော်က အရေးမပါတဲ့လူပါ’ လို့ပြန်ပြောတယ်။

ယေဟောဝါက သူ့ကိုရွေးတယ်ဆိုတာ ဂိဒေါင် ဘယ်လို သိမလဲ။ မြေကြီးပေါ်မှာ သိုးမွေးချထားပြီး ယေဟောဝါကို သူက ‘နောက်နေ့မနက်မှာ သိုးမွေးပေါ်မှာပဲ နှင်းကျပြီး ပတ်လည်မြေပြင်က ခြောက်သွေ့နေမယ်ဆိုရင် အစ္စရေးတွေကို ကယ်တင်စေချင်တယ်ဆိုတာ သိရပါလိမ့်မယ်’ လို့ပြောတယ်။ နောက်နေ့ မနက်မှာ သိုးမွေးက စိုရွှဲနေပြီး ပတ်ပတ်လည်မြေပြင်ကျတော့ ခြောက်သွေ့နေတယ်။ ဒါနဲ့ ဂိဒေါင်က ‘နောက်နေ့မနက်မှာ သိုးမွေးက ခြောက်သွေ့ပြီး ပတ်လည်မြေပြင်က စိုနေပါစေ’ လို့ ထပ်တောင်းဆိုတယ်။ အဲဒီအတိုင်း ဖြစ်ပျက်တာကိုတွေ့တော့ သူ့ကို ယေဟောဝါ ရွေးချယ်မှန်း သေချာသွားတယ်။ ဒီတော့ မိဒျန်တွေကို တိုက်ခိုက်ဖို့ စစ်သားတွေ စုဆောင်းလိုက်တယ်။

ဒီအခါ ယေဟောဝါက ‘အစ္စရေးတွေကို ငါ စစ်နိုင်စေမှာပါ။ ဒါပေမဲ့ မင်းမှာ စစ်သားတွေ များလွန်းနေတဲ့အတွက် မင်းက ကိုယ့်အင်အားနဲ့ကိုယ် စစ်နိုင်တာလို့ ကြွားမှာစိုးလို့ ကြောက်တဲ့သူကို အိမ်ပြန်ခိုင်းပါ’ လို့ပြောတယ်။ ဒါနဲ့ စစ်သား ၂၂,၀၀၀ ပြန်သွားတယ်။ ၁၀,၀၀၀ ကျန်ခဲ့တယ်။ ယေဟောဝါက ‘များနေသေးတယ်။ စမ်းချောင်းကို ခေါ်သွားပြီး ရေသောက်ခိုင်းပါ။ ရေသောက်ရင်း ရန်သူရှိမရှိ သတိထားသူတွေကိုပဲ အသုံးပြုပါ’ လို့ပြောတော့ လူ ၃၀၀ ပဲ အဲဒီလို ရေသောက်တာ တွေ့ရတယ်။ ဒီနောက် ယေဟောဝါက မိဒျန်စစ်သား ၁၃၅,၀၀၀ ကို အဲဒီလူနည်းစုလေးနဲ့ စစ်နိုင်မယ်လို့ ကတိပေးတယ်။

ညတွင်းချင်းပဲ ဂိဒေါင်ကို ယေဟောဝါက ‘မိဒျန်လူတွေကို အခု တိုက်ပါ’ လို့ အမိန့်ပေးတယ်။ ဂိဒေါင်က သူ့လူတွေကို တံပိုးတွေနဲ့ မီးတုတ်ထည့်ထားတဲ့ မြေအိုးကြီးတွေပေးပြီး ‘ငါ့ကိုကြည့်နေ။ ငါလုပ်တဲ့အတိုင်း လိုက်လုပ်ကြ’ လို့မှာတယ်။ ဂိဒေါင်က တံပိုးမှုတ်ပြီး မြေအိုးကို ရိုက်ခွဲလိုက်တယ်။ မီးတုတ်ကို မြှောက်ပြီး ‘ယေဟောဝါနဲ့ ဂိဒေါင်ရဲ့ဓား’ လို့အော်တဲ့အတိုင်း လူ ၃၀၀ လိုက်လုပ်တယ်။ မိဒျန်လူတွေလည်း ကြောက်အားလန့်အားနဲ့ လျှောက်ပြေးကြတော့တယ်။ ဒီလိုဖရိုဖရဲဖြစ်နေတုန်းမှာ သူတို့အချင်းချင်း တိုက်ခိုက်ကြရော။ ဒါနဲ့ပဲ ယေဟောဝါက အစ္စရေးတွေကို စစ်နိုင်စေခဲ့တယ်။

ကြောက်လန့်နေတဲ့ မိဒျန်စစ်သားများ

“သာမန်ထက်ထူးကဲတဲ့ တန်ခိုးဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်ဆီကမှန်း ထင်ရှားတယ်။”—၂ ကောရိန္သု ၄:၇

မေးခွန်း– ယေဟောဝါက ဂိဒေါင်ကို ရွေးချယ်မှန်း ဘယ်လိုသက်သေပြသလဲ။ ဂိဒေါင်ရဲ့တပ်ထဲမှာ ဘာကြောင့် လူ ၃၀၀ ပဲရှိတာလဲ။

တရားသူကြီး ၆:၁-၁၆။ ၆:၃၆–၇:၂၅။ ၈:၂၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ