ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၈ စာ. ၉၂-စာ. ၉၃ ပိုဒ်. ၂
  • ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသန်ဆုံးလူအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါပေးသော ခွန်အားဖြင့် ရှံဆုန်အောင်ပွဲဆင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါကို ရှံဆုန် အားကိုးသလို အားကိုးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၈ စာ. ၉၂-စာ. ၉၃ ပိုဒ်. ၂
ရှံဆုန်က ဒါဂုန်ဘုရားကျောင်း တိုင်တွေကို တွန်းလိုက်တဲ့အခါ ပြိုကျပျက်စီးသွား

သင်ခန်းစာ ၃၈

ယေဟောဝါက ရှံဆုန်ကို ခွန်အားရှိစေ

ဒီတစ်ခါလည်း အစ္စရေးတွေဟာ တခြားဘုရားတွေကို ကိုးကွယ်နေပြန်ပြီ။ ဒါနဲ့ ယေဟောဝါက သူတို့နိုင်ငံကို ဖိလိတိလူတွေလက်ထဲ အပ်လိုက်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့ အစ္စရေးတွေလည်း ရှိပါသေးတယ်။ တစ်ယောက်က မာနော် ဖြစ်တယ်။ သူနဲ့ သူ့မိန်းမမှာ ကလေးမရှိဘူး။ တစ်နေ့ကျတော့ ယေဟောဝါက မာနော်မိန်းမဆီ ကောင်းကင်တမန်တစ်ပါး စေလွှတ်လိုက်တယ်။ ကောင်းကင်တမန်က ‘ခင်ဗျား သားမွေးမယ်။ သူက ဖိလိတိတွေ လက်ထဲကနေ အစ္စရေးတွေကို ကယ်တင်မယ်။ သူက နာဇရိလူ ဖြစ်လိမ့်မယ်’ တဲ့။ နာဇရိလူတွေက ဘယ်သူတွေလဲ သိလား။ သူတို့က ယေဟောဝါ အထူးရွေးချယ်ထားတဲ့သူတွေ။ နာဇရိလူတွေဟာ ဆံပင်ညှပ်ခွင့်မရှိဘူး။

မာနော် သားကလေး မွေးလာတဲ့အခါ သူ့ကို ရှံဆုန်လို့ နာမည်ပေးတယ်။ ရှံဆုန် လူကြီးဖြစ်လာတဲ့အခါ ယေဟောဝါက သူ့ကို ခွန်အားကြီးတဲ့သူ ဖြစ်လာစေတယ်။ သူ့လက်နှစ်ဖက်နဲ့ပဲ ခြင်္သေ့ကို သတ်နိုင်တယ်။ တစ်ခါက သူ တစ်ယောက်တည်းနဲ့ ဖိလိတိလူ ၃၀ ကိုသတ်ခဲ့တယ်။ ဒါကြောင့် ဖိလိတိလူတွေက သူ့ကို သိပ်မုန်းလို့ သတ်ပစ်ဖို့ ရှာကြံနေကြတယ်။ တစ်ညတော့ ရှံဆုန်ဟာ ဂါဇာမြို့မှာ အိပ်နေတုန်း မနက်ကျရင် သူ့ကိုသတ်ပစ်ဖို့ မြို့ဂိတ်တံခါးမှာ သူတို့ သွားစောင့်နေကြတယ်။ ဒါပေမဲ့ သန်းခေါင်အချိန်မှာ မြို့ဂိတ်တံခါးဆီ ရှံဆုန်သွားပြီး ဂိတ်တံခါးကို ဆွဲနုတ်လိုက်ပြီး ဟေဗြုန်နားက တောင်ထိပ်ပေါ်ကို ထမ်းသွားပါလေရော။

နောက်တော့ ရှံဆုန်ရဲ့ ရည်းစား ဒေလိလဆီ ဖိလိတိလူတွေသွားပြီး ‘ရှံဆုန် ဒီလောက်အားရှိတာ ဘာကြောင့်လဲဆိုတာ မေးပြီးပြောပြရင် မင်းကို ငွေပြား ၅,၅၀၀ ပေးမယ်၊ သူ့ကို ဖမ်းပြီး ထောင်ချထားချင်တယ်’ လို့ပြောတယ်။ ဒေလိလက ငွေလိုချင်တာနဲ့ သဘောတူလိုက်တယ်။ အစမှာတော့ သူ့မှာ ဘာကြောင့် ဒီလောက်အားရှိတဲ့အကြောင်း ရှံဆုန် မပြောပြဘူး။ နောက်ဆုံးတော့ ပူဆာလွန်းလို့ လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်တယ်။ ‘ငါက နာဇရိလူဖြစ်လို့ တစ်ခါမှ ဆံပင် မရိတ်မဖြတ်ဖူးဘူး။ ငါ့ဆံပင်ကို ဖြတ်ရင် ငါခွန်အားရှိတော့မှာ မဟုတ်ဘူး’ လို့ ပြောပြတယ်။ ဒီလို ရှံဆုန် ပြောလိုက်တာ အမှားကြီး မှားတာပဲ။

ဒေလိလက ‘သူ့လျှို့ဝှက်ချက်ကို ကျွန်မသိပြီ’ လို့ ဖိလိတိလူတွေကို ချက်ချင်းပြောပြတယ်။ ဒီနောက် သူ့ပေါင်ပေါ်မှာ ရှံဆုန်ကို သိပ်လိုက်ပြီး ဆံပင် လာဖြတ်ခိုင်းတယ်။ ပြီးတော့ ‘ရှံဆုန်၊ ဖိလိတိတွေ ရောက်လာပြီ’ ဆိုပြီး အော်လိုက်တော့ ရှံဆုန် နိုးသွားတယ်။ သူ့မှာ ခွန်အားမရှိတော့တဲ့အတွက် ဖိလိတိလူတွေက သူ့ကိုဖမ်း၊ မျက်စိဖောက်ပြီး ထောင်ထဲမှာ ချုပ်ထားတယ်။

တစ်နေ့ကျတော့ ထောင်နဲ့ချီတဲ့ ဖိလိတိလူတွေက သူတို့ဘုရား ဒါဂုန်ရဲ့ ဘုရားကျောင်းထဲမှာ စုဝေးပြီး ‘ငါတို့ဘုရားက ငါတို့လက်ထဲ ရှံဆုန်ကိုအပ်ပြီ။ ငါတို့ကို ဖျော်ဖြေဖို့ ရှံဆုန်ကို ခေါ်လာခဲ့’ လို့အော်ပြောကြတယ်။ ဒါနဲ့ သူ့ကို တိုင်နှစ်လုံးကြား နေခိုင်းပြီး သရော်နေကြတုန်း ရှံဆုန်က ‘အိုယေဟောဝါ၊ ကျွန်တော့်ကို တစ်ကြိမ်ပဲ ခွန်အားပြန်ပေးပါ’ လို့ အသံကျယ်နဲ့ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာ ရှံဆုန်ရဲ့ ဆံပင်လည်း ပြန်ရှည်နေပြီ။ တိုင်နှစ်လုံးကို ခွန်အားရှိသမျှနဲ့ သူတွန်းလိုက်တဲ့အခါ တစ်တိုက်လုံး ပြိုကျပြီး အထဲမှာရှိတဲ့ လူအားလုံး သေကုန်ရော။ ရှံဆုန်လည်း သေသွားရှာတယ်။

‘ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်တယ်’—ဖိလိပ္ပိ ၄:၁၃

မေးခွန်း– ရှံဆုန် ဘာကြောင့် ဒီလောက်အားရှိတာလဲ။ သူအားရှိတဲ့အကြောင်း ဒေလိလကို ပြောပြလိုက်လို့ ရှံဆုန် ဘာဖြစ်သွားသလဲ။

တရားသူကြီး ၁၃:၁–၁၆:၃၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ