ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၆ စာ. ၁၁၂-စာ. ၁၁၃ ပိုဒ်. ၁
  • ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ ဝတ်ပြုရေးဘက် သူရပ်တည်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • သူသည် စစ်မှန်သောဝတ်ပြုရေးဘက် ရပ်တည်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စစ်မှန်သောဘုရားသခင်ကို ဧလိယချီးမြှောက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သူသည် စောင့်ကြည့်၍ စောင့်မျှော်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၆ စာ. ၁၁၂-စာ. ၁၁၃ ပိုဒ်. ၁
ယေဟောဝါဆီကနေ မီးကျလာပြီး ဧလိယရဲ့ ပူဇော်ရာကို လောင်ကျွမ်း

သင်ခန်းစာ ၄၆

ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ

အစ္စရေးဆယ်နွယ်နိုင်ငံမှာ မင်းဆိုးအများကြီးရှိတဲ့အထဲက အာဟပ်ဟာ အဆိုးဆုံးပဲ။ သူဟာ ဗာလဘုရားကိုဝတ်ပြုတဲ့ မိန်းမဆိုး ယေဇဗေလကို လက်ထပ်ထားတယ်။ အာဟပ်နဲ့ ယေဇဗေလဟာ ဗာလကို တစ်တိုင်းပြည်လုံး ဝတ်ပြုအောင်လုပ်ပြီး ယေဟောဝါရဲ့ ပရောဖက်တွေကို သတ်ပစ်တယ်။ ယေဟောဝါ ဘာလုပ်သလဲ။ ပရောဖက်ဧလိယကို အာဟပ်ဆီ လွှတ်လိုက်တယ်။

ဧလိယက အာဟပ်မင်းဟာ ဆိုးလွန်းလို့ အစ္စရေးပြည်မှာ မိုးခေါင်လိမ့်မယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ သုံးနှစ်ကျော် မိုးမရွာလို့ အငတ်ဘေး ကျရောက်တော့တယ်။ ယေဟောဝါက ဧလိယကို အာဟပ်ဆီ နောက်တစ်ကြိမ် သွားခိုင်းတယ်။ ဘုရင်က ဧလိယကို ‘မင်းဟာ ပြဿနာကောင်ပဲ။ ဒါတွေဖြစ်တာ မင်း တရားခံပဲ’ လို့ပြောတော့ ဧလိယက ‘မိုးခေါင်တာ ကျွန်တော့်ကြောင့် မဟုတ်ဘူး။ မင်းကြီး ဗာလကို ဝတ်ပြုလို့ပဲ။ အခု စမ်းသပ်ကြည့်စို့။ အစ္စရေးတွေနဲ့ ဗာလပရောဖက်တွေကို ကရမေလတောင်ပေါ်မှာ စုရုံးခိုင်းပါ’ လို့ပြောတယ်။

ဒါနဲ့ လူတွေ တောင်ပေါ် စုဝေးလာကြတယ်။ ဧလိယက ‘ဆုံးဖြတ်ကြ။ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားဆိုရင် ကိုယ်တော့်ကို ကိုးကွယ်ပါ။ ဗာလက စစ်မှန်ရင် သူ့နောက်လိုက်ကြ။ ကျွန်တော် စိန်ခေါ်တယ်။ ဗာလပရောဖက် ၄၅၀ ဟာ ပူဇော်ရာပြင်ဆင်ပြီး ဗာလကို ခေါ်ပါစေ။ ကျွန်တော်လည်း ပူဇော်ရာပြင်ဆင်ပြီး ယေဟောဝါကို ခေါ်မယ်။ မီးနဲ့ပြန်ဖြေသူဟာ စစ်မှန်တဲ့ဘုရားပဲ’ လို့ ပြောတော့ လူတွေ သဘောတူကြတယ်။

ဗာလပရောဖက်တွေက ပူဇော်ရာပြင်ဆင်ပြီး ‘ဗာလဘုရား ကျွန်တော်တို့ကို ပြန်ထူးပါ’ လို့ တစ်နေ့လုံး ဆုတောင်းကြတယ်။ ဘာအဖြေမှမရတော့ ဧလိယက ‘ခပ်ကျယ်ကျယ် အော်ခေါ်စမ်းပါ။ အိပ်ပျော်နေတာများလား၊ တစ်ယောက်ယောက်က ခေါ်နှိုးရတော့မယ်’ လို့ လှောင်တယ်။ ညနေစောင်းတဲ့အထိ ဗာလပရောဖက်တွေ အော်ခေါ်နေတုန်းပဲ။ ဒါပေမဲ့ ဘာအဖြေမှ မရဘူး။

ဧလိယဟာ ပလ္လင်ပေါ် ပူဇော်ရာကိုတင်လိုက်ပြီး ရေတောင် လောင်းလိုက်သေးတယ်။ ပြီးတော့ ‘အို ယေဟောဝါ၊ ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရားဖြစ်တယ်ဆိုတာ လူတွေ သိကြပါစေ’ လို့ ဆုတောင်းတာနဲ့ ကောင်းကင်ကနေ မီးကျလာပြီး ပူဇော်ရာတွေ လောင်ကျွမ်းကုန်တယ်။ ဒီတော့ လူတွေက ‘ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ပဲ’ လို့ ကြွေးကြော်ကြရော။ ဧလိယက ‘ဗာလပရောဖက်တွေ မလွတ်စေနဲ့’ လို့ပြောတယ်။ အဲဒီနေ့မှာပဲ ဗာလပရောဖက် ၄၅၀ ကို သတ်လိုက်ကြတယ်။

ပင်လယ်ပေါ်မှာ မိုးတိမ်လေးတွေ့တာနဲ့ ဧလိယက အာဟပ်ကို ‘မိုးအကြီးအကျယ် ရွာတော့မယ်။ မြင်းရထားစီးပြီး ပြန်တော့’ လို့ပြောတယ်။ ကောင်းကင်ဟာ တိမ်တွေနဲ့ မည်းမှောင်လာပြီး မိုးတွေ သဲကြီးမဲကြီး ရွာချတော့တယ်။ နောက်ဆုံး၊ မိုးခေါင်ချိန် အဆုံးသတ်သွားတယ်။ အာဟပ်ဟာ ရထားကို အမြန်ဆုံး မောင်းပြီးပြန်ပေမဲ့ ဧလိယက ယေဟောဝါရဲ့ အကူအညီနဲ့ ရထားကိုကျော်တက်ပြီး ပြေးသွားတယ်။ ဧလိယမှာ ပြဿနာတွေ ရှင်းသွားပြီလား။ ဆက်ကြည့်ရအောင်။

“ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေသိကြပါစေ။” —ဆာလံ ၈၃:၁၈

မေးခွန်း– ကရမေလတောင်ပေါ်မှာ ဘာစမ်းသပ်မှု လုပ်ခဲ့သလဲ။ ဧလိယရဲ့ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ပြန်ဖြေပေးခဲ့သလဲ။

၁ ဘုရင်များ ၁၆:၂၉-၃၃။ ၁၇:၁။ ၁၈:၁၊ ၂၊ ၁၇-၄၆။ ယာကုပ် ၅:၁၆-၁၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ