ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆၅ စာ. ၁၅၄-စာ. ၁၅၅ ပိုဒ်. ၁
  • ဧသတာ သူ့လူမျိုးကို ကယ်တင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧသတာ သူ့လူမျိုးကို ကယ်တင်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မော်ဒကဲနဲ့ ဧသတာတို့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်သွားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဧသတာကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆၅ စာ. ၁၅၄-စာ. ၁၅၅ ပိုဒ်. ၁
လုံခြုံရေးတင်းကျပ်တဲ့ ဘုရင်အာရွှေရု နန်းတော်ထဲ ဝင်လာတဲ့ မိဖုရား ဧသတာ

သင်ခန်းစာ ၆၅

ဧသတာ သူ့လူမျိုးကို ကယ်တင်

မိဖုရား ဧသတာ

ဧသတာဟာ ပါးရှားပြည်၊ ရှုရှန်မြို့မှာ နေထိုင်တဲ့ ဂျူးမိန်းကလေး ဖြစ်တယ်။ နေဗုခဒ်နေဇာဟာ သူ့မိသားစုကို ဂျေရုဆလင်မြို့ကနေ ဖမ်းလာခဲ့လို့ ဒီကို ရောက်နေတာ။ သူဟာ အစ်ကိုဝမ်းကွဲဖြစ်တဲ့ မော်ဒကဲ လက်ထဲမှာ ကြီးလာတယ်။ မော်ဒကဲက ပါးရှားဘုရင် အာရွှေရုရဲ့ အမှုထမ်းဖြစ်တယ်။

ဘုရင်အာရွှေရုဟာ မိဖုရားအသစ် တင်မြှောက်ချင်တယ်။ ဒါနဲ့ အမှုထမ်းတွေဟာ ဧသတာအပါအဝင် တိုင်းပြည်က အလှဆုံးမိန်းကလေးတွေကို ခေါ်လာပြတယ်။ ဘုရင်ဟာ ဧသတာကို မိဖုရား တင်မြှောက်လိုက်တယ်။ ဂျူးလူမျိုးဆိုတာ မပြောဖို့ ဧသတာကို မော်ဒကဲ မှာထားတယ်။

မာနကြီးတဲ့ ဟာမန်ဟာ မှူးမတ်တွေရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လူတိုင်း သူ့ကို ဦးချတာ လိုချင်တယ်။ မော်ဒကဲက ဦးမချတော့ စိတ်ဆိုးပြီး သူ့ကို သတ်ချင်တယ်။ မော်ဒကဲဟာ ဂျူးလူမျိုးဖြစ်မှန်း ဟာမန်သိသွားတော့ တိုင်းပြည်မှာရှိတဲ့ ဂျူးအားလုံးကို သတ်ဖို့ ကြံစည်တယ်။ ‘ဂျူးတွေဟာ အန္တရာယ်ရှိသူတွေ။ သူတို့ကို ရှင်းပစ်ရမယ်’ လို့ပြောတော့ ဘုရင်အာရွှေရုက ‘မင်းကြိုက်သလိုလုပ်’ လို့ပြောပြီး အာဏာပေးလိုက်တယ်။ ဒါနဲ့ ဟာမန်က အာဒါလ ၁၃ ရက်နေ့မှာ ဂျူးအားလုံးကို သတ်ရမယ်ဆိုတဲ့ အမိန့်ထုတ်လိုက်တယ်။ ဒါကို ယေဟောဝါ စောင့်ကြည့်နေတယ်။

ဧသတာဟာ အဲဒီအမိန့်စာအကြောင်း မသိဘူး။ ဒါနဲ့ မော်ဒကဲက အမိန့်စာကို ဧသတာဆီပို့လိုက်ပြီး ‘ဘုရင်ဆီ သွားပါ’ လို့ မှာတယ်။ ဧသတာက ‘ဘုရင် မခေါ်ဘဲ ဝင်တွေ့သူမှန်သမျှ အသတ်ခံရမှာ။ ကျွန်မကို ဘုရင် မခေါ်တာ ရက် ၃၀ ရှိပြီ။ ဒါပေမဲ့ ကျွန်မ သွားတွေ့မယ်။ သူ့ရာဇလှံတံကို ကမ်းပေးရင် ကျွန်မ အသက်ရှင်မယ်။ မဟုတ်ရင်တော့ သေရမှာပဲ’ လို့ အကြောင်းပြန်တယ်။

ဧသတာဟာ ဘုရင့်နန်းတော်ဆီ သွားတော့ ဘုရင်က ရာဇလှံတံကို ကမ်းပေးလိုက်တယ်။ ဘုရင်က ‘ဘာလိုချင်လို့လဲ၊ ဧသတာ’ လို့ မေးတဲ့အခါ ‘ကိုယ်တော်နဲ့ ဟာမန်ကို စားသောက်ပွဲ ဖိတ်ချင်လို့ပါ’ လို့ပြောတယ်။ စားသောက်ပွဲမှာ ဧသတာက နောက်တစ်ခေါက် ထပ်ဖိတ်တယ်။ ဒုတိယအကြိမ်မှာ ဘုရင်က ‘ဘာလိုချင်သလဲ’ လို့ထပ်မေးတဲ့အခါ ‘ကျွန်မနဲ့ ကျွန်မလူမျိုး အသတ်ခံရပါတော့မယ်။ ကျေးဇူးပြုပြီး ကယ်ပါ’ လို့ အသနားခံတယ်။ ဘုရင်က ‘မင်းကို ဘယ်သူသတ်ချင်တာလဲ’ လို့မေးတော့ ‘ဒီလူဆိုး ဟာမန်ပါပဲ’ လို့ ပြန်ဖြေတယ်။ အာရွှေရု စိတ်ဆိုးသွားပြီး ဟာမန်ကို ချက်ချင်း သတ်ခိုင်းလိုက်တယ်။

ဟာမန်ထုတ်တဲ့ အမိန့်စာကို ဘုရင်အပါအဝင် ဘယ်သူမှ ပြန်ရုပ်သိမ်းလို့မရဘူး။ ဒါကြောင့် ဘုရင်က မော်ဒကဲကို မှူးမတ်တွေရဲ့ခေါင်းဆောင်အဖြစ် ခန့်ထားပြီး အမိန့်စာအသစ် ထုတ်ခွင့်ပေးလိုက်တယ်။ ဂျူးတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်ဆိုတဲ့ အမိန့်စာကို မော်ဒကဲ ထုတ်ပြန်တယ်။ အာဒါလ ၁၃ ရက်ရောက်တဲ့အခါ ဂျူးတွေဟာ ရန်သူတွေကို အောင်ပွဲခံရလို့ အာဒါလ ၁၄ ရက်မှာ နှစ်တိုင်း ပွဲကျင်းပကြတယ်။

“ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်ကြလိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကိုရော လူမျိုးခြားတွေကိုပါ သက်သေခံခွင့်ရလိမ့်မယ်။” —မဿဲ ၁၀:၁၈

မေးခွန်း– ဂျူးတွေ ဘာအန္တရာယ်ကြုံခဲ့ရသလဲ။ ယေဟောဝါကို ယုံကြည်ကိုးစားတယ်ဆိုတာ ဧသတာ ဘယ်လိုပြခဲ့သလဲ။

ဧသတာ ၂:၅-၂၀။ ၃:၁–၅:၈။ ၇:၁–၈:၁၄။ ၉:၁-၂၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ