ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၉ စာ. ၂၃၀-စာ. ၂၃၁ ပိုဒ်. ၄
  • ထောင်မှူးတစ်ယောက် အမှန်တရားရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထောင်မှူးတစ်ယောက် အမှန်တရားရ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပါ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • သိလအားပေးရာရင်းမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “အကျွန်ုပ်ကယ်တင်ခြင်းခံရရန် ဘာပြုလုပ်ရမည်နည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၉ စာ. ၂၃၀-စာ. ၂၃၁ ပိုဒ်. ၄
ဖိလိပ္ပိမြို့က ထောင်မှူးဟာ ထောင်တံခါးတွေပွင့်နေပေမဲ့ အထဲမှာ အကျဉ်းသားအားလုံး ရှိနေတာကိုတွေ့

သင်ခန်းစာ ၉၉

ထောင်မှူးတစ်ယောက် အမှန်တရားရ

ဖိလိပ္ပိမြို့မှာ နတ်ဝင်သည် အစေခံမလေးတစ်ယောက် ရှိတယ်။ သူ့သခင်တွေ ဝင်ငွေရအောင် နတ်ဆိုးအကူအညီနဲ့ သူဗေဒင်ဟောတယ်။ အဲဒီမြို့ကို ပေါလုနဲ့ သိလ ရောက်လာတော့ ဒီအစေခံမလေးက သူတို့နောက် တကောက်ကောက်လိုက်ပြီး “ဒီလူတွေဟာ အမြင့်ဆုံးဘုရားရဲ့ ကျွန်တွေပဲ” လို့အော်နေတယ်။ ဒါနဲ့ ပေါလုက ‘ယေရှုနာမည်နဲ့ ငါပြောမယ်၊ သူ့အထဲက ထွက်သွား’ လို့ပြောလိုက်တာနဲ့ နတ်ဆိုးထွက်သွားတယ်။

ဝင်ငွေပေါက် ပိတ်သွားမှန်း အစေခံမလေးရဲ့သခင်တွေ သိတဲ့အခါ ပေါလုနဲ့ သိလကို လက်ထောက်တရားသူကြီးတွေဆီ ဆွဲခေါ်သွားပြီး ‘ဒီလူတွေဟာ ဥပဒေကိုချိုးဖောက်ပြီး တစ်မြို့လုံး ဆူပူထကြွအောင် လုပ်နေတယ်’ လို့ တိုင်တယ်။ ဒါနဲ့ အဲဒီလူကြီးတွေက ပေါလုနဲ့ သိလကို ရိုက်နှက်ပြီး ထောင်ချလိုက်တယ်။ ထောင်မှူးက သူတို့ကို အနက်ဆုံး၊ အမှောင်ဆုံးအကျဉ်းခန်းထဲမှာ ထိတ်တုံးခတ်ပြီး ချုပ်ထားတယ်။

ယေဟောဝါဆီ ချီးမွမ်းသီချင်းဆိုနေတဲ့ ပေါလုနဲ့သိလရဲ့ အသံကို အကျဉ်းသားတွေ ကြားတယ်။ ညသန်းခေါင်မှာ ငလျင်အကြီးအကျယ်လှုပ်လို့ ထောင်တစ်ခုလုံး တုန်လှုပ်သွားတာ အကျဉ်းသားတွေရဲ့ သံကြိုးတွေ၊ ထိတ်တုံးတွေ ပြုတ်ထွက်ကုန်တယ်၊ ထောင်တံခါးတွေ ပွင့်ကုန်တယ်။ ဒါကို ထောင်မှူးတွေ့တော့ အကျဉ်းသားတွေ လွတ်ကုန်ပြီအထင်နဲ့ ဓားကိုထုတ်ပြီး သူ့ကိုယ်သူ သတ်သေဖို့လုပ်တယ်။

အဲဒီအခါမှာပဲ ပေါလုက ‘ကိုယ့်ကိုယ်ကိုယ် မသတ်ပါနဲ့။ ကျွန်တော်တို့အားလုံး ရှိပါတယ်’ လို့အော်ပြောတဲ့အခါ ထောင်မှူးလည်း ပြေးဝင်လာပြီး ပေါလုနဲ့ သိလ ခြေရင်းမှာ ပျပ်ဝပ်လိုက်တယ်။ ‘ကျွန်တော် ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ’ လို့မေးတော့ ‘ခင်ဗျားနဲ့ ခင်ဗျားမိသားစုဟာ ယေရှုကို ယုံကြည်ရမယ်’ လို့ ဖြေတယ်။ အဲဒီနောက် ပေါလုနဲ့ သိလက သူတို့ကို ယေဟောဝါရဲ့ တရားစကားတော်ကို သင်ပေးတယ်။ ပြီးတော့ ထောင်မှူးနဲ့ သူ့မိသားစု နှစ်ခြင်းခံလိုက်ကြတယ်။

“ခင်ဗျားတို့ကို ဖမ်းပြီး ညှဉ်းဆဲကြလိမ့်မယ်။ တရားဇရပ်တွေဆီ ပို့ပြီး ထောင်ချလိမ့်မယ်။ ကျွန်တော့်နာမည်ကြောင့် ဘုရင်တွေ၊ ဘုရင်ခံတွေရှေ့ ပို့လိမ့်မယ်။ အဲဒီအခါ သူတို့ကို သက်သေခံခွင့် ရလိမ့်မယ်။”—လုကာ ၂၁:၁၂၊ ၁၃

မေးခွန်း– ပေါလုနဲ့ သိလဟာ ဘာကြောင့် ထောင်ကျသွားတာလဲ။ ထောင်မှူးက အမှန်တရားကို ဘယ်လို သိလာသလဲ။

တမန်တော် ၁၆:၁၆-၃၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ