အပိုင်း နှစ်
‘သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ’—စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ညစ်ညူးခဲ့
အာရုံစိုက်ရာ။ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ဟာ ဘုရားရေးရာပိုင်း၊ ကိုယ်ကျင့်တရားပိုင်း ယိုယွင်းလာ
ယေဟောဝါက အစ္စရေးလူမျိုးကို မိမိရဲ့ “တန်ဖိုးအထားရဆုံး လူမျိုး” အဖြစ် ချစ်မြတ်နိုးပြီး ဂရုစိုက်ခဲ့တယ်။ (ထွ. ၁၉:၅) ဒါပေမဲ့ သူတို့က ဘုရားနာမတော် ခံယူထားတဲ့ ဗိမာန်တော်မှာ မှားယွင်းတဲ့ ဘုရားတွေ ကိုးကွယ်ခြင်းအားဖြင့် ယေဟောဝါအပေါ် ကျေးစွပ်ကြတယ်။ ယေဟောဝါကို စိတ်နာစေကြတယ်။ ဘုရားကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့ကြတယ်။ အစ္စရေးတွေ ဘာကြောင့် ဒီလောက်တောင် ဆိုးရွားလာကြသလဲ။ ဂျေရုဆလင်မြို့ ပျက်စီးခြင်းအကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ကနေ ဘာသင်ယူနိုင်သလဲ။ ပတ်ဝန်းကျင်ရှိ လူမျိုးခြားတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။