အပိုင်း သုံး
“ငါ မင်းတို့ကို . . . စုသိမ်း” မယ်—စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ကတိတော်
အာရုံစိုက်ရာ။ ယေဇကျေလ ပရောဖက်ပြုချက်ပါ ပြန်လည်တည်ထောင်ခြင်း
အယူဖောက်ပြန်မှုကြောင့် အစ္စရေးလူမျိုးရဲ့ စည်းလုံးမှု ပြိုကွဲပြီး တကွဲတပြား ဖြစ်နေတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ညစ်ညူးစေပြီး ဘုရားနာမတော်ကို ရှုတ်ချခဲ့တဲ့ အကျိုးဆက်တွေ ခံနေရတာ။ မျှော်လင့်ချက် မဲ့နေချိန်မှာ မျှော်လင့်ချက် ပေးတဲ့ ပရောဖက်ပြုချက်တွေ ပြောဆိုဖို့ ယေဇကျေလကို ယေဟောဝါ လှုံ့ဆော်တယ်။ အစ္စရေးသုံ့ပန်းတွေသာမက စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်တာ တွေ့မြင်ချင်သူတိုင်းကို ရှင်းလင်းတဲ့ စကား၊ ကွက်ကွက်ကွင်းကွင်းရှိတဲ့ ရုပ်ပုံတွေ၊ အံ့ဖွယ်စိတ်အာရုံတွေ သုံးပြီး ယေဟောဝါ အားပေးတယ်။