အပိုင်း ငါး
“ငါထာဝစဉ် စံမြန်းမယ်” —ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
အာရုံစိုက်ရာ။ ဗိမာန်တော် စိတ်အာရုံ အသွင်အပြင်များနှင့် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း ကျွန်တော်တို့ကို သင်ပေးရာ
ထူးခြားတဲ့ ဆင်တူချက်တွေ ပါတဲ့ စိတ်အာရုံတွေကို ပရောဖက် ယေဇကျေလနဲ့ တမန်တော် ယောဟန်တို့ကို ယေဟောဝါ ပေးခဲ့တယ်။ လက်ရှိအချိန်မှာ ယေဟောဝါ လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ဖို့ ကျွန်တော်တို့ကို ကူညီပေးတဲ့ အဖိုးတန် သင်ခန်းစာတွေကို စိတ်အာရုံအသွင်အပြင်တွေက သင်ပေးတယ်။ ဘုရားနိုင်ငံတော်အုပ်ချုပ်မှုအောက် ပရဒိသုအသက်တာကို ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးတယ်။