ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၅
  • လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ဘဝတွင် မြင့်မြတ်ထည်ဝါသည့် ရည် ရွယ်ချက်တစ်ခုရှိ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • စစ်မှန်တဲ့ ဘုရားသခင်ဟာ ဘယ်သူလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • သက်ရှိ ဘယ်လို အစပြုခဲ့သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘာအတွက် အသက်ရှင်နေရတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၅
သင်ခန်းစာ ၂၅။ အာကာသကနေ မြင်ရတဲ့ ကမ္ဘာမြေ။

သင်ခန်းစာ ၂၅

လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

“လူ့ဘဝဟာ တိုတောင်းတယ်။ ဒုက္ခတွေ ပြည့်နှက်နေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယောဘ ၁၄:၁) ဒါဟာ ဘုရားသခင့် ရည်ရွယ်ချက်လား။ မဟုတ်ဘူးဆိုရင် လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ။ ဘုရားရည်ရွယ်ချက် ပြည့်စုံပါ့မလား။ ကျမ်းစာထဲက အားရှိစရာအဖြေကို သုံးသပ်ကြည့်ပါ။

၁။ ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်လိုဘဝမျိုး ပိုင်ဆိုင်စေချင်သလဲ။

ယေဟောဝါက ကျွန်တော်တို့ကို အကောင်းဆုံးဘဝ ပိုင်ဆိုင်စေချင်တယ်။ ပထမဆုံးလူသားမောင်နှံ အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီး သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေထိုင်စေတယ်။ ပြီးတော့ “‘သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ’ . . . လို့ပြောပြီး သူတို့ကို ကောင်းချီးပေးတယ်။” (ကမ္ဘာဦး ၁:၂၈) ယေဟောဝါက သူတို့ကို သားသမီးတွေ ရစေချင်တယ်။ တစ်ကမ္ဘာလုံး လှပတဲ့ဥယျာဉ်ဖြစ်အောင် လုပ်စေချင်တယ်။ တိရစ္ဆာန်တွေကို စောင့်ရှောက်စေချင်တယ်။ လူအားလုံး ကျန်းကျန်းမာမာနဲ့ ထာဝစဉ် အသက်ရှင်ဖို့ ဘုရားရည်ရွယ်တယ်။

အဲဒီအတိုင်း ဖြစ်မလာပေမဲ့a ဘုရားရည်ရွယ်ချက် ပြောင်းမသွားပါဘူး။ (ဟေရှာယ ၄၆:​၁၀၊ ၁၁) နာခံမှုရှိတဲ့လူတွေ ပြည့်ဝစုံလင်တဲ့အခြေအနေမှာ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား ဆန္ဒရှိနေဆဲပါပဲ။​—ဗျာဒိတ် ၂၁:​၃၊ ၄ ကို ဖတ်ပါ။

၂။ အခုချိန်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်သလဲ။

ယေဟောဝါက လူကို ဖန်ဆင်းတဲ့အခါ ‘ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်တဲ့စိတ်၊’ ဒါမှမဟုတ် ဘုရားကိုသိပြီး ဝတ်ပြုလိုတဲ့ဆန္ဒ ထည့်ပေးထားတယ်။ (မဿဲ ၅:​၃-၆ ကို ဖတ်ပါ။) မိမိနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေချင်တယ်။ “ဘုရားလမ်းစဉ်အတိုင်း လျှောက်လှမ်းတာ၊ ဘုရားကို ချစ်တာ၊ . . . စိတ်စွမ်းရှိသမျှ” ဝတ်ပြုတာကို လိုလားတယ်။ (တရားဟောရာ ၁၀:၁၂။ ဆာလံ ၂၅:၁၄) အဲဒီလိုလုပ်ရင် အခက်အခဲကြုံချိန်မှာတောင် စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားနိုင်မယ်။ ယေဟောဝါကို ဝတ်ပြုတာက ဘဝကို အဓိပ္ပာယ်ရှိစေတယ်။ ဘုရားရည်ရွယ်ထားတဲ့ ဘဝမျိုး ဖြစ်လို့ပဲ။

ရှာဖွေလေ တွေ့ရှိလေ

ကမ္ဘာမြေကို ကျွန်တော်တို့အတွက် ပြင်ဆင်ရာမှာ ယေဟောဝါရဲ့ မေတ္တာကြီးမားပုံ၊ ဘဝရည်ရွယ်ချက်အကြောင်း ကျမ်းစာသွန်သင်ပုံကို လေ့လာကြည့်ပါ။

စိမ်းလန်းတဲ့အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ လှပသာယာတဲ့ဥယျာဉ်ကို ကြည့်နေတဲ့ အာဒံနဲ့ ဧဝ။

၃။ လူတွေအတွက် ယေဟောဝါရဲ့ ကောင်းမွန်လှတဲ့ ရည်ရွယ်ချက်

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ​—ကောက်နုတ်ချက် (၁:၄၁)

  • လှပတဲ့ကမ္ဘာဂြိုဟ်ကို ဘုရား ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။

ဒေသနာ ၃:၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်ကနေ ဘုရားရည်ရွယ်ချက်အကြောင်း ဘာသိရသလဲ။

၄။ ယေဟောဝါရဲ့ ရည်ရွယ်ချက် မပြောင်းလဲ

ဆာလံ ၃၇:၁၁၊ ၂၉ နဲ့ ဟေရှာယ ၅၅:၁၁ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • လူတွေအတွက် ယေဟောဝါရဲ့ ရည်ရွယ်ချက် မပြောင်းလဲမှန်း ဘယ်လို သိရသလဲ။

က။ အိမ်ပျက်။ အမိုး ကွာကျ၊ ပြတင်းပေါက်တွေ ပျက်စီးပြီး ခြံဝင်းမှာ အမှိုက်တွေ ပွနေ။ ခ။ ပြုပြင်ထားတဲ့အိမ် ပန်းခြံနဲ့ လှပသပ်ရပ်နေ။

ပစ်ထားတဲ့ အိမ်ပျက်တစ်လုံးကို ပြန်ပြုပြင်လို့ ရတယ်။ ဘုရားကလည်း လူအများ ပစ်ထားတဲ့ ကမ္ဘာမြေကို မိမိကိုချစ်မြတ်နိုးသူတွေအတွက် ပြန်ပြုပြင်ပေးမယ်

၅။ ယေဟောဝါကို ဝတ်ပြုခြင်းက ဘဝကို အဓိပ္ပာယ်ရှိစေ

ဘဝရည်ရွယ်ချက်ကို သိထားရင် ပျော်နိုင်တယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ဘဝရည်ရွယ်ချက် သိလိုက်ရပြီ (၅:၀၃)

  • ဘဝရည်ရွယ်ချက်ကို သိရလို့ တဲရူမီ ဘာအကျိုးခံစားရသလဲ။

ဒေသနာ ၁၂:၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျွန်တော်တို့အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တဲ့ ယေဟောဝါကို ဘယ်လို ကျေးဇူးတုံ့ပြန်ကြမလဲ။

လူတချို့ အမေး။ “ဘဝရည်ရွယ်ချက်က ဘာလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ကမ္ဘာပေါ် ပြည့်ဝစုံလင်တဲ့အခြေအနေမှာ လူတွေ ထာဝစဉ် အသက်ရှင်ဖို့ ယေဟောဝါ အလိုရှိတယ်။ ဘုရားကို စိတ်စွမ်းရှိသမျှ ဝတ်ပြုတဲ့အခါ လက်ရှိအချိန်မှာတောင် ဘဝဟာ အဓိပ္ပာယ်ရှိလာတယ်။

ပြန်လည်သုံးသပ်ခြင်း

  • အာဒံနဲ့ ဧဝအတွက် ယေဟောဝါရဲ့ မူလရည်ရွယ်ချက်က ဘာလဲ။

  • လူတွေအတွက် ဘုရားရဲ့ ရည်ရွယ်ချက် မပြောင်းလဲမှန်း ဘယ်လို သိရသလဲ။

  • အဓိပ္ပာယ်ရှိတဲ့ဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဧဒင်ဥယျာဉ် တကယ်ရှိခဲ့ကြောင်း လေ့လာကြည့်ပါ။

“ဧဒင်ဥယျာဉ် တကယ်ရှိခဲ့သလား” (ကင်းမျှော်စင် ဇန်နဝါရီ ၁၊ ၂၀၁၁)

ကမ္ဘာမြေ ထာဝစဉ် တည်ရှိမယ်ဆိုတာ စိတ်ချနိုင်သလား ဖတ်ကြည့်ပါ။

“ကမ္ဘာမြေ ဖျက်ဆီးခံရမလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ဘဝအဓိပ္ပာယ်အကြောင်း ကျမ်းစာအဆိုကို ဆန်းစစ်ကြည့်ပါ။

“ဘာအတွက် အသက်ရှင်နေသလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အရာရာပြည့်စုံတယ်လို့ ထင်ခဲ့သူ ဘဝမှာ လိုနေတဲ့အရာကို ရှာတွေ့ပုံအကြောင်း ရှုစားကြည့်ပါ။

ဘဝအဓိပ္ပာယ် ရှိလာပြီ (၃:၅၅)

a ဖြစ်မလာတဲ့အကြောင်းရင်းကို နောက်သင်ခန်းစာမှာ သိရပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ