ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၁၁
  • ရိုးရိုးရှင်းရှင်း သင်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိုးရိုးရှင်းရှင်း သင်ပေးပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဘာလုပ်သလဲ
  • ယေရှုဆီကနေ ဘာသင်ယူရသလဲ
  • ယေရှုကို အတုယူပါ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သုံးပြီး ကျမ်းစာ သင်ပေးနိုင်ပုံ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ကျမ်းစာသင်သား၏နှလုံးကို ထိမိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၁၁

တပည့် ဖြစ်စေခြင်း

ကမ်းစပ်မှာ လူတစ်စုကို ယေရှု သွန်သင်ပေးနေ။ ကောင်းကင်မှာ ငှက်တွေ ပျံဝဲနေ။ ဘေးမှာ တောနှင်းပန်းတွေ ပေါက်နေ။

မ. ၆:၂၅-၂၇

သင်ခန်းစာ ၁၁

ရိုးရိုးရှင်းရှင်း သင်ပေးပါ

ကျမ်းစာမူ။ ‘နားလည်လွယ်တဲ့ စကားနဲ့ ပြောပါ။’—၁ ကော. ၁၄:၉။

ယေရှု ဘာလုပ်သလဲ

ကမ်းစပ်မှာ လူတစ်စုကို ယေရှု သွန်သင်ပေးနေ။ ကောင်းကင်မှာ ငှက်တွေ ပျံဝဲနေ။ ဘေးမှာ တောနှင်းပန်းတွေ ပေါက်နေ။

ဗီဒီယို။ အဖဘုရားရဲ့ ဂရုစိုက်မှုကို ယေရှု ရုပ်လုံးဖော်

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် မဿဲ ၆:၂၅-၂၇ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ အဖဘုရားရဲ့ ဂရုစိုက်မှုကို ယေရှု ဘယ်လို ရုပ်လုံးဖော်သလဲ။

  2. ခ။ ငှက်တွေအကြောင်း ယေရှု အများကြီး သိပေမဲ့ ဘယ်အချက်ကိုပဲ အလေးပေးသလဲ။ ဒါ ဘာကြောင့် ထိရောက်တဲ့ နည်း ဖြစ်သလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ ရိုးရိုးရှင်းရှင်း သင်ပေးတဲ့အခါ သင်ပေးတာ ပိုမှတ်မိကြတယ်။ စိတ်ထိမိကြတယ်။

ယေရှုကို အတုယူပါ

၃။ စကားများများ မပြောပါနဲ့။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ် သိသမျှ ပြောမပြပါနဲ့။ လေ့လာနေတဲ့ စာအုပ်ထဲမှာ ပါတာကိုပဲ အာရုံစိုက်ပါ။ မေးခွန်း မေးပြီးရင် ဖြေတာကို စိတ်ရှည်ရှည် စောင့်ပါ။ အဖြေ မသိဘူး၊ ကျမ်းစာ သွန်သင်ချက်နဲ့ လွဲနေတာ ပြောလာတယ်ဆိုရင် ကျိုးကြောင်းဆင်ခြင်တတ်အောင် ထပ်ဆင့် မေးခွန်းတွေ သုံးပါ။ အဓိက အချက် သဘောပေါက်သွားပြီဆိုရင် နောက်တစ်ပိုင်း ဆက်သွားပါ။

၄။ အသစ် အသစ်တွေ နားလည်လာအောင် သိပြီးသား သွန်သင်ချက်တွေနဲ့ ချိတ်ဆက်ပြီး သင်ပေးပါ။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း သင်ခန်းစာ မစခင် လူသေတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သင်ပြီးသားတွေ ခဏ ပြန်နွှေးနိုင်တယ်။

၅။ ဥပမာကို သေသေချာချာ ရွေးပါ။ ဥပမာတစ်ခု မသုံးခင် ဒီလိုစဉ်းစားပါ–

  1. က။ ‘ဥပမာက ရှင်းသလား။’

  2. ခ။ ‘သင်သား လွယ်လွယ် နားလည်ပါ့မလား။’

  3. ဂ။ ‘ဥပမာလောက်ကို မဟုတ်ဘဲ အဓိက အချက်ကို မှတ်မိမလား။’

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

မ. ၁၁:၂၅။ ယော. ၁၆:၁၂။ ၁ ကော. ၂:၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ