ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁၅ စာ. ၅-၇
  • အကြံသစ်ဉာဏ်သစ်ကို လက်ခံရန်အသင့်ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြံသစ်ဉာဏ်သစ်ကို လက်ခံရန်အသင့်ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗေရိမြို့သားတို့၏ပုံသက်သေ
  • ရွေးချယ်တတ်ပါ
  • အကြံသစ်ဉာဏ်သစ်ကို လက်ခံရန် အဘယ်ကြောင့် အသင့်ရှိအပ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဂျပန်နိုင်ငံအတွက် ထူးခြားတဲ့လက်ဆောင်မွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “ကျမ်းစာသုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • စစ်မှန်သောဘာသာတရားကို တွေ့ရှိနိုင်ပုံ
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁၅ စာ. ၅-၇

အကြံသစ်ဉာဏ်သစ်ကို လက်ခံရန်အသင့်ရှိသလော

အချို့သူများအကြံသစ်ဉာဏ်သစ်ဟူသမျှကို လက်မခံဘဲစိတ်တံခါးကို ပိတ်ထားကြသည်။ သူတို့၏ထင်မြင်ယူဆပုံနှင့် ကွာခြားသောကြောင့် ယင်းကိုလက်မခံဘဲနေခြင်း ဖြစ်ကောင်းဖြစ်မည်။ သာဓကအနေနှင့် ဒိန်းမတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးက အပတ်စဉ်ဂျာနယ် Hjemmet ထံစာရေးသားကာ ဤသို့ဆိုသည်။ “ကျွန်မတို့သည် ကျွန်မတို့တံခါးဝ၌ ယေဟောဝါသက်သေများ၏ခြောက်လှန့်ခြင်းကို အမြဲခံနေရသည်။ သူတို့သည်ကျွန်မကို အကြီးအကျယ်ထိပါးနှောင့်ယှက်သည်။ သို့သော်လည်း သူတို့ထွက်သွားအောင် မည်သို့လုပ်ရမည်ကို မတွေးတတ်အောင်ဖြစ်နေသည်။ . . .. .သူတို့၏နှောင့်ယှက်မှုကို ဥပဒေနှင့်မတားဘူးလား။”

၁၉ ရာစုနှစ်လယ်ခန့်က ဂျပန်လူမျိုးအဖို့ သူတို့တံခါးကိုအနောက်နိုင်ငံက လာခေါက်သည်ကို“နှောင့်ယှက်မှု” အဖြစ်သဘောထားခဲ့ကြသည်။ ထိုသူတို့အများ၏အမြင်တွင် ကျူးကျော်လာသူတို့နှင့် ပတ်သက်သမျှသည် အကျိုးမရှိ၊ အကျိုးပင်ယုတ်သည်ဟုထင်မှတ်ကြသည်။ အရှေ့တိုင်းစကားပုံတစ်ခု အဆိုရှိသည့်အတိုင်း “မသင်္ကာစိတ်သည် အမှောင်ထဲမှာကြောက်စရာ သတ္တဝါကြီးပေါ်စေသည်။” ဂျပန်လူမျိုးများရေးဆွဲသည့် ဗိုလ်မှူးချုပ်ပဲရီ၏ရုပ်ပုံကို ကြည့်ခြင်းဖြင့် ဂျပန်လူမျိုးများ၏ စိတ်သဘောကောင်းစွာပေါ်လွင်သည်။ လက်ရှိပန်းချီကား ၅၀ ခန့်အနက် သူ့ပုံကိုသာမန်အမေရိကန်ရေတပ်အရာရှိအဖြစ် ရေးဆွဲထားသောပုံနှစ်ပုံသုံးပုံသာရှိ၍ ကျန်ပုံများမှာ နှာခေါင်းရှည်တစ္ဆေမှင်စာအဖြစ်လည်းကောင်း၊ ဖြူဖတ်ဖြူရော်မျက်နှာရှိသော ကြောက်စရာသတ္တဝါကြီးအဖြစ်လည်းကောင်း၊ ပုံဖေါ်ထားသည်။

သို့တစေ၊ မိမိတို့နိုင်ငံ၏ပိတ်ထားသောတံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် နိုင်ငံခြားသားများသည် အရိုင်းအစိုင်းများမဟုတ်ကြောင်း သဘောထားပွင့်လင်းသော ဂျပန်များကသိမြင်လာသည်။ အမေရိကန်ပြည်ထောင်စုသို့ ပထမဦးဆုံးသွားရောက်သည့် ဂျပန်သံအဖွဲ့ဝင်အချို့အဖို့ဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုကို နဖူးတွေ့ဒူးတွေ့မျက်ဝါးထင်ထင်မြင်တွေ့ရသောအခါ မျက်လုံးအိမ်မှတိမ်သလာများ အဖတ်လိုက်ကွာကျသွားသကဲ့သို့ အမြင်ကြည်လင်ရှင်းလင်းသွားသည်။ အထက်တန်းအရာရှိများက အမေရိကန်များသည် ဂျပန်တို့အမြင်တွင် မယဉ်ကျေးမချေငံကြောင်း ဆက်၍ညည်းညူပြောဆိုကြသော်လည်း ငယ်ရွယ်သောမျိုးဆက်ကမူ ယဉ်ကျေးမှုအသစ်နှင့်ပတ်သက်၍ ပိုပြီးသမာသမတ်ကျသော အမြင်မျိုးထားရှိခဲ့ကြသည်။

အထက်တန်းအရာရှိတစ်ဦး၏ ၁၉ နှစ်အရွယ်ရှိ အခြွေအရံတစ်ယောက်နောင်တွင် ဤသို့ရေးသားခဲ့သည်။ “ဤသံအဖွဲ့တွင်ပါဝင်သော ဂျပန်ကိုယ်စားလှယ် ၇၀ အနက်အများစုမှာ [အမေရိကန်လူမျိုး] ကိုမနှစ်သက်မလိုလားသူများ၊ သို့မဟုတ် မုန်းတီးသူများဖြစ်ကြသည်။ သို့ရာတွင်တကယ့်အခြေအနေအမှန်ကို မြင်တွေ့သောအခါ၌ ကျွန်ုပ်တို့တစ်ဦးစီအနေဖြင့် အထင်အမြင်မှားခဲ့ကြောင်းသိမြင်လာကာ ထိုသို့သောသဘောမျိုးထားရှိခြင်းအတွက် နောင်တကြီးစွာရကြသည်။ နိုင်ငံခြားသားများကို ခွေးတို့၊ မြင်းတို့လို ယုတ်မာနိမ့်ကျသည်ဟုယူဆကာ သူတို့ကိုစော်ကားခြင်းဖြင့် ကျွန်ုပ်တို့သည် ကရုဏာကင်းသော၊ မတရားသူများဖြစ်သည်ဟူ၍ နာမည်ဆိုးသာ သူတို့ထံမှရရှိပေမည်။” အသင်ကော ဤငယ်ရွယ်သော အခြွေအရံကဲ့သို့ ငဲ့ကွက်မှုမပါ အစွဲအမှတ်မထားဘဲ အယူအဆအသစ်တို့ကို ဝေဖန်ဆန်းစစ်နိုင်လောက်အောင် သဘောထားပွင့်လင်းပါသလော။

ဗေရိမြို့သားတို့၏ပုံသက်သေ

ခသ၊ ပထမ ရာစု၌ဂျူးအများတို့သည် မစဉ်းစားမဆင်ခြင်ဘဲနှင့် ခရစ်ယာန်အယူဝါဒကို မလိုလားသည့်စိတ်ထားရှိခဲ့ကြသည်။ ပြင်ပကမ္ဘာကိုမလိုလားသည့် ထီးထီးကြီးနေသောဂျပန်လူမျိုး၏ငဲ့ကွက်ခြင်းသဘောနှင့် အတော်အတန်ဆင်တူပေသည်။ ခရစ်ယာန်ဘာသာသည်“အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုခံရသောဘာသာဖြစ်သည်” ဟုရှေးခေတ်ရောမမြို့နေဂျူးများဆိုကြသည်။ (တမန်တော် ၂၈:၂၂) သက်သာလောနိတ်မြို့ရှိခရစ်ယာန်အချို့နှင့်ပတ်သက်၍ ငဲ့ကွက်ခြင်းသဘောရှိသော ဂျူးများက“လောကီနိုင်ငံကိုမှောက်လှန်သော ဤသူတို့သည်ဤအရပ်တိုင်အောင်ရောက်ကြပါပြီ” ဟူ၍ခံပြင်းစွာပြောဆိုခဲ့ကြသည်။—တမန်တော် ၁၇:၆။

သို့တစေ၊ မိမိတို့၏ငဲ့ကွက်မှု အစွဲကိုကျော်လွန်၍ ဆန်းစစ်ဝေဖန်ရန်အသင့်ရှိသူများရှိခဲ့သည်။ သာဓကအနေနှင့်တမန်တော်ပေါလုနှင့် လုပ်ဖေါ်ကိုင်ဖက် သိလ တို့ဟောပြောသောသတင်းကောင်းကို ဗေရိမြို့သားများ အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။ ဗေရိမြို့သားတို့နှင့်စပ်လျဉ်း၍ ကျမ်းရေးဆရာလုကာကဤသို့ဆို၏။“ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ ကြည့်ရှုကြ၏။” (တမန်တော် ၁၇:၁၁) အသင်ကော ဗေရိမြို့သားတို့ကဲ့သို့“မြင့်မြတ်သောစိတ်ထား” ရှိသလော။

ကျေးဇူးပြု၍ မာဆာဂျီ၏အဖြစ်ကိုဆင်ခြင်စဉ်းစားကြည့်ပါ။ တစ်ချိန်ကဆိုလျှင် သူသည်ခရစ်ယာန်ဘာသာအပေါ်အကြီးအကျယ်ရန်ငြိုးထားခဲ့သည်။ သူသည်ဂျပန်ပြည်တံခါးဖွင့်ခြင်းကို အတိုက်အခံပြုခဲ့သော ထီးထီးကြီးနေလိုသူတို့နှင့်ဆင်တူသည်။ ဇနီးဖြစ်သူ ဆာဂျီကို ကျမ်းစာလေ့လာခါစက ပြင်းပြင်းထန်ထန်အတိုက်အခံပြုခဲ့သည်။ မိသားစုအားလုံးကိုသတ်ပြီး ကိုယ့်ကိုကိုယ်လည်း သတ်သေမည်အထိပင် စိတ်ကူးခဲ့သည်။ သူ၏ရက်စက်ကြမ်းကြုတ်မှုကြောင့် သူ့မိသားစုသည် ဂျပန်ပြည်မြောက်ပိုင်း၌ နေထိုင်သော ဆာဂျီကို၏အစ်ကိုထံ ထွက်ပြေးခဲ့ရသည်။

နောက်ဆုံးမှာတော့ မာဆာဂျီသည်သူ၏စိတ်တံခါးကိုနည်းနည်းလေးဖွင့်၍ ဇနီးဖြစ်သူ၏ဘာသာကို စုံစမ်းစစ်ဆေးကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ကျမ်းစာ စာပေအချို့ကို ဖတ်ရှုကြည့်ပြီးနောက် ပြောင်းလဲလိုကြောင်းတွေ့လာသည်။ ကျမ်းစာကိုလေ့လာသည်နှင့်အမျှ သူ၏ကြမ်းတမ်းသော စိတ်နေသဘောထားသည် ဘုရားသခင့်ဝိညာဉ်တော်အသီးကို ထင်ဟပ်စေသည့် စိတ်ထားအဖြစ်သို့ ပြောင်းလဲခဲ့လေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) မာဆာဂျီသည်သက်သေခံများကို အပြင်းအထန်ဆန့်ကျင်ခဲ့သည့်အတွက် ဂလဲ့စားချေမှာကိုစိုးရိမ်သဖြင့်ယေဟောဝါသက်သေတို့၏ စည်းဝေးကိုတက်ရန်ဆုတ်ဆိုင်းဆိုင်းဖြစ်ခဲ့သည်။ သို့သော်နောက်ဆုံးတွင် နိုင်ငံတော်ခန်းမတစ်ခုသို့ ရောက်သွားသောအခါ အထူးခင်မင်ရင်းနှီးစွာကြိုဆိုခြင်း ခံရသဖြင့်မျက်ရည်ဝဲခဲ့လေသည်။

ငဲ့ကွက်မှုအစွဲကို အောင်မြင်ကျော်လွှား၍ အကြံသစ်ဉာဏ်သစ်တို့ကို ဆန်းစစ်လျှင် ကျွန်ုပ်တို့၏ဉာဏ်ကို ကျယ်ဝန်းစေရုံမျှမက အခြားနည်းလမ်းဖြင့်လည်း အကျိုးပြုပေမည်။ လာသမျှ အကြံသစ်ဉာဏ်သစ်တို့ကို လက်ခံရမည်ဟူ၍ ဆိုလိုခြင်းမဟုတ်။

ရွေးချယ်တတ်ပါ

ဂျပန်၏ထီးထီးနေခြင်း အဆုံးသတ်သွားခြင်းနှင့်အတူ ဂျပန်ပြည်တွင်းသို့အကြံသစ်ဉာဏ်သစ်များ လှိမ့်ဝင်လာခဲ့သည်။ ၄င်းတို့အနက်အချို့မှာ ဂျပန်လူမျိုးကိုအကျိုးပြုခဲ့သော်လည်း အချို့တို့မှာဂျပန်တို့အဖို့ မရှိလျှင်ပို၍ပင်ကောင်းခဲ့မည်။ “ဗိုလ်မှူးချုပ်ပဲရီ၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်၍ဂျပန်တို့သည် အနောက်နိုင်ငံများမှ အသိပညာဗဟုသုတတို့ကို သူတပါးအားဖိနှိပ်ချုပ်ချယ်ကျွန်ပြုရန် ကိရိယာတန်ဆာပလာအဖြစ်ပြောင်းလဲအသုံးချခဲ့သည်။” ဟုဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဂျပန်နိုင်ငံလက်နက်ချမှုကို လက်ခံရာတွင် အမေရိကန်ဗိုလ်ချုပ် ဒေါက်ဂလပ်စ် မဂ္ဂအာသာ ပြောဆိုခဲ့သည်။ အနောက်နိုင်ငံများမှ ဆရာသမားများကို အတုယူကာ ဂျပန်နိုင်ငံသည် စစ်ပွဲတသီတတန်း တိုက်ခိုက်ရသော လမ်းကြောင်းပေါ်သို့ ခြေချခဲ့သည်။ ၄င်းစစ်ပွဲများက ဒုတိယကမ္ဘာစစ်အရှိန်ကို ပို၍မြှင့်တင်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအဆုံးပိုင်း၌ ဂျပန်နိုင်ငံပေါ်သို့ အနုမြူဗုံးနှစ်လုံးကြဲချခဲ့သည်။

ဤအဖြစ်အပျက်မှ ကျွန်ုပ်တို့ဘာသင်ခန်းစာရသနည်း။ အကြံသစ်ဉာဏ်သစ်များကို လက်ခံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ရွေးချယ်တတ်ဖို့ဖြစ်သည်။ “[ပေါလုသွန်သင်ရာများ] မှန်သည်မမှန်သည်ကို သိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှု” ခြင်းအားဖြင့် ဗေရိမြို့သားတို့ကို အတုယူလျှင်ကောင်းမည်။ (တမန်တော် ၁၇:၁၁) “ကြည့်ရှု” သို့မဟုတ် “စစ်ဆေး” ဟု ဤတွင်ပြန်ဆိုထားသော ဂရိစာလုံးမှာ “တရားဥပဒေဆိုင်ရာ လုပ်ထုံး၌ကဲ့သို့ အသေအချာအတိအကျ လေ့လာစုံစမ်းခြင်းပြု” ရန်ဟူ၍ ဆိုလိုသည်။ (Word Pictures in the New Testament, by A. T. Robertson) ပေးလာသမျှ အကြံသစ်ဉာဏ်သစ်များကို မျက်စိမှိတ်လက်ခံမည့်အစား တရားသူကြီးတစ်ဦး တရားရေးအမှုတစ်မှုကို ကြားနာစစ်ဆေးရာတွင် ပြုသကဲ့သို့ ကျွန်ုပ်အသေအချာအတိအကျ လေ့လာစုံစမ်းဖို့လိုသည်။

ကျွန်ုပ်တို့ ရွေးချယ်တတ်မည်ဆိုပါက အခိုက်အတန့်သာ ခေတ်စားသည့်အရာ သို့မဟုတ် တကယ်ဘေးဥပဒ်ဖြစ်စေတတ်သည့် အကြံသစ်ဉာဏ်သစ်တို့ကြောင့် တိမ်းယိမ်းမည်မဟုတ်။ သာဓကအားဖြင့် ၁၉၆၀ ပြည့်နှစ်များ၏ စာရိတ္တသစ်ဟုခေါ်တွင်သော အကျင့်ဓလေ့သည် အချို့သူများအဖို့ နှစ်လိုဖွယ်ရာ အကြံသစ်ဉာဏ်သစ်များဖြစ်ခဲ့ပုံရသည်။ သို့သော် အသေအချာစစ်ဆေးကြည့်လိုက်သော် ယင်းမှာအမည်သစ်ယူထားသည့် ဘေးဥပဒ်ဖြစ်စေသော ရှေးဟောင်းစာရိတ္တပျက်ခြင်း ဖြစ်ကြောင်းပေါ်လွင်ခဲ့သည်။ ထိုနည်းလည်းကောင်း စီးပွားရေးဘက်အတိဒုက္ခရောက်နေသော ၁၉၂၀ ပြည့်နှစ်များဆီမှ ဂျာမနီနိုင်ငံတွင် အများပြည်သူတို့က နာဇီဝါဒကို အားတက်ဖွယ်ရာ အကြံသစ်ဉာဏ်သစ်အဖြစ် ရှုမြင်ခဲ့ကြသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သို့သော် အလွန်ပြင်းထန်သည့် ဆင်းရဲဒုက္ခဝေဒနာကိုသာ ဖန်တီးပေးခဲ့လေစွတကား။

ဝမ်းသာဖွယ်ရာကား အကြံသစ်ဉာဏ်သစ်များကို စမ်းသပ်ကြည့်ရန် မှတ်ကျောက်တစ်ခုကို ဘုရားသခင်ပေးထား၍ဖြစ်သည်။ ကိုယ်တော်၏မှုတ်သွင်းခံ သမ္မာကျမ်းစာပင်တည်း။ မိသားစုဘဝနှင့် လူလူချင်းဆက်ဆံရေး၌ ယင်း၏လမ်းညွှန်ကို လိုက်နာကျင့်သုံးပါက လူမှုရေးပညာရှင်များ၊ စိတ်ပညာရှင်များနှင့် ဤနယ်ပယ်များ၌ ကျွမ်းကျင်သူပညာရှင်များဟု အမည်ခံယူထားသူများထံမှ ယနေ့ကြားနေရသော အကြံသစ်ဉာဏ်သစ်များစွာတို့ကို မှန်မမှန်စစ်ဆေးနိုင်ရန် အထောက်အကူပြုပေမည်။ (ဧဖက် ၅:၂၁-၆:၄။ ကောလောသဲ ၃:၅-၁၄) ဘုရားသခင်နှင့်လည်းကောင်း၊ အိမ်နီးချင်းနှင့်လည်းကောင်း ဆက်ဆံရာ၌ ကျမ်းစာမှသြဝါဒသည်လည်း ယခုအခါဘာသာရေးနယ်ပယ်၌ ပြန့်နှံ့နေသည့် ဆန်းသစ်သော အထင်အမြင်များစွာကို စစ်ဆေးကြည့်ရန်နည်းလမ်းပေးသည်။ (မာကု ၁၂:၂၈-၃၁) တိကျမှန်ကန်သော ကျမ်းစာအသိပညာက အကြံသစ်ဉာဏ်သစ်တစ်ခု တကယ်တမ်းတန်ဖိုးရှိမရှိ ဆုံးဖြတ်နိုင်အောင် ကူညီပေးသည်။ ထိုအခါ ကျွန်ုပ်တို့သည် “ခပ်သိမ်းသောအရာကို စုံစမ်း၍ ကောင်းသောအရာကို မြဲမြဲကိုင်စွဲ” နိုင်ကြပေမည်။—၁ သက်. ၅:၂၁။

ယေဟောဝါသက်သေများသည် အိမ်နီးချင်းတို့ထံသွား၍ ကျမ်းစာကိုသင်ယူရန် အားပေး၍ အကြံသစ်ဉာဏ်သစ်တို့ကို မှန်မှန်ကန်ကန် ဝေဖန်တတ်အောင် ကူညီပေးသည်။ အများသောသူတို့အဖို့ အသစ်အဆန်းဖြစ်သော ကျမ်းစာအကြံဉာဏ်များကိုလည်း ညွှန်ပြပေးသည်။ ၄င်းတို့အနက် ကျွန်ုပ်တို့အသက်ရှင်ရာ ဤအချိန်ကာလနှင့် လူသားတို့အဖို့ အနာဂတ်ကာလ၌ ဖြစ်ပျက်လာမည့် အရာများနှင့်ပတ်သက်သော အမှန်တရားပါဝင်သည်။ (မဿဲ ၂၄:၃-၄၄။ ၂ တိမောသေ ၃:၁-၅။ ဗျာဒိတ် ၂၁:၃၊ ၄) ထို့ကြောင့်သက်သေခံများ သင့်အိမ်သို့ လာသောအခါ ထီးထီးကြီးသီးသန့်နေသူတို့၏ စိတ်သဘောမျိုး မပိုက်ထားပါနှင့်။ သူတို့ပြောသည်များကို နားထောင်ရန်သင့်တခါး ဖွင့်ထားပါလေ။ သင့်အဖို့ထာဝရကောင်းကျိုးချမ်းသာ ဖြစ်ထွန်းစေနိုင်သည့် အကြံဉာဏ်များ မဝင်နိုင်အောင် သင့်စိတ်တံခါးကို ပိတ်မထားပါနှင့်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ