ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၇/၁ စာ. ၁၄-၁၅
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးပြုလုပ်ငန်းကို ထမ်းဆောင်နေတဲ့ အသင်းတော် အမှုထမ်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ညီအစ်ကိုတို့၊ အသင်းတော် အမှုထမ်း ဖြစ်ဖို့ တက်လှမ်းနေသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အမှုထမ်းရန် သင်အရည်အချင်းရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများအကြား သင့်တင့်ညီညွတ်မှုကိုတင်ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၇/၁ စာ. ၁၄-၁၅

စာရှုသူများထံမှ မေးခွန်းလွှာ

▪ ခရစ်ယာန်အမျိုးသားတစ်ဦးကို အသင်းတော်တွင် ဓမ္မအမှုထမ်းအဖြစ် ထောက်ခံရာတွင် အသက်ကန့်သတ်ချက်ရှိပါသလော။

မရှိပါ။ သမ္မာကျမ်းစာ၌ အငယ်ဆုံးအသက်ကန့်သတ်ချက်မရှိပါ။

ရှေးဣသရေလနိုင်ငံတွင် ဘုရားသခင်သည် အချို့ကိစ္စများ၌ အသက်အရွယ်အတိအကျ သတ်မှတ်တော်မူခဲ့သည်။ စစ်မှုထမ်းရန် စာရင်းဝင်သောအမျိုးသားများသည် အသက် ၂၀ ရှိရမည်။ ယခုခေတ်တွင်အချို့နေရာများ၌ တွေ့ရသည့်အတိုင်း အရွယ်မရောက်သေးသောယောက်ျားလေးများကို တိုက်ပွဲသို့စေလွှတ်ခြင်းမျိုးမပြုပေ။ လေဝိအနွယ်သားများအဖို့လည်း အသက်အရွယ်သည် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ တဲတော်တွင်အမှုတော်ဆောင်သည့် ကောဟတ်အနွယ်သားတို့သည်အသက် ၃၀ မှ ၅၀ အတွင်းဖြစ်ရမည်။ အဘယ်ကြောင့်နည်း။ “ပရိသတ်စည်းဝေးရာတဲတော် အမှုတော်စောင့်၍ ဝန်များကိုထမ်းခြင်းငှာဝင်သောသူတို့” နှင့်စပ်လျဉ်း၍လည်း ဤအတိုင်းပြဌာန်းထားသည်။ (တောလည်ရာ ၄:၃၊ ၄၇) လေဝိအနွယ်သားတို့သည် အသက် ၂၅ နှစ်တွင် ပေါ့ပါးသောအလုပ်တာဝန်များကို စတင်ထမ်းဆောင်ကြဟန်တူသော်လည်း လေးလံသောအလုပ်တာဝန်များနှင့် တဲတော်ကိုဖြုတ်ခြင်း၊ သယ်ခြင်းနှင့်တပ်ဆင်ခြင်း စသောပို၍တာဝန်ကြီးသည့် အခွင့်အရေးများကိုမူကား အသက် ၃၀ ပြည့်မှထမ်းဆောင်ရသည်။ (တောလည်ရာ ၈:၂၄-၂၆) နောင်ဗိမာန်တော်တွင် ထိုသို့လေးလံသည့် အလုပ်မျိုးလုပ်စရာမလိုတော့သဖြင့် လေဝိအနွယ်သားတို့သည် အသက် ၂၀ မှစ၍ အမှုတော်ဆောင်လာကြသည်။—၁ ရာဇဝင်ချုပ် ၂၃:၂၄။

သို့ရာတွင် ဇာတိဣသရေလလူမျိုးကို အသုံးတော်ခံခြင်းမှ ယေဟောဝါရပ်စဲလိုက်ပြီး ဝိညာဏဣသရေလလူမျိုးကိုစတင်အသုံးပြုသောအခါ ကိုယ်တော်သည် ခရစ်ယာန်အသင်းတော်မှ ဓမ္မအမှုထမ်းများ (သင်းထောက်များ) အတွက်အငယ်ဆုံးအသက် သတ်မှတ်ပြဌာန်းတော်မူသလော။

နောက်ပိုင်းရာစုနှစ်များမှ မှတ်တမ်းကိုအခြေပြု၍ ထိုသို့သောပြဌာန်းချက်ရှိသည်ဟု တစ်စုံတစ်ယောက်ကယူဆပေမည်။ ဗရင်ဂျီသာသနာဂိုဏ်းတွင် သင်းထောက်ဆိုသည်မှာ “သာသနာပိုင်အဖွဲ့အစည်းတွင် ရဟန်းအောက်တစ်ဆင့်နိမ့်သော ခန့်အပ်ခံ ဓမ္မအမှုတော်ဆောင်” ဖြစ်သည်။ ဘင်ဟမ် ရေးသားသော Antiquities of the Christian Church ၌ ဤသို့သုံးသပ်ထားသည်။ “ဂိုဏ်းအုပ်ဘုန်းကြီးနှင့် အကြီးအကဲများကို အသက် ၃၀ မပြည့်မီ တာဝန်ခန့်အပ်ခြင်းမပြုနိုင်ပေ။ သို့ရာတွင် သင်းထောက်တို့ကိုမူ နှစ်ဆယ့်ငါးနှစ်ပြည့်မှ တာဝန်ခန့်အပ်ခွင့်ပြုထားသည်။ ဤအသက်အရွယ်အပိုင်းအခြားကာလသည် အရပ်ဘက်နှင့် ကျမ်းစာဥပဒေနှစ်ရပ်စလုံးနှင့်ကိုက်ညီသည်။ . . . သာသနာသမိုင်းတစ်လျှောက်တွင် အသက်နှစ်ဆယ့်ငါးနှစ်မပြည့်မီ ခန့်အပ်ခံရသည့်သာဓကကိုမတွေ့ရပေ။”

သို့သော်သမ္မာကျမ်းစာတွင် အဘယ်အရည်အချင်းသတ်မှတ်ချက်များတွေ့ရသနည်း။ သတ်မှတ်သောအရည်အချင်းများကို ၁ တိမောသေ ၃:၈-၁၀၊ ၁၂၊ ၁၃ တွင်ဖေါ်ပြထားသည်။ “ထိုနည်းတူသင်းထောက် [ဓမ္မအမှုထမ်း] တို့သည်တည်ကြည်သောသူဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကိုသောက်ကြူးသောသူ၊ မစင်ကြယ်သောစီးပွားကိုတပ်မက်သောသူမဖြစ်ရကြ။ ကိုယ့်ကိုယ်ကိုသိသောစိတ်စင်ကြယ်သည်နှင့် ယုံကြည်ခြင်း၏နက်နဲသောအရာကို စွဲလမ်းသောသူဖြစ်ရကြမည်။ သူတို့သည် ရှေးမဆွက စုံစမ်းခြင်းကိုခံကြစေ။ နောက်မှအပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင် [အမှုဆောင်ခွင့်ပြုစေ]။ [ဓမ္မအမှုထမ်း] သည် မယားတစ်ယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာအုပ်ချုပ်သောသူဖြစ်ရမည်။ အကြောင်းမူကား၊ ဓမ္မအမှုကိုကောင်းစွာရွက်ဆောင်သောသူတို့သည် မိမိတို့အဖို့ ကောင်းသောအရာကိုလည်းကောင်း၊ ယေရှုခရစ်၏ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကိုလည်းကောင်း အမြတ်ရကြ၏။”

ဤနေရာတွင် ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ရန်အငယ်ဆုံး အသက်ကန့်သတ်ပြဌာန်းထားခြင်းမရှိကြောင်းတွေ့နိုင်သည်။ ထို့ကြောင့်အသင်းတော်မှယောက်ျားများ၏ အရည်အချင်းကိုဆွေးနွေးရန် အကြီးအကဲများစည်းဝေးကြသောအခါ၌ ခရစ်ယာန်တစ်ဦးသည် အသက် ၂၀၊ ၂၅ သို့မဟုတ် ၃၀ ပြည့်မှ အမှုထမ်းအဖြစ်ထောက်ခံနိုင်သည်၊ အမှုထမ်းနိုင်သည်ဟူသော တောင်းဆိုချက် သမ္မာကျမ်းစာ၌ အခြေအမြစ်မရှိကြောင်း စိတ်စွဲမှတ်အပ်သည်။ သမ္မာကျမ်းစာက ဤရာထူးယူထားသူတို့ကို “အမှုဆောင်လူကြီးများ” ဟုရည်ညွှန်းထားသည်ဖြစ်ရာ သူတို့သည် ဆယ်ကျော်သက်ရွယ် ၁၅၊ ၁၆ နှစ်အရွယ်မဖြစ်နိုင်ပေ။ ဤအချက်ကိုထောက်ခံသည့်အနေနှင့် သမ္မာကျမ်းစာက ဓမ္မအမှုထမ်းတို့သည် အိမ်ထောင်ရှိပြီး သားသမီးပင်ရှိကောင်းရှိမည်ဟုဆိုထားသည်။

၄င်းပြင်ဓမ္မအမှုထမ်းများအဖြစ်ထောက်ခံ ခံရသူတို့သည် တာဝန်သိတတ်သောစိတ်ရှိမရှိ “စုံစမ်းခြင်းကိုခံ” ပြီးသူများဖြစ်ကြသည်။ သူတို့ကို အစမ်းထားသည်ဟုဆိုလိုခြင်းမဟုတ်ပါ။ သူတို့သည် (နှစ်ခြင်းခံပြီးနောက် အနည်းဆုံးတစ်နှစ်ကြာသည့်) သင့်တော်လျောက်ပတ်သောကာလအတွင်း ခရစ်ယာန်ရင့်ကျက်ခြင်း ပြသသူဖြစ်ရမည်။ အပ်နှင်းသောတာဝန်များကို စိတ်စေတနာနှင့် ထမ်းဆောင်နိုင်စွမ်းရှိသည့် လူကြီးဖြစ်ရမည်။ အကယ်၍ “ဣန္ဒြေသိက္ခာရှိသော” လူရွယ်တစ်ဦးအနေဖြင့် အဆိုပါအရည်အချင်းနှင့်ပြည့်စုံပြီး စိတ်နှိမ့်ချ၍ အခြားသော အရည်အချင်းများလည်းပြည့်မီပါက သူသည်အသက် ၂၀ မပြည့်စေကာမူ အကြီးအကဲတို့သည် သူ့အားခန့်အပ်ရန် ထောက်ခံကောင်းထောက်ခံကြမည်။ အခြားသူတို့မှာ ‘အလုပ်တာဝန်ကိုကောင်းစွာဆောင်ရွက်၍ မိမိတို့အဖို့ကောင်းသောအနေအထားနှင့် ရဲရင့်ခြင်းသတ္တိကိုရရှိ’ ရေးအတွက် အရည်အချင်းပြည့်မီကြောင်းအထင်အရှားပြသရန်အတွက် ထိုထက်အသက်ကြီးကောင်းကြီးပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ