ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၀/၁ စာ. ၃
  • ငရဲသည် ပူသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငရဲသည် ပူသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ငရဲနှင့်စပ်လျဉ်းသော အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၀/၁ စာ. ၃

ငရဲသည် ပူသလော

“တစ်ထောင်ကိုးရာခြောက်ဆယ်ပြည့်နှစ်များအတွင်း အချိန်တစ်ချိန်၌ ငရဲပျောက်ကွယ်သွားခဲ့သည်။” စာရေးဆရာ ဒေးဗစ်လော့ဂျ်က သူရေးသားသည့်စာအုပ် Souls and Bodies တွင် အထက်ပါအတိုင်းဆိုထားသည်။ ဤစကားများက ဒုတိယကမ္ဘာစစ်ကြီးအပြီး ဆယ်စုနှစ်များတစ်လျှောက် ဗရင်ဂျီနှင့် ပရိုတက်စတင့်ဘာသာဝင်အများ၏ထင်မြင်ယူဆချက်ကိုထင်ဟပ်ပေါ်လွင်စေသည်။ ပင်မခရစ်ယာန်ဂိုဏ်းအများကိုယ်နှိုက်က ခေတ်သစ်အတွေးအခေါ်နှင့် အံဝင်ခွင်ကျဖြစ်အောင် သူတို့၏တရားဝင်မီးငရဲအယူဝါဒကို လျှော့ပေါ့ပြောဆိုလာခဲ့သည်မှာ အချိန်အတန်ကြာခဲ့လေပြီ။

လူတို့၏စိတ်ထဲတွင် အပြစ်တည်းဟူသောတွေးထင်ချက်သည် ဗလုံးဗထွေးဖြစ်နေသောကြောင့် သေလွန်ပြီးနောက် အပြစ်ဒဏ်ခံရသည်ဟူသောအယူအဆကိုအထူးသဖြင့်လက်မခံကြတော့ချေ။ ၁၉၈၄ ခုနှစ်တွင် တွေ့ဆုံမေးမြန်းရာ၌ ဂိုဏ်းချုပ်ရက်ဇင်းဂါးက ဤသို့ပြောကြားခဲ့၏။ “ကျွန်ုပ်တို့၏ယဉ်ကျေးမှုသည် . . . လူထု၏အပြစ်ဒုစရိုက်နှင့်ဆိုင်သော အစွဲအလမ်းကိုချွတ်ပယ်ရန်ရည်ရွယ်၍ အပြစ်လျှော့ပေါ့ခွင့်လွှတ်ခြင်းကို အာရုံစူးစိုက်လာသည်။ ၄င်းအပြစ်ဒုစရိုက်နှင့် ငရဲ၊ ငရဲလေးယုံကြည်ချက်သည် ဆက်နွယ်လျက်ရှိသည်။”

သေလွန်ပြီးနောက် ငရဲလေးနှင့်ငရဲတွင် အပြစ်ဒဏ်ခံရသည်ဟူသောအယူဝါဒကို လက်မခံပဲအပြစ်တည်းဟူသောအရှိတရားကို ယနေ့ယုံကြည်ရန်ဖြစ်နိုင်ပါသလော။ မကြာမီကထုတ်ဝေခဲ့သောစာအုပ် Abrégé de la foi catholique (ဗရင်ဂျီဂိုဏ်းယုံကြည်ချက်အကျဉ်း) ၌ ပြင်သစ်ဂိုဏ်းချုပ် ဒီကော့ထရေးက နိဒါန်းတွင် ၄င်းမေးခွန်းကို ဤသို့တိုက်ရိုက်မေးမြန်းထားသည်။ “ငရဲကိုယုံကြည်ရန်လိုအပ်ပါသလော။” အဖြေမှာ “ငရဲနှင့်ပတ်သက်သော ကြောက်စရာမေးခွန်းကိုရှောင်လွဲ၍မရနိုင်ပေ။” Vatican Council II—More Postconciliar Documents (1982) စာပေ၌ “The Credo of the People of God” (ဘုရားသခင့်လူမျိုးတော်၏ ယုံကြည်ချက်) ကိုကိုးကား၍ အောက်ပါအတိုင်းဖေါ်ပြထား၏။ “ဘုရားသခင်၏မေတ္တာတော်နှင့် ကရုဏာတော်ကို ယုံကြည်သက်ဝင်သူတို့သည် ထာဝရအသက်ရရှိမည်ကိုလည်းကောင်း၊ ယင်းတို့ကိုအဆုံးတိုင်အောင် ငြင်းပယ်သူတို့သည် ထာဝရမီးထဲသို့ကျရောက်မည်ကိုလည်းကောင်း . . . ကျွန်ုပ်တို့ယုံကြည်သည်။”

ဘာသာဗေဒပညာရှင်တို့က ငရဲနှင့်ဆန့်ကျင်ဘက်အယူကိုကြိုးစား၍ သက်သေထူစေကာမူ ငရဲမီးအယူမှာ ဗရင်ဂျီဂိုဏ်း၏ တရားဝင်အခြေခံအယူဝါဒအဖြစ် ဆက်လက်၍တည်ရှိနေဆဲပင်ဖြစ်သည်။ သို့တစေ A New Dictionary of Christian Theology (1983) ၌ထာဝရအပြစ်စီရင်ခံရခြင်းအယူဝါဒက ယနေ့ခရစ်ယာန်ဘောင်အသင်းသားအများအပြားအား “စိတ်အနှောင့်အယှက်” နှင့် “စိတ်မချမ်းမြေ့စရာ” ဖြစ်စေကြောင်းဆိုထားသည်။ ထိုသူတို့သည် ဤအယူဝါဒနှင့် မေတ္တာရှင်ဘုရားသခင်အယူအဆကိုစေ့စပ်ရာတွင် အခက်ကြုံနေကြရသည်။ ‘ပူလောင်သောငရဲသည် ခရစ်ယာန်အယူဝါဒအမှန် ဟုတ်ပါလေစ၊ သမ္မာကျမ်းစာအယူဝါဒဟုတ်ပါလေစ။ မဟုတ်ပါက အဘယ်မှစတင်ခဲ့ခြင်းဖြစ်သနည်း’ ဟူ၍သူတို့စောဒကတက်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ