ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၀/၁ စာ. ၆-၇
  • ငရဲနှင့်စပ်လျဉ်းသော အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငရဲနှင့်စပ်လျဉ်းသော အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေလွန်ပြီးနောက် အပြစ်ဒဏ်မခံရ
  • ထမြောက်ခြင်းအားဖြင့် ငရဲဗလာကျင်းအံ့
  • မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ပျံ့နှံ့နေသော ယုံကြည်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၀/၁ စာ. ၆-၇

ငရဲနှင့်စပ်လျဉ်းသော အမှန်တရား

သေလွန်ပြီးနောက် အပြစ်ဒဏ်ခံရသည်ဟူသော ယုံကြည်ချက်၏နောက်ကွယ်ရှိ အခြေခံအယူဝါဒမှာ အသွေးအသားခန္ဓာသေဆုံးသောအခါ လူစင်စစ်မှာ အမှန်သေဆုံးခြင်းမရှိဘဲ ဝိညာဉ်ဟုခေါ်လေ့ရှိသောအရာတစ်ခုသည် ဆက်၍အသက်ရှင်နေသည်ဟူသောယုံကြည်ချက်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ရှေ့ဆောင်းပါး၌ တွေ့ခဲ့ရသည့်အတိုင်း ဤယုံကြည်ချက်သည် မက်ဆိုပိုတေးမီးယားဒေသမှ ရှေးဆူမေးရီးယန်းလူမျိုးနှင့် ဗာဗုလုန်လူမျိုးတို့မှ မြစ်ဖျားခံဆင်းသက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၄င်းသဘောတရားကို ဂရိတို့ကမွေးစားပြီး ပလေတိုစသောဒဿနိကပညာရှင်တို့က အချောကိုင်ခဲ့ကြသည်။ သူတို့အချောကိုင်ထားသည့် “ခန္ဓာနှင့်ဝိညာဉ်” နှစ်မျိုးရှိသည်ဟူသောယုံကြည်ချက်သည် အယူဖောက်ပြန်သည့် ယုဒလူမျိုး၏ယုံကြည်ချက် တစ်စိတ်တစ်ဒေသဖြစ်လာခဲ့သည်။

ထိုတမလွန်ဘဝယုံကြည်ချက်ကို အမည်ခံခရစ်ယာန်များ မည်သည့်အချိန်တွင်လက်ခံမွေးစားခဲ့သနည်း။ ယေရှုနှင့်တမန်တော်များလက်ထက်၌ မဖြစ်နိုင်ပေ။ ပြင်သစ် Encyclopœdia Universalis ၌ဤသို့ဖေါ်ပြထားသည်။ “[မူမမှန်သောကျမ်းပို] ပေတရုဗျာဒိတ်ရူပါရုံကျမ်း (Apocalypse of Peter၊ စီအီး ဒုတိယရာစုနှစ်) သည် ငရဲတွင်အပြစ်ဒဏ်ခံရခြင်းနှင့် ညှဉ်းဆဲခြင်းအကြောင်းဖေါ်ပြသည့် ပထမဦးဆုံးသောခရစ်ယာန်စာပေဖြစ်သည်။”

အမှန်အားဖြင့်ဆိုသော် ရှေးအသင်းတော်ဖားသား (fathers) များအတွင်း ငရဲနှင့်ပတ်သက်၍သဘောကွဲပြားမှုများစွာဖြစ်ခဲ့သည်။ ဂျပ်စတင်မာတာ၊ အလက်ဇန္ဒြီးယားမြို့သား ကလီမင့်၊ တာတူလျံနှင့် ဆီပရီယန်တို့သည် ငရဲမီးကိုထောက်ခံကြသည်။ ဩရီဂင်က ငရဲတွင်ရောက်နေသောအပြစ်သားများသည် နောက်ဆုံး၌ ကယ်တင်ခံရမည်ဟု အခိုင်အမာဆိုခြင်းအားဖြင့် ငရဲကိုမလိမ့်တပတ်နှင့်ပြုပြင်လျှော့ပေါ့ရန် အားထုတ်ခဲ့သည်။ နာဇီယန်းဇာ့စ်မြို့သား ဂရေဂိုရီနှင့် နစ်ဆာမြို့သား ဂရေဂိုရီတို့ က သံယောင်လိုက်ခဲ့ကြသည်။ သို့သော်လည်း၊ ငရဲနှင့်ပတ်သက်သော ထိုပျော့ပျောင်းသည့်သဘောထားအမြင်ကို ဩဂတ်စတင်းက အဆုံးသတ်ပစ်လိုက်သည်။ အော့စ်ဖို့ဒ်ပါမောက္ခ ကဲလီ (J. N. D Kelly) ပြုစုသောစာအုပ် Early Christian Doctrines တွင်ဤသို့ရေးသားထားသည်။ “ပဉ္စမရာစုနှစ်ရောက်သော် အပြစ်သားများသည် နောင်ဘဝ၌ ဒုတိယအကြိမ်အခွင့်အရေးရရှိမည်မဟုတ်၊ သူတို့ကိုဝါးမျိုဖျက်ဆီးမည့် မီးလျှံမှာလည်း ဘယ်တော့မှငြိမ်းမည်မဟုတ်ဟူသော တင်းမာသည့်အယူဝါဒသည် နေရာတိုင်း၌လွှမ်းမိုးနေလေသည်။”

ငရဲကလေးနှင့်စပ်လျဉ်း၍ Orpheus—A General History of Religions စာအုပ်၌ အောက်ပါအတိုင်းဖေါ်ပြထား၏။ “စိန့်သြဂတ်စတင်းက ဝိညာဉ်တို့ကိုမီးဖြင့်ဆေးကြောသန့်စင်စေရာ၌ အနာဂတ်တွင်ခံစားရမည့် သုခချမ်းသာနှင့် ငရဲခံရခြင်းတို့ကြားတွင် စမ်းသပ်ရာကြားကာလရှိသည်ဟုခံယူသည်။ ဤကားသြဖစ် [ဒိဌိဂရိလူမျိုး] နှင့်ဗာဂျီလျံ [ဒိဌိရောမလူမျိုး] တို့၏ငရဲကလေးအယူဝါဒပင်ဖြစ်သည်။ ခရစ်ဝင်ကျမ်းများ၌ တစ်လုံးတစ်ပါဒမျှမတွေ့ရပေ။ . . . ငရဲကလေးအယူဝါဒကို ဆဌမရာစုနှစ်တွင် စနစ်တကျပုံဖေါ်ပြီးနောက် အသင်းတော်၏အခြေခံယုံကြည်ချက်အဖြစ် (၁၄၃၉ ခု) ဖလောရင့်စ်ကောင်စီစည်းဝေး၌ပြဌာန်းခဲ့သည်။” New Catholic Encyclopedia ၌ဤသို့ဝန်ခံရေးသားထားသည်။ “ဗရင်ဂျီသာသနာ၏ငရဲကလေးအယူဝါဒမှာ မြင့်မြတ်သောကျမ်းစောင်ပေါ်အခြေခံခြင်းမဟုတ်ဘဲ ကျင့်ဝတ်အယူအဆပေါ်အခြေခံထားသည်။ ” လင်ဘိုနှင့်စပ်လျဉ်း၍ ရောမမြို့မှဂိုဏ်းချုပ် ရပ်ဇင်းဂါးက ၄င်းသည် “ဘာသာရေးတွေးဆချက်” မျှသာဖြစ်ကြောင်းဝန်ခံသည်။

သေလွန်ပြီးနောက် အပြစ်ဒဏ်မခံရ

သို့ဖြစ်လျှင် သမ္မာကျမ်းစာကောမည်သို့ဆိုသနည်း။ ကိုယ်ခန္ဓာသေဆုံးချိန်တွင် ဝိညာဉ်ဆက်၍အသက်ရှင်နေပြီး ငရဲမီးသို့မဟုတ် ငရဲကလေးတွင် အပြစ်ဒဏ်ခံရသည်ဟုဆိုသလော။ New Catholic Encyclopedia ကဤသို့ဆို၏။ “သေလွန်သည့်နောက် ဝိညာဉ်ရှင်နေသည်ဟူသော အယူအဆကို သမ္မာကျမ်းစာတွင် လွယ်လွယ်နှင့်ရှင်းရှင်းမသိနိုင်ပေ။ . . . ဓမ္မဟောင်းကျမ်းမှ ဝိညာဉ် [soul] ဆိုသည်မှာ လူ၏အစိတ်အပိုင်းတစ်ရပ်မဟုတ်ဘဲ အသက်ရှင်သောသတ္တဝါအနေနှင့် လူတစ်ကိုယ်လုံးကိုဆိုလိုသည်။ အလားတူပင် ဓမ္မသစ်ကျမ်း၌ ၄င်းသည် လူ့အသက်ကိုဆိုလိုသည်။ လူတစ်ဦး၏အသက်ဖြစ်သည်။”

သို့ဖြစ်သောကြောင့် သေပြီးနောက်အပြစ်ဒဏ်ခံရသည်ဟူသော အခြေခံထင်မြင်ယူဆချက်သည် မှန်းခြေမကိုက်ဖြစ်သွားသည်။ “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟုသမ္မာကျမ်းစာဆို၏။ (ယေဇကျေလ ၁၈:၄) “အပြစ်တရား၏အခကားသေခြင်းပေတည်း” ဟူ၍လည်း အတိအလင်းဆိုထားသည်။ (ရောမ ၆:၂၃)သို့ဖြစ်၍ နောင်တမရသော လူဆိုးများသည် “ဂေဟင်္နာ”၊ “ထာဝရမီး” သို့မဟုတ် “မီးအိုင်” တို့တွင် ဘဝဇာတ်သိမ်းမည်ဟု သမ္မာကျမ်းစာဆိုရာတွင် ထိုသူတို့ထာဝရသေခြင်း၊ “ဒုတိယသေခြင်း” ခံရကြောင်းဥပမာအသုံးအနှုန်းဖြင့် တင်ပြခြင်းမျှသာဖြစ်သည်။—မဿဲ ၂၃:၃၃။ ၂၅:၄၁၊ ၄၆။ ဗျာဒိတ် ၂၀:၁၄။ ၂၁:၈။a၂ သက်သာလောနိတ် ၁:၇-၉ နှင့်နှိုင်းယှဉ်ပါ။

ထမြောက်ခြင်းအားဖြင့် ငရဲဗလာကျင်းအံ့

သို့ဖြစ်လျှင် ငရဲသည်ပူသလော။ သမ္မာကျမ်းစာအရ မပူပါ။ စင်စစ်အားဖြင့် အချို့သမ္မာကျမ်းစာများ၌ “ငရဲ” ဟူ၍ဘာသာပြန်ဆိုထားသည့် ဟေဗြဲနှင့်ဂရိစကားလုံးများမှာ သေလွန်သောလူသားတို့၏ သာမန်သင်္ချိုင်းကိုသာရည်ညွှန်းခြင်းဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းရာ၊ ပူလောင်သည့်အရပ်မဟုတ်ပေ။ ရှင်ပြန်ထမြောက်ရာကာလ၌ လူသေများပြန်လည်ထွက်လာနိုင်သည့် နားနေရာအရပ်မျှသာဖြစ်သည်။ (ဒေသနာ ၉:၁၀။ တမန်တော် ၂၄:၁၅) ဆွစ်ဇာလန်နိုင်ငံ၊ ဘာစဲလ်တက္ကသိုလ်နှင့် ပါရီမြို့ရှိ ဆောဘုန်းတက္ကသိုလ်၊ ဘာသာရေးမဟာဌာနမှ ပါမောက္ခ အော်စကာကူးလ်မာန်းက “ခရစ်ယာန်တို့၏လူသေများ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် ဂရိလူမျိုး၏ဝိညာဉ်မသေနိုင်ခြင်း ယုံကြည်ချက်နှစ်ရပ်၏အခြေအမြစ်ကျသောခြားနားချက်” အကြောင်းပြောဆိုရာတွင် သူက “နှောင်းခေတ်ခရစ်ယာန်ဘာသာသည် အဆိုပါယုံကြည်ချက်နှစ်ရပ်ကိုဆက်သွယ်ပေါင်းစပ်ပေးသည့် ကွင်းဆက်ဖြစ်သည်ဟုဆိုခြင်းမှာ စင်စစ်အားဖြင့် ကွင်းဆက်မဟုတ်ဘဲ ယုံကြည်ချက်တစ်ရပ် [လူ့ဝိညာဉ်မသေနိုင်ဟူသော ဒိဌိယုံကြည်ချက်] ကိုလက်ခံရန် [သမ္မာကျမ်းစာ၏ ရှင်ပြန်ထမြောက်ခြင်းအယူဝါဒဖြစ်သော] အခြားတစ်ရပ်ကိုငြင်းခြင်းသာဖြစ်သည်။”

ယေဟောဝါသက်သေများသည် ရှင်ပြန်ထမြောက်ခြင်းယုံကြည်ချက်ကို စွန့်ပယ်၍ ဝိညာဉ်မသေနိုင်ခြင်းအယူကိုလက်မခံကြပါ။ သူတို့၏စိတ်ချမ်းမြေ့ဖွယ်မျှော်လင့်ချက်အကြောင်းကို သင့်အားဝေမျှပေးရန် သူတို့အထူးလိုလားကြသည်။ ငရဲသည် မပူဟူသောအမှန်တရားကို သမ္မာကျမ်းစာမှ သက်သေအထောက်အထားခိုင်ခိုင်လုံလုံနှင့် ရှင်းပြရန် သူတို့အားတက်သရောရှိကြသည်။

[အောက်ခြေမှတ်ချက်များ]

a ဤကျမ်းချက်များနှင့် မီးငရဲအယူဝါဒကိုထောက်ခံရန် အချို့အသုံးပြုသည့်အခြားကျမ်းချက်များအကြောင်း ပို၍သိရှိရန်အတွက် နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော Is This Life All There Is? စာအုပ်ကိုလေ့လာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ