ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၁၁/၁ စာ. ၃
  • ပျံ့နှံ့နေသော ယုံကြည်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျံ့နှံ့နေသော ယုံကြည်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေးခေါင်းဆောင်များ သွန်သင်ရာ
  • သင်၏ယုံကြည်ရာသည် အဘယ်ကြောင့်အရေးပါသနည်း
  • မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငရဲမီး—တောက်လောင်နေသလော၊ မှေးမှိန်လာသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၁၁/၁ စာ. ၃

ပျံ့နှံ့နေသော ယုံကြည်ချက်

“မီးဟုန်းဟုန်းတောက်နေတဲ့ ငရဲထဲပစ်ချခံရတယ်လို့ ကျွန်မ အိပ်မက်မက်ဖူးတယ်။ အသံကုန် အော်ဟစ်ပြီး အဲဒီအိပ်မက်ဆိုးက လန့်နိုးခဲ့တယ်။ အပြစ်တွေမလုပ်မိဖို့ ကျွန်မ အသည်းအသန် ကြိုးစားခဲ့တယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး။”—အီလင်း။

ငရဲဟူသည် အပြစ်သားများကို နှိပ်စက်ညှဉ်းဆဲသောနေရာဖြစ်သည်ဟု သင်ယုံကြည်သလော။ လူများစွာ ထိုသို့ယုံကြည်ကြ၏။ ဥပမာ၊ ၂၀၀၅ ခုနှစ်တွင် စကော့တလန်ရှိ စိန့်အင်ဒရူးတက္ကသိုလ်မှ ကျမ်းပညာရှင်တစ်ဦး၏လေ့လာချက်အရ ဘုရားသခင်နှင့်ကင်းကွာနေသူများသည် “မီးငရဲတွင် စိတ်ဒုက္ခကို ထာဝစဉ်မချိမဆံ့” ခံစားရမည်ဟု စကော့လူမျိုးခရစ်ယာန်ဘုန်းကြီးသုံးပုံတစ်ပုံ ယုံကြည်ကြောင်း တွေ့ရှိခဲ့သည်။ ငါးပုံတစ်ပုံမှာ ငရဲတွင်ရှိနေသူများသည် ပကတိနှိပ်စက်ညှဉ်းဆဲခံရကြမည်ဟု ယူဆကြသည်။

နိုင်ငံများစွာမှလူတို့သည် ငရဲကိုယုံကြည်ကြ၏။ ဥပမာ၊ ၂၀၀၇ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၌ကျင်းပသော ဂဲလပ်လူထုဆန္ဒကောက်ယူမှုတစ်ခုတွင် မေးမြန်းခံရသူ ၇၀ ရာခိုင်နှုန်းခန့်သည် ငရဲကိုယုံကြည်ကြောင်း တွေ့ရှိရသည်။ ဘာသာရေးမကိုင်းရှိုင်းသောနိုင်ငံများတွင်ပင် ငရဲကိုယုံကြည်နေဆဲဖြစ်၏။ ၂၀၀၄ ခုနှစ်၊ ကနေဒါနိုင်ငံရှိ ဂဲလပ်လူထုဆန္ဒကောက်ခံမှုတစ်ခုအရ လူ ၄၂ ရာခိုင်နှုန်းမှာ ငရဲကိုယုံကြည်ကြသည်။ ဂရိတ်ဗြိတိန်တွင် လူ ၃၂ ရာခိုင်နှုန်းမှာ ငရဲရှိကြောင်း လုံးဝယုံကြည်ကြသည်။

ဘာသာရေးခေါင်းဆောင်များ သွန်သင်ရာ

ငရဲဟူသည် ပကတိမီးတောက်လောင်နေသော ညှဉ်းဆဲရာနေရာဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင်များစွာ မသွန်သင်ကြတော့ပေ။ ယင်းအစား၊ ၁၉၉၄ တွင်ထုတ်ဝေသည့် ကက်သလစ်ချာ့ချ်၏အမေးအဖြေဟူသောစာအုပ်ပါ အနက်ဖွင့်ဆိုချက်နှင့်ဆင်တူသောအချက်ကို သူတို့ထောက်ခံအားပေးကြသည်။ ထိုစာအုပ်တွင် “ငရဲ၏အဓိကအပြစ်ဒဏ်မှာ ဘုရားသခင်နှင့် ထာဝရကင်းကွာခြင်းဖြစ်သည်” ဟုဖော်ပြထား၏။

သို့ဖြစ်လျက်ပင် ငရဲဟူသည် စိတ်ဓာတ်ပိုင်း သို့မဟုတ် ရုပ်ခန္ဓာပိုင်းကို နှိပ်စက်ညှဉ်းဆဲရာနေရာဖြစ်သည်ဟူသော ယုံကြည်ချက်မှာ ပျံ့နှံ့နေဆဲပင်။ ထိုသွန်သင်ချက်ကို အားပေးထောက်ခံသူတို့က ယင်းသည် ကျမ်းစာကိုအခြေခံသည်ဟုဆိုကြ၏။ တောင်ပိုင်းနှစ်ခြင်းကျမ်းစာသင်ကျောင်း၏ဥက္ကဋ္ဌ အာရ်အဲလ်ဘတ်မိုလာက “ယင်းသည် ကျမ်းစာတွင်ပါသောအရာဖြစ်သည်” ဟုအခိုင်အမာဆို၏။

သင်၏ယုံကြည်ရာသည် အဘယ်ကြောင့်အရေးပါသနည်း

ငရဲသည် အမှန်ပင် နှိပ်စက်ညှဉ်းဆဲသောနေရာဖြစ်ပါက ယင်းကို သင် ဧကန်ကြောက်ရွံ့သင့်ပေသည်။ သို့သော် ယင်းသွန်သင်ချက်မမှန်ကန်ခဲ့လျှင် ယင်းကိုသွန်သင်သော ဘာသာရေးခေါင်းဆောင်များသည် လူတို့အား စိတ်ရှုပ်ထွေးစေပြီး မလိုအပ်ဘဲ ကြောက်စိတ်ဝင်စေသည်။ ထို့ပြင် ဘုရားသခင်ကိုလည်း ရှုတ်ချဂုဏ်ဖျက်ရာရောက်သည်။

ဘုရားသခင်၏နှုတ်မြွက်တော် သမ္မာကျမ်းစာက ယင်းနှင့်ပတ်သက်၍ အဘယ်အရာသွန်သင်သနည်း။ (၁) လူတစ်ဦးသေဆုံးသောအခါ အဘယ်အရာဖြစ်သွားသနည်း။ (၂) ငရဲနှင့်ပတ်သက်၍ ယေရှုအဘယ်အရာသွန်သင်ခဲ့သနည်း။ (၃) ငရဲနှင့်ပတ်သက်သော အမှန်တရားကိုသိရှိခြင်းက သင့်အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သနည်း။ ထိုမေးခွန်းသုံးခုကို ကက်သလစ်နှင့်အခြားဘာသာပြန်ကျမ်းများသုံး၍ နောက်ဆောင်းပါးများတွင် ဖြေဆိုပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ