ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၆/၁ စာ. ၁၈-၂၄
  • သူတို့ခိုလှုံရာ—မုသာတည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ခိုလှုံရာ—မုသာတည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သေမင်းနှင့်မိတ်သဟာယဖွဲ့ခြင်း”
  • “စမ်းသပ်ဖူးသောကျောက်” ကိုငြင်းပယ်ခြင်း
  • ငြိမ်းချမ်းရေးအတွက် အချည်းနှီးမျှော်လင့်ချက်များ
  • “ဘုရားသခင်သည် ငါတို့ခိုလှုံရာ”
  • ‘ဖိနင်းရာအရပ် ခရစ်ယာန်ဘောင်’
  • ယေဟောဝါ၏နာမတော် ခိုင်ခံ့သောရဲတိုက်
  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါ၏ထူးခြားသောစီရင်ချက်ကို အဆက်မပြတ်သတိပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘ယေဟောဝါ၏နာမကို ခိုလှုံပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါ၏ လက်တော် တိုသည် မဟုတ်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၆/၁ စာ. ၁၈-၂၄

သူတို့ခိုလှုံရာ—မုသာတည်း

“ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍နေကြ၏။”—ဟေရှာယ ၂၈:၁၅။

၁၊ ၂။ (က) ရှေးယုဒနိုင်ငံ၏အဖြစ်အပျက်ကို ယနေ့မည်သည့်အဖွဲ့အစည်းသတိပြုသင့်သနည်း။ (ခ) ယုဒနိုင်ငံ၏အားထားရာသည် အဘယ်သို့လွဲမှားနေသနည်း။

ယု ဒနှစ်နိုင်ငံနှင့်ထိုစကားများသက်ဆိုင်ခဲ့သည်နည်းတူ ယနေ့ခရစ်ယာန်ဘောင်နှင့်လည်းသက်ဆိုင်ပါသလော။ အမှန်သက်ဆိုင်သတည်း။ ထိုယှဉ်ပြချက်ကား ခရစ်ယာန်ဘောင်အတွက်အမင်္ဂလာဖြစ်သည်။ ယင်းကြောင့် ထိုဖောက်ပြန်သောဘာသာရေးအဖွဲ့သည် များမကြာမီဘေးသင့်တော့မည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

၂ ယုဒနယ်၏မြောက်ဘက်တွင် ဣသရေလဆယ်နွယ်နိုင်ငံရှိသည်။ ဣသရေလသည် သစ္စာဖောက်သောအခါ ဘီစီအီး ၇၄၀ ခုနှစ်တွင် အာရှုရိ၏သိမ်းပိုက်ခြင်းကို ယေဟောဝါခံစေတော်မူခဲ့သည်။ သူမ၏ညီအစ်မနိုင်ငံ၊ ယုဒသည် ဤဝမ်းနည်းစရာအဖြစ်ဆိုးကို တွေ့မြင်ခဲ့သော်လည်း မိမိတို့အပေါ် ထိုသို့အဘယ်နည်းဖြင့်မျှမဖြစ်နိုင်ဟု ယူမှတ်ခဲ့သည်။ ‘ယေဟောဝါ၏ဗိမာန်တော်သည် ယေရုရှလင်မြို့တွင်မရှိသလော။ ကျွန်ုပ်တို့သည် ဘုရားသခင့်မျက်နှာသာရလူမျိုးမဖြစ်သလော။ ကျွန်ုပ်တို့ယဇ်ပုရောဟိတ်နှင့်ပရောဖက်များသည် ယေဟောဝါ၏နာမကိုအမှီပြု၍ ဟောပြောကြသည်မဟုတ်လော’ ဟူ၍ သူမခေါင်းဆောင်တို့က ကြွားဝါနေကြသည်။ (ယေရမိ ၇:၄၊ ၈-၁၁ နှင့်နှိုင်းယှဉ်။) ထိုဘာသာရေးခေါင်းဆောင်များကား မိမိတို့လုံခြုံပါသည်ဟုစိတ်ချနေကြသည်။ သို့သော်မှားလှလေခြင်း။ သူတို့လည်း မြောက်ဘက်ဆွေမျိုးများတမျှ သစ္စာဖောက်များဖြစ်ကြသည်။ ထိုကြောင့် ရှမာရိ၏အဖြစ်ဆိုးမျိုး ယေရုရှလင်လည်းကြုံတွေ့ရမည်ဖြစ်သည်။

၃။ အနာဂတ်နှင့်ပတ်သက်၍ ခရစ်ယာန်ဘောင်သည် မည်သို့စိတ်ချနေသနည်း။ သို့သော် သူစိတ်ချနေစရာအကြောင်းရှိပါသလော။

၃ ထပ်တူပင် ခရစ်ယာန်ဘောင်က မိမိသည်ဘုရားသခင်နှင့်အထူးဆက်ဆံမှုရှိ၏ဟုဆိုကြသည်။ ‘ကျွန်ုပ်တို့၏အသင်းတော်ပေါင်း အထောင်အသောင်း၊ အထူးပညာသင်ဓမ္မဆရာများနှင့်တကွ သန်းကုဋေချီအသင်းသူအသင်းသားများရှိသည်မဟုတ်တုံလော’ ဟုသူမဝါကြွားနေသည်။ ‘သမ္မာကျမ်းစာကိုလည်းရရှိထားသည်။ ကျွန်ုပ်တို့ဝတ်ပြုရေးတွင် ယေရှု၏အမည်နာမကိုအသုံးပြုကြသည်။ ဘုရားသခင့်မျက်နှာသာအမှန်ရထားသည်တကား’ ဟုဆိုသည်။ သို့သော် ရှေးယေရုရှလင်၏အဖြစ်သနစ်သည် ပြင်းထန်သောသတိပေးချက်ပင်ဖြစ်သည်။ မကြာမီက ထူးခြားဖွယ်နိုင်ငံရေးအဖြစ်အပျက်များ ဖြစ်ပေါ်လာသော်လည်း ခရစ်ယာန်ဘောင်နှင့်အခြားမှောက်မှားသောဘာသာတရားများကိုဆန့်ကျင်ပြီး ယေဟောဝါသည် ပြတ်ပြတ်သားသားစီရင်တော့မည်ဟု ကျွန်ုပ်တို့သိရှိထားကြသည်။

“သေမင်းနှင့်မိတ်သဟာယဖွဲ့ခြင်း”

၄။ အဘယ်ပဋိညာဉ်ဖွဲ့ခဲ့ပြီဟု ယုဒယူမှတ်သနည်း။

၄ ရှေးခေတ်က သစ္စာမဲ့ယေရုရှလင်သည် ဘုရားသခင်၏စစ်မှန်သောပရောဖက်များထံမှ သတိပေးချက်များစွာရရှိခဲ့သည်။ သို့သော် သတိပေးချက်များကို သူမအယုံအကြည်မရှိခဲ့ပါ။ သေခြင်းသည်ရှီးအိုးလ်၊ သင်္ချိုင်းသို့ မြောက်ဘက်ဣသရေလနိုင်ငံကိုပို့ဆောင်သကဲ့သို့ မိမိတို့အားဘယ်တော့မှ ရောက်စေနိုင်မည်မဟုတ်ဟု ကြွားလုံးထုတ်ခဲ့သည်။ ယုဒအားပရောဖက်ဟေရှာယဤသို့မိန့်တော်မူရန် ဝိညာဉ်တော်တိုက်တွန်းခံခဲ့ရသည်။ “သို့ဖြစ်၍ ကြွားဝါတတ်သော ယေရုရှလင်မြို့သားအကြီးအကြပ်တို့။ ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို နားထောင်ကြလော့။ သင်တို့က ‘ငါတို့သည်သေမင်းနှင့်မိတ်သဟာယဖွဲ့ကြပြီ။ ရှီးအိုးလ်မှရူပါရုံခံခဲ့ကြပြီ။ လွှမ်းမိုးသောဘေးလာသောအခါ ငါတို့ရှိရာသို့မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍နေကြ၏’ ဟုဆိုတတ်ကြပြီ။”—ဟေရှာယ ၂၈:၁၄၊ ၁၅၊ NW ။

၅။ (က) ယုဒသည် သေမင်းနှင့်မိတ်သဟာယဖွဲ့ပြီဟုအထင်ရှိခြင်းကားအဘယ်နည်း။ (ခ) အာသမင်းအားပေးခဲ့သည့် အဘယ်သတိပေးချက်ကို ယုဒမေ့ပျောက်ခဲ့ပြီနည်း။

၅ သူတို့၏မြို့တော်ဖျက်ဆီးမခံရရန် သေခြင်း၊ ရှီးအိုးလ်နှင့်သဘောတူညီချက်ပြုထားဘိသကဲ့သို့ ယေရုရှလင်ခေါင်းဆောင်များစိတ်ချနေကြသည်။ သို့သော် သေမင်းနှင့်မိတ်သဟာယဖွဲ့ထားဟန်ရှိခြင်းကား သူတို့နောင်တရပြီး ကယ်တင်ခြင်းရရန် ယေဟောဝါကိုအားကိုးနေကြပြီဟု ဆိုလိုပါသလော။ (ယေရမိ ၈:၆၊ ၇) လုံးဝမဟုတ်ချေ။ ထိုသို့ပြုမည့်အစား လူ့နိုင်ငံရေးအုပ်ချုပ်မှုကို သူအကူအညီတောင်းဆိုခဲ့သည်။ သို့သော် လောကီမိတ်သဟာယကိုသူအားထားခြင်းကား ယုံမှားဖွယ်မုသာမျှဖြစ်သည်။ သူအားထားသောလောကီသားတို့ကို မယုံကြည်နိုင်ပါ။ ယေဟောဝါကို သူမ,စွန့်သည့်အတွက် ယေရုရှလင်ကိုယေဟောဝါစွန့်ပယ်တော်မူသည်။ အာသမင်းအားပရောဖက်အာဇရိသတိပေးခဲ့သည်အတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ “သင်တို့သည် ထာဝရဘုရား [ယေဟောဝါ၊ NW ] ဘက်၌နေလျှင်နေစဉ်ကာလ ထာဝရဘုရား [ယေဟောဝါ၊ NW ] သည် သင်တို့နှင့်အတူရှိတော်မူမည်။ ထာဝရဘုရား [ယေဟောဝါ၊ NW ] ကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။”—၂ ရာဇဝင်ချုပ် ၁၅:၂။

၆၊ ၇။ မိမိ၏လုံခြုံရေးအတွက် ယုဒမည်သို့ပြုခဲ့သနည်း။ သို့သော် နောက်အဘယ်အကျိုးရလဒ်ရရှိသနည်း။

၆ သူတို့၏နိုင်ငံရေးမိတ်သဟာယများကိုစိတ်ချစွာဖြင့် မိမိတို့၏ငြိမ်သက်မှုနှင့်လုံခြုံရေးကို “လွှမ်းမိုးသောဘေး” ဖြစ်သည့် မည်သည့်ရန်သူမျှ ချင်းနင်းတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ဟု ယူမှတ်နေကြသည်။ ဣသရေလနှင့်ရှုရိမိတ်ဖွဲ့နိုင်ငံများရန်ကိုကြောက်သဖြင့် ယုဒသည် အာရှုရိထံအကူအညီတောင်းဆိုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၆:၅-၉) နောင်တွင် ဗာဗုလုန်တပ်မဟာ၏ခြိမ်းခြောက်ခြင်းကိုခံရသောအခါ အီဂျစ်ကိုအကူအညီတောင်းခံသဖြင့် ဖါရောသည် စစ်သည်တော်တစ်တပ်လွှတ်ပေးခဲ့သည်။—ယေရမိ ၃၇:၅-၈။ ယေဇကျေလ ၁၇:၁၁-၁၅။

၇ သို့သော် ဗာဗုလုန်၏ဗိုလ်ခြေတို့သည် အင်အားကြီးမားလွန်းသဖြင့် အီဂျစ်စစ်သည်များနောက်ဆုတ်ခဲ့ရသည်။ အီဂျစ်ကိုယေရုရှလင်အားထားခြင်းသည် မှားလေခြင်း။ ဘီစီအီး ၆၀၇ ခုနှစ်တွင် ယေဟောဝါကြိုတင်ဟောပြောထားသည်အတိုင်း ပျက်စီးခြင်းဘေးကြုံတွေ့စေတော်မူခဲ့သည်။ ထိုကြောင့် ယေရုရှလင်၏အကြီးအကြပ်နှင့်ယဇ်ပုရောဟိတ်တို့စကားသည် မှားလှသည်တကား။ ငြိမ်းချမ်းလုံခြုံရေးအတွက် လောကီမိတ်သဟာယများကို သူတို့အားထားခြင်းသည် ဗာဗုလုန်ဗိုလ်ခြေများ၏ လွှမ်းမိုးသောဘေးဖြင့်သိမ်းကျုံးပါသွားသော “မုသာ” မျှဖြစ်ခဲ့သည်။

“စမ်းသပ်ဖူးသောကျောက်” ကိုငြင်းပယ်ခြင်း

၈။ ရှေးယုဒခြေလှမ်းမျိုးကို ခရစ်ယာန်ဘောင်လည်း မည်သို့ယူခဲ့ပြီနည်း။

၈ ယနေ့ ယင်းနှင့်ယှဉ်ပြစရာအခြေအနေရှိပါသလော။ ရှိပါသည်။ ခရစ်ယာန်ဘောင်ဓမ္မဆရာများလည်း မိမိတို့မည်သည့်ဘေးမျှကြုံရမည်မဟုတ်ဟု ယူမှတ်ကြသည်။ ဟေရှာယကြိုတင်ဟောသောစကားများကို သူတို့ပြောဆိုနေဘိသကဲ့သို့ဖြစ်သည်။ “ငါတို့သည်သေမင်းနှင့်မိတ်သဟာယဖွဲ့ကြပြီ။ ရှီးအိုးလ်မှရူပါရုံခံခဲ့ကြပြီ။ လွှမ်းမိုးသောဘေးလာသောအခါ ငါတို့ရှိရာသို့မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍နေကြ၏။” (ဟေရှာယ ၂၈:၁၅၊ NW) ရှေးယေရုရှလင်နည်းတူ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် လုံခြုံမှုရရှိရန် လောကီမိတ်သဟာယတို့ကိုအားကိုးကြသည်။ ယေဟောဝါ၌ခိုလှုံမှုရှာရန် ငြင်းဆိုသည်။ ကိုယ်တော်၏နာမတော်ကိုပင် သူတို့အသုံးမပြုကြ။ နာမတော်ကိုဂုဏ်တင်ချီးမွမ်းသူတို့ကိုလည်း ကဲ့ရဲ့ညှဉ်းဆဲနေကြသည်ကိုသာ ကြည့်ပါလေ။ ပထမရာစုတွင် ဂျူးယဇ်ပုရောဟိတ်မင်းများသည် ခရစ်တော်ကိုငြင်းပယ်စဉ်ကပြုခဲ့ကြသည်အတိုင်းပင် ခရစ်ယာန်ဘောင်နှင့်သူမ၏ဓမ္မဆရာများပြုခဲ့ကြပြီ။ “ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိ” ဟုတစ်နည်းအားဖြင့်ဆိုကြပြီ။—ယောဟန် ၁၉:၁၅။

၉။ (က) ယုဒကိုဟေရှာယသတိပေးခဲ့သည်နည်းတူ ယနေ့ခရစ်ယာန်ဘောင်ကို မည်သူသတိပေးနေသနည်း။ (ခ) မည်သူ့ထံခရစ်ယာန်ဘောင်လှည့်သင့်သနည်း။

၉ ခရစ်ယာန်ဘောင်အပေါ် တရားစီရင်ရာလွှမ်းမိုးသောတပ်မဟာဘေး ကျရောက်လုပြီဟု ယနေ့ယေဟောဝါသက်သေများ သတိပေးနေကြသည်။ ထို့ပြင် ထိုလွှမ်းမိုးသောဘေးမှလွတ်မြောက်ရန် စစ်မှန်သောခိုလှုံရာအရပ်ကိုလည်း သူတို့ညွှန်ပြနေကြသည်။ ဟေရှာယ ၂၈:၁၆ (သမာ )ကိုကိုးကား၍ ဤသို့ဆိုကြသည်။ “အရှင်ထာဝရဘုရားက ‘ကြည့်လော့။ စမ်းသပ်ဖူးသောကျောက်။ မြဲမြံစွာချထားအပ်သောထောင့်ကျောက်မြတ်ကို ဇိအုန်မြို့၌ ငါချထား၏။ ယုံကြည်ကိုးစားသူတို့သည် အလန့်တကြားမရှိရာ။’” ဤ “ထောင့်ကျောက်မြတ်” ကားမည်သူနည်း။ တမန်တော်ပေတရုက ဤစကားများကိုကိုးကား၍ ယေရှုခရစ်တော်ဖြစ်ကြောင်းတင်ပြခဲ့သည်။ (၁ ပေတရု ၂:၆) ခရစ်ယာန်ဘောင်သည် ယေဟောဝါ၏ဘုရင်ယေရှုခရစ်နှင့် ငြိမ်သက်မှုရှာကြံမည်ဆိုလျှင် လာလတံ့သောလွှမ်းမိုးဘေးကို သူရှောင်ကြဉ်နိုင်ပေမည်။—လုကာ ၁၉:၄၂-၄၄ နှင့်နှိုင်းယှဉ်။

၁၀။ ခရစ်ယာန်ဘောင်သည် အဘယ်အရာတွင် ပါဝင်ပတ်သက်နေသနည်း။

၁၀ သို့ရာတွင် ထိုသို့သူမပြု။ ယင်းအစား လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့်ရန်ဘက်ပြုရာကျသည်ဟု သမ္မာကျမ်းစာသတိပေးလျက်ပင် ငြိမ်ချမ်းရေးနှင့်လုံခြုံရေးရှာဖွေရာတွင် တိုင်းနိုင်ငံတို့၏နိုင်ငံရေးခေါင်းဆောင်များကို မျက်နှာလိုမျက်နှာရပြုအယုံသွင်းကြသည်။ (ယာကုပ် ၄:၄) ထို့ပြင် လူသားတို့ငြိမ်းချမ်းရေးရရန် မျှော်လင့်အားထားနိုင်ဆုံးကား နိုင်ငံပေါင်းချုပ်အဖွဲ့ပင်ဖြစ်သည်ဟု ၁၉၁၉ ခုနှစ်တွင် သူအခိုင်အမာထောက်ခံခဲ့သည်။ ၁၉၄၅ ခုနှစ်ကတည်းကလည်း ယူအင်န်ကိုသူမျှော်ကိုးနေသည်။ (ဗျာဒိတ် ၁၇:၃၊ ၁၁ နှင့်နှိုင်းယှဉ်) ဤအဖွဲ့အစည်းတွင် သူမည်မျှထိတိုင်ပါဝင်ပတ်သက်သနည်း။

၁၁။ ယူအင်န်သို့ ဘာသာရေးသည် မည်သို့ကိုယ်စားလွှတ်ခဲ့ပြီနည်း။

၁၁ မကြာမီကထုတ်ဝေသောစာအုပ်က ဤသို့ဆိုရာတွင် အဖြေရရှိစေသည်။ “ယူအင်န်တွင် ကက်သလစ်အဖွဲ့အစည်း ၂၄ ခုကား အနည်းဆုံးဖြစ်သည်။ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များစွာသည် အပြည်ပြည်ဆိုင်ရာ ဤအဖွဲ့အစည်းသို့လည်ပတ်ခဲ့ပြီ။ အထွေထွေဆိုင်ရာစည်းဝေးပွဲကျင်းပခဲ့ချိန်များ၊ ၁၉၆၅ ခုနှစ်တွင် သိက္ခာရပုပ်ရဟန်းမင်း ဆဌမမြောက်ပေါလ်ရောက်ခဲ့ခြင်းနှင့် ၁၉၇၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းဂျွန်ပေါလ်တို့၏လည်ပတ်မှုသည် မှတ်သားလောက်ဖွယ်လည်ပတ်မှုများဖြစ်သည်။ ဘာသာအမြောက်အမြားသည် ယူအင်န်အတွက်အထူးပန်ကြားချက်များ၊ ဆုတောင်းချက်များ၊ ဓမ္မသီချင်းများနှင့်ဆုတောင်းပွဲများပြုတတ်ကြသည်။ အရေးအကြီးဆုံးဥပမာများကား ကက်သလစ်အသင်း၊ ယူနီတဲရီယန်းယူနီဗာစလစ်အသင်း၊ နှစ်ခြင်းအသင်းနှင့်ဗဟာယီအသင်းများဖြစ်သည်။”

ငြိမ်းချမ်းရေးအတွက် အချည်းနှီးမျှော်လင့်ချက်များ

၁၂၊ ၁၃။ ငြိမ်းချမ်းရေးသည် မိုးကုတ်စက်ဝိုင်းပေါ်မြင်တွေ့နေရပြီဟု ကမ္ဘာချီယူမှတ်နေကြငြား မိမိတို့၏သတိပေးချက်များသည် မှန်ကန်ပါသည်ဟု ယေဟောဝါသက်သေများအဘယ်ကြောင့်စိတ်ချနေကြသနည်း။

၁၂ ကမ္ဘာ့အင်အားကြီးနိုင်ငံရေးခေါင်းဆောင်တစ်ဦးက လူအများ၏မျှော်လင့်ရာကို ဤသို့ပဲ့တင်ထပ်ခဲ့သည်။ “လူ့ယဉ်ကျေးမှုသမိုင်းတွင် တည်မြဲသောငြိမ်းချမ်းရာကာလရောက်ရှိလာခြင်းကို မြေကြီးသားဤလူမျိုးဆက်တွေ့ရှိနိုင်စရာရှိသည်။” သူ၏စကားများမှန်ပါသလော။ လူမျိုးတို့ကို ယေဟောဝါတရားစီရင်မည်ဟူသော ယေဟောဝါသက်သေများ၏သတိပေးချက်များ အကောင်အထည်ပေါ်လာမည်မဟုတ်ဟူ၍ များမကြာမီအဖြစ်အပျက်များကအဓိပ္ပာယ်ဖွင့်ပေးနေပါသလော။ ယေဟောဝါသက်သေများ မှားနေပါသလော။

၁၃ သူတို့မမှားကြပါ။ သူတို့သည် ယေဟောဝါရှင်နှင့်ကိုယ်တော်၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကိုအားထားကြသဖြင့် သူတို့အမှန်အတိုင်းပြောဆိုနေကြကြောင်း မုချသိကျွမ်းသည်။ ကိုယ်တော်သည် “မုသာနှင့်ကင်းစင်သောဘုရားသခင်” ဖြစ်သည်ဟူ၍ တိတု ၁:၁ ကဖေါ်ပြသည်။ ထိုကြောင့် အရာတစ်ခုဖြစ်ပျက်လိမ့်မည်ဟု သမ္မာကျမ်းစာပရောဖက်ပြုလျှင် ထိုအတိုင်းဖြစ်ရလိမ့်မည်ကို သူတို့လုံးလုံးလျားလျားစိတ်ချယုံကြည်သည်။ ယေဟောဝါကိုယ်တော်တိုင်က “ထိုအတူ ငါ၏နှုတ်ကပါဌ်စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်” ဟုမိန့်တော်မူသည်။—ဟေရှာယ ၅၅:၁၁။

၁၄၊ ၁၅။ (က) ဘီစီအီး ၆၀၇ ခုနှစ်တွင် ယေရုရှလင်မပျက်စီးမီ ယုဒနိုင်ငံ့ခေါင်းဆောင်များ အဘယ်အရာကိုကြွေးကြော်နေကြသနည်း။ (ခ) ဤလောကအပေါ် ရုတ်တရက်ပျက်စီးခြင်းဘေးမသင့်မီ ဘာဖြစ်ပျက်မည်ဟု ပေါလုကြိုတင်ဟောသနည်း။ (ဂ) ၁ သက်သာလောနတ် ၅:၃ တွင် ကြွေးကြော်ချက်အထွတ်အထိပ်သို့ရောက်သော် ဘာဖြစ်မည်ဟုမျှော်လင့်နိုင်သနည်း။

၁၄ ဘီစီအီး ၆၀၇ တွင်ယေရုရှလင်မပျက်စီးမီနှစ်များအတွင်း ခေါင်းဆောင်များသည် “ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်” ဟူ၍ကြွေးကြော်နေကြောင်း ယေရမိကြားပြောသည်။ (ယေရမိ ၈:၁၁၊ NW ) သို့ရာတွင် ယင်းကားမုသာမျှဖြစ်သည်။ ယေဟောဝါ၏စစ်မှန်သောပရောဖက်များ၏ မှုတ်သွင်းခံသတိပေးချက်များအတိုင်းပင် ယေရုရှလင်ဖျက်ဆီးခံခဲ့ရသည်။ ကျွန်ုပ်တို့ခေတ်တွင်လည်း ထပ်တူပင်ဖြစ်ပျက်လိမ့်မည်ဟု တမန်တော်ပေါလုသတိပေးခဲ့သည်။ လူတို့သည် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူ၍ကြွေးကြော်ကြလိမ့်မည်ဟုပြောခဲ့သည်။ သို့သော် ထိုအခါ “လျင်မြန်စွာပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရ” ဟုသူသတိပေးသည်။—၁ သက်သာလောနိတ် ၅:၃။

၁၅ ၁၉၉၀ ပြည့်နှစ်များထဲဝင်လာစဉ် စာနယ်ဇင်းအမြောက်အမြားက စစ်အေးငြိမ်းပြီ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို မြင်ရလုပြီဟုသတင်းလွှင့်သည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသတွင် ပစ်ခတ်တိုက်ခိုက်သောစစ်မှုဆင်နွှဲခဲ့သည်။ သို့ရာတွင် ၁ သက်သာလောနိတ် ၅:၂၊ ၃ အတိုင်း “ငြိမ်းချမ်း၍လုံခြုံပြီ” ဟုကြွေးကြော်ရသည်အထိ မကြာမီကမ္ဘာ့အခြေအနေတိုးတက်ဖွံ့ဖြိုးလာရမည်။ ထိုအထွတ်အထိပ်သို့ရောက်သော် ဘုရားသခင်သည် မမှားမယွင်းဘဲ အလျင်အမြန်စီရင်လိမ့်မည်ဖြစ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုမျှော်လင့်အားထားသည့်အတွက် ကျွန်ုပ်တို့သိရှိထားသည်။ သင့်မြတ်လာ၍ ငြိမ်းချမ်းပြီ၊ လုံခြုံပြီဟုကြွေးကြော်လိုက်သည်နှင့် ဘုရားသခင်ကြိုတင်ဟောပြောထားသောဖျက်ဆီးခြင်းဘေး မသင့် တော့ဟု ယုံမှားစရာမဟုတ်ပါ။ ယေဟောဝါ၏စီရင်ချက်များသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် အပြောင်းအလဲမရှိမှတ်တမ်းတင်ထားသည်။ ခရစ်ယာန်ဘောင်နှင့်အခြားမှောက်မှားသောဘာသာအားလုံး ပျက်စီးရမည်။ ထိုနောက်ယေဟောဝါ၏ဖျက်ဆီးခြင်းဘေးများကို စာတန်၏ကျန်ကြွင်းသောလောကလည်းခံစားရလိမ့်မည်။ (၂ သက်သာလောနိတ် ၁:၆-၈၊ ၂:၈။ ဗျာဒိတ် ၁၈:၂၁၊ ၁၉:၁၉-၂၁) နှုတ်ကပါဌ်တော်အတိုင်း ယေဟောဝါဆောင်ရွက်တော်မူမည်ကို ယေဟောဝါသက်သေများစိတ်ချသဖြင့် သစ္စာသတိပညာရှိကျေးကျွန်အတန်းစား၏လမ်းပြမှုအောက် သူတို့ဆက်သတိပြုနေကြပြီး ကမ္ဘာအဖြစ်သနစ်များ မည်သို့ဖြစ်ပျက်လာမည်ကို ဂရုစိုက်လေ့လာသုံးသပ်နေကြပါသည်။ (မဿဲ ၂၄:၄၅-၄၇) ငြိမ်းချမ်းငြိမ်သက်ရန် လူသားတို့ကြိုးစားအားထုတ်နေသည့်အတွက် အပြစ်ကြီးလေးသောခရစ်ယာန်ဘောင်အပေါ် လွှမ်းမိုးသောဖျက်ဆီးခြင်းဘေးကျရောက်စေရန် ကိုယ်တော်၏ရည်ရွယ်ချက်ကို ယေဟောဝါပယ်ဖျက်ပြီဟုမထင်သင့်ပါ။

“ဘုရားသခင်သည် ငါတို့ခိုလှုံရာ”

၁၆၊ ၁၇။ ယေဟောဝါသက်သေများ၏ပွင့်လင်းမှုကြောင့် အချို့စိတ်ဆိုးကြလျှင် သူတို့မည်သို့တုံ့ပြန်သနည်း။

၁၆ ဤသို့ကြေညာရာတွင် ယေဟောဝါသက်သေများ၏ပွင့်လင်းမှုကို အချို့သူများစိတ်ဆိုးကြပေမည်။ သို့ရာတွင် မုသာအစီအစဉ်ကို ခရစ်ယာန်ဘောင်ဘာသာရေးအကဲအမှူးများ အားကိုးနေခြင်းဖြစ်သည်ဟု သူတို့ပြောသည့်အခါ သမ္မာကျမ်းစာအတိုင်းဖေါ်ပြပြောဆိုခြင်းဖြစ်သည်။ လောကအဝင်ဖြစ်နေသည့်အတွက် ခရစ်ယာန်ဘောင်သည် ဒဏ်စီရင်ခံထိုက်သည်ဟု သူတို့ပြောကြသောအခါ သမ္မာကျမ်းစာတွင် ဘုရားသခင်ကိုယ်တော်တိုင်၏အမိန့်တော်ကို သူတို့ဖေါ်ပြခြင်းမျှဖြစ်သည်။ (ဖိလိပ္ပိ ၃:၁၈၊ ၁၉) ထို့ပြင် ဤလောက၏စီမံကိန်းများကို ခရစ်ယာန်ဘောင်အားထားမှီခိုသည့်အတွက် အမှန်မှာသူသည် မုသာ၏အဘဟုယေရှုခေါ်ခဲ့သော ဤလောက၏ဘုရား၊ စာတန်မာရ်နတ်ကိုထောက်ခံနေခြင်းဖြစ်သည်။—ယောဟန် ၈:၄၄။ ၂ ကောရိန္သု ၄:၄။

၁၇ ထိုကြောင့် ယေဟောဝါသက်သေများကြွေးကြော်ကြသည်ကား၊ နိုင်ငံရေးဇာတ်ကွက်ပြောင်းလဲလာသည့်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးနီးပြီဟု မှားယွင်းစွာမျှော်လင့်နေခြင်းတို့ကို ကျွန်ုပ်တို့ အားမပေးကြပါ။ ယင်းအစား ဆာလံဆရာ၏စကားများကို ကျွန်ုပ်တို့ပဲ့တင်ထပ်ကြသည်။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။ လူယုတ်တို့သည် အခိုးအငွေ့၊ လူမြတ်တို့သည်မုသာမျှသာဖြစ်ကြ၏။ အခိုးအငွေ့ဖြစ်လျက် နှစ်မျိုးလုံးပင် ချိန်ခွင်၌ပေါလောနေ၏။” (ဆာလံ ၆၂:၈၊ ၉၊ သမာ ) ခရစ်ယာန်ဘောင်တည်မြဲရေးအတွက် မြှောက်ထိုးပင့်ကော်ပြုရန် လူ့အကြံအစည်များနှင့် ဤအစီအစဉ်စနစ်တစ်ခုလုံးသည် လှည့်စားခြင်းမုသာမျှသာဖြစ်သည်။ လူ့အကြံအစည်ရှိရှိသမျှတို့သည် ယေဟောဝါ၏ရည်ရွယ်ချက်များမအောင်မြင်စေရန် တားဆီးနိုင်စွမ်းမရှိသည်လေလုံးထွားခြင်းမျှဖြစ်သည်။

၁၈။ ယနေ့ ဆာလံဆရာ၏အဘယ်သတိပေးချက်သည် လျောက်ပတ်သနည်း။

၁၈ ယေဟောဝါသက်သေများသည် ဆာလံ ၃၃ အငယ် ၁၇ မှ ၁၉ ကိုလည်းကိုးကားတတ်ကြသည်။ ထိုတွင်ဆိုသည်ကား ဤသို့။ “[စစ်မှုကိုတင်စားသည့် အီဂျစ်] မြင်းသော်လည်းကောင်း ဘေးလွတ်ခြင်းအမှုကိုမတတ်နိုင်။ ကြီးစွာသောခွန်အားဗလဖြင့် မကယ်မယူနိုင်။ ထာဝရဘုရား [ယေဟောဝါ၊ NW]ကို ကြောက်ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှုလျက်ရှိတော်မူ၏။” ယနေ့ ခရစ်ယာန်စစ်များယေဟောဝါနှင့် ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်ကိုအားကိုးကြသည်။ ယင်းကား တည်မြဲသောငြိမ်းချမ်းရေးပေးနိုင်သည့် တစ်ခုတည်းသောအစီအစဉ်ဖြစ်သည်။

‘ဖိနင်းရာအရပ် ခရစ်ယာန်ဘောင်’

၁၉။ ကမ္ဘာ့ငြိမ်းချမ်းရေးရရန် နိုင်ငံရေးအဖွဲ့အစည်းများကိုအားကိုးခြင်းသည် အဘယ်ကြောင့်လှည့်ဖြားမှုသက်သက်ဖြစ်သနည်း။

၁၉ ဘုရားသခင့်နိုင်ငံတော်အစား လူ့လက်ရာတစ်ခုကိုအားကိုးမည်ဆိုလျှင် ယင်းကိုကိုးကွယ်ရာရုပ်တုအရာသို့ရောက်စေသည်။ (ဗျာဒိတ် ၁၃:၁၄၊ ၁၅) သို့ဖြစ်၍ ငြိမ်းချမ်းလုံခြုံရေးအတွက် ယူအင်န်ကဲ့သို့သော နိုင်ငံရေးအစီအစဉ်တစ်ခုကို အားကိုးရန် တိုက်တွန်းခြင်းကား လှည့်ဖြားစေသောမုသာသက်သက်ဖြစ်သည်။ စစ်မှန်သောမျှော်လင့်ရာမဟုတ်သည့် ဤအရာတို့နှင့်ပတ်သက်၍ ယေရမိဤသို့ဆိုသည်။ “သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။ ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကိုခံရသည်ကာလ၌ကွယ်ပျောက်ကြလိမ့်မည်။” (ယေရမိ ၁၀:၁၄၊ ၁၅) ထိုကြောင့် တိုင်းနိုင်ငံတို့၏စစ်ဘက်ဆိုင်ရာနိုင်ငံရေးအာဏာဖြစ်သည့် ပုံဆောင်ရာအီဂျစ်စစ်မြင်းများသည် ခရစ်ယာန်ဘောင်ဘာသာရေးလောက၏အရေးအခင်းနေ့ရက်တွင် အကာအကွယ်ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ဤလောကနှင့်ခရစ်ယာန်ဘောင်ဘာသာရပ်တို့ဖွဲ့ထားသောမိတ်သဟာယသည် သူတို့ကိုအမှန်ကာကွယ်ပေးလိမ့်မည်မဟုတ်။

၂၀၊ ၂၁။ (က) နိုင်ငံပေါင်းချုပ်အဖွဲ့ ဘာဖြစ်သွားသနည်း။ ယူအင်န်လည်း ထပ်တူပင်အဘယ်ကြောင့်ဖြစ်ပျက်ရမည်နည်း။ (ခ) လောကနှင့်ခရစ်ယာန်ဘောင်မိတ်သဟာယဖွဲ့ထားခြင်းသည် သူတို့အားချမ်းသာရစေမည်မဟုတ်ကြောင်း ဟေရှာယမည်သို့ဖေါ်ပြခဲ့သနည်း။

၂၀ နိုင်ငံပေါင်းချုပ်အဖွဲ့ကို ခရစ်ယာန်ဘောင်အားထားခဲ့သည်။ သို့သော် အာမဂေဒုန်ကျရောက်မလာဘဲ သူ၏အားထားမှုပျက်စီးခဲ့သည်။ ယခုသူသည် ယူအင်န်ကိုယုံကြည်အားထားပြန်ပြီ။ သို့သော် မကြာမီပင် “အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲ” ကိုရင်ဆိုင်ရကြတော့မည်ဖြစ်၍ ကပ်ကျော်လိမ့်မည်မဟုတ်ပါ။ (ဗျာဒိတ် ၁၆:၁၄) ပြန်ပြုပြင်ဖွဲ့စည်းထားသောယူအင်န်ပင်လျှင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ဘယ်တော့မျှယူဆောင်လာနိုင်မည်မဟုတ်ပါ။ အသင်းဝင်နိုင်ငံများနှင့်အတူ ယူအင်န်အဖွဲ့သည် “သိုးသငယ်ကိုစစ်တိုက်၍ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ” သောကြောင့်ဟူ၍ ဘုရားသခင်၏ပရောဖက်ပြုနှုတ်ကပါဌ်တော်ကတင်ပြထားသည်။—ဗျာဒိတ် ၁၇:၁၄။

၂၁ စာတန့်လောကနှင့်ခရစ်ယာန်ဘောင်မိတ်ဖွဲ့ခြင်း၌ ကယ်တင်ခြင်းမရှိဟု ယေဟောဝါသက်သေများ စိတ်ချယုံကြည်စွာတင်ပြထားသည်။ ဤသို့ဆိုရာတွင် သမ္မာကျမ်းစာကိုယ်နှိုက်၏တင်ပြချက်ကို ဖေါ်ပြခြင်းဖြစ်သည်။ ယေဟောဝါရှင်ဤသို့မိန့်မြွက်တော်မူကြောင်း ဟေရှာယ ၂၈:၁၇၊ ၁၈ (သမာ) ကကိုးကားဖေါ်ပြထား၏။ “တရားစောင့်ခြင်းကိုမျဉ်းကြိုးအဖြစ်၊ ဖြောင့်မတ်ခြင်းကိုမှန်ထုပ်အဖြစ် ငါထားသဖြင့်မုသာခိုလှုံရာကို မိုးသီးရိုက်နှင်လျက် ပုန်းရှောင်ရာကိုလည်း ရေလွှမ်းမိုးလိမ့်မည်။ သေမင်းနှင့်ဖွဲ့ခဲ့သောမိတ်ပျက်၍ မရဏာ့နိုင်ငံမှခံခဲ့သောရူပါရုံလည်းမတည်။ လွှမ်းမိုးသောဘေးသင့်လာက သင်တို့ကိုဖိနင်း” လိမ့်မည်။

၂၂။ ခရစ်ယာန်ဘောင်ကိုတရားခြင်းနှင့်အညီစီရင်သည့်အခါ အဘယ်အကျိုးရလဒ်ပေါ်မည်နည်း။

၂၂ ယေဟောဝါ၏တရားစီရင်ချက်အတိုင်းစီရင်သည့်အခါ တရားမျှတခြင်းနှင့်အညီဖြစ်ပေမည်။ ထိုအခါ ခရစ်ယာန်ဘောင်၏အားထားရာ သူမ၏ “သေမင်းနှင့်ဖွဲ့သောမိတ်” သည် လွှမ်းမိုးသောဘေးသင့်သကဲ့သို့ လုံးဝမျောပါသွားလိမ့်မည်။ ဟေရှာယဤသို့ဆက်ပြောသည်။ “နေ့တိုင်း၊ နေ့ညမရပ် သင့်လာ၍ လာရာ၌သင်တို့မျောပါလိမ့်မည်။ ထိုအခါ ဗျာဒိတ်ကိုနားလည်ကြက ထိတ်လန့်ဖွယ်သာဖြစ်လိမ့်မည်။” (ဟေရှာယ ၂၈:၁၉၊ သမာ) ယေဟောဝါ၏တရားစီရင်ခြင်းတန်ခိုး အပြည့်အစုံကိုတွေ့မြင်သူများအတွက် ထိတ်လန့်ဖွယ်ဖြစ်မည်တကား။ ခရစ်ယာန်ဘောင်၏ဓမ္မဆရာများနှင့် သူတို့၏တပည့်နောက်လိုက်များ မုသာကိုအားထားခဲ့ကြောင်း အသိအမှတ်ပြုသည့်အခါ နောက်ကျလွန်းနေမည်မှာအမှန်။

ယေဟောဝါ၏နာမတော် ခိုင်ခံ့သောရဲတိုက်

၂၃၊ ၂၄။ ဤလောကတွင် လုံခြုံမှုရှာကြံမည့်အစား ယေဟောဝါသက်သေများဘာလုပ်ကြသနည်း။

၂၃ သို့သော် ယေဟောဝါသက်သေများကော။ အပြည်ပြည်ဆိုင်ရာမုန်းတီးမှုနှင့်ညှဉ်းပန်းမှုခံနေရငြား ဤလောကနှင့်အဆက်မပြတ်သီးခြားနေကြသည်။ တပည့်တော်များအား ယေရှုက “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) ဤနောက်ဆုံးကာလအတွင်း လူ့စီမံကိန်းများ၌မဟုတ် ယေဟောဝါ၏နိုင်ငံတော်ကိုသူတို့အားထားခဲ့ကြပြီ။ ထိုကြောင့် ခရစ်ယာန်ဘောင်ဘေးသင့်ချိန်တွင် ယေဟောဝါသက်သေများထိတ်လန့်ကြမည်မဟုတ်။ ဟေရှာယကြိုတင်ဟောသည်အတိုင်းပင် “ယုံကြည်ကိုးစားသူတို့သည် အလန့်တကြားမရှိရာ။”—ဟေရှာယ ၂၈:၁၆၊ သမာ။

၂၄ သု၊ ၁၈:၁၀ ကဤသို့ဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” ထိုကြောင့် ယေဟောဝါနှင့်ခရစ်တော်အားဖြင့်တည်ထောင်သော ကိုယ်တော်၏နိုင်ငံတော်၌ ဝင်ခိုလှုံကြရန် သိုးကဲ့သို့သောသူများအား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ပုန်းရှောင်ရာအရပ်အဖြစ် ယေဟောဝါသည် မုသာသက်သက်မဟုတ်။ ခရစ်တော်အားဖြင့်တည်ထောင်သော ကိုယ်တော်၏နိုင်ငံတော်သည် လှည့်ဖြားရာမဟုတ်။ ခရစ်ယာန်ဘောင်၏ခိုလှုံရာကား မုသာမျှဖြစ်သည်။ ခရစ်ယာန်အစစ်အမှန်တို့၏ခိုလှုံရာမူကား စစ်မှန်သည်တကား။

▫ ရှေးယုဒနိုင်ငံသည် မုသာ၌မည်သို့ခိုလှုံခဲ့သနည်း။

▫ ခရစ်ယာန်ဘောင်သည် မုသာ၌မည်သို့ပုန်းကွယ်ခဲ့ပြီနည်း။

▫ ယုဒနိုင်ငံကိုဟေရှာယမည်သို့သတိပေးသနည်း။ ယနေ့ယေဟောဝါသက်သေများသည် မည်သို့ထပ်တူသတိပေးနေသနည်း။

▫ ခရစ်ယာန်ဘောင်၏အားထားရာသည် လွဲမှားနေကြောင်း မည်သို့သိရှိမည်နည်း။

▫ ခရစ်ယာန်ဘောင်နှင့်ခြားနာစွာ ယေဟောဝါသက်သေများ အဘယ်ရပ်တည်ချက်၌မြဲမြံနေကြသနည်း။

[မေးခွန်းများ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ