ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခရစ်တော်၏ပညတ်တော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ရောမသားများ—အကောင်းဆုံးသတင်းရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁ စာ. ၃၀-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

▪ ရောမ ၇:၁၉ တွင်ပေါလုတင်ပြသည့် သူမကျင့်နိုင်သော “အကျင့်ကောင်း” ကားအဘယ်နည်း။

မောရှေပညတ္တိကျမ်းပါ ကောင်းသောအကျင့်များအားလုံးကိုမကျင့်နိုင်ခြင်းအကြောင်း ပေါလုရည်ညွှန်းနေသည်။ ကျွန်ုပ်တို့အပါအဝင် ပေါလုနှင့်အခြားသူများပါ မစုံလင်၍အပြစ်ရှိကြသောကြောင့် ထိုသို့ပြုရန်မတတ်နိုင်ကြပါ။ သို့သော်စိတ်ဓာတ်ကျစရာမလိုပါ။ ခရစ်တော်၏ယဇ်ပူဇော်သက္ကာကြောင့် ဘုရားသခင်ခွင့်လွှတ်ရာလမ်းပွင့်လာပြီး ကိုယ်တော့်ရှေ့မှောက် အနေအထားကောင်းရရှိနိုင်သည်။

ရောမ ၇:၁၉ တွင်ဤသို့ဖတ်ရှုရသည်။ “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။” ပညတ်တရားတွင်ချမှတ်ထားသည့် “အကျင့်ကောင်း” များအကြောင်းပေါလုအဓိကပြောဆိုနေကြောင်း ရှေ့နောက်စကားကတင်ပြသည်။ အခန်းငယ် ၇ တွင်သူဤသို့ဆိုသည်။ “ပညတ်တရား၌အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကိုငါသိရ၏။ အဘယ်သို့နည်းဟူမူကား ‘လောဘစိတ်မရှိစေနှင့်’ ဟုပညတ်တရားမဆိုလျှင် လောဘသဘောကိုငါမသိ။” ပညတ်တရားကိုအကုန်အစင်မလိုက်လျှောက်နိုင်ကြသည့်အတွက် လူသားအပေါင်း အပြစ်သားများဖြစ်ကြကြောင်းကို ပညတ်တရားကရှင်းလင်းစွာတင်ပြသည်။

“အထက်ကပညတ်တရားမရှိသဖြင့် ငါသည်အသက်ရှင်၏” ဟုပေါလုပြောဆိုခဲ့သည်။ ထိုအချိန်ကား အဘယ်နည်း။ ပညတ်တရားကို ယေဟောဝါချပေးတော်မမူမီ အာဗြဟံ၏ကိုယ်တွင်းမျိုးရိုး၌ရှိစဉ်ကဖြစ်သည်။ (ရောမ ၇:၉။ ဟေဗြဲ ၇:၉၊ ၁၀ နှင့်နှိုင်းယှဉ်။) အာဗြဟံသည် မစုံလင်သော်လည်း ပညတ်တရားမရှိသေးသဖြင့် ပညတ်ချက်အမြောက်အမြားကို မလိုက်နာနိုင်သည့်အတွက် သူ၌အပြစ်ရှိကြောင်း သတိပေးခြင်းမခံခဲ့ရပါ။ ထိုသို့ဆိုသဖြင့် ပညတ်တရားပေးလိုက်သည်နှင့် လူသား၏မစုံလင်မှုထင်ရှားခဲ့ရာ ဆိုးကျိုးများဖြစ်ပွားစေပါသလော။ မဟုတ်ပါ။ ပေါလုဤသို့ဆက်ပြောသည်။ “ထိုကြောင့် တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။”—ရောမ ၇:၁၂။

ပညတ်တရားကို ပေါလုက “သန့်ရှင်းခြင်း” “ကောင်းမြတ်ခြင်းရှိ၏” ဟုဆိုကြောင်းသတိပြုပါ။ နောက်ဆက်ပါအခန်းငယ်များတွင် ပညတ်တရားဖြစ်သည့် “အကျင့်ကောင်း” ကား မိမိသည် အပြစ်သားဖြစ်ကြောင်း၊ ယင်းအပြစ်ကြောင့် သေထိုက်သူဖြစ်ကြောင်းထင်ရှားစေသည်။ ပေါလု ဤသို့ရေးသည်။ “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။ ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်လျှင် ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသောအပြစ်တရားသည်ကျင့်၏။”—ရောမ ၇:၁၃-၂၀။

သို့ဖြစ်၍ ဤရှေ့နောက်စကားအရ ပေါလုသည်ယေဘုယျသဘောအရကောင်းမြတ်ခြင်းအကြောင်း သို့မဟုတ် ကြင်နာမှုရှိအကျင့်များအကြောင်းပြောဆိုနေရုံမဟုတ်ပါ။ (တမန်တော် ၉:၃၆၊ ရောမ ၁၃:၃ နှင့်နှိုင်းယှဉ်။) ဘုရားသခင်၏ကောင်းမြတ်သောပညတ်တရားနှင့်မညီသည့်အကျင့်များကိုကျင့်ခြင်း (သို့မဟုတ်မကျင့်ခြင်း) ကိုအထူးသဖြင့်ရည်ညွှန်းနေသည်။ ယခင်က သူသည် ဂျူးဘာသာတရားကိုဇွဲရှိစွာကျင့်သုံးခဲ့၍ အခြားသူတို့နှင့်နှိုင်းစာလျှင် “အပြစ်ကင်း” ခဲ့သည်။ သို့ရှိစေကာမူ ထိုကောင်းမြတ်သောပညတ်တရားကို သတိရှိရှိလိုက်နာခဲ့သော်လည်း အပြည့်အစုံမကျင့်ကြံနိုင်ခဲ့သေးပါ။ (ဖိလိပ္ပိ ၃:၄-၆) ပညတ်တရားသည် ဘုရားသခင်၏စုံလင်သောစံချိန်များကိုဖော်ပြသဖြင့် အသွေးအသား၌တည်သောတမန်တော်သည် အပြစ်တရားအောက်ရှိနေသေး၍ သေခြင်းဒဏ်ကိုခံရမည်ဖြစ်ကြောင်း တင်ပြသည်။ သို့ရာတွင် ခရစ်တော်၏ယဇ်ပူဇော်သက္ကာအားဖြင့် မိမိသည် ဖြောင့်မတ်ရာသို့ရောက်နိုင်သည့်အတွက် ပေါလုကျေးဇူးတင်စရာဖြစ်သည်။ ဆိုလိုသည်ကား အပြစ်တရားအောက်နှင့်ယင်း၏အခ သေခြင်းဒဏ်စီရင်ချက်မှလွတ်မြောက်ခံရမည်ဖြစ်သည်။—ရောမ ၇:၂၅။

ယနေ့ခရစ်ယာန်များသည် မောရှေ၏ပညတ်တရားအောက်မရှိကြတော့ချေ။ အကြောင်းမှာ ယင်းကိုနှက်တိုင်ပေါ်ရိုက်ထားခဲ့ပြီ။ (ရောမ ၇:၄-၆။ ကောလောသဲ ၂:၁၄) သို့နှင့်ပင် ကျွန်ုပ်တို့မေ့ဖျောက်ထားရမည့် ဝန်လေး၍ပင်ပန်းသောပညတ်တရားမျှမဟုတ်ကြောင်း အသိအမှတ်ပြုသင့်သည်။ အခြေခံသဘောအရ ပညတ်တရားသည် ကောင်းမြတ်တော်မူသည်။ ယင်းကြောင့် ပညတ်တရားပါဝင်သည့် ကျမ်းစာစောင်များကိုဖတ်ရှုသင့်ပေသည်။ ဣသရေလလူမျိုးထံမှ အဘယ်အရာများကိုတောင်းဆိုထားကြောင်း သိထားသင့်သည်။ ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်အရ မကြာမီထိုသို့ပြုလုပ်ကြတော့မည်။

ပညတ်တရားကိုကျွန်ုပ်တို့ဖတ်ရှုကြရာတွင် ပညတ်ချက်အသီးသီးတို့နောက်ဝယ်ရှိ ကျင့်အပ်သောမူများကို ပြန်သုံးသပ်သင့်သည်။ ဤကောင်းမြတ်သောပညတ်ချက်များကို လိုက်နာကျင့်သုံးကြရာ ဘုရားသခင်၏လူမျိုးခံစားခဲ့ရသည့်အကျိုးကျေးဇူးများကို သုံးသပ်သင့်သည်။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်မှသင်ယူနိုင်ကြသော ကောင်းမြတ်သည့်အကျင့်များကို အပြည့်အစုံမကျင့်နိုင်ကြောင်း သဘောပေါက်သင့်သည်။ သို့သော် အပြစ်တရားကိုတိုက်လှန်ချိုးနှိမ်ကြရာတွင် ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် လွတ်မြောက်မှုရရှိနိုင်သည့်အတွက် ဝမ်းမြောက်ရွှင်လန်းနိုင်ကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ