ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရင်နှစ်ပါးကို ကိုယ်စားပြုသူများ ပြောင်းလဲခြင်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

လုကာ ၃:၁ ၌ဖော်ပြထားသည့်ကဲသာဘုရင်တိဗေရိနန်းစံသောစီအီး ၁၄ ခုနှစ်အစား စီအီး ၂၉ ခုနှစ်ကိုသမ္မာကျမ်းစာသမိုင်းတွင် အချက်အချာကျသောရက်စွဲအဖြစ်အဘယ်ကြောင့်မှတ်ယူသနည်း။

တိဗေရိစတင်နန်းစံသည့်အကြောင်းကို သမ္မာကျမ်းစာတွင်ဖော်ပြခြင်းမရှိဘဲ နန်းစံ ၁၅ နှစ်၏ဒုတိယပိုင်းတွင်ဖြစ်ပွားသည့် အဖြစ်အပျက်တစ်ရပ်ကိုသာ ဖော်ပြထားသည်။ ဤအချက်က သမ္မာကျမ်းစာလေ့လာလိုက်စားသူတို့အား ထိုအဖြစ်အပျက်သည် စီအီး၂၉ ခုနှစ်တွင် ဖြစ်ပွားသည်ဟုသတ်မှတ်နိုင်အောင်အထောက်အကူပြုသည်။ ထိုခုနှစ်ကိုသမ္မာကျမ်းစာရှုထောင့်မှ ကြည့်လျှင်အချက်အချာကျသောရက်စွဲအဖြစ်ယူဆနိုင်သည်။

ဒုတိယမြောက်ရောမဧကရာဇ်၊ ကဲသာဘုရင်တိဗေရိနန်းစံသည့်နှစ်ကို သမိုင်းတွင်ကောင်းစွာလက်ခံအသိအမှတ်ပြုကြသည်။ The New Encyclopœdia Britannica စွယ်စုံကျမ်းကဤသို့ဆို၏။ “အေဒီ ၁၄ ခုနှစ်သြဂုတ်လ ၁၉ ရက်တွင် [ပထမဧကရာဇ်] ဩဂတ်စတပ်စ်ကွယ်လွန်အနိစ္စရောက်သည်။ ယခုနိုင်ငံ့ဥသျှောင်ဖြစ်သူတိဗေရိသည် ဆီးနိတ်လွှတ်တော်ကို ကိုယ်ကျိုးအတွက် လိုရာကြိုးဆွဲကာ သူ့အားဧကရာဇ်အဖြစ်စာရင်းမတင်သွင်းရန် တစ်လနီးပါးကြာအချိန်ဆွဲထားခဲ့သော်လည်း စက်တင်ဘာလ ၁၇ ရက်တွင် အချုပ်အခြာအာဏာကိုဆက်ခံလိုက်သည်။”a

လုကာ ၃:၁-၃ တွင်နှစ်ခြင်းဆရာယောဟန်၏ဓမ္မအမှုဆောင်ခြင်းအကြောင်း ဖော်ပြထားသောကြောင့် တိဗေရိနန်းစံအတွက် သတ်မှတ်သည့်ဤရက်စွဲသည် ကျမ်းစာအရဆီလျော်သည်။ “ကဲသာဘုရင်တိဗေရိနန်းစံတစ်ဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ပုန္တိပိလတ်သည် စော်ဘွားအရာ . . . [၌ရှိ] သောအခါ၊ တော၌ရှိသောဇာခရိ၏သား ယောဟန်သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရ၏။ . . . ယောဟန်သည် ယော်ဒန်မြစ်နား၌အနှံ့အပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့်စပ်ဆိုင်သောဗတ္တိဇံတရားကိုဟောလေ၏။”

ယောဟန်သည် တိဗေရိဧကရာဇ်ဖြစ်စ၌ ဟောပြောခြင်းနှင့်နှစ်ခြင်းပေးခြင်းကိုစတင်ခြင်းမရှိပဲ “ကဲသာဘုရင်တိဗေရိနန်းစံတစ်ဆယ်ငါးနှစ်တွင်” သာထိုသို့ပြုခဲ့သည်။ နန်းစံတစ်ဆယ်ငါးနှစ်မှာစီအီး ၂၈ ခုဆောင်းဦးရာသီမှစီအီး ၂၉ ခုဆောင်းဦးရာသီအချိန်အတွင်းဖြစ်သည်။ သို့သော်ဤအချက်ကိုသိထားရုံမျှနှင့် ထိုနှစ်အတွင်းယောဟန်စတင်အမှုတော်ထမ်းဆောင်သည့် အချိန်ကိုသတ်မှတ်ရာတွင်လည်းကောင်း၊ ဆက်နွယ်နေသည့်ဖြစ်ရပ်များကို ခန့်မှန်းတွက်ချက်ရာ၌လည်းကောင်း အထောက်အကူမပြုပေ။

သို့သော်သမ္မာကျမ်းစာကအရေးပါသော နောက်ဆက်တွဲသတင်းအချက်အလက်များကိုပေးထားသည်။ ဥပမာအားဖြင့် ဒံယေလ၏ “သိတင်းခုနစ်ဆယ်” နှင့်ပတ်သက်သောပရောဖက်ပြုချက်က မေရှိယပေါ်ထွန်းမည့်အချိန်အဖြစ်စီအီး ၂၉ ခုနှစ်ကိုညွှန်ပြထားသည်။ ယေရှုဓမ္မအမှုထမ်းဆောင်သည့်ကာလကိုလည်း သုံးနှစ်ခွဲကြာမည်ဟုဖော်ညွှန်းထားသည်။ (ဒံယေလ ၉:၂၄-၂၇) ဤအချက်အပြင် ယေရှုသည် ယောဟန်မွေးပြီးနောက် ခြောက်လအကြာတွင်မွေးဖွားခြင်း၊ ယေရှုနှစ်ခြင်းခံစဉ်၌ ‘အသက်သုံးဆယ်ခန့်ရှိ’ ခြင်း၊ သက်တော် ၃၃ နှစ်ခွဲ၊ စီအီး ၃၃ ခုနှစ်နွေဦးရာသီ (ပသခါပွဲတော်ကာလ) တွင် ယေရှုကွယ်လွန်ခြင်းစသော အသေးစိတ်အချက်အလက်များကိုပါ သမ္မာကျမ်းစာကဖော်ပြထားသည်။—လုကာ ၁:၂၄-၃၈၊ ၃:၂၃၊ ၂၂:၁၄-၁၆၊ ၅၄။b

သမ္မာကျမ်းစာမှ ဤကဲ့သို့တိကျမှန်ကန်သည့်သတင်းအချက်အလက်များနှင့် လောကီသမိုင်းအရတိဗေရိနန်းစံသည့်ခုနှစ်သက္ကရာဇ်တို့ကို ဆက်စပ်လိုက်ခြင်းအားဖြင့် သမ္မာကျမ်းစာလေ့လာသည့်ကျောင်းသားများသည် စီအီး ၂၉ ခုနှစ်နွေဦးရာသီတွင် ယောဟန်ဓမ္မအမှု စတင်ထမ်းဆောင်ကြောင်းကိုလည်းကောင်း၊ ယင်းနောက်ခြောက်လအကြာ စီအီး ၂၉ ခုနှစ်ဆောင်းဦးရာသီတွင် ယေရှုအားယောဟန်နှစ်ခြင်းပေးခဲ့ကြောင်းကိုလည်းကောင်း ခန့်မှန်းတွက်ချက်ရနိုင်သည်။ ထို့ကြောင့် သမ္မာကျမ်းစာရှုထောင့်အရ အချက်အချာကျသောရက်စွဲအဖြစ် စီအီး ၁၄ ခုနှစ်မဟုတ်ဘဲ စီအီး ၂၉ ခုနှစ်ကိုမှတ်ယူရခြင်းဖြစ်ပေသည်။

[အောက်ခြေမှတ်ချက်များ]

a ဂျူလီယံပြက္ခဒိန်မှ စက်တင်ဘာလ ၁၇ ရက်သည် ယနေ့ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေသည့် ဂရေဂိုရီယံပြက္ခဒိန်မှ စက်တင်ဘာလ ၁၅ ရက်နှင့်ညီသည်။

b နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသော Insight on the Scriptures အတွဲ ၁၊ စာမျက်နှာ ၄၅၈၊ ၄၆၃၊ ၄၆၇၊ အတွဲ ၂၊ စာမျက်နှာ ၈၇၊ ၈၉၉-၉၀၂၊ ၁၀၉၉၊ ၁၁၀၀၊ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ