ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွှမ်းမိုးတဲ့ရေကြီး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ‘စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာသူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

သင်္ဘောထဲမှ ကျီးအ,ပြီးနောက်ချိုးငှက်ကို နောဧအဘယ်ကြောင့်လွှတ်ခဲ့ရသနည်း

သမ္မာကျမ်းစာက အသေးစိတ်အချက်အလက်များကိုမဖော်ပြထားပါ။ သို့ရာတွင်နောဧလုပ်ခဲ့သည့်အမှုသည် ယုတ္တိရှိပါသည်။

ငါးလတိုင်အမြင့်ဆုံးတောင်များပင် ရေအောက်ရောက်ခဲ့ရသည်တိုင် နေ့ညမပြတ်ရက်ပေါင်း ၄၀ လုံးလုံးမြေကြီးပေါ်သည်းကြီးမည်းကြီးမိုးရွာခဲ့သည်။ ထိုနောက် “သင်္ဘောသည် အာရရတ်အမည်ရှိသောတောင်ပေါ်မှာတင်လေ၏။” (ကမ္ဘာဦး ၇:၆–၈:၄) လအနည်းငယ်ကြာ၍ “တောင်ထိပ်တို့သည်ပေါ်” လာသောအခါ နောဧသည် “ကျီးအတစ်ကောင်ကိုလွှတ်လေ၏။ ထိုကျီးအသည် မြေပေါ်မှာရေမခန်းမခြောက်မီတိုင်အောင် သွားလာလျက်နေလေ၏။”—ကမ္ဘာဦး ၈:၅၊ ၇။

အဘယ်ကြောင့်ကျီးအလွှတ်သနည်း။ ဤငှက်မျိုးသည် ကြာမြင့်စွာပျံသန်းနိုင်သည်။ အသေသားအပါအဝင်စားစရာအမျိုးမျိုးနှင့်အသက်ရှင်နိုင်ပါသည်။ ရေကျသွား၍ကုန်းပေါ် ပေါ်လာမည့်အသေကောင်များကိုစားသုံးနေကာ သင်္ဘောသို့ပြန်လာမည်မပြန်လာမည်ကို နောဧသိလို၍ ကျီးအကိုစေလွှတ်ခဲ့ခြင်းဖြစ်မည်။ သို့ရာတွင် ကျီးအသည်ပြန်မလာဘဲမနေပါ။ ပြန်လာသည်ဟုကျမ်းစာဆိုသော်လည်း နောဧထံသို့လာသည်ဟုမဖော်ပြပါ။ ရေရှိနေသေး၍ ရေပေါ်ပေါလောပေါ်နေသည့်အစာကိုရှာဖွေကာ ပျံသန်းသွားလာရင်း သင်္ဘောပေါ်နားခဲ့ခြင်းဖြစ်နိုင်သည်။

နောင်တွင်ချိုးငှက်ကိုလွှတ်ရန် နောဧရွေးလိုက်သည်။ ကျွန်ုပ်တို့ဖတ်ရသည်က “ချိုးသည်ခြေဖြင့်နင်း၍အမောဖြေစရာကိုမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ပြန်လာလေ၏။” (ကမ္ဘာဦး ၈:၉) ချိုးသည်မိမိနည်းမိမိဟန်ဖြင့် ရေများကျမကျဆုံးဖြတ်နိုင်ကြောင်း ယင်းကနားလည်စေသည်။ ချိုးငှက်များသည် အလွန်ယဉ်သောငှက်မျိုးဖြစ်သည်။ ထိုကြောင့်ချိုးသည်သင်္ဘောပေါ်နားရန်အတွက်သာမက နောဧကိုယ်တိုင်ထံသို့ပြန်လာလိမ့်မည်ဟု နောဧမျှော်လင့်ခဲ့ပေမည်။

ချိုးများသည်သွေ့ခြောက်သောကုန်းမြေပေါ်သာနားတတ်သည်၊ ချိုင့်ဝှန်းများတွင် နိမ့်နိမ့်ပျံသန်းသွားတတ်သည်၊ သစ်သီးဝလံကိုသာစားသုံးတတ်ကြောင်း အဆိုရှိသည်။ (ယေဇကျေလ ၇:၁၆) Grzimek’s Animal Life Encyclopedia ကဤသို့သတိပြုစေသည်။ “မြေကြီးကိုတစ်ရက်ထက်မက ဆီးနှင်းခဲ [သို့မဟုတ် ရေ] ဖုံးအုပ်ထားမည်ဆိုလျှင် သစ်စေ့နှင့်ခွံမာသီးတို့ကိုသာစားတတ်သည့် ခိုနှင့်ချိုးငှက်များအစာရှာရန်ခဲယဉ်းပေမည်။ သူတို့စားစရာသည် ကုန်းမြေပေါ်၌သာ အများအားဖြင့်ရှိတတ်၏။” ထိုကြောင့်ကုန်းမြေပေါ်နေသည့်သာဓကအနေနှင့် အညွှန့်ကလေးများ နောဧထံယူလာကောင်းယူလာခဲ့ပေမည်။ ချိုးငှက်ကိုပထမအကြိမ်လွှတ်ခဲ့ချိန်တွင် သင်္ဘောသို့လက်ချည်းပြန်လာခဲ့သည်။ ဒုတိယအကြိမ်တွင် သံလွင်ရွက်တစ်ရွက်ကိုချိုးကလေးပြန်ယူလာသည်။ တတိယအကြိမ်လွှတ်သည့်အခါ ပြန်မလာတော့ပါ။ ယင်းကြောင့်သင်္ဘောထဲမှနောဧထွက်နိုင်ပြီဖြစ်ကြောင်း သက်သေထူသည်။—ကမ္ဘာဦး ၈:၈-၁၂။

ယင်းတို့ကိုကြုံ၍သာဖော်ပြသည့်အသေးစိတ်အချက်အလက်များဟု အချို့ယူမှတ်ကြမည်ဖြစ်သော်လည်း ယင်းမှတ်တမ်းသည် ရှင်းလင်းချက်များကြိုးစားပေးနေခြင်းမရှိ၊ ဤမျှတိကျရခြင်းကား သမ္မာကျမ်းစာကိုယုံကြည်စိတ်ချနိုင်ကြောင်းဖော်ပြသည်။ ယင်းမှတ်တမ်းမှာ လုပ်ကြံဖန်တီးထားခြင်းမဟုတ် ရိုးသားမှန်ကန်ကြောင်း ထပ်ဆင့်အကြောင်းပြချက်ပေးသည်။ အသေးစိတ်အချက်အလက်များနှင့်ရှင်းပြချက်များ ရှုပ်ထွေးပွေလီခြင်းမရှိခြင်းကလည်း နောဧရှင်ပြန်ထမြောက်လာ၍ သူ၏အပြုအမူတို့၏အကြောင်းရင်းချာတို့ကိုရှင်းပြပြောဆိုပေးရန် သစ္စာရှိခရစ်ယာန်များ မေးမြန်းနိုင်သည့် စိတ်ဝင်စားဖွယ်မေးခွန်းများကိုပါဖော်ပြပါသည်။—ဟေဗြဲ ၁၁:၇၊ ၃၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ