ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၂/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • လွှမ်းမိုးတဲ့ရေကြီး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကမ္ဘာဦးကျမ်းမှ ပေါ်လွင်ချက်များ—၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၂/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ရေလွှမ်းမိုးပြီးနောက် နောဧသည် ချိုးငှက်တစ်ကောင်ကို သင်္ဘောမှ လွှတ်လိုက်ရာ “သံလွင်ရွက်” ကို ဆိတ်ယူ၍ ပြန်လာခဲ့သည်။ ချိုးငှက်သည် သစ်ရွက်ကို အဘယ်နေရာမှ ရခဲ့သနည်း။

“ရေသည် မြေကြီးပေါ်မှာအလွန်အားကြီးသဖြင့် မိုးကောင်းကင်အောက်၌ရှိသမျှသော တောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏” ဟု ကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၇:၁၉) ရေကျသွားသောအခါ နောဧသည် ချိုးငှက်တစ်ကောင်ကို တစ်ပတ်ခြားစီ သုံးကြိမ် စေလွှတ်ခဲ့၏။ ဒုတိယအကြိမ်တွင် ချိုးငှက်သည် “သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့်ဆောင်ခဲ့သောကြောင့်၊ မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။”—ကမ္ဘာဦး ၈:၈-၁၁။

ကမ္ဘာမြေကြီး၏အစိတ်အပိုင်းတစ်ခုသည် မည်မျှကြာကြာ ရေလွှမ်းခံရကြောင်းကို ယခုလောလောဆယ်တွင် မည်သို့မျှမပြောနိုင်ပါ၊ အကြောင်းမှာ ကမ္ဘာ့မြေမျက်နှာသွင်ပြင်သည် ရေလွှမ်းမိုးဘေးကြောင့် ပြောင်းလဲသွားခဲ့သည်မှာ သေချာသည်။ မည်သို့ပင်ဖြစ်စေ၊ ရေသည် သစ်ပင်အမြောက်အမြား သေသွားလောက်သည်အထိ ဒေသအများစုကို အချိန်ကြာကြာ ဖုံးလွှမ်းသွားခဲ့ပုံရ၏။ သို့တိုင်၊ တချို့သစ်ပင်တို့သည် ရေကျသွားသောအခါ အတက်များ ပြန်ပေါက်ရန် ခံနိုင်ရည်ရှိပုံရသည်။

သံလွင်ပင်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာအဘိဓာန်သစ်က ဤသို့ဆို၏– “အပင်ကိုခုတ်လိုက်မည်ဆိုလျှင် အမြစ်မှနေ၍ အတက်ပေါက်လာသည်၊ သို့နှင့် ပင်စည်သစ် ငါးခုထက်မက ထပ်ပေါက်လာနိုင်ပေသည်။ သေခါနီး သံလွင်ပင်များသည် ဤနည်းအားဖြင့် အတက်ထွက်လေ့ရှိကြ၏။” ယင်းက “၎င်း၏ခံနိုင်ရည်ကို ဖျက်ဆီးပစ်၍မရနိုင်သည့်အလား” ဖြစ်စေ၏ဟု ဘာသာရေးအသိပညာဆိုင်ရာ သည်နယူးရှဖ်အက်စော့ဖ်စွယ်စုံကျမ်းက ဆိုသည်။ လွှမ်းမိုးသောရေနှင့်စပ်လျဉ်း၍ ဆားဓာတ်မည်မျှပါသည်၊ အပူချိန်မည်မျှရှိသည်ကိုကား ယနေ့မည်သူမျှ အသေးစိတ်မသိကြချေ။ ထို့ကြောင့်၊ သံလွင်ပင်များနှင့် အခြားသစ်ပင်မြက်ပင်တို့အပေါ် ဖြစ်ပေါ်လာနိုင်မည့် ရေလွှမ်းမိုးခြင်း၏အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အသေအချာမသိရှိနိုင်ကြချေ။

သို့ရာတွင်၊ သံလွင်ပင်အရိုင်းသည် ပို၍မြင့်မားသောတောင်တန်းများပေါ်တွင် တွေ့ရှိရသည့်အပင်များကဲ့သို့ အအေးဓာတ်များသည့်ဒေသတွင် အသက်မရှင်နိုင်ပေ။ သံလွင်ပင်သည် အမြင့်ပေ ၃,၀၀၀ အောက်ရှိ ပျမ်းမျှအပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက်အထက်ရှိသည့် ဒေသများတွင် အနှံ့အပြားပေါက်ရောက်သည်။ “သို့ဖြစ်၍၊ လတ်လတ်ဆတ်ဆတ် ခူးခြွေခဲ့သည့် သစ်ရွက်ကိုကြည့်၍ အနိမ့်ပိုင်းလျှိုမြောင်ဒေသများတွင် ရေကျသွားပြီဟု နောဧတွက်ဆနိုင်ခဲ့သည်” ဟု ပြန်လည်သုံးသပ်ခံရသည့် ရေလွှမ်းမိုးဘေးစာအုပ်ကဆိုသည်။ နောဧသည် ချိုးငှက်ကို သီတင်းတစ်ပတ်ကြာပြီးနောက် လွှတ်ပေးလိုက်သည့်အခါ ၎င်းသည် ပြန်မလာတော့ချေ၊ ယင်းကိုကြည့်ခြင်းအားဖြင့် သစ်ပင်မြက်ပင်များ လှိုင်လှိုင်ပေါက်ရောက်နေကြပြီး ချိုးငှက်အတွက် နားရန် နေရာအတည်တကျရရှိသွားပေပြီ။—ကမ္ဘာဦး ၈:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ