ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၂/၁ စာ. ၃
  • မိစ္ဆာပရောဖက်များကိုသတိပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိစ္ဆာပရောဖက်များကိုသတိပြု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုခြင်းကားအဘယ်နည်း
  • မိစ္ဆာပရောဖက်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • “မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ပရောဖက်ပြုချက်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင်၏ပရောဖက်များကို ပုံသက်သေအဖြစ်ယူမှတ်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၂/၁ စာ. ၃

မိစ္ဆာပရောဖက်များကိုသတိပြု

ဘရာဇီးလ်မောင်နှံစုံတစ်စုံသည် အိပ်ရာဝင်ပြီးနောက် သူခိုးများအိမ်ထဲထွင်းဖောက်သံကိုကြားခဲ့ကြသည်။ ကြောက်အားလန့်အားနှင့်ပြတင်းပေါက်မှသူတို့ထွက်ပြေးပြီး ရဲကိုတိုင်ကြားခဲ့သည်။ ထိုနောက်အမျိုးသမီးဖြစ်သူသည် ထိတ်လန့်လွန်းသဖြင့် မိမိအိမ်၌မအိပ်ဝံ့ဘဲ မိခင်အိမ်သို့သွားအိပ်ခဲ့ရသည်။

မိမိအိမ်ထွင်းဖောက်ခြင်း၊ သို့မဟုတ် အခြားနည်းတစ်နည်းဖြင့်အခိုးခံရမည်ဆိုလျှင် သူမကိုကိုယ်ချင်းစာပါလိမ့်မည်။ ဤသို့သောတွေ့ကြုံမှုသည် သွေးလန့်စရာဖြစ်ပြီး ဤဆင်းရဲဒုက္ခကိုခံနေရသူအရေအတွက် တိုးများလာနေပါပြီ။ သို့ရာတွင်အခြေအနေပိုဆိုးရွားနစ်နာဆုံးရှုံးစေသည့် ခိုးဝှက်မှုတစ်မျိုးရှိပါသေးသည်။

ဤသာ၍စိုးရိမ်ဖွယ်ရှိသောခိုးဝှက်မှုကားအဘယ်နည်း။ သူခိုးများကား မည်သူများနည်း။ ကျွန်ုပ်တို့ခေတ်ကိုရည်ညွှန်းကာ “မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍ လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်” ဟုယေရှုဆိုရာတွင် ယင်းအကြောင်းပြောခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၁) မိစ္ဆာပရောဖက်များသည် သူခိုးများဖြစ်သည်။ အဘယ်နည်းဖြင့်နည်း။ သူတို့ဘာကိုခိုးယူနေသနည်း။ သူတို့၏ခိုးမှုသည် ပရောဖက်ပြုချက်နှင့်သက်ဆိုင်သည်။ ယင်းကိုသဘောပေါက်နိုင်ရန် သမ္မာကျမ်းစာအရ ပရောဖက်ပြုခြင်းသည် အဘယ်အရာဖြစ်သည်ကို ဦးစွာသိနားလည်ရန်လိုသည်။

ပရောဖက်ပြုခြင်းကားအဘယ်နည်း

ပရောဖက်ပြုခြင်းအကြောင်းစဉ်းစားလိုက်လျှင် ပထမဦးဆုံးစဉ်းစားမိသည်ကား အနာဂတ်ကိုကြိုဟောပြောခြင်းဖြစ်သည်။ ဘုရားသခင်၏ရှေးခေတ်ပရောဖက်များ၏လုပ်ငန်းကဏ္ဍတွင် ဤသို့ပြုခြင်းပါဝင်သော်လည်း ယင်းကသူတို့၏အဓိကလုပ်ငန်းမဟုတ်ပါ။ ဥပမာ၊ “လေအားပရောဖက်ပြုလော့” ဟုရူပါရုံ၌ပရောဖက်ယေဇကျေလမှာကြားခံရချိန်တွင် ဘုရားသခင်ထံမှရသောမိန့်မှာချက်ကိုပြောဆိုရန်သာလိုသည်။ (ယေဇကျေလ ၃၇:၉၊ ၁၀) ယဇ်ပုရောဟိတ်များရှေ့ယေရှုတရားစီရင်ခံရချိန်တွင် ကိုယ်တော်သည်တံတွေးထွေးခြင်း၊ ပါးရိုက်ခြင်းခံခဲ့ရ၍ သူ့အားနှိပ်စက်ကလူပြုသူများက “အချင်းခရစ်တော်၊ ကိုယ်တော်ကိုအဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ဟောတော်မူပါ” ဟုကဲ့ရဲ့ပြောဆိုခဲ့သည်။ ဖြစ်လတံ့သောအမှုကို ကိုယ်တော်အားဟောရန်ပြောနေခြင်းမဟုတ်ဘဲ ဘုရားသခင့်တန်ခိုးတော်အားဖြင့် ကိုယ်တော်အားမည်သူတို့ရိုက်ပုတ်သည်ကိုဖော်ထုတ်ရန် စိန်ခေါ်ပြောဆိုနေကြခြင်းဖြစ်သည်။—မဿဲ ၂၆:၆၇၊ ၆၈။

“ပရောဖက်ပြုခြင်း” သို့မဟုတ် “ပရောဖက်ပြုချက်” ဟုပြန်ဆိုသည့် မူရင်းကျမ်းစာစကားလုံးများ အဓိကပေါ်လွင်စေသည့်သဘောမှာ အကြောင်းကိစ္စတစ်ခုနှင့်ပတ်သက်၍ ဘုရားသခင့်သဘောကိုဖော်ပြခြင်း သို့မဟုတ် တမန်တော်ဝတ္တုတင်ပြသည့်အတိုင်း “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို” ပြောပြခြင်းဖြစ်သည်။ (တမန်တော် ၂:၁၁) ဤသဘောမျိုးဖြင့် မိစ္ဆာပရောဖက်တို့ကြောင့် လူများစွာတို့သည်အခိုးခံနေရပါသည်။

မိစ္ဆာပရောဖက်များကားအဘယ်သူများဖြစ်သနည်း။ သူတို့ဘာကိုခိုးနေကြသနည်း။ ဤမေးခွန်းကိုဖြေဆိုရန် ဣသရေလလူမျိုး၏သမိုင်းတွင် ယေရမိခေတ်သို့ပြန်ကြည့်ကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ