ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၄/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယုံကြည်ချက်အတွက် ကာကွယ်ပြောဆိုသူများ—ခရစ်ယာန်များလော၊ အတွေးအခေါ်ပညာရှင်ဖြစ်လိုသူများလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယင်းနယ်မြေသို့လည်ပတ်၍ သိုးများထံလည်ပတ်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “သမ္မာတရားနှင့် ငြိမ်သက်ခြင်းကို မြတ်နိုးကြလော့”!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၄/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များတွင် သင့်အတွက်လက်တွေ့ကျတန်ဖိုးကို သင်တွေ့ရှိသလော။ သို့ဆိုလျှင် အောက်ပါအချက်များဖြင့် သင့်မှတ်ဉာဏ်ကိုစစ်ဆေးကြည့်ပါ။

▫ ယေရှုရောဂါကုသပေးခြင်းများ၏အဓိကရည်ရွယ်ချက်ကားအဘယ်နည်း။ အာမဂေဒုန်ပြီး၍မကြာမီ ကပ်ကျော်သူများသည် အတန်အရာကုသပေးခြင်းခံရမည်အကြောင်း ယနေ့သိုးကဲ့သို့စိတ်ထားရှိသူလူအုပ်ကြီးအတွက် အားပေးချက်အနေနှင့် ပုံဖော်ပြခြင်းဖြစ်သည်။ (ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆)—၁၂/၁၅၊ စာ၊ ၁၅။

▫ ကျွန်ုပ်တို့သည် အဘယ်ကြောင့် “ဆုတောင်းခြင်းတွင်စွဲမြဲရန်” သတိပေးချက်ကို အမြဲလိုအပ်သနည်း။ (ရောမ ၁၂:၁၂) တစ်ခါတစ်ရံ ကျွန်ုပ်တို့ဆုတောင်းရန်မေ့လောက်သည့်အထိ ဘဝဖိစီးမှုများနှင့်တာဝန်များသည် ကျွန်ုပ်တို့ကိုဝန်ပိစေသည်။ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်တွင် ဝမ်းမမြောက်နိုင်တော့လောက်အောင်၊ ဆုပင်မတောင်းနိုင်တော့လောက်အောင် ကျွန်ုပ်တို့အား ပြဿနာမွှေနှောက်ပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့အား ဆုတောင်းရန်အားပေးသည့် သတိပေးချက်များကို လိုအပ်သည်။ သို့မှသာ ယေဟောဝါနှင့် ကျွန်ုပ်တို့အစဉ်အမြဲနီးကပ်နေနိုင်ကြမည်။—၁၂/၁၅၊ စာ၊ ၁၇။

▫ နောဧခေတ်ရေလွှမ်းမိုးခြင်းသည် လူသားမျိုးနွယ်များ၏စိတ်တွင် မဖျက်နိုင်အောင်စွဲမှတ်ထင်ကျန်ခဲ့ကြောင်း မည်သည့်အထောက်အထားများရှိသနည်း။ လူမျိုးပေါင်း ၂၅၀ ကျော်က ရေလွှမ်းမိုးခြင်းပုံပြင်ပေါင်း ၅၀၀ ကျော်ကိုပြောကြောင်း ခန့်မှန်းသိရှိခဲ့ရသည်။ ဤပုံပြင်များအားလုံးတွင် အခြေခံဆင်တူချက်အချို့ကို တွေ့ရှိရသည်။—၁/၁၅၊ စာ၊ ၅။

▫ ယနေ့မှောက်မှားသောပရောဖက်များသည် ယေရမိအချိန်ကမှောက်မှားသောပရောဖက်များနှင့် မည်သို့တူကြသနည်း။ ယနေ့မှောက်မှားသောပရောဖက်များသည် ဘုရားသခင်ကို မိမိတို့ကိုယ်စားပြုသည်ဟုဆိုကြသော်လည်း သမ္မာကျမ်းစာအမှန်ပြောဆိုသည့်အရာမှ လူများကိုလမ်းလွဲစေကြခြင်းအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ခိုးယူကြသည်။ အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောသွန်သင်ချက်တွင် ယင်းအချက်မှန်ကန်သည်။ (ယေရမိ ၂၃:၃၀)—၂/၁၊ စာ၊ ၄။

▫ သန့်ရှင်းသောဝိညာဉ်တော်၌လူတစ်ဦးနှစ်ခြင်းခံခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ နှစ်ခြင်းခံပြီးသူသည် ဝိညာဉ်တော်နှင့်အတူပူးပေါင်းလုပ်ဆောင်ပြီး ယေဟောဝါ၏လူများအလယ် ဝိညာဉ်တော်လှုပ်ရှားမှုကိုအဆီးအတားဖြစ်စေမည့် မည်သည့်အရာကိုမျှမလုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟုဆိုလိုသည်။ ထို့ကြောင့် ထိုသူသည် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားနှင့် အသင်းတော်ရှိအကြီးအကဲအစီအစဉ်တို့နှင့် ပူးပေါင်းလုပ်ဆောင်ရမည်။ (ဟေဗြဲ ၁၃:၁၇။ ၁ ပေတရု ၅:၁-၄)—၂/၁၊ စာ၊ ၁၈။

▫ ကျမ်းစာခေတ်က အဘယ်ကြောင့် သိုးများကို တန်ဖိုးရှိဥစ္စာပစ္စည်းဟု ယူမှတ်ခဲ့ကြသနည်း။ သိုးမွေးသည် အမြဲသစ်လွင်နေသည့်ပစ္စည်းဖြစ်ပြီး မိသားစုအတွက်အဝတ်အထည်ပြုလုပ်နိုင်သည်၊ သို့မဟုတ် ရောင်းနိုင်သည်။ သိုးထီး၏ဦးချိုကို ယုဘိလပွဲအချက်ပေးရာတွင်လည်းကောင်း၊ စစ်တိုက်ရာ၌ လှုပ်ရှားမှုကိုအချက်ပြရာတွင်လည်းကောင်း အသုံးပြုခဲ့ကြသည်။ သိုးသည် ဣသရေလလူမျိုးများစားနိုင်သည့် သန့်ရှင်းသောအကောင်များတွင်ပါဝင်သဖြင့် သိုးအုပ်တစ်အုပ်မှ အစားအသောက်အထောက်အပံ့အဖြစ် သိုးသား၊ သိုးနို့နှင့်ဒိန်ခဲတို့ကို ရရှိနိုင်သည်။—၃/၁၊ စာ၊ ၂၄၊ ၂၅။

▫ မည်သူများသည် ယုံကြည်ခြင်းကိုခုခံကာကွယ်သူများဖြစ်ခဲ့ကြသနည်း။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို သူတို့သွန်သင်ခဲ့သလော။ ယုံကြည်ခြင်းကိုခုခံကာကွယ်သူများကား ဒုတိယရာစုနောက်ပိုင်းတွင်အသက်ရှင်ခဲ့ကြသော ချာ့ချ်အသင်းဝင်များဖြစ်ကြသည်။ သူတို့သည် ရောမလူမျိုးများ၏နယ်ပယ်တွင်ပျံ့နှံ့နေသော ဆန့်ကျင်သည့် အတွေးအခေါ်များမှ ခရစ်ယာန်ယုံကြည်ချက်ကို ကာကွယ်ရေးသားခဲ့ကြသူများဖြစ်သည်။ သူတို့တစ်ဦးမျှ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို မသွန်သင်ခဲ့ကြပါ။—4/1, pages 24-9.

▫ လုကာ ၁:၆၂ တွင်ဖော်ပြထားပုံရသည့်အတိုင်းဆိုလျှင် နှစ်ခြင်းဆရာယောဟန်၏ဖခင်ဇာခရိသည် နားပင်း၍စကားအ,အောင်ပြုခြင်းခံခဲ့ရသလော။ ဂါဗြေလက ဇာခရိစကားပြောခြင်းကိုထိခိုက်မည်ဟုသာပြောခဲ့ခြင်းဖြစ်သည်။ နားကြားခြင်းကိုမဟုတ်ချေ။ (လုကာ ၁:၁၈-၂၀) လုကာ ၁:၆၄ တွင် “ထိုခဏခြင်းတွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏” ဟုဖော်ပြထားသည်။ ဤနေရာတွင် သူ၏အကြားအာရုံကို မည်သည့်တစ်စုံတစ်ရာသောနည်းဖြင့်မျှ ထိခိုက်သည်ဟု မဖော်ပြထားပါ။ လုကာ ၁:၆၂ တွင်ဖော်ပြထားသည့် “အမှတ်” မှာ ဇာခရိ၏ဆုံးဖြတ်ချက်ထွက်ပေါ်လာရန်ပြုသည့် အမူအယာတစ်ခုခုကို ဆိုလိုခြင်းဖြစ်နိုင်သည်။—၄/၁၊ စာ၊ ၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ