ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၉/၁ စာ. ၂၄-၂၅
  • အစာသုံးဆောင်ပါပေါင်မုန့်သုံးဆောင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစာသုံးဆောင်ပါပေါင်မုန့်သုံးဆောင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်မုန့်ကို သင် မြည်းကြည့်ဖူးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • “အဘယ်သို့ စားရမည်နည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ရှေးခေတ် လူနေမှုဘဝပုံစံ—လယ်သမား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၉/၁ စာ. ၂၄-၂၅

ကတိထားရာပြည်မှမြင်ကွင်းများ

အစာသုံးဆောင်ပါပေါင်မုန့်သုံးဆောင်ပါ

တစ်ချိန်တစ်ခါတွင် ယေရှုနှင့်တပည့်တော်များအိမ်ထဲရှိစဉ် လူအုပ်ကြောင့် “အစာကိုမစားနိုင်သည်တိုင်အောင်” ဖြစ်ခဲ့သည်။ (မာကု ၃:၂၀) နောင်တစ်ကြိမ်တွင် “အစာကိုသုံးဆောင်ခြင်းငှာ” ဖာရိရှဲတစ်ဦးအိမ်ထဲယေရှုဝင်ခဲ့သည်။ (လုကာ ၁၄:၁) အဘယ်အစာမျိုး စိတ်ကူးထဲပေါ်လာသနည်း။

ရှေးဣသရေလလူမျိုးတို့သည် မုန့်ကိုချက်ချင်းစဉ်းစားလိုက်ပေမည်။ အကြောင်းမှာ၊ “အစာသုံးဆောင်ခြင်း” မည်သည် ဟေဗြဲနှင့်ဂရိဝေါဟာရအရ “မုန့်သုံးဆောင်ခြင်း” အဓိပ္ပာယ်ရှိသည်။ ယင်းသို့သဘောပေါက်ခြင်းသည် ယုတ္တိရှိ၏။ အကြောင်းမှာ၊ သူတို့စားမြဲအစာတွင် ဂျုံ သို့မဟုတ် မုယောစပါးဖြင့်ပြုလုပ်သောမုန့်ကို ပဓာနပြုစားသုံးကြသည်။

ယနေ့လူအများက ဟေဗြဲဘိုးဘေးများအား သိုးထိန်းများအဖြစ်၊ ယေရှု၏တပည့်တော်များကိုကား တံငါသည်များအဖြစ်ယူမှတ်ကြသည်။ ထိုသို့အသက်မွေးဝမ်းကျောင်းခဲ့သူအချို့ရှိသော်လည်း ယောက်တိုင်းမဟုတ်ပါ။ ဂျုံသည် သူတို့အများစုအတွက် အခရာဖြစ်သည်။ တစ်ခါတစ်ရံ ဣဇာက်နှင့်ယာကုပ်တို့အတွက် ထိုသို့ဖြစ်ခဲ့ကြောင်း ကမ္ဘာဦး ၂၆:၁၂၊ ၂၇:၃၇ နှင့် ၃၇:၇ တို့မှသဘောပေါက်နိုင်ပါသည်။ ယေရှုခေတ်တွင် ဂါလိလဲပြည်၌ အဓိကအသက်မွေးဝမ်းကျောင်းသည် စိုက်ပျိုးရေးဖြစ်ခဲ့သဖြင့် တမန်တော်များဖြစ်လာသူအချို့သည် ဂျုံစိုက်သူများဖြစ်နိုင်မည်လော။

ထိုသို့ဖြစ်နိုင်ပါ၏။ အကြောင်းမှာ၊ ကတိထားရာပြည်တွင် ဂျုံလယ်ကွက်များစွာရှိကြောင်း သမ္မာကျမ်းစာကလည်း ဖော်ပြထားသည်။ (တရားဟောရာ ၈:၇-၉။ ၁ ဓမ္မရာဇဝင် ၆:၁၃) ယင်းလုပ်ငန်း၌ အဘယ်အရာပါဝင်သနည်း။

အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် မိုးဦးရွာသွန်းပြီးနောက် မြေကြီးပျော့ပျောင်းလာလေသော် လယ်သမားသည် လယ်ထွန်ပြီးနောက် မျိုးကြဲနိုင်လေသည်။ မိုးနှောင်းရွာချိန်တွင် ကောက်ပဲသီးနှံများကြီးထွားလာ၍ ဧပြီ၊ မေအချိန်တိုင်လေသော် ပူပြင်းသည့်နွေရာသီမတိုင်မီ ဝင်းမှည့်လာလိမ့်မည်။ ဂျုံရိတ်သိမ်းချိန်ကို အများသိရှိကြသဖြင့် ရာသီကို ယင်းအားဖြင့်ခန့်ခွဲနိုင်သည်။ (ကမ္ဘာဦး ၃၀:၁၄။ တရားသူကြီး ၁၅:၁) တစ်ဖက်ပါပုံကို တစ်နှစ်အတွင်းအဘယ်အချိန်တွင်ရိုက်ထားကြောင်း သင်ခန့်ခွဲနိုင်မည်လော။a ယေရှု၏တပည့်တော်များသည် စပါးအသီးအနှံများကို အဘယ်အချိန်တွင်ဆွတ်ခူးခဲ့သနည်း။—မဿဲ ၁၂:၁။

ဂျုံရိတ်သိမ်းချိန်တွင် လယ်သမားများအတော်အလုပ်များကြရသည်။ စပါးရိတ်သူများသည် စပါးပင်ကို တံစဉ်ကိုင်၍ဖြတ်ပြီးနောက် တစ်ဖက်ပါပုံတွင်တွေ့နိုင်သကဲ့သို့ ကောက်လှိုင်းစည်းကြသည်။ အပင်အချို့ကျန်ခြင်း၊ ကျခြင်းရှိနိုင်သည်ဖြစ်၍ ရုသကောက်သင်းကောက်နိုင်ခဲ့ခြင်းဖြစ်သည်။ (ရုသ ၂:၂၊ ၇၊ ၂၃။ မာကု ၄:၂၈၊ ၂၉) ထိုနောက်ကောက်လှိုင်းတို့ကိုကောက်နယ်တလင်းသို့သယ်ယူသွားကြရာ ထိုတွင်ဘာလုပ်သနည်း။ ကျမ်းစာတွင် အရောန၏ကောက်နယ်တလင်းအကြောင်းပါသည်။ ထို့ပြင် “ထင်းဘို့ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သောတန်ဆာများ” အကြောင်းသမ္မာကျမ်းစာဖော်ပြထားသည်။ (၂ ဓမ္မရာဇဝင် ၂၄:၁၈-၂၂။ ၁ ရာဇဝင်ချုပ် ၂၁:၂၃) ဂျုံကောက်လှိုင်းများကို ကျောက်ပြား သို့မဟုတ် နင်းသိပ်ထားသောမြေမာပေါ် ဖြန့်ထားပြီးနောက် နွား သို့မဟုတ် အခြားတိရစ္ဆာန်တစ်ကောင်သည် လှည့်ပတ်၍ဂျုံကိုနင်းနယ်သွားပါသည်။ ထိုတိရစ္ဆာန်သည် ဂျုံပင်မှဂျုံစေ့ကြွေသွားစေမည့် သစ်သားကောက်နယ်တန်ဆာကိုဆွဲငင်ပါလိမ့်မည်။—ဟေရှာယ ၄၁:၁၅။

ထိုနောက်ဂျုံစေ့ကိုလှေ့နိုင်ပြီဖြစ်၍ အထက်တွင်ဖော်ပြထားသကဲ့သို့ ဂေါ်ပြား သို့မဟုတ် ကောက်ဆွဖြင့်လေထဲလွှဲပစ်ကြသည်။ (မဿဲ ၃:၁၂) လယ်သမားသည် ညနေချိန်လေညင်းတိုက်သည့်အခါ စပါးလှေ့ကာ ဂျုံစေ့မှအဖျင်းလွင့်စင်ပြီးနောက် ကောက်ရိုးကိုတခြားထားပါလိမ့်မည်။ ဂျုံစေ့ကိုစကာချ၍ရှင်းပြီးသည့်အခါ ကျီတွင်စုသိမ်းရန် သို့မဟုတ် အရေးပါသောမုန့်အဖြစ် ဖုတ်ရန် အသင့်ရှိပေပြီ။—မဿဲ ၆:၁၁။

သင်သည် မုန့်ဖုတ်ရသောအိမ်ရှင်မတစ်ဦးဖြစ်မည်ဆိုလျှင် ဆုံနှင့်ကျည်ပွေ့ဖြင့် ဂျုံစေ့ကိုဂျုံမှုန့်ကြမ်းအဖြစ်သို့နေ့စဉ်ကြိတ်ရပေမည်။ သို့မဟုတ် ယေဟောဝါထံ ဘောဇဉ်ပူဇော်သက္ကာပြုရန် ဣသရေလလူမျိုးအသုံးပြုခဲ့သည့် (ဝါ) ကိုယ်ရောင်ထင်ရှားသောကောင်းကင်တမန်များအတွက် စာရာသည် “ပေါင်မုန့်” လုပ်ပေးရန်အသုံးပြုခဲ့သည့်၊ “ဂျုံညက်” ကိုသင်ကြိတ်ရပေမည်။ (ကမ္ဘာဦး ၁၈:၆။ ထွက်မြောက်ရာ ၂၉:၂။ ဝတ်ပြုရာ ၂:၁-၅။ တောလည်ရာ ၂၈:၁၂) စာရာသည် ဂျုံမှုန့်ကိုရေနှင့်စိုထိုင်းစေပြီး မုန့်စိမ်းအဖြစ်သို့နယ်ပေးပါသည်။

အောက်ပုံတွင် ဝဲဘက်၌မုန့်စိမ်းလုံးများနှင့် ဖုတ်ရန်အသင့်ရှိနေသော ပါးလှပ်အောင်လှိမ့်ထားသည့်မုန့်ပြားတစ်ချပ်ကိုတွေ့ရှိမည်။ လက်ယာပုံတွင် အမျိုးသမီးပြုလုပ်နေသကဲ့သို့ ဤမုန့်လုံးများကို ကျောက်ခဲမီးဖိုထဲဖုတ်ခြင်း၊ သို့မဟုတ် သံစကာများပေါ်ကင်ခြင်းကိုပြုကြပါသည်။ ကောင်းကင်တမန်ဧည့်သည်တို့အတွက် စာရာဆက်၍ပြုသည့်အလုပ်၊ ထိုနောက်ပိုင်းတွင် လောတ၏မိသားစု ပြုခဲ့သောအမှုကို ပုံဖော်ကြည့်ရန် အထောက်အကူရပါသလော။ ဖတ်ရသည်ကား ဤသို့။ “[ကောင်းကင်တမန်များသည်] တစ်ဖန်လောတနေရာသို့လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဖို့ ပွဲလုပ်၍ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ သူတို့သည်စားကြ၏။”—ကမ္ဘာဦး ၁၉:၃။

[အောက်ခြေမှတ်ချက်များ]

a 1992 Calendar of Jehovah’s Witnesses နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ