ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စံပြုထိုက်သောဖြေရှင်းနည်းကို ရှာဖွေခြင်း
    နိုးလော့!—၁၉၉၇
  • ကမ္ဘာ့ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ထိန်းသိမ်းရ
    နိုးလော့!—၂၀၀၇
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • စိတ်နှင့်နှလုံးမှ ညစ်ညမ်းမှုကို အမြစ်လှန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ဖြစ်သည့် မြေ၊ ရေ၊ လေ ညစ်ညမ်းမှုကို ဟန့်တားပေးရန် ခရစ်ယာန်များ၌ အဘယ်တာဝန်ရှိသနည်း။

ကျွန်ုပ်တို့၏ကမ္ဘာ့စံအိမ်ကို ယခု ထိခိုက်နစ်နာစေနေသည့် ဝန်းကျင်းပြဿနာ အမြောက်အမြားကြောင့် ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် အထူးစိုးရိမ်နေကြပါသည်။ စုံလင်သည့်လူ့အိမ်ထောင်စုအတွက် ကမ္ဘာကို သန့်ရှင်းစင်ကြယ်သောနေအိမ်အဖြစ် ဖန်ဆင်းထားကြောင်း လူအများစုထက် ကျွန်ုပ်တို့ပိုသဘောပေါက်နားလည်ထားကြပါသည်။ (ကမ္ဘာဦး ၁:၃၁။ ၂:၁၅-၁၇။ ဟေရှာယ ၄၅:၁၈) “မြေကြီးကိုဖျက်ဆီးသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟူသည့် ဘုရားသခင်၏အာမခံချက်ကိုလည်း ကျွန်ုပ်တို့ရရှိထားပါသည်။ (ဗျာဒိတ် ၁၁:၁၈) ယင်းကြောင့် ကမ္ဘာကိုမလိုအပ်ဘဲဆက်လက်ယိုယွင်းနေခြင်းမှကာကွယ်ရန် မျှတ၍၊ ကျိုးကြောင်းညီသောကြိုးပမ်းမှုများ ပြုလုပ်ခြင်းသည်မှန်ကန်သည်။ သို့သော် “ကျိုးကြောင်းညီသော” ဟူသည့်စကားလုံးကို သတိပြုပါ။ ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် အမှုကိစ္စများသည် ကျွန်ုပ်တို့ရင်လေးစရာအပူအပင် မဖြစ်လာစေရန် သတိပြုခြင်းသည်လည်း ကျမ်းစာနှင့်ညီညွတ်ပါသည်။

သာမန်အသက်ရှင်နေထိုင်ခြင်းမှပင် အညစ်အကြေးများပေါ်ထွက်တတ်ပါသည်။ ဥပမာ၊ ပိုးမွှားများကြောင့် ပြိုကွဲပျက်စီးနိုင်ဦးတော့ ကြီးထွားခြင်း၊ ထုတ်လုပ်ခြင်းနှင့် အစာစားသုံးခြင်းမှ အညစ်အကြေးများဖြစ်ပေါ်လာတတ်ပါသည်။ (ဆာလံ ၁:၄။ လုကာ ၃:၁၇) ရှင်ပြန်ထမြောက်သောယေရှုသည် တပည့်တော်များကို ငါးမီးကင်ကျွေးခဲ့သည်အခါတွင် မီးခိုး၊ ပြာနှင့်ငါးရိုးများမှ အမှိုက်သရိုက်ကျန်ကြွင်းခဲ့ပေမည်။ (ယောဟန် ၂၁:၉-၁၃) သို့သော် ကမ္ဘာ့သက်ရှိနှင့် သက်မဲ့စနစ်၊ သို့မဟုတ် သံသရာတို့ကို တီထွင်ထားပုံက လိုရာကို ဖြည့်စွက်ရှင်းပစ်ပေးနိုင်ပါသည်။

ဘုရားသခင်၏လူမျိုးသည် ဝန်းကျင်ကိစ္စများကို လျစ်လျူမရှုသင့်ပါ။ ယေဟောဝါ၏ရှေးလူမျိုးသည် အညစ်အကြေးကို စနစ်တကျစွန့်ပစ်ကြရသည်။ ထိုသို့ပြုခြင်းဖြင့် ဝန်းကျင်အတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးပြုခဲ့ပါသည်။ (တရားဟောရာ ၂၃:၉-၁၄) ကမ္ဘာကိုဖျက်ဆီးနေသူများအပေါ်ဘုရားသခင့်သဘောထားကို ကျွန်ုပ်တို့သိထား၍လည်း ဝန်းကျင်သန့်ရှင်းစင်ကြယ်မှုဆိုင်ရာ နည်းလမ်းများကို ကျွန်ုပ်တို့လျစ်လျူမရှုနိုင်ပါ။ အထူးသဖြင့် အဆိပ်ပြင်းသောအမှိုက်သရိုက်၊ သို့မဟုတ် အညစ်အကြေးများကို သင့်တော်လျောက်ပတ်စွာ စွန့်ပစ်ခြင်းဖြင့် ယင်းသဘောထားကို တင်ပြနိုင်ပါသည်။ အလေအလွင့်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် အသိစိတ်ရှိရှိ ကျွန်ုပ်တို့ဝိုင်းဝန်းကူညီကြပါသည်။ ကဲသာအမိန့်ရရှိထားလျှင် ထိုသို့ပြုရန်အကြောင်း သာ၍ပင်များသည်။ (ရောမ ၁၃:၁၊ ၅) အချို့သူများဆိုလျှင် မြေပေါ်၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း စုပုံနေသောအမှိုက်သရိုက် တိုးများစေမည့်ပစ္စည်းများကို အသုံးပြုမည့်အစား ဘက်တီးရီးယားပိုးများကြောင့် ပြိုကွဲပျက်စီးနိုင်သောပစ္စည်းတို့ကို အသုံးပြုခြင်း အစရှိသည့် အခြားနည်းလမ်းများကိုရွေးချယ်၍ ကျေနပ်မှုရရှိကြပါသည်။

ထိုသို့ပြုလုပ်ရန် ဥပဒေသတ်မှတ်ချက်မရှိလျှင် ခရစ်ယာန်တစ်ဦး မည်မျှလိုက်လျှောက်လုပ်ကိုင်ရမည့်ကိစ္စသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်။ လူထုဆက်သွယ်မှုလမ်းကြောင်းသတင်းများမှ ကြားသိရသည့်အတိုင်း မစုံလင်သူများအနေနှင့် လွယ်ကူစွာဖြင့် တစ်ဖက်စွန်းရောက်သွားတတ်ကြပါသည်။ ဤတွင် ယေရှု၏အကြံပြုချက်သည် အမှန်ပင်သက်ဆိုင်နေပါသည်။ “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း . . . စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း။” (မဿဲ ၇:၁၊ ၃) ယင်းကိုမှတ်သားထားခြင်းဖြင့် အခြားအရေးပါကိစ္စများကို မျက်ခြည်မပြတ်စေရန် အကူအညီရရှိပေမည်။

ပရောဖက်ယေရမိ ဤသို့ရေးသားခဲ့သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) ဤမူဝါဒကိုလျစ်လျူရှုခြင်းအားဖြင့် ၂ တိမောသေ ၃:၁-၅ တွင်သတိပြုထားသည့် “ခဲယဉ်းသောကာလ” နှင့် လူတို့ရင်ဆိုင်နေကြရပြီ။ ညစ်ညမ်းမှုပါအပါအဝင် ကမ္ဘာ့ဝန်းကျင်ပြဿနာများကို ရှင်းလင်းပစ်ရန် လူ့ကြိုးပမ်းမှုများသည် အပြည့်အစုံ အောင်မြင်မည်မဟုတ်ကြောင်း ဗျာဒိတ် ၁၁:၁၈ တွင် ဘုရားသခင်မှတ်တမ်းတင်စေသည့် စကားများက သက်သေထူပါသည်။ နေရာအနှံ့တွင် တိုးတက်ဖွံ့ဖြိုးလာသည်ကို တွေ့ကောင်းတွေ့ကြရမည် မှန်သော်လည်း တစ်ခုတည်းသော အစဉ်ဖြေရှင်းပေးနည်းကား ဘုရားသခင်ကိုယ်တော်တိုင် ဝင်ရောက်စွက်ဖက်ပေးခြင်းသာဖြစ်သည်။

ယင်းကြောင့် အပေါ်ယံထင်ရှားသောလက္ခဏာများကို ကြိုးစားပြုပြင်နေမည့်အစား ဘုရားသခင့်ဖြေရှင်းနည်းကို ကျွန်ုပ်တို့မျက်ခြည်မပြတ်စေဘဲ ယင်းအတွက် ကြိုးစားအားထုတ်ကြပါမည်။ ဤသို့ပြုရာတွင် ‘သမ္မာတရားကိုသက်သေခံခြင်း’ ငှာ ဓမ္မအမှုကို အဓိကဆောင်ရွက်ခဲ့သော ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့အတုယူနေကြခြင်းဖြစ်ပါသည်။ (ယောဟန် ၁၈:၃၇) လောကီသားတို့ကို ကျွေးမွေးပြုစုခြင်း၊ သို့မဟုတ် ညစ်ညမ်းမှုပါအပါအဝင် အနှံ့အပြားရှိ လူမှုရေးရာပြဿနာများကို ယေရှုဖြေရှင်းပေးမည့်အစား လူသားအပေါင်း ကြုံတွေ့နေရသည့်ဒုက္ခများ လုံးဝပပျောက်မည့်နည်းလမ်းကို ကိုယ်တော်ညွှန်ပြတော်မူခဲ့သည်။—ယောဟန် ၆:၁၀-၁၅။ ၁၈:၃၆။

လူလူချင်းကိုချစ်ခြင်းက ကုန်းမြေ၊ လေထုနှင့်ရေထုကို တမင်တကာ မညစ်ညမ်းစေရန် သတိပြုစေမည်မှန်သော်လည်း သမ္မာတရားအကြောင်းသက်သေခံခြင်းကို အဓိကထား ဆက်လုပ်ဆောင်ကြပါမည်။ ဤသို့ပြုရာတွင် ကျမ်းစာပါသမ္မာတရားကို လက်တွေ့ကျင့်သုံးရန် သင်ကြားပေးခြင်းပါဝင်သည်။ ဤသို့ပြုခြင်းဖြင့် မီးခိုးဖြင့်လည်းကောင်း၊ သေရည်သေရက်ကို လွန်ကျွံစွာသုံးစွဲခြင်းနှင့် မူးယစ်ဆေးဝါးကို အလွဲသုံးစားပြုခြင်းဖြင့်လည်းကောင်း မိမိတို့ခန္ဓာကိုယ်ကို ယိုယွင်းပျက်စီးစေခြင်းကို ရှောင်ကြဉ်စေပါလိမ့်မည်။ လူသစ်သန်းပေါင်းများစွာတို့သည် တပည့်များဖြစ်လာကြသည့်အခါ စင်ကြယ်သောအကျင့်များကို တတ်လာကြပြီး ကိုယ်ချင်းစာနာမှုရှိလာပါသည်။ ယင်းကြောင့် ဟောပြောခြင်းလုပ်ငန်းသည် ယနေ့ညစ်ညမ်းမှုပြဿနာကို အနည်းနှင့်အများဖြေရှင်းပေးရန် ထောက်ပံ့ကူညီပေးပါသည်။ ထိုထက်အရေးကြီးသည်ကား ခရစ်ယာန်တပည့်တော်များသည် မိမိတို့၏ဥပဓိရုပ်နှင့် အမူအကျင့်များကို ယခုပင်ပြုပြင်ပြောင်းလဲပစ်ခြင်းအားဖြင့် ကိုယ်တော်၏စစ်မှန်သောဝတ်ပြုသူများအတွက် ဘုရားသခင်ပြင်ဆင်ပေးလတ္တံ့သော သန့်ရှင်းစင်ကြယ်သည့် ပရဒိသုကမ္ဘာတွင် အံဝင်မည့်သူများ ဖြစ်စေကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ