ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁၅ စာ. ၃-၄
  • ခိုးမှု အဘယ်ကြောင့်တိုးပွားနေသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခိုးမှု အဘယ်ကြောင့်တိုးပွားနေသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတို့ အဘယ်ကြောင့်ခိုးကြပါသနည်း
  • မခိုးရ
  • ဆင်းရဲနွမ်းပါးမှုသည် ခိုးခြင်းအတွက် အကြောင်းပြချက်လော
    နိုးလော့!—၁၉၉၈
  • ဘယ်တော့မှ သူခိုး မဖြစ်ပါစေနဲ့
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယင်းသည် ခိုးမှု အမှန်ဖြစ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သူခိုးများမရှိသောကမ္ဘာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁၅ စာ. ၃-၄

ခိုးမှု အဘယ်ကြောင့်တိုးပွားနေသနည်း

၁၉၉၂ အောက်တိုဘာ ၁၈ ရက်၊ တနင်္ဂနွေနေ့—ရီယိုဒီဂျနေယိုမြို့။ ကျော်ကြားသော ကော့ပါကာဘန်နာနှင့် အီပါနမာပင်လယ်ကမ်းစပ်များတွင် လူပြည့်ကျပ်နေသည်။ ရုတ်တရက် ပင်လယ်ကမ်းစပ်တစ်လျှောက် လူငယ်ဂိုဏ်းများ ရောက်လာ၍ အချင်းချင်းတိုက်ခိုက်ရုံမက ကမ်းစပ်ရှိသူတို့၏ တန်ဖိုးရှိပစ္စည်းများကို ခိုးသွားကြသည်။ အင်အားနည်းသော ရဲတပ်သားတို့ကလည်း ရပ်၍သာကြည့်ရုံကြည့်နေနိုင်ကြသည်။ ရီယိုဒီဂျနေယိုမြို့သားများနှင့် ကမ္ဘာလှည့်ခရီးသည်များအတွက်ဆိုလျှင် နေ့လည်ကြောင်တောင် အိပ်မက်ဆိုးကြီး မြင်မက်နေကြရသည်။

ပစ္စည်းဥစ္စာနှင့်ပတ်သက်သော ရာဇဝတ်မှုသည် အမှန်ပင်အများသိဖြစ်လာလေပြီ။ မြို့ကြီးပြကြီးများတွင် လူငယ်များအား—တစ်ခါတစ်ရံ သတ်ပစ်၍ပင်—၎င်းတို့၏ကင်းဗတ်ဖိနပ်များကို လုယူကြကြောင်း သိရှိရသည်။ အိမ်ထဲတွင် လူရှိရှိမရှိရှိ ဖောက်ထွင်းခိုးယူနေကြသည်။ မရိုးသားသောအိမ်ဖော်များကလည်း အိမ်တွင်းပစ္စည်းများထားရာနေရာကို သိရှိပြီးနောက် လက်ဝတ်လက်စားနှင့်ရွှေငွေကိုခိုးကာ ခြေရာဖျောက်သွားလေသည်။ လူစုလိုက် စတိုးဆိုင်များတွင်လုယူကြသည်။ လူကိုပင် ခိုးသည့်အဖွဲ့များရှိကြောင်း ဘရာဇီးနိုင်ငံတွင် ပြန်ပေးဆွဲမှုအရေအတွက် တိုးများလာခြင်းက တင်ပြသည်။ သင့်ကိုယ်ပိုင်တွေ့ကြုံမှု သို့မဟုတ် သင့်ရပ်ကွက်မှ အဖြစ်အပျက်တစ်ခုကိုပင် ဥပမာတင်ပြနိုင်မည်။ သို့သော် ခိုးမှု အဘယ်ကြောင့် ဤမျှများပြားရပါသနည်း။

လူတို့ အဘယ်ကြောင့်ခိုးကြပါသနည်း

ဆင်းရဲနွမ်းပါးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု တိုးများလာခြင်း အကြောင်းရင်းနှစ်ခုရှိသော်ငြားလည်း အဖြေသည် ထိုမျှမဟုတ်ပေ။ ဗြိတိန်စွယ်စုံကျမ်းသစ် သတိပြုစေသည်ကား–“ပြစ်မှုကျူးလွန်ရခြင်း အကြောင်းရင်းတစ်ခုကို စူးစမ်းခြင်းသည် အရာမထင်သဖြင့် စွန့်လွှတ်ခဲ့ရပြီ။” သို့ရာတွင် ထိုပြုစုရေးသားချက်ကပင် ခိုးမှုကဲ့သို့သောပြဿနာများသည် “သာမန်အသက်တာ၌ သုံးစွဲလေ့ရှိသောပစ္စည်းဥစ္စာနှင့် အကျိုးရလဒ်များကို မပိုင်ဆိုင်မခံစားကြရသည့်အတွက် ကိုယ့်ကိုယ်ကို အသုံးမကျဟု လူငယ်များထင်မြင်၍ ငြိုငြင်သောစိတ်ရှိခြင်းမှ တိုက်ရိုက်ဖြစ်ပေါ်လာသည်” ဟုအဆိုပြုပါသည်။ မှန်ပါသည်။ သုံးစွဲသူဝါဒဖြန့်မှု များလွန်းသည့်အတွက် လူအများသည် လိုချင်တပ်မက်ရာများကို ရရှိနိုင်ရန် ခိုးခြင်းမှလွဲ၍ အခြားနည်းလမ်းမမြင်တော့ပါ။

သို့သော် ကမ္ဘာ့စွယ်စုံကျမ်း က စိတ်ဝင်စားစွာတင်ပြသည်ကား–“မိမိတို့ဘဝပုံစံ ဆက်တည်လိမ့်မည်အထင်နှင့် ရိုးရာကိုလိုက်သောလူအဖွဲ့အစည်းများတွင် ပြစ်မှုများ အတော်အသင့်လျော့နည်းပါသည်။ လူတို့နေရာထိုင်ခင်း၊ အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်ကြသည့်အလုပ်—နောင်ရေးကောင်းစားဖို့အတွက် မျှော်လင့်ချက်—အပြောင်းအလဲမြန်သောနေရာဒေသများတွင်မူကား ပြစ်မှုတိုးများကြောင်း” ဖြစ်သည်။ စွယ်စုံကျမ်း ထပ်ဆင့်သည်ကား–“လူငယ်များအတွက် အလုပ်အကိုင်ရခွင့် အလွန်နည်းသည်။ ခိုးမှုမှ ချက်ချင်းခံစားရသည့်အကျိုးနှင့် နှိုင်းယှဉ်လိုက်လျှင် မကျွမ်းကျင်သည့်အလုပ်အကိုင်များသည် ငြီးငွေ့စရာဖြစ်ပေသည်။ ထို့အပြင် လူငယ်တို့၏သေမထူးနေမထူးသည့် အခြေအနေကြောင့်လည်း ဖမ်းဆီးခံခြင်းကို သာ၍မကြောက်တော့ပေ။”

သို့ဖြစ်၍ပင် ဉာဏနှင့်ကာယလုပ်သား မြောက်မြားစွာတို့သည် သူတို့၏လစာအဝင်အဖြစ် အလုပ်ခွင်တွင် အသေးအဖွဲခိုးမှုများ ပြုလေ့ပြုထရှိကြငြား အလုပ်လက်မဲ့ဖြစ်သူ သို့မဟုတ် လုပ်ခနည်းသူ မြောက်မြားစွာတို့မူကား မခိုးကြပေ။ အမှန်မှာ ကလိန်ကျမှုအချို့ကိုပြုနိုင်ဖို့အတွက် လူမှုရေးအဆင့်အတန်းရှိသူ ဖြစ်ရန်လိုသည်။ ဆင်းရဲနွမ်းလျသူများသာ ခိုးမှုပြုသည်မဟုတ်ဟု ဝန်ခံကြရမည်။

ရုပ်ရှင်နှင့်တီဗွီအစီအစဉ်များကလည်း (သူခိုးကို ဇာတ်ကောင်အဖြစ်အသုံးပြုထားရာ) ခိုးမှုကို များသောအားဖြင့် အလေးအနက်သဘောမထားခြင်းဖြင့် အမွှမ်းတင်နေပုံပင်ရှိကြောင်း သတိရပါ။ ဤအရာတို့ကို ရှုစားခြင်းသည် အပန်းဖြေမှုသက်သက်ဟု ဆိုကြမည်ဖြစ်သော်လည်း မည်သို့ခိုးနိုင်ကြောင်း ပရိသတ်အား သင်ပေးရာရောက်သည်။ ပြစ်မှုသည် အကျိုးရှိသည်ဟူ၍ပင် မသိမသာတင်ပြနေခြင်း မဟုတ်ပေလော။ လောဘရမ္မက်၊ ပျင်းရိခြင်းနှင့် အပြစ်ပေးမခံရဘဲ အခြားသူ မည်သူမဆိုပြုနေကြသည် ဟူသောအတွေးက ခိုးမှု များပြားစေပါသည်။ ကိုယ်ကျိုးကိုရှာ၊ ငွေကိုတပ်မက်လိမ့်မည်ဟုကြိုတင်ဟောထားသည့် “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေသည်ကို မငြင်းနိုင်ပေ။—၂ တိမောသေ ၃:၁-၅။

မခိုးရ

ဤလောကသည် ဖောက်ပြန်နေလျှက်ပင် “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ” နေစေဟူသောအမိန့်ကိုနာခံရန် အရေးကြီးပါသည်။ (ဧဖက် ၄:၂၈) စည်းစိမ်ဥစ္စာများ သို့မဟုတ် အပျော်အပါးကို တန်ဖိုးထားလွန်းသောသူသည် ခိုးယူကောင်းသည်ဟု ကိုယ့်ကိုယ်ကိုလှည့်ဖြားပေမည်။ သို့သော် ခိုးမှုကို ကြီးလေးသောအပြစ်အဖြစ် ဘုရားသခင်ယူမှတ်ပါသည်။ လူလူချင်းအပေါ် မေတ္တာမဲ့သူဖြစ်ကြောင်း ထင်ရှားစေသည်။ ထို့အပြင် အသေးအဖွဲခိုးမှုပင်လျှင် နှလုံးကို မာကြောစေနိုင်သည်။ မရိုးသားသူဟူ၍ ယူမှတ်ခံရမည်ဆိုလျှင်ကော။ သူခိုးကို မည်သူ ယုံကြည်စိတ်ချမည်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်က “လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကိုခိုးသောအပြစ်၊ ဒုစရိုက်ကိုပြုသောအပြစ် . . . ရှိ၍ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်” ဟုပညာရှိစွာ မှာကြားထားသည်။—၁ ပေတရု ၄:၁၅။

ခိုးမှု တိုးများလာခြင်းကို သင်ကြိုက်နှစ်သက်မည်မဟုတ်သည်မှာ အမှန်ပင်။ သို့သော် ရာဇဝတ်မှုများသောဒေသမှသူများ မည်သို့နေထိုင်ကြသနည်း။ တစ်ချိန်က သူခိုးဖြစ်ခဲ့ဖူးသူအချို့သည် သူတို့၏ဘဝပုံစံဟောင်းကို မည်သို့ပြောင်းလဲခဲ့ပြီနည်း။ တစ်နေ့နေ့တွင် ခိုးမှုသည် ကမ္ဘာတစ်လွှား အဆုံးတိုင်မည်လော။ “သူခိုးများမရှိသောကမ္ဘာ” နောက်ဆက်တွဲဆောင်းပါးကို ဖတ်ရှုကြည့်ရန်ဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ