ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၂/၁ စာ. ၂၅-၂၇
  • အသန့်ရှင်းဆုံးယုံကြည်ခြင်းတွင် ဂိလဒ်သင်တန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသန့်ရှင်းဆုံးယုံကြည်ခြင်းတွင် ဂိလဒ်သင်တန်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောင်းသားများ သွန်သင်မှု ပိုရရှိ
  • သာသနာပြုများအဖြစ် ခန့်အပ်ခံရ
  • သင်တန်းဆိုင်ရာ အချက်အလက်များ
  • ဂိလျဒ်သာသနာပြုကျောင်းအတွက် တည်နေရာသစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အောင်မြင်သောကျောင်းသားများမှ အောင်မြင်သော သာသနာပြုများသို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဂိလဒ်ကျောင်း နှစ်သက်တမ်း ၅၀ ဖြစ်၍သန်စွမ်းလျက်ပင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဂိလဒ်ပညာရေး၏ကောင်းချီးများကမ္ဘာချီပျံ့နှံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၂/၁ စာ. ၂၅-၂၇

အသန့်ရှင်းဆုံးယုံကြည်ခြင်းတွင် ဂိလဒ်သင်တန်း

“ကျွန်ုပ်တို့ကျောင်းသားများသည် အသန့်ရှင်းဆုံးယုံကြည်ခြင်းတွင် ကောင်းစွာလေ့ကျင့်မှုခံယူထားပြီ။” ယင်းသည် ၁၉၉၃၊ စက်တင်ဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့သော ၉၅ ကြိမ်မြောက် ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်း၏ ကျောင်းဆင်းပွဲအစီအစဉ်၏ နိဒါန်းစကားဖြစ်သည်။ ထိုနံနက်ချိန်တွင် ဂျာစီမြို့တော်စည်းဝေးပွဲခန်းမ၌ စုဝေးနေကြသော ဖိတ်ကြားခံရသူ ဧည့်သည်နှင့် ဗေသလအိမ်သားပေါင်း ၄,၆၁၄ ယောက်အတွက် ဂျော့ဂ်ျ ဂန်ဂါ့စ်သည် ဦးစီးဆုတောင်းပေးခဲ့ပါသည်။ ညီအစ်ကိုဂန်ဂါ့စ်သည် ၆၅ နှစ်တိုင် ဗေသလမိသားစုအဝင်ဖြစ်ခဲ့ပြီး အသက် ၉၇ နှစ်အရွယ် အုပ်ချုပ်ရေးအဖွဲ့၌ အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် အစီအစဉ်သဘာပတိဖြစ်သူ အဲလ်ဘတ် ရှရိုဒါက– “ငါးလတိုင် ဂိလဒ်သင်တန်းသည် အသန့်ရှင်းဆုံးယုံကြည်ခြင်းကို အခြေပြုခဲ့ပါသည်။” သို့သော် “အသန့်ရှင်းဆုံးယုံကြည်ခြင်းကား အဘယ်နည်း။” ယုဒ ၂၀ (ကဘ) ပါ “အသန့်ရှင်းဆုံးယုံကြည်ခြင်း” သည် ကျမ်းစာပါ သမ္မာတရားအလုံးအရင်းဖြစ်သည်ဟု သူရှင်းပြသည်။ ထိုကြောင့် ဂိလဒ်သင်တန်းသည် ယင်း၏အဓိကပြဋ္ဌာန်းစာအုပ်ဖြစ်သော ယေဟောဝါ၏နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာကို အခြေခံပါသည်။

ကျောင်းသားများ သွန်သင်မှု ပိုရရှိ

ပထမဟောပြောသူသည် ကင်းမျှော်စင်ခြံများ ကော်မတီဝင် ဂျောန် စတျူဖလိုတင်ဖြစ်သည်။ သူက “ပညာရှိများ၏သြဇာလွှမ်းမိုးမှုမှ အကျိုးခံစားရခြင်း” အကြောင်း ဟောခဲ့သည်။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” ဟုသမ္မာကျမ်းစာဆိုသည်။ (သု. ၁၃:၂၀) ဂိလဒ်သင်တန်းအတွင်း ကျောင်းသားများသည် နာရီပေါင်း ၉၀၀ ကျော် ကျမ်းစာလေ့လာခဲ့ကြပါသည်။ ညီအစ်ကို စတျူဖလိုတင်က “အနာဂတ်တွင် ယေဟောဝါ၏သြဇာသည် သင်တို့ကို မည်သို့အကျိုးပြုမည်နည်း။ စုပေါင်းလူဦးရေ သန်း ၁၇၀ ရှိ ၁၈ နိုင်ငံသို့ သင်တို့ သွားကြတော့မည်။ ထိုသူတို့ကို မည်သို့သြဇာညောင်းကြမည်နည်း” ဟူ၍ ကျောင်းသားများအား မေးမြန်းခဲ့သည်။ ယေဟောဝါ၏ဉာဏ်ပညာတော်ကို ရောင်ပြန်ဟပ်ခြင်းအားဖြင့် သာသနာပြုအသစ်များသည် အတိုင်းအဆမရှိဉာဏ်ပညာ၏ပင်ရင်းအရှင် ယေဟောဝါကိုဝတ်ပြုသူများ ဖြစ်လာကြစေရန် သူတစ်ပါးအား ကူညီပေးနိုင်ပါမည်။

ဆက်ဟောပြောသူ အုပ်ချုပ်ရေးအဖွဲ့ဝင် လွိုက် ဘယ်ရီ၏ အဓိကအချက်မှာ “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်ခြင်း” ဖြစ်သည်။ (၁ ကောရိန္သု ၉:၂၂) လွန်ခဲ့သော ၄၅ နှစ်ခန့်က ညီအစ်ကို ဘယ်ရီကိုယ်တိုင်သည် ဂိလဒ်၏ ၁၁ ကြိမ်မြောက်သင်တန်းမှ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါသည်။ ယခု နိုင်ငံခြား၌ နှစ်ပေါင်းများစွာ သာသနာပြုခဲ့ဖူးသူထံမှ လက်တွေ့ကျသြဝါဒများကို ရရှိသည့်အတွက် ၉၅ ကြိမ်မြောက် သင်တန်းသားများ ကျေးဇူးတင်ကြပါသည်။ နိုင်ငံခြား ရပ်ကွက်သစ်မှ ဒေသခံယဉ်ကျေးမှုကိုလည်းကောင်း၊ တိုင်းရင်းသား ဘာသာစကားကိုလည်းကောင်း သင်ယူခြင်းဖြင့်မိမိတို့ မည်သူဖြစ်ကြောင်းအမြန်ဆုံးပြသရန် ကျောင်းသားများကို အားပေးခဲ့ပါသည်။ ဒေသခံများနှင့်အတူ ပေါင်းသင်းလုပ်ကိုင်ခြင်းအားဖြင့်သာမက သူတို့၏ထုံးစံများကို လေ့လာခြင်းနှင့် ဖြစ်နိုင်သည့်အခါတိုင်း လက်ခံယူခြင်းအားဖြင့် အကောင်းဆုံးနည်းဖြင့် ယင်းသို့ ပြုလုပ်နိုင်ပါသည်။

ထို့နောက် စက်ရုံကော်မတီမှ ဒီန် စောန်ဂါသည် စိတ်ဝင်စားမှုနှိုးဆွသော အဓိကခေါင်းစဉ် “တာဝန် လွတ်ငြိမ်းခြင်း” အကြောင်း ဟောပြောသည်။ အချိန်ပြည့်လုပ်ငန်းကို ၃၅ နှစ်မက ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ကာယရေးအတွက် စိုးရိမ်ခြင်းမရှိ၊ လုပ်ကိုင်ရမည့်အလုပ်ကိုသာ အာရုံစူးစိုက်ပြီး ရိုးရှင်းစွာနေထိုင်ခြင်းအကြောင်းကို ညီအစ်ကိုစောန်ဂါ ကောင်းစွာသဘောပေါက်ထားပါသည်။ ယင်းသည်လည်း ကျောင်းသားများအားပေးသော သူ့သြဝါဒ၏ အနှစ်သာရဖြစ်သည်။ ယေဟောဝါ၏ဗိမာန်တော်တွင် သီချင်းဆိုသူများသည် သူတို့အား ခန့်အပ်ထားသည့် အထူးတာဝန်ကို အပြည့်အဝဆောင်ရွက်နိုင်ရန် အခြားလေဝိသားများပြုရသောအမှုများမှ လွတ်ကြပါသည်။ (၁ ရာဇဝင်ချုပ် ၉:၃၃) ထိုနည်းတူစွာ ဂိလဒ်သာသနာပြုများသည် သူတို့၏အထူးတာဝန်ကို အာရုံပြုနိုင်ကြရန် ဝမ်းစာရှာလုပ်ငန်းကဲ့သို့သော သာမန်ကိစ္စများကိုဆောင်ရွက်ရခြင်းမှ လွတ်ငြိမ်းပါသည်။ “သင့်ရှုမြင်ချက်ကို အာရုံစူးစိုက်ပြီး ရိုးရှင်းစွာ နေထိုင်ကြပါ။ တာဝန် လွတ်ငြိမ်းသူများအဖြစ် သင့်တာဝန်မှာ နေ့ရောညပါ ယေဟောဝါကို ချီးမွမ်းခြင်းဖြစ်သည်” ဟူသောသြဝါဒနှင့် ညီအစ်ကိုစောန်ဂါ နိဂုံးချုပ်သည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် ဒယ်နီယယ် ဆစ်ဒလစ်ခ်သည် “ဘဝမှ အကောင်းဆုံးအကျိုးရရှိရန် သူတစ်ပါးအား သွန်သင်ပေးခြင်း” အဓိကခေါင်းစဉ်အတိုင်း ဆက်ဟောပြောပါသည်။ “အယူဝါဒကို သွန်သင်ပေးရုံမက ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်ကြရန် ရဲရင့်ပြတ်သားစွာသွန်သင်ပေးဖို့” ကျောင်းသားများကို အားပေးပါသည်။ ဆရာသမားကောင်းများသည် လှုံ့ဆော်တိုက်တွန်းပေးရမည်။ “စည်းကမ်းဥပဒေများကို သွန်သင်ပေးရုံသာမက ခရစ်ယာန်အရည်အချင်းများ တိုးပွားလာစေရန် ဂရုပြုပါ” ဟူ၍ သူပြောပြီးနောက် နိဂုံးတွင် “ချစ်သောညီအစ်ကိုများ၊ ထိုထက်မက ကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း စုံလင်ခြင်းအဖွဲ့အစည်းဖြစ်သည့် ချစ်ခြင်းမေတ္တာကိုဖော်ပြတတ်ရန် သွန်သင်ပေးပါ” ဟုပြောပါသည်။—၁ ကောရိန္သု ၁၃:၁-၃; ကောလောသဲ ၃:၁၄။

သင်တန်းကာလ လအနည်းငယ်အကြာတွင် ကျောင်းသားများသည် ဂိလဒ်သင်တန်းပို့ချသူနှစ်ဦးကို အထူးချစ်ခင်လေးစားလာကြသည်။ ကိုယ်ကိုယ်တိုင် သာသနာပြုဖြစ်ခဲ့ဖူးသူ ဂျက်ခ် ရက်ဒ်ဖော့ဒ်က “သင်တို့ အရွေးမှန်သည်” အကြောင်း ဦးစွာ ဟောပြောပါသည်။ ခရစ်ယာန်တမန်တော်တစ်ဦးမဖြစ်မီက ရှေးဂျူးလောကတွင် ပေါလုမှာ အဆင့်ရာထူး၊ ဂုဏ်နှင့် ဩဇာမက စည်းစိမ်ဥစ္စာလည်းရှိခဲ့ပါသည်။ သို့သော် ဖိလိပ္ပိ ၃:၈ (ကဘ) တွင် ယင်းတို့အားလုံးကို “အမှိုက်သရိုက်” သို့မဟုတ် ဖိလစ္စဘာသာပြန်ကျမ်းအရ “အညစ်အကြေး” အဖြစ် ပေါလုယူမှတ်သည်ဟု ဖော်ပြထားပါသည်။ ဓမ္မအမှု၌သာ သူစိတ်ပါ၍ သူ၏ရွေးချယ်မှုသည်လည်း မှန်ကန်ပါသည်။ သို့သော် လောကီသား အများစုမူကား ထာဝရအသက်ထက် စည်းစိမ်ချမ်းသာကို ပိုတန်ဖိုးထားကြကြောင်း သူတို့ရွေးချယ်ရာများအားဖြင့် ဖော်ပြကြသည်။ ဂိလဒ်သာသနာပြုများသည် အရွေးမှန်ကြပြီ။ နိဂုံးတွင် ဂျက်ခ် ရက်ဒ်ဖော့ဒ်က– “သာသနာပြုလုပ်ငန်းနှင့်နှိုင်းယှဉ်နိုင်သည့် အဘယ်အရာကိုမျှ မာရ်နတ်၏လောက မပေးနိုင်ပါ။ ဤတန်ဖိုးဖြတ်မရသော အခွင့်အရေးကို ဂရုစိုက် ထိန်းသိမ်းထားပါ။ ဤလောက၏အမှိုက်သရိုက်ကို လောကသာ တာဝန်ယူပါစေ!” ဟုဆိုသည်။

လွန်ခဲ့သော ၃၂ နှစ်အတွင်း ယူလီစက်စ် ဂလပ်စ်သည် ဂိလဒ်သင်တန်းပို့ချသူတစ်ဦး ဖြစ်ခဲ့ပါသည်။ ဆာလံ ၁:၃ ကိုအခြေပြုကာ “သစ်ပင်တစ်ပင်ကို ဘုရားသခင်သာ ပြုလုပ်နိုင်သည်” အဓိကအကြောင်းဖြင့် ကျောင်းသားတို့နှင့် မခွဲခွာမီ ဩဝါဒပေးပါသည်။ ဘုရားသခင်တီထွင်သည့် သစ်ပင်တည်ဆောက်ပုံကို ခေတ်စက်မှုပညာသည် တစ်ကြိမ်တစ်ခါမျှ အတုမယူနိုင်ခဲ့ပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ခရစ်ယာန်စစ်များသည် ယေဟောဝါစိုက်ထား၍ ရေပေးထားသော သစ်ပင်များနှင့်တူသည်။ ကျောင်းသူကျောင်းသားများသည် ဝိညာဏသစ်တော သို့မဟုတ် ပရဒိသုရှိ သစ်ပင်များနည်းတူ ငါးလလုံးလုံး “ဘုရားသခင့်နှုတ်ကပါဌ်တော်အသက်စမ်းရေမှ ရေမှန်မှန်ရခဲ့” ကြောင်း ညီအစ်ကိုဂလပ်စ် သတိပြုစေသည်။ သို့ဖြစ်၍ပင် သာသနာပြုများအနေနှင့် သူတို့၏ “ဝိညာဏအမြစ်ဖြာစနစ်သည် မည်သည့်နည်းဖြင့်မျှ မပျက်စီးစေရန်” သတိပြုကြရမည်ဖြစ်သည်။ ‘ယေဟောဝါဘုရားသခင်သာ သစ်ပင်ကိုလုပ်ပေးနိုင်သည့်အတွက် ကိုယ်တော့်ထံတော်မှ အသက်ရေကို အာသာငမ်းငမ်း သောက်သုံးနေကြ’ ရန် သူတို့အား တိုက်တွန်းအားပေးခဲ့သည်။

နောက်ဆုံးဟောပြောချက်ကို အုပ်ချုပ်ရေးအဖွဲ့ဝင် ကယ်ရီ ဘာဘာပေးခဲ့သည်။ အချိန်ပြည့်လုပ်ငန်း၌ နှစ်ပေါင်း ၇၀ ပါဝင်ခဲ့ပြီးနောက် ညီအစ်ကိုဘာဘာသည် “ယေဟောဝါအား အကြွင်းမဲ့ချစ်မြတ်နိုးခြင်း” အကြောင်းကို ပိုင်နိုင်စွာပြောဆိုနိုင်ခဲ့သည်။ လောကီသား အများစုမှာ ယေဟောဝါအား အကြွင်းမဲ့ချစ်မြတ်နိုးသူများ မဟုတ်ကြပါ။ (တရားဟောရာ ၅:၉) သို့ရာတွင် ညီအစ်ကိုဘာဘာတင်ပြသည့်အတိုင်း ကျွန်ုပ်တို့သည် မစုံလင်သော်လည်း “ဘုရားသခင်ကို အကြွင်းမဲ့ချစ်မြတ်နိုးနိုင်ကြပါသည်။” “တကယ်ဆိုလျှင် ‘မာရ်နတ်ခိုင်းလို့’ ဟူ၍ မည်သူမျှအမှန်အတိုင်း မပြောနိုင်ပါ” ဟုသူဆက်ပြောပါသည်။ သို့သော် မာရ်နတ်ကိုမဆီးတားပါက ကျွန်ုပ်တို့ကို သူအနိုင်ယူသွားနိုင်မည်။ (ယာကုပ် ၄:၇) ယေဟောဝါ၏လုပ်ငန်း၌ အလုပ်များနေခြင်းကား စာတန်နှင့် သူ၏လောကကို ဆီးတားတိုက်လှန်နိုင်သည့် အကောင်းဆုံးနည်းဖြစ်သည်။ ထိုသို့ပြုနေ၍ ယေဟောဝါအား အကြွင်းမဲ့ချစ်မြတ်နိုးနိုင်ပါလိမ့်မည်။

သာသနာပြုများအဖြစ် ခန့်အပ်ခံရ

ကျောင်းသူကျောင်းသား ၄၆ ဦးစလုံးကို သာသနာပြုများအဖြစ် တရားဝင်ခန့်အပ်ခြင်းဖြင့် နံနက်အစီအစဉ် ပြီးဆုံးပါသည်။ ထိုမောင်နှံစုံ ၂၃ စုံတို့သည် ဒီပလိုမာလက်မှတ်များ ပေးအပ်ခံခဲ့ရသည်။ ထိုတွင် ကျောင်းဆင်းသူသည် “ပညာပေးရေးလုပ်ငန်း ဆောင်ရွက်ရန် အထူးသင်တန်းယူထားသူဖြစ်ရာ လူအပေါင်းတို့ သင့်တင့်ညီညွတ်ရန်နှင့် အမြဲငြိမ်သက်ရုံမက စည်းကမ်းသိမ်မွေ့၍ ဖြောင့်မတ်စေခြင်းငှာ သွန်သင်ပေးနိုင်စွမ်းရှိသည်” ဟုဆိုထားပါသည်။ ဂိလဒ်ကျောင်း၏ ၉၅ ကြိမ်မြောက် သင်တန်းသားများသည် သူတို့တာဝန်ရသော ၁၈ နိုင်ငံတွင် ဤထူးမြတ်သော လုပ်ငန်းကို အမှန်ကြိုးစားဆောင်ရွက်ကြမည်အမှန်။ သူတို့တာဝန်ကျသည့်နိုင်ငံများမှာ ကမ္ဘာအနှံ့အပြားဖြစ်၍ အာရှ၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် ကာရစ်ဗီယံရှိ နိုင်ငံများတွင်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် လုပ်ငန်းတော်ဌာန ကော်မတီဝင် ချားလ်စ် ဝပ်ဒီသည် ကင်းမျှော်စင် သင်တန်းအတိုချုပ်ကိုဦးစီးဆောင်ရွက်ပြီးနောက် ဂိလဒ်ကျောင်းဆင်းသစ်များသည် “သာသနာပြုများအဖြစ် သွန်သင်ပေးနိုင်ရန် ဂိလဒ်က အသင့်ပြင်ဆင်ပေး” ခေါင်းစဉ်ဖြင့် ကျောင်းသားအစီအစဉ်ကို တင်ဆက်ကြသည်။ မွန်းလွဲပိုင်းအစီအစဉ်သည် “ကျွန်ုပ်တို့ ရွေးချယ်စရာများ” သရုပ်ပြခန်းဖြင့် နိဂုံးချုပ်ခဲ့ပါသည်။

ဤအားတက်ဖွယ်အစီအစဉ်ပြီးနောက် သာသာနာပြုအသစ်များသည် “အသန့်ရှင်းဆုံးယုံကြည်ခြင်း” ကို သူတစ်ပါးအားဝေမျှပေးခြင်းငှာ မြေကြီးလေးမျက်နှာတိုင်အောင် စေလွှတ်ခံရရန် ယခုအသင့်ရှိနေကြပေပြီ။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]

သင်တန်းဆိုင်ရာ အချက်အလက်များ

ကိုယ်စားပြု တက်ရောက်သည့် နိုင်ငံအရေအတွက်– ၇

တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၁၈

ကျောင်းသား/သူ အရေအတွက်– ၄၆

အိမ်ထောင်သည် စုံတွဲအရေအတွက်– ၂၃

ပျမ်းမျှအသက်– ၃၀.၀၆

ပျမ်းမျှ သမ္မာတရားတွင်း သက်တမ်း– ၁၂.၉၂

ပျမ်းမျှ အချိန်ပြည့်ဓမ္မအမှုဆောင် သက်တမ်း– ၉.၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ