ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁ စာ. ၁၈-၂၀
  • ဂိလဒ်ပညာရေး၏ကောင်းချီးများကမ္ဘာချီပျံ့နှံ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂိလဒ်ပညာရေး၏ကောင်းချီးများကမ္ဘာချီပျံ့နှံ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်တန်းပို့ချသူများသြဝါဒပေးကြ
  • အသန့်ရှင်းဆုံးယုံကြည်ခြင်းတွင် ဂိလဒ်သင်တန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • တလိုတလားစိတ်ထားက လူတို့ကို ဂိလဒ်သို့ပို့ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အောင်မြင်သောကျောင်းသားများမှ အောင်မြင်သော သာသနာပြုများသို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဂိလျဒ်သာသနာပြုကျောင်းအတွက် တည်နေရာသစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁ စာ. ၁၈-၂၀

ဂိလဒ်ပညာရေး၏ကောင်းချီးများကမ္ဘာချီပျံ့နှံ့

ဤစနစ်ဟောင်းတွင်ရှိသောပညာရေး၏တန်ဖိုးသည် အကန့်အသတ်မျှသာရှိသည်။ ယင်းသည် ဘုရားသခင်၏သမ္မာတရားထက် လူ့အတွေးအခေါ်များအပေါ်တွင်သာအခြေပြုရာ ဘဝအတွက်စစ်မှန်သောရည်ရွယ်ချက်ကို မပေးနိုင်ပါ။ သို့သော် ဂိလဒ်ကျောင်းကား တစ်မူထူးပေသည်။ ဂိလဒ်ကျောင်း၏ ၉၃ ကြိမ်မြောက်ကျောင်းဆင်းပွဲ၌ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ သီအိုဒိုဂျာရက်ခ်က အမှာစကားပြောကြားရာတွင် ဤကျောင်းသည် စစ်မှန်သောအနှစ်သာရရှိသည့်ပညာရေးကိုပေးကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။ ဆာလံ ၁၁၉:၁၆၀ (ကဘ) တွင် “[ဘုရားသခင့်] နှုတ်ကပါဌ်တော်၏အနှစ်သာရကား သမ္မာတရားပေတည်း” ဟုဖော်ပြထားသည်။ ထို့ကြောင့် ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် တွင်ကျင်းပခဲ့သောကျောင်းဆင်းပွဲအစီအစဉ်ကို ပရိသတ် ၆,၀၀၀ ခန့်တို့သည် စိတ်အားတက်ကြွစွာနားထောင်ခဲ့ကြသည်။

နံနက်ပိုင်းတွင် ပထမဟောပြောချက်ကို ‘လောကနှင့်ယင်း၏အုပ်ချုပ်သူကို သွား၍အောင်ပွဲခံနေလော့’ ဟူသည့်ခေါင်းစဉ်ဖြင့် ကင်းမျှော်စင်ခြံကော်မတီဝင် လော်န်ရှီလင်ကပေးခဲ့သည်။ ညီအစ်ကိုရှီလင်က ဗျာဒိတ် ၁၂:၁၁ ကိုအခြေပြုပြီး ထိုအခန်းငယ်က အောင်ပွဲခံနည်းသုံးနည်းကိုဖော်ပြကြောင်း သူထောက်ပြခဲ့သည်။ (၁) သိုးသငယ်၏အသွေးအားဖြင့်၊ (၂) သက်သေခံခြင်းအားဖြင့်၊ (၃) ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိခြင်းအားဖြင့်ဖြစ်သည်။ ယေဟောဝါ၏ကျေးကျွန်များစွာတို့သည် မိမိတို့၏သစ္စာသမာဓိကိုစောင့်ထိန်းရန် စိတ်လိုကိုယ်လျောက်သေခြင်းကိုရင်ဆိုင်ခြင်းအားဖြင့် ထိုကဲ့သို့သောစိတ်ဓာတ်မျိုးကိုတင်ပြခဲ့ကြကြောင်း ကျောင်းသားများကို သူသတိရစေခဲ့သည်။

“သင်၏ကောင်းမွန်သောယုံကြည်စိတ်ချမှုကိုစောင့်ထိန်းလော့” ဟူသောခေါင်းစဉ်ဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန်အီး၊ ဘားရ် ကဟောပြောခဲ့သည်။ ထူးထူးခြားခြားတက်ကြွသောအသံဖြင့် ယေဟောဝါနှင့်ကိုယ်တော့်ကျေးကျွန်များစပ်ကြားရှိယုံကြည်စိတ်ချမှုနှင့် ကောင်းသောအိမ်ထောင်ရေးစပ်ကြားရှိယုံကြည်စိတ်ချမှုတို့ကို နှိုင်းယှဉ်တင်ပြခဲ့သည်။ ၂ တိမောသေ ၁:၁၂၊ ၁၃ ပါအချက်များကိုသုံးပြီး ကျမ်းစာမှ “ကျန်းခံ့သည့်စကားများ၏ပုံစံ” ကိုအလွန်တန်ဖိုးထားခြင်းအားဖြင့် မိမိတို့၏ယုံကြည်စိတ်ချမှုကိုစောင့်ထိန်းရန် တိုက်တွန်းခဲ့သည်။ ကိုယ်ပိုင်လေ့လာမှုသည် နေ့စဉ်အစီအစဉ်ဇယား၏အစိတ်အပိုင်းတစ်ခုဖြစ်ရန် ပေါ်လွင်စေခဲ့ပြီး အစည်းအဝေးများတွင်အဖြေပေးခြင်းသည် ထုံးစံအရဖြစ်မသွားစေဘဲ အမြဲအဓိပ္ပာယ်ရှိစေရန် ကြင်နာစွာဆုံးမသွန်သင်ခဲ့သည်။

ဝန်ဆောင်ဌာနကော်မတီဝင် ဝီလျန်ဗဲန်ဒီဝေါလ် က “သိုးကဲ့သို့သောသူများအား မေတ္တာပါသည့်ကြောင့်ကြမှုကိုတင်ပြ” ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောချက်ပေးခဲ့သည်။ သူကကျောင်းသားများအား မိသားစုဆရာဝန်တစ်ဦးထံတွင် မိမိတို့ရှိစေလိုသည့်အရည်အသွေးများကို မေးမြန်းပြီး အလားတူမိမိတို့တန်ဖိုးထားသည့် စာနာမှု၊ ကြင်နာထောက်ထားမှုနှင့် ကရုဏာများတင်ပြကြရန် အားပေးခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် ဒယ်နီယယ်ဆစ်ဒလစ်ခ် က “အရာခပ်သိမ်းသည် ဘုရားသခင်အားဖြင့်ဖြစ်နိုင်သည်” ဟူသောခေါင်းစဉ်ဖြင့် နှိုးကြားတက်ကြွဖွယ်ကောင်းစွာဟောပြောချက်ပေးခဲ့သည်။ အာဗြဟံနှင့်စာရာတို့သည် မိမိတို့အသက်ကြီးမှကလေးရမည်ဟူသော မဖြစ်နိုင်ဖွယ်ရှိသည့်အလားအလာအတွက် ရယ်ခဲ့ကြသည်ကို ကျောင်းသားများအား သူသတိရစေခဲ့သည်။ များစွာသောဘုရားသခင်၏ကတိတော်များသည် လူ့အမြင်တွင်မဖြစ်နိုင်စရာရှိသော်လည်း အာဗြဟံအားကောင်းကင်တမန်မေးမြန်းသကဲ့သို့ပင် “ယေဟောဝါအတွက် အလွန်ထူးထွေသည့်အရာရှိသလော။” (ကမ္ဘာဦး ၁၈:၁၄၊ ကဘ) မဖြစ်နိုင်သည့်အရာများကိုလုပ်နိုင်သည့် ဘုရားသခင့်အရည်အချင်းတော်များကို ယုံကြည်ရန်၊ မည်သည့်စုံစမ်းခြင်းကိုတွေ့ရစေကာမူ ယုံကြည်ခြင်းပျောက်ဆုံးရန် သို့မဟုတ် ယိမ်းယိုင်ရန်ခွင့်မပြုကြဖို့ ညီအစ်ကိုဆစ်ဒလစ်ခ်က ကျောင်းသားများအားတိုက်တွန်းခဲ့သည်။

သင်တန်းပို့ချသူများသြဝါဒပေးကြ

ထို့နောက် ဂိလဒ်သင်တန်းပို့ချသူနှစ်ဦးစကားပြောခဲ့သည်။ ပထမတွင် ဂျက်ခ်ဒီ၊ ရက်ဒ်ဖော့ဒ် က “ဘုရားသခင်နှင့်ကောင်းသောနာမည်ရယူခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ နာမည်တစ်ခုကောင်းအောင်၊ ဆိုးအောင် ထိုနာမည်ကိုခံယူထားသောသူကပြုလုပ်သည်ဟု သူသုံးသပ်ပြသည်။ သူက အာဒံ၊ နိမ်ရောဒ၊ ယေဇဗေလ၊ ရှောလုနှင့်ယုဒဟူသောနာမည်တို့ကို နောဧ၊ အာဗြဟံ၊ ရုသ၊ ပေါလု၊ တိမောသေတို့နှင့်နှိုင်းယှဉ်ပြခဲ့သည်။ နာမည်တစ်ခုစီသည် ခံယူသူ၏ဘဝလမ်းစဉ်အရ သူတို့၏ပေါင်းသင်းဆက်ဆံမှုကိုကြွယ်ဝစေမည်ဖြစ်သည်။ သူတို့သည် ၁၀ နှစ်၊ အနှစ် ၁၀၀ သို့မဟုတ် အနှစ် ၁,၀၀၀ တိုင်အောင် မည်သည့်နာမည်မျိုးရှိကြမည်နည်း။ တာဝန်ရှောင်လွဲသူ သို့မဟုတ် ညည်းညူမြည်တမ်းသူ သို့မဟုတ် သစ္စာရှိသာသနာပြုများအဖြစ်လောဟု သူမေးခဲ့သည်။ ပြဿနာများကိုအာရုံစိုက်မည့်အစား ဖြေရှင်းနည်းနှင့်ဦးတည်ချက်များကိုအာရုံစိုက်ကြရန် သူသြဝါဒပေးခဲ့သည်။

“သင့်ယုံကြည်ခြင်းကို မည်မျှကောင်းစွာကာကွယ်စောင့်ရှောက်သနည်း” ဟူသော အတွေးအခေါ်နှိုးဆွပေးသည်အကြောင်းကို ယူလီစက်စ် ဗီ၊ ဂလပ်စ် က ဟောပြောခဲ့သည်။ သူက ခိုင်မြဲသောယုံကြည်ခြင်းကို အမြဲမှန်ရာညွှန်ပြနေသည့်သံလိုက်အိမ်မြှောင်ကောင်းတစ်ခုနှင့် ဆက်စပ်ပြောကြားသွားသည်။ ကားတစ်စင်းတွင်ရှိသောသံလိုက်အိမ်မြှောင်သည် ကမ္ဘာ့သံလိုက်စက်ကွင်းပြင်ပမှသံလိုက်စက်ကွင်းများ၏ အကျိုးသက်ရောက်မှုကိုခံရနိုင်သည်။ ထိုသံလိုက်စက်ကွင်းများကိုချေဖျက်ပစ်ရန်လိုအပ်ပေသည်။ ထိုနည်းတူစွာပင် ဤစနစ်ဟောင်းသည် ကျွန်ုပ်တို့ကခွင့်ပြုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိမ်းယိမ်းစေသည့် သို့မဟုတ် အားနည်းစေသည့် ဩဇာလွှမ်းမိုးမှုများကို ဖြန့်ကျက်ထားသည်။ ညီအစ်ကိုဂလပ်စ်က ထိုသြဇာလွှမ်းမိုးမှုများနှင့်ပတ်သက်၍ ကျောင်းသားများအားသတိပေးပြီး သူတစ်ပါး၏ရည်ရွယ်ချက်နှင့်ခံစားချက်များကို အကင်းပါးပါးနှင့်သတိထားမိခြင်းအတွက် သူတို့ကိုချီးမွမ်းခဲ့သည်။

နံနက်ပိုင်းနောက်ဆုံးဟောပြောချက်ကို အုပ်ချုပ်ရေးအဖွဲ့ဝင် အဲလ်ဘတ်ဒီ၊ ရှရိုးဒါ ကပေးခဲ့သည်။ သူကကျောင်းသားများအား “သာသနာပြုစိတ်ဓာတ်” ကိုဆက်လက်ထိန်းသိမ်းရန်အားပေးပြီး မော်ကွန်းထိန်းအဖြစ်မိမိထမ်းဆောင်သော ၁၉၄၃ ခုနှစ် ပထမဆုံးသင်တန်းသားများတင်ပြခဲ့သည့် အလားတူစိတ်ဓာတ်မျိုးကိုတင်ပြကြခြင်းအတွက် သူတို့ကိုချီးမွမ်းခဲ့သည်။ ထိုစဉ်ကကျောင်းသားများသည် အရှေ့တိုင်းသားများဖြစ်ကြပြီး ပင်ကိုယ်သဘာဝအားဖြင့် ဟောပြောသူများဖြစ်ကြကာ ဘုရားသခင့်ဝိညာဉ်တော်လမ်းညွှန်မှုကို ခံယူလိုသူများဖြစ်ကြသည်။ ထိုစိတ်ဓာတ်ကိုဆက်လက်တိုးပွားစေပြီး ကိုယ်ပိုင်လေ့လာမှုတွင် New World Translation ကျမ်းစာကို အပြည့်အဝအသုံးပြုရန် သူအားပေးခဲ့သည်။ ဥပမာအနေနှင့် ဆာလံ ၂၄ ကိုတစ်ပိုဒ်ချင်းရှင်းပြခဲ့ခြင်းအားဖြင့် နိဂုံးချုပ်ခဲ့သည်။

ထို့နောက် ဂိလဒ်ကျောင်းသားများသည် ဂိလဒ်ကျောင်းဆင်းများဖြစ်လာကြပေပြီ။ သူတို့၏ဒီပလိုမာလက်မှတ်များပေးအပ်ခံရကြပြီး သာသနာပြုတာဝန်များကိုကြေညာသောအခါ ပရိသတ်ကအကြီးအကျယ်လက်ခုပ်သြဘာပေးကြသည်။

မွန်းလွဲပိုင်းတွင် စက်ရုံကော်မတီဝင် ကယ်လ်ဗင်းချိုက်ခ်က ကင်းမျှော်စင် သင်တန်းကိုဦးဆောင်သည်။ ငါးလတာသင်တန်းကာလအတွင်း ကျောင်းသားများလယ်ကွင်းတွင်တွေ့ကြုံခဲ့ရသောအတွေ့အကြုံများနှင့် သူတို့ခန့်အပ်ခံရသောနိုင်ငံအချို့ဆိုင်ရာရုပ်သေများပြသခြင်းကို ကျောင်းသားများအတွက်နှစ်သက်ဖွယ်အစီအစဉ်အဖြစ် တင်ဆက်ခဲ့သည်။ ဆက်လက်၍ သက်ကြီးရွယ်အိုစုံတွဲတစ်တွဲအားမေးမြန်းခန်းတွင် နှစ်ပေါင်းများစွာတစ်လျှောက် သာသနာပြုများအဖြစ်သူတို့ရရှိခဲ့သော ဉာဏ်ပညာနှင့်တွေ့ကြုံမှုများကို ဝေငှကြသည်။ မွန်းလွဲပိုင်းအစီအစဉ်ကို လှည့်ဖြားခြင်းမခံနှင့် သို့မဟုတ် ဘုရားသခင်အားမသရော်နှင့် ဟူသောပြဇာတ်ဖြင့် နိဂုံးချုပ်ခဲ့သည်။

ပရိသတ်သည် ရွှင်မြူးတက်ကြွစွာကျန်ခဲ့ပြီး ဘုရားသခင့်သမ္မာတရားဆိုင်ရာပညာရေးကလုပ်ပေးနိုင်သည့်အရာများကို တွေ့မြင်ရန်စိတ်လှုပ်ရှားနေကြကာ ထိုပညာရေး၏အကျိုးသက်ရောက်မှုကို ကမ္ဘာတစ်ခွင်လုံးခံစားရမည့်အရေးကိုတွေး၍ပျော်နေကြသည်။ ဤသာသနာပြု ၄၈ ဦးတို့သည် မိမိတို့၏ခန့်အပ်ခံရသည့်ဒေသများသို့ထွက်ခွာသွားကြသောအခါ များစွာသောသူတို့က သူတို့အတွက်ဆုတောင်းပေးကြပြီး ဤသစ္စာရှိသူများသည် ရောက်လေရာအရပ်တွင် ဘုရားသခင့်လူမျိုးတော်အတွက် ကောင်းချီးတစ်ရပ်ဖြစ်ရန် နှလုံးသားမှယုံကြည်မျှော်လင့်ခြင်းကိုတင်ပြခဲ့ကြသည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

သင်တန်းဆိုင်ရာအချက်အလက်များ

ကိုယ်စားပြုတက်ရောက်သည့်နိုင်ငံအရေအတွက်– ၇

တာဝန်ပေးအပ်ခံရသည့်နိုင်ငံအရေအတွက်– ၁၈

ကျောင်းသား/သူအရေအတွက်– ၄၈

အိမ်ထောင်သည်စုံတွဲအရေအတွက်– ၂၄

ပျမ်းမျှအသက်– ၃၂.၈

ပျမ်းမျှသမ္မာတရားတွင်းသက်တမ်း– ၁၅.၃

ပျမ်းမျှအချိန်ပြည့်ဓမ္မအမှုဆောင်သက်တမ်း– ၁၀.၄

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

တိုးချဲ့ဂိလဒ်ကျောင်းမှကျောင်းဆင်းများ

၁၉၉၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ စယ်လ်တာ/တိုးနပ်စ် ရှိ တိုးချဲ့ဂိလဒ်ကျောင်း၏ စတုတ္ထအကြိမ်မြောက်ကျောင်းဆင်းပွဲတွင် သာသနာပြု ၂၄ ဦးရှိသောအုပ်စုတစ်စုကျောင်းဆင်းကြသည်။ သင်တန်းတွင် အိမ်ထောင်သည် ၁၁ တွဲနှင့် လူလွတ်ညီအစ်မ ၂ ဦးတို့သည် ခုနစ်နိုင်ငံမှဖြစ်ကြပြီး သူတို့၏ပျမ်းမျှအသက် ၃၂ နှစ်၊ ပျမ်းမျှအလင်းတရားသက်တမ်း ၁၄ နှစ်နှင့် အချိန်ပြည့်ဧဝံဂေလိဟောပြောခြင်းတွင် အမှုဆောင်သည့်ပျမ်းမျှနှစ်မှာ ၈.၅ နှစ်ဖြစ်သည်။ ကျောင်းဆင်းပွဲကို လူပေါင်း ၂,၀၀၀ ကျော်တက်ရောက်ခဲ့သည်။

ညီအစ်ကို ဂျာရက်ခ် က “စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏” ဟုဖော်ပြထားသော သု၊ ၁၁:၂၄ ပါအချက်ကိုဆွေးနွေးခြင်းအားဖြင့် အစီအစဉ်ကိုစတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသားများသည် ကြဲဖြန့်ခြင်းခံရတော့မည်ဖြစ်ပြီး တိုးပွားမှုကိုတိုးတက်ဖြစ်ပေါ်စေကြမည်ဖြစ်ကြောင်း သူမှတ်ချက်ချသည်။

အားတက်ဖွယ်ကျမ်းစာအခြေပြုသည့်ဟောပြောချက်များကို ဂျာမန်နိုင်ငံဌာနခွဲညှိနှိုင်းရေးမှူး ရစ်ချဒ်ကယ်လ်စီ၊ ဝန်ဆောင်ဌာနမှ ဝါ့လ်ဖ်ဂဲန့်ဂရာပေး၊ ဌာနခွဲကော်မတီဝင်များဖြစ်ကြသည့် ဝါနာရဒ်ကေ နှင့် အက်ဒ်မန်အန်းစတက်၊ သင်တန်းပို့ချသူနှစ်ဦးဖြစ်သော ဒီးတရစ်ခ်ဖော်စ္စတာ နှင့် လိုသာကေးမားတို့က အသီးသီးပေးခဲ့ကြသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် အဲလ်ဘတ်ရှရိုးဒါ က “ဝိညာဏကျောက်မျက်ရတနာများကိုရှာဖွေသူများဆက်လက်ဖြစ်ပါ” ဟူသောခေါင်းစဉ်ဖြင့် စိတ်ဝင်စားဖွယ်ဟောပြောချက်ပေးခဲ့သည်။ အစီအစဉ်၏နိဂုံးပိုင်းတွင် အာဖရိက၊ ဗဟိုအမေရိက၊ ဥရောပအရှေ့တို့မှ နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ တာဝန်ခန့်အပ်ခြင်းခံရကြပြီးနောက်တွင် ကျောင်းသားများမှ အုပ်ချုပ်ရေးအဖွဲ့သို့ပေးပို့သော စိတ်ရောကိုယ်ပါကျေးဇူးတင်လေးမြတ်မှုကိုဖော်ပြသည့်စာတစ်စောင်ကို ကျောင်းဆင်းတစ်ဦးကဖတ်ပြခဲ့သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်း၏ ၉၃ ကြိမ်မြောက် သင်တန်း

အောက်ပါစာရင်းတွင် အတန်းများကိုရှေ့တန်းမှနောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲဘက်မှလက်ယာဘက်သို့ စီထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ