ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဖိလစ်ပိုင် သမ္မတနိုင်ငံ
ဖိလစ်ပိုင်သမ္မတနိုင်ငံဖြစ်သည့် အပူပိုင်းဒေသကျွန်းစုပေါင်း ၇,၀၈၃ ခုတို့သည် ရေအောက်အနည်းငယ်မြုပ်နေသော တောင်တန်းရှည်၏ အပေါ်ပိုင်းပင်ဖြစ်သည်။aဖိလစ်ပိုင်နိုင်ငံသား ၆၂,၀၀၀,၀၀၀ တို့ကလည်း မည်သည့်အကြောင်းအရာကိုမဆို စကားစမြည်ပြောဆိုလိုကြပါသည်။ ဤဖော်ရွေသောစိတ်ထားကလည်း ဘုရားသခင့်နိုင်ငံတော်သတင်းကိုသက်သေခံရန် မြေသြဇာကောင်းသောလယ်ကွင်းဖြစ်စေပါသည်။
ကျောင်းတွင် သက်သေခံခြင်း
မာစ္စဘေ့ကျွန်းပေါ်တွင် အထက်တန်းကျောင်းသူမလေးတစ်ဦးသည် မှားမှန်မေးဖြေခြင်းပြုချိန်တွင် သူမ၏ဆရာမနှင့်အတန်းသားရှေ့ သက်သေခံခွင့်ရရှိခဲ့ပါသည်။ သူမက ဤသို့ပြောပြပါသည်–
“ဝါကျက ‘အကျွန်ုပ်ကို ဘုရားသခင်ချစ်မည်ဆိုလျှင် ပြဿနာများကြုံစေမည် သို့မဟုတ် ဒုက္ခရောက်စေမည် မဟုတ်’ ဟူ၍ဖြစ်သည်။ ကျွန်မတို့၏အဖြေစာရွက်များကို ဆရာမ စစ်ဆေးသည့်အခါ ကျွန်မမှလွဲ၍ အားလုံးကမှန်သည်ဟု ဖြေဆိုထားသည်ကို သူတွေ့ခဲ့သည်။ အဘယ်ကြောင့် မှားသည်ဟု ကျွန်မဖြေဆိုရကြောင်းကို အတန်းရှေ့ပြောခွင့်ပေးခဲ့သည်။ စမ်းသပ်ခံစေရန် ဒုက္ခဆင်းရဲခြင်းများခံရရန် ဘုရားသခင်ခွင့်ပြုသော်လည်း ပြဿနာပေါ်စေသူကား ဘုရားသခင်မဟုတ်ကြောင်း သူတို့အား ပြောပြပါသည်။ ကျောင်းသို့ ကျွန်မအမြဲယူဆောင်သွားသည့် ကျမ်းစာကိုအသုံးပြု၍ ၁ ယောဟန် ၄:၈ ပါ ‘ဘုရားသခင်သည် ချစ်ခြင်းဖြစ်သည်’ စကားကို အတန်းသားများအား စဉ်းစားစေခဲ့ပါသည်။ ကျွန်မရှင်းပြပြီးသည့်အခါ ဆရာမကျေနပ်သွား၍ စားပွဲကိုခေါက်ပြီး ‘မာရီလူး မှန်တယ်’ ဟုဆိုသည်။ ဤမေးခွန်းအတွက် အဖြေမှန်ကို ကျွန်မတစ်ယောက်တည်းရခဲ့၍ အမှတ်အများဆုံး ရရှိခဲ့ပါသည်။”
ဘုရားသခင့်နိုင်ငံတော်သတင်းသည် အနှံ့အပြားရောက်ရှိနေ
ဖိလစ်ပိုင်နိုင်ငံ၏ အခြားဒေသတစ်ခုတွင် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဆောင်ရွက်နေစဉ် မှန်မှန်ရှေ့ဆောင် (အချိန်ပြည့် သတင်းကောင်းကြွေးကြော်သူ) တစ်ဦးသည် ကလေးငယ်သုံးဦး၏မိခင်နှင့် တွေ့ဆုံခဲ့သည်။ ထိုအမျိုးသမီးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို အလွန်စိတ်ဝင်စားသဖြင့် သူမနှင့် ကျမ်းစာသင်အံမှုစရန် အလွန်လွယ်ကူခဲ့ပါသည်။ အထူးသဖြင့် ယေဟောဝါသက်သေများထံမှ ကျမ်းစာသင်တန်းယူနေသည်ကို သူ၏ခင်ပွန်းသည် နှစ်သက်ပုံမရှိသော်လည်း ကျမ်းစာသင်အံမှု ဆက်ပြုလုပ်ခဲ့သည်။
ထိုနောက် ယင်းအမျိုးသားသည် မိသားစုနှင့်တကွ အခြားမြို့တစ်မြို့သို့ ရွှေ့ပြောင်းသွားပါသည်။ ဤနည်းဖြင့် သက်သေခံများနှင့် ဇနီးဖြစ်သူသည် အဆက်ပြတ်သွားမည်ဟု အထင်ရှိခဲ့ပါသည်။ သို့ရာတွင် မကြာမီအချိန်၌ပင် ဤအမျိုးသမီးထံ သက်သေခံများရောက်သွားပြန်၍ သူမ၏ ကျမ်းစာသင်အံမှုကို သူမ ပြန်စခဲ့သည်။ သူမ၏ခင်ပွန်းသည်လည်း အတော်စိတ်ဆိုးခဲ့သည်။ အလုပ်ခွင်သို့ရောက်သည့်တိုင် သူ၏အမျက်မပြေဘဲ မိမိပြင်ပေးနေသောကား၏ပိုင်ရှင်အား ရင်ဖွင့်ပြောပြလေသည်။ ထိုကားပိုင်ရှင်ကိုယ်တိုင်သည် ယေဟောဝါသက်သေတစ်ဦး ဖြစ်သည်ကို ထိုသူမသိပါ။
ထိုအခါ သူ၏ဇနီးသည်သည် ကျမ်းစာဆက်သင်မည်ဆိုလျှင် မိသားစုတစ်စုလုံးအတွက် အကျိုးရှိလိမ့်မည်ဟု သက်သေခံဖြစ်သူက ရှင်းပြပါသည်။ အိမ်ထဲတွင်စ၍ ကျမ်းစာမူများကို သူမကျင့်သုံးလာလိမ့်မည်အကြောင်း၊ လင်ယောက်ျားဖြစ်သူပါ ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ယူမည်ဆိုလျှင် အကျိုးရှိမည်အကြောင်း အကြံပြုပါသေးသည်။
ဤသို့ဆွေးနွေးမှုမှ အဘယ်အကျိုး ဖြစ်ထွန်းလာပါသနည်း။ ဇနီးဖြစ်သူသည် ပိုမိုလွတ်လပ်စွာ ကျမ်းစာလေ့လာခွင့်ရခဲ့ပြီး မူလအိမ်သို့ ပြန်ပြောင်းရွှေ့နေထိုင်ရန် ထိုအမျိုးသားက စိတ်ဆုံးဖြတ်လိုက်သည်။ ထိုတွင် အမျိုးသမီးသည် နှစ်ခြင်းမခံယူရသေးသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူတစ်ဦးဖြစ်လာနိုင်သည်အထိ ဝိညာဉ်ရေးဘက် တိုးတက်လာပါသည်။ လင်ယောက်ျားဖြစ်သူကလည်း ကျမ်းစာသင်အံမှုကိုလက်ခံလိုက်၍ ခရစ်ယာန်အစည်းအဝေးများကို မိသားစုလိုက် စတက်ရောက်ကြပါသည်။
[အောက်ခြေမှတ်ချက်များ]
a ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၄ ယေဟောဝါသက်သေများ၏ပြက္ခဒိန်ကိုရှု
မနီလာမြို့ရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံး
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
နိုင်ငံ့စာရင်းဇယား
၁၉၉၃ လုပ်ငန်းတော်နှစ်
သက်သေခံအများဆုံးအရေအတွက်–၁၁၆,၅၇၆
အချိုး–သက်သေခံ ၁လျှင် ၅၄၉
သတိရအောက်မေ့ပွဲ တက်သူအရေအတွက်–၃၅၇,၃၈၈
ပျမ်းမျှ ရှေ့ဆောင်ကြေညာသူများ–၂၂,၇၀၅
ပျမ်းမျှ ကျမ်းစာသင်အံမှုများ–၉၄,၃၇၀
နှစ်ခြင်းခံသူ အရေအတွက်–၇,၅၅၉
အသင်းတော်များ အရေအတွက်–၃,၃၃၂
ဌာနခွဲရုံး–မနီလာမြို့
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဈေးတွင်သက်သေခံခြင်းက အကျိုးဖြစ်ထွန်း