ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁ စာ. ၃၁
  • “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြတ်နိုးယုယခံရသော ဇနီး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁ စာ. ၃၁

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

“ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင့်ကိုးရာက မှုတ်သွင်းခံရသည့်တမန်တော်ပေတရု ဤသို့ပြောခဲ့သည်– “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ယေဟောဝါသက်သေများထဲတွင် လူအမျိုးမျိုး၊ ဘာသာရေးနောက်ခံအဖုံဖုံမှ လူများကိုတွေ့နိုင်သည်။ သူတို့သည် ဖြောင့်မတ်ခြင်းကိုလိုလားကြပြီး ဘုရားသခင်ကိုကြောက်ရွံ့ ကြသည်။ ယေဟောဝါသည် သူတို့အားလုံးကို ကမ္ဘာသစ်အဖွဲ့အစည်းသို့ လက်ခံကြိုဆိုတော်မူသည်။ ဥပမာ၊ ချာ့ဒ်နိုင်ငံမှ အမျိုးသမီးတစ်ဦးအား ကိုယ်တော်ခေါ်ဖိတ်ခဲ့သည်။

ထိုအမျိုးသမီးသည် သူမ၏ဘာသာတရားနှင့် ရောင့်ရဲကျေနပ်မှုမရှိခဲ့ပါ။ ယခင်နှစ်များအတွင်းက ယေဟောဝါသက်သေများထုတ်ဝေသော လူငယ့်ဘဝအနှစ်သာရ စာအုပ်ကို သူမရရှိခဲ့ပြီး စာအုပ်တွင်ပါသောသြဝါဒကောင်းများကို သူမလေးမြတ်ခဲ့သည်။ ကျမ်းစာသင်အံမှုစတင်ခဲ့ပြီး သူမမပျက်မကွက်ပါဝင်ခဲ့သည်။ သို့သော် ခန်းမတွင်အစည်းအဝေးတက်ရန် တိုက်တွန်းခံရသောအခါတွင်မူ သူမမတုံ့ပြန်ပေ။ အဘယ်ကြောင့်နည်း။ ခင်ပွန်းဖြစ်သူက သူမအားကျမ်းစာသင်ခွင့်ပြုသော်လည်း ခန်းမတွင်အစည်းအဝေးတက်ခွင့်ပေးရန်ကိုမူ ငြင်းဆန်သောကြောင့်ဖြစ်သည်။

ဇနီးဖြစ်သူက တိုက်နယ်အစည်းအဝေးတက်ရောက်လိုသောအခါ ကျမ်းစာသင်ပေးသောသက်သေခံက ခင်ပွန်းဖြစ်သူအား အစီအစဉ်ကိုပြသပြီး ထိုတွင်တင်ပြမည့်သွန်သင်ချက်များကို ထင်ရှားပေါ်လွင်စေခဲ့သည်။ သို့နှင့် သူ့ဇနီးအား “တစ်ကြိမ်သာ” သွားရန်ခွင့်ပြုလိုက်သည်။ အစီအစဉ်ကိုသူမတက်ရောက်ခဲ့ပြီး အပြည့်အဝပျော်ရွှင်ခဲ့သည်။ သူမသိရှိခဲ့သည့်အရာများကို ခင်ပွန်းဖြစ်သူအားပြန်ရှင်းပြသောအခါ အခြားအစည်းအဝေးများတက်ရန်ကိုလည်း မကန့်ကွက်တော့ပေ။ အသင်းတော်သည် တစ်ယောက်နှင့်တစ်ယောက်အလွန်အရေးစိုက်သော ခြားနားသည့်လူမျိုးစုများမှလူများဖြင့် ဖွဲ့စည်းထားသည့်အချက်က သူမကိုစွဲသွားစေသည်။ နောက်ပိုင်း ခရိုင်အစည်းအဝေးပွဲကြီးကို သူမတက်ရောက်သောအခါ သူမ၏ကလေးများသည် အခြားနိုင်ငံမှသက်သေခံများ၏ပေါင်ပေါ်တွင် ထိုင်နေကြသည်ကို သူမအံ့သြစွာတွေ့လိုက်ရသည်။ သက်သေခံများသည် သူမတို့အား မိသားစုကဲ့သို့ ပြုမူဆက်ဆံကြပြီး ကလေးများနှင့်အတူချစ်ခင်စွာ အစားအသောက်များ ဝေငှစားသောက်ကြသည်။ ယင်းက သူမအဖို့ဘဝတစ်ကွေ့ ဖြစ်ခဲ့သည်။

သို့သော် ဆန့်ကျင်မှုကလိုက်ပါလာသည်။ ပင်ကိုယ်အရ ရှက်ကြောက်တတ်သော်လည်း အစည်းအဝေးများတွင် သူမအဖြေပေးလာပြီး ဆွေမျိုးများနှင့်အိမ်နီးချင်းများ၏ ဝေဖန်ပြောဆိုမှုများကို သူမကြံ့ကြံ့ခံခဲ့သည်။ သူမ၏ခင်ပွန်းနှင့်နေလာခဲ့သည့်နှစ်များတစ်လျှောက် သူတို့သည် ထုံးတမ်းစဉ်လာအရအိမ်ထောင်ပြုခြင်းသာ ရှိခဲ့သည်။ တရားဝင်အိမ်ထောင်ပြုခြင်းကိုရရှိရန် သူမမည်သို့စတင်ပြောဆိုသနည်း။ သဘောရိုးဖြင့် ယေဟောဝါထံဆုတောင်းပြီးနောက်တွင် သူမ၏ခင်ပွန်းနှင့်ပြောဆိုကြည့်ရာ ခင်ပွန်းက ဖြစ်နိုင်မဖြစ်နိုင်ကြည့်ဦးမည်ဟု ပြန်ပြောသည်။ နောက်ဆုံး ခင်ပွန်းကလိုက်လျော၍ သူတို့တရားဝင်အိမ်ထောင်ပြုလိုက်ကြသည်။

သူတို့နှင့်အတူနေသည့် ယောက်မတော်သူတစ်ဦးက ပြဿနာများစွာလုပ်သော်လည်း ခင်ပွန်းဖြစ်သူက ဇနီးသည်ဘက်မှရပ်တည်ခဲ့သည်။ ထို့နောက် ခင်ပွန်း၏ဖခင်အလည်အပတ်ရောက်ရှိလာသည်။ ဇနီးဖြစ်သူဘာသာပြောင်းသွားသောကြောင့် သူ့ကိုကွာရှင်းရန် ဖခင်ဖြစ်သူကသားကိုအမိန့်ပေးသည်။ ဤထက် “သာ၍ကောင်းသောမယား” အတွက် မိမိကွမ်းဖိုးပေးမည်ဟု ဖခင်ကသားကိုပြောသည်။ သား၏တုံ့ပြန်လိုက်ပုံက “ဟင့်အင်း၊ ကျွန်တော်မလုပ်ဘူး။ သူဟာ မိန်းမကောင်းတစ်ယောက်ပဲ။ သူကဆင်းသွားချင်ရင်တော့တစ်မျိုးပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကိုမသွားခိုင်းဘူး” ဟူ၍ဖြစ်သည်။ ဇနီးသည်က ယောက္ခမအပေါ် အလွန်ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံသောအခါ မိမိ၏လုပ်ရပ်အတွက် ယောက္ခမရှက်သွားသည်။ သို့သော် သူ့ ရွာသို့ ပြန်ရောက်သွားသောအခါ သားဖြစ်သူအား တစ်ချက်လွတ်အမိန့်စာရေးပေးလိုက်သည်။ မိန်းမကိုနှင်မချပါက သူ့သားမဟုတ်တော့ကြောင်းပြောသည်။ ဤတစ်ကြိမ်တွင်လည်း သားဖြစ်သူက ဇနီးသည်ဘက်မှရပ်တည်ခဲ့ပြန်သည်။ ခင်ပွန်းသည်ထိုသို့မားမားမတ်မတ်ရပ်တည်သည်ကို မြင်ရသည့်ဇနီးသည်၏ ဝမ်းမြောက်မှုကို စဉ်းစားသာကြည့်ပါလေ။

ယခုအခါ သူတို့၏သားကလေးနှစ်ယောက်တို့သည် မိခင်နှင့်အတူခန်းမသို့လိုက်ရန် သဘောကျကြသည်။ ဟောပြောချက်ပေးသောညီအစ်ကိုအားလုံးက လည်စည်းတပ်ဆင်ထားကြသည်ကို သူတို့မြင်သောကြောင့် ဖခင်ဖြစ်သူအား လည်စည်းကိုတောင်းသည့်အထိပင်ဖြစ်သည်။ ယခုအခါ ထိုအမျိုးသမီးသည် နှစ်ခြင်းခံပြီးညီအစ်မတစ်ဦးဖြစ်နေပေပြီ။

သူမသည် ချာ့ဒ်နိုင်ငံရှိသက်သေခံ ၃၄၅ ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာနေကာ “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ” ကြောင်းကို သူမအသေအချာနားလည်သဘောပေါက်လျက်ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ