ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁ စာ. ၃-၄
  • အချိန်အခါပြောင်းလဲသွားခဲ့ပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်အခါပြောင်းလဲသွားခဲ့ပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်းရဲမွဲတေမှုပပျောက်အောင် ကြိုးပမ်းနေကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အကူအညီအတွက် အော်ဟစ်သူကို မည်သူချမ်းသာပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁ စာ. ၃-၄

အချိန်အခါပြောင်းလဲသွားခဲ့ပြီ

သစ္စာရှိသော ရှောလမုန်မင်း၏ ဘုန်းတန်ခိုးထွန်းပြောင်သည့် အုပ်စိုးမှုအောက် ရှေးဣသရေလနိုင်ငံတွင် အသက်ရှင်ရခြင်းသည် အလွန်ရွှင်လန်းစရာပင်! ယင်းအချိန်သည် ငြိမ်သက်မှု၊ ကြီးပွားချမ်းသာမှုနှင့် ပျော်ရွှင်မှုခေတ်အခါဖြစ်ခဲ့သည်။ ဤအချိန်အတောအတွင်း ရှောလမုန်သည် စစ်မှန်သောဝတ်ပြုရေးအတွက် ခိုင်ခိုင်မာမာရပ်တည်ခဲ့ရာ ယေဟောဝါသည် လူမျိုးတော်ကို ကောင်းချီးကြွယ်ဝစွာသွန်းလောင်းခဲ့သည်။ ဘုရားသခင်သည် ရှောလမုန်မင်းအား အကြီးအကျယ်ချမ်းသာကြွယ်ဝစေသည်သာမကဘဲ ဖြောင့်မတ်မှုနှင့် မေတ္တာတို့ဖြင့် ရှောလမုန်အုပ်ချုပ်နိုင်စေရန်အတွက် ‘ဉာဏ်ပညာနှင့်ပြည့်စုံသော နှလုံး’ ကိုပါပေးတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၁၂) ကျမ်းစာဤသို့ဆိုသည်– “ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသောပညာကို အတိုင်းတိုင်းအပြည်ပြည်ရှင်ဘုရင်တို့သည် ကြားရအံ့သောငှာ မျက်နှာတော်ကိုဖူးလာကြ၏။”—၂ ရာဇဝင်ချုပ် ၉:၂၃။

ယေဟောဝါရှင်သည် လူမျိုးတော်အား လုံခြုံမှု၊ ငြိမ်သက်မှုနှင့် ကောင်းမွန်သောအရာများအလျှံပယ် ပေးသနားတော်မူခဲ့သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်– “ထိုကာလ၌ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏။” စာသားအတိုင်းကော ပုံဆောင်အရပါ လူများသည် “[“ရှောလမုန်၏”၊ ကဘ] လက်ထက်တော်ကာလပတ်လုံး . . . အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။”—၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅။

အချိန်အခါပြောင်းလဲသွားခဲ့ပြီ။ ယနေ့ဘဝသည် လွန်လေပြီးသော ပျော်ရွှင်ဖွယ်နေ့ရက်များနှင့် အလှမ်းဝေးသွားပြီ။ ရှောလမုန်အချိန်ကနှင့်မတူဘဲ ယနေ့အဓိကပြဿနာမှာ ဆင်းရဲနွမ်းပါးမှုဖြစ်သည်။ ချမ်းသာကြွယ်ဝသောနိုင်ငံများတွင်ပင် ဆင်းရဲနွမ်းပါးမှုရှိသည်။ ဥပမာ၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့နှစ်ခုစလုံးတွင် ပြည်သူလူထု၏ ၁၅ ရာခိုင်နှုန်းနီးပါးသည် ဆင်းဆင်းရဲရဲနေထိုင်ကြရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က မှတ်သားခဲ့သည်။

ကမ္ဘာချီရုပ်ပုံလွှာနှင့်ပတ်သက်၍ ကမ္ဘာ့ကလေးများအခြေပြ၊ ၁၉၉၄ တွင် ယူနီဆက်ဖ် (ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) မှသတင်းတစ်ပုဒ်က ကမ္ဘာ့လူဦးရေ၏ငါးပုံတစ်ပုံသည် ဖြူခါပြာခါကျအောင် ဆင်းဆင်းရဲရဲနေထိုင်ကြရပြီး ကမ္ဘာ့လူမွဲအများစုအတွက် ဘဝသည် “သာ၍ခက်ခဲပြီး သာ၍ကြံရာမရဖြစ်လာ” ကြောင်း မှတ်ချက်ချသည်။

အချို့နိုင်ငံများတွင် တစ်မုဟုတ်ချင်းတက်နေသောငွေကြေးဖောင်းပွမှုက လူမွဲတို့၏အခက်အခဲများကို ထပ်ပိုးပေးသည်။ အာဖရိကန်နိုင်ငံတစ်ခုတွင် အိမ်ထောင်ရှင်မတစ်ဦး ဤသို့ပြောခဲ့သည်– “ဈေးထဲတွင် တစ်ခုခုကို သင်တွေ့ပြီး ‘အိုကေ၊ ငါ အိမ်ပြန်ပိုက်ဆံယူပြီး အဲဒါကိုဝယ်မယ်’ လို့သင်ဆိုသည်။ တစ်နာရီလောက်အကြာမှာ သင်ပြန်သွားတဲ့အခါ ခုလေးတင်ဈေးတက်သွားတဲ့အတွက်ကြောင့် အဲဒါကို သင်မဝယ်နိုင်တော့ပါလို့ အပြောခံရမယ်။ လူတစ်ယောက်ဟာ ဘာလုပ်ရတော့မလဲ။ အဲဒါဟာ လုံးဝစိတ်ဓာတ်ကျစရာပဲရှင်။”

ထိုတွင်ရှိ အခြားအိမ်ရှင်မတစ်ဦးက ဤသို့ဆိုခဲ့သည်– ‘အသက်ဆက်ရှင်ဖို့အတွက် အခြားလိုအပ်ချက်တွေကို ကျွန်မတို့မေ့သွားကြတယ်။ အစားအစာဘယ်လိုရနိုင်မလဲဆိုတာဟာ ကျွန်မတို့လောလောဆယ်လုံးပန်းနေရတဲ့အရာဖြစ်တယ်။’

ကုလသမဂ္ဂအဆိုအရ အနာဂတ်သည် ရင်မောစရာလက္ခဏာပင်ဖြစ်သည်။ ဥပမာ၊ ယူနီဆက်ဖ်က လက်ရှိလူဦးရေအလားအလာသည် ဆက်တိုးပွားနေပါက “လူ့သက်တမ်းတစ်ခုအတွင်း” ကမ္ဘာတစ်ခွင်လူမွဲအရေအတွက်သည် လေးဆတိုးလာမည်ဟုခန့်မှန်းသည်။

သို့တိုင် တိုး၍ဆိုးရွားနေသော စီးပွားရေးနှင့် လူမှုရေးအခြေအနေများရှိငြား ဘုရားသခင့်ကျေးကျွန်များတွင် အကောင်းဘက်မှရှုမြင်ခံစားရန် အကြောင်းရင်းရှိထားသည်။ အနာဂတ်ကို ရှုမြင်ရာ၌ အဆိုးမြင်ဝါဒပြည့်လျှံနေသူများအလယ်တွင် သူတို့နေထိုင်ကြရသော်လည်း ဘုရားသခင့်ကျေးကျွန်များသည် ရွှင်လန်းပြီး ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကိုရှုမျှော်ကြသည်။ နောက်ဆောင်းပါးက ဤသို့ဖြစ်ရသည့်အကြောင်းရင်းကို စူးစမ်းတင်ပြမည်။

[Picture Credit Line on page 3]

De Grunne/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ