ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁ စာ. ၃-၄
  • ဘုရားသခင်၊ နိုင်ငံတော်နှင့် အသင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၊ နိုင်ငံတော်နှင့် အသင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်ဘောင်သည် ဤလောက၏အဝင် မည်သို့ဖြစ်လာပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အစောပိုင်းခရစ်ယာန်ဘာသာ နှင့် နိုင်ငံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားသခင်နှင့် ကဲသာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘စစ်မှန်သောချာ့ချ်’တစ်ခုတည်းသာရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁ စာ. ၃-၄

ဘုရားသခင်၊ နိုင်ငံတော်နှင့် အသင်

“အိုင်ယာလန်တွင် ကွာရှင်းခြင်းဆိုင်ရာ ဆန္ဒခံယူပွဲ၌ ချာ့ချ်နှင့် နိုင်ငံတော် ထိပ်တိုက်ရင်ဆိုင်ရခြင်း”

ယနေ့ခေတ်ရှိလူများ နိုင်ငံတော်မှ အလိုရှိရာနှင့် သူတို့ချာ့ချ်မှ သွန်သင်ရာတို့အကြား ရွေးချယ်စရာတစ်ခုနှင့် မည်သို့ထိပ်တိုက်ရင်ဆိုင်နေရကြောင်းကို The New York Times ပါ အဆိုပါခေါင်းစီးက သရုပ်ဖော်ပြပေသည်။

“ကွာရှင်းခြင်းပိတ်ပင်ချက် ဖွဲ့စည်းပုံဥပဒေအား ဖျက်သိမ်းမည်၊ မဖျက်သိမ်းမည်နှင့်ပတ်သက်သည့် ဆန္ဒမဲခံယူပွဲမတိုင်မီ တစ်လခန့်က ရိုမင်ကက်သလစ်စိုးမိုးသော အိုင်ယာလန်နိုင်ငံတွင် အစိုးရခေါင်းဆောင်များနှင့် ချာ့ချ်၏ခေါင်းဆောင်များအကြား ကြုံတောင့်ကြုံခဲပဋိပက္ခတစ်ရပ် ဖြစ်ခဲ့သည်” ဟု ထိုဆောင်းပါးက ဖော်ပြသည်။ နိုင်ငံတော်က ကွာရှင်းခြင်းပိတ်ပင်ချက်ကို ပယ်ဖျက်ရန် တင်ပြသော်လည်း ကက်သလစ်ချာ့ချ်က ကွာရှင်း၍ ပြန်လက်ထပ်ခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်လေသည်။ အိုင်ယာလန်နိုင်ငံသား ကက်သလစ်များသည် ချာ့ချ်နှင့် နိုင်ငံတော်အကြား ရွေးချယ်မှုကို ပြုရသည်။ ပေါ်ထွက်လာသည့်အဖြေမှာ အနည်းငယ်သောကွာခြားချက်ကလေးဖြင့် နိုင်ငံတော်က အနိုင်ရသွားခြင်းဖြစ်သည်။

ပို၍ထူးခြားသည်မှာ အိုင်ယာလန်မြောက်ပိုင်းရှိသူတို့သည် အမျိုးသားရေးပိုင်သအုပ်စိုးမှုနှင့်ပတ်သက်သော ခါးသီးဖွယ်ပဋိပက္ခတစ်ရပ်နှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည်။ လူပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရ၏။ ရိုမင်ကက်သလစ်တို့နှင့် ပရောတက်စတင့်တို့၌ နိုင်ငံတော်သည် မည်သည့်သြဇာကို ခံမည်ဟူသည့်အချက်အပေါ် အမြင်သဘောထားခြင်း ဆန့်ကျင်ကွဲပြားလျက်ရှိသည်။ အိုင်ယာလန်မြောက်ပိုင်းတွင် ဗြိတိသျှအုပ်ချုပ်မှုကို ဩဇာခံမည်လော သို့မဟုတ် အိုင်ယာလန်တစ်နိုင်ငံလုံးတွင် ဗဟိုအစိုးရမှ ချုပ်ကိုင်မည်လောဟူသည့် အမြင်သဘောထားဖြစ်သည်။

ယူဂိုဆလားဗီးယားတွင်လည်း ထပ်တူပင်ဖြစ်၏။ ကက်သလစ်နှင့် ဩသဒေါက်စ်တို့အပါအဝင် ကွဲပြားသည့်ယုံကြည်ခြင်းရှိသူအသင်းသားများကို နယ်မြေအတွက် တိုက်ခိုက်ကြရန် အုပ်ချုပ်ရေးအာဏာပိုင်များက တောင်းဆိုသည်။ သာမန်အရပ်သားများအဖို့ သူတို့၏အဓိကတာဝန်မှာ မည်သည့်နေရာ၌ ရှိမည်နည်း။ သူတို့သည် နိုင်ငံတော်ကိုယ်စားလှယ်များဟု ဆိုသူတို့နောက်သို့ လိုက်ရမည်လော၊ သို့မဟုတ် “လူအသက်ကို မသတ်နှင့်၊ . . . ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟု မိန့်တော်မူခဲ့သည့် ဘုရားသခင်ကို နာခံရမည်လော။—ရောမ ၁၃:၉။

ဤကဲ့သို့သော အခြေအနေမျိုးနှင့် သင်ဘယ်တော့မျှမကြုံတွေ့နိုင်ဟု အထင်ရှိပေမည်။ သို့သော် ကြုံတွေ့နိုင်၏။ အမှန်သော် ယခုပင် အသင်နှင့်ပတ်သက်နေနိုင်သည်။ ခြိမ်းခြောက်မှုပြုလာသောအခါ “မျက်မှောက်ခေတ်ခရစ်ယာန်များသည် ဆိုးဝါးသည့်အခြေအနေများ၌ သေရေး၊ ရှင်ရေးဆုံးဖြတ်ချက်ကို ချရမည် သို့မဟုတ် ချရန်တာဝန်ရှိပေမည်” ဟု ဘာသာရေးကိုစူးစမ်းလေ့လာသူ အော်စကာ ဂူမင်က သူ၏စာအုပ် The State in the New Testament တွင် ဖော်ပြထားသည်။ သို့သော် “ခရစ်ယာန်တစ်ဦးဖြစ် သောကြောင့် သူတွေ့ကြုံရမည့် အရေးကြီးပြဿနာတစ်ရပ်ကို ရင်ဆိုင်၊ ဖြေကြားရန် ‘သာမန်’၊ ‘နေ့စဉ်’ ဟု ခေါ်သော အခြေအနေများအောက်တွင် နေထိုင်သူ ခရစ်ယာန်များလည်းအပါအဝင် ခရစ်ယာန်တိုင်း၏ ထပ်တူထပ်မျှမှန်ကန်၍ အရေးကြီးသောတာဝန်” အကြောင်းကိုလည်း သူက ပြောဆိုထားသည်။

ထို့ကြောင့် ဘာသာရေးနှင့် နိုင်ငံတော်တို့အကြားဆက်ဆံရေးကို ခရစ်ယာန်များ စိတ်ဝင်စားသင့်သလော။ စိတ်ဝင်စားသင့်ပါသည်။ အစောပိုင်းအချိန်ကတည်းက ခရစ်ယာန်များသည် လောကီအာဏာပိုင်များနှင့်ပတ်သက်၍ မျှတသည့်အမြင်ကို ကြိုးစားမွေးမြူခဲ့ကြသည်။ သူတို့၏ခေါင်းဆောင်၊ ယေရှုခရစ်သည် ရောမနိုင်ငံ၏ တရားစီရင်ခြင်း၊ ရှုတ်ချခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကိုယ်တော့်တပည့်တော်များသည် သူတို့၏ခရစ်ယာန်တာဝန်များနှင့် ရောမအင်ပါယာအပေါ် သူတို့၏တာဝန်များကို ပြေပြစ်ရန်လုပ်ခဲ့ရသည်။ ထို့ကြောင့် အာဏာပိုင်များနှင့် သူတို့၏ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခြင်းသည် မျက်မှောက်ခေတ်ခရစ်ယာန်အတွက် လမ်းညွှန်မှုကို ပေးပေမည်။

[Picture Credit Line on page 3]

Tom Haley/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ