ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁၅ စာ. ၂၉-၃၁
  • သင်သည် ဟန်ချက်ညီသောရှေ့ဆောင် တစ်ဦးလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ဟန်ချက်ညီသောရှေ့ဆောင် တစ်ဦးလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဉ်ရေးဆက်၍ သန်မာစေနေပါ!
  • အိမ်ထောင်တာဝန်များကို ဟန်ချက်ညီစေခြင်း
  • စီးပွားရေးဆိုင်ရာဟန်ချက်
  • ဟန်ချက်ညီသောရှေ့ဆောင်များသည် ကောင်းချီးအစစ်ဖြစ်
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁၅ စာ. ၂၉-၃၁

သင်သည် ဟန်ချက်ညီသောရှေ့ဆောင် တစ်ဦးလော

သမီးငယ်၏ဆုတ်ဆိုင်းဆိုင်းခြေလှမ်းကို ဦးဆုံးလှမ်းဖို့ သမီးဖြစ်သူထံ လက်ကမ်းကာစောင့်ဆိုင်းနေချိန်ဝယ် ဖခင်ဖြစ်သူ၏မျက်လုံးများသည် ရွှန်းလဲ့တောက်ပနေသည်။ သူမလေးရုတ်တရက်လဲကျသွားသောအခါ နောက်တစ်ဖန်ပြန်ကြိုးစားဖို့ သူမကို သူအားပေးသည်။ သူမသည် မကြာမီ ဟန်ချက်ညီလာမည်ဖြစ်ပြီး ခွန်အားရှိလာမည်ကို သူသိသည်။

အလားတူစွာ ရှေ့ဆောင်ဓမ္မအမှုဆောင်သစ်တစ်ဦးသည် အချိန်ပြည့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် အောင်မြင်ဖို့လိုအပ်သည့် ဟန်ချက်ကို မရရှိမီ အချိန်နှင့် အားပေးမှုလိုအပ်ပေမည်။ ရှေ့ဆောင်များစွာသည် ဆယ်စုနှစ်နှင့်ချီ၍ ရွှင်လန်းစွာဆက်အမှုဆောင်နေကြသည်။ အချို့သူတို့မှာမူ မမျှော်လင့်ဘဲ သူတို့၏အခြေအနေများပြောင်းလဲသွားသောကြောင့် ဟန်ချက်ပျက်သွားကြသည်။ အချို့ဆိုလျှင် ရွှင်လန်းမှုမရှိတော့သည့် အထိပင်။ နိုင်ငံတစ်နိုင်ငံတွင် ရှေ့ဆောင်စလုပ်ခဲ့သူများထဲမှ ၂၀ ရာခိုင်နှုန်းသည် ဗွေဆော်ဦးလုပ်သက်နှစ်နှစ်အတွင်း ရပ်နားခဲ့ကြသည်။ ဤရွှင်လန်းမှုအရဆုံး လုပ်ငန်းတော်မှ ရှေ့ဆောင်တစ်ဦး ထွက်လိုက်နိုင်ဖွယ်ရှိသည့် အကြောင်းကား အဘယ်နည်း။ ဤအဟန့်အတားများကို ရှောင်ရန် တစ်စုံတစ်ခု လုပ်ဆောင်နိုင်စရာ ရှိသလော။

ကျန်းမာရေးချို့တဲ့မှု၊ ငွေကြေးလိုအပ်ချက်များနှင့် အိမ်ထောင်တာဝန်များသည် အချို့သူများကို အချိန်ပြည့်ဓမ္မအမှုမှ ထွက်ရန် အကြောင်းဖန်ခဲ့သော်လည်း အခြားသူများမူ ထိမိ၍လဲခြင်းကြောင့် ခရစ်ယာန်တာဝန်အမျိုးမျိုးတွင် ဟန်ချက်ကောင်းကောင်းဆက်ထားဖို့ ပျက်ကွက်ခဲ့ကြပြီ။ ဟန်ချက်ဟူသည် “အပိုင်းတစ်ပိုင်း၊ ဝတ္တုတစ်ခု၊ သို့မဟုတ် ဩဇာတစ်ခုသည် အခြားတစ်ခုထက် သာလွန်မှုမရှိခြင်း သို့တည်းမဟုတ် အခြားအရာများနှင့် အချိုးအစားမညီမညာဖြစ်မှု မရှိခြင်း” ဟူသည့်အဓိပ္ပာယ်ရှိသည်။

ယေရှုခရစ်သည် မိမိ၏တပည့်တော်များကို ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း မည်သို့မည်ပုံပြီးစီးရမည်ကို ပြသတော်မူခဲ့သည်။ ကိုယ်တော်တိုင်ဓမ္မအမှုဆောင်ရာတွင် ဟန်ချက်ကို မည်သို့ဆက်ထိန်းရမည်ကိုလည်း တင်ပြတော်မူခဲ့သည်။ ဂျူးဘာသာရေးခေါင်းဆောင်များသည် ဟန်ချက်မရှိကြောင်း ယေရှုတင်ပြကာ ဤသို့မိန့်တော်မူသည်– “ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။”—မဿဲ ၂၃:၂၃။

ဤမူသည် ယနေ့အချိန်တွင် အထူးသဖြင့် ရှေ့ဆောင်ဓမ္မအမှုနှင့် ထပ်တူထပ်မျှ ကောင်းစွာသက်ဆိုင်သည်။ အချို့သူများသည် စိတ်ထက်သန်မှုနှင့် ရည်မှန်းချက်ကောင်းတို့၏ တွန်းအားပေးမှုကြောင့် အပြည့်အဝပြင်ဆင်မှု သို့မဟုတ် သက်ဆိုင်ရာကိစ္စအဝဝကို ထည့်သွင်းစဉ်းစားမှုမရှိဘဲ ရှေ့ဆောင်လုပ်ခဲ့ကြသည်။ (လုကာ ၁၄:၂၇၊ ၂၈) အချို့သူများမူ ခရစ်ယာန်ဘာသာတရားတွင် အခြားအရေးပါသောကဏ္ဍများကို လျစ်လျူရှုခဲ့ကြသည့်အထိ လယ်ကွင်းဓမ္မအမှုတွင် ခြေစုံပစ်ပါဝင်ခဲ့ကြသည်။ သူတို့သည် ဟန်ချက်ညီညီ မည်သို့ဆက်နေနိုင်သနည်း။

ဝိညာဉ်ရေးဆက်၍ သန်မာစေနေပါ!

ယေရှုသည် မိမိ၏ဝိညာဉ်ရေးကို မည်သည့်အခါမျှ လျစ်လျူမရှုပါ။ တရားနာဖို့နှင့် ရောဂါကုသပေးဖို့ လာရောက်သောလူအုပ်က ကိုယ်တော့်အချိန်ကို ပိုမိုကုန်စေသော်လည်း ကိုယ်တော်သည် တွေးတောဆင်ခြင်ဆုတောင်းဖို့ အချိန်ယူခဲ့သည်။ (မာကု ၁:၃၅; လုကာ ၆:၁၂) ဟန်ချက်ညီသောရှေ့ဆောင်ခြင်းဖြစ်ဖို့အတွက် လူတစ်ဦးသည် ဝိညာဉ်ရေး ဆက်၍သန်မာစေသည့် ပြင်ဆင်ပေးချက်အားလုံးကို လုံလောက်စွာအသုံးချဖို့ လိုအပ်သည်။ ပေါလု ဤသို့ဆင်ခြင်တွေးဆခဲ့သည်– “သူတစ်ပါးကို ဆုံးမလျက်ပင် ကိုယ်ကိုမဆုံးမသလော။” (ရောမ ၂:၂၁) အခြားသူများအား အချိန်ပြည့်ဟောပြောနေချိန်တွင် လုံလောက်သည့် ကိုယ်ပိုင်လေ့လာမှုနှင့် မှန်မှန်ဆုတောင်းဖို့အတွက် အချိန်မပေးဘဲ လျစ်လျူရှုထားခြင်းသည် အမှားတစ်ခုဖြစ်မည်မှာ သေချာသည်။

ကူမီးကိုသည် အနှစ် ၂၀ ကြာ ရှေ့ဆောင်လုပ်လာခဲ့သည်။ သူမတွင် သားသမီး သုံးယောက်နှင့် မယုံကြည်သူလင်သားရှိသော်လည်း သူမအတွက် ကျမ်းစာဖတ်ဖို့နှင့် လေ့လာဖို့အတွက် အကောင်းဆုံးအချိန်မှာ သူမအိပ်ရာဝင်ချိန်မတိုင်မီလေးတွင်ဖြစ်ကြောင်း အတွေ့အကြုံအားဖြင့် သူမသိရှိခဲ့သည်။ သူမလေ့လာသောအခါ မိမိ၏နေ့စဉ်ဓမ္မအမှုတွင် အားသစ်လန်းပြီး စိတ်ဝင်စားဖွယ်ဆက်၍ဖြစ်စေနိုင်ရန် အထူးသဖြင့် လယ်ကွင်းဓမ္မအမှုတွင် အသုံးပြုနိုင်သည့် အချက်များကို မှတ်သားသည်။ အောင်မြင်သောအခြားရှေ့ဆောင်များမှာမူ တိတ်ဆိတ်သောနံနက်အချိန်တွင် ဝိညာဉ်ရေးအားပြန်သွင်းရန် ကျန်အိမ်သားများမထမီ အိပ်ရာထသည်။ သင်သည် အစည်းအဝေးများအတွက် ပြင်ဆင်ဖို့နှင့် နောက်ဆုံးထုတ် ခရစ်ယာန်စာပေများကို အမီလိုက်ဖတ်ရန် သင့်တော်သည့်အခြားအချိန်များကို ဖယ်ထားပေမည်။ သင်သည် ဓမ္မအမှုမှရသည့် ရွှင်လန်းမှုကို ဆက်ရှိစေလိုပါက ကိုယ်ပိုင်လေ့လာမှုသည် ပြီးစလွယ်လုပ်နိုင်သည့်အရာ သို့မဟုတ် လျစ်လျူရှုထားနိုင်သည်အရာတစ်ခုမဟုတ်ပါ။

အိမ်ထောင်တာဝန်များကို ဟန်ချက်ညီစေခြင်း

‘ယေဟောဝါအလိုတော်’ ၏ ကြီးမားသောကဏ္ဍတစ်ခုမှာ မိသားစု၏ ကာယရေး၊ စိတ္တရေးနှင့် ဝိညာဉ်ရေးလိုအပ်ချက်များကို ဂရုစိုက်ပေးခြင်းပါဝင်ကြောင်း ရှေ့ဆောင်လုပ်နေသောမိဘဖြစ်သူများ စိတ်စွဲမှတ်ထားဖို့လိုသည်။ (ဧဖက် ၅:၁၇; ၆:၁-၄; ၁ တိမောသေ ၅:၈) တစ်ခါတစ်ရံ ယုံကြည်သူအိမ်ထောင်ဖက်နှင့် အိမ်သားများပင် ဇနီးသည်နှင့် မိခင်ဖြစ်သူ ရှေ့ဆောင်စလုပ်သည့်အခါ သူမထံမှ နှစ်သိမ့်မှုနှင့် ထောက်မမှုမရမည်ကို စိုးရိမ်တတ်ကြသည်။ ဤကဲ့သို့သောခံစားချက်များက ရှေ့ဆောင်ဖြစ်လိုသည့် သူမ၏ဆန္ဒကို စိတ်ပါလက်ပါ ထောက်ခံတုံ့ပြန်မှုမရှိဘဲ ဖြစ်စေသည်။ သို့သော်၊ ကောင်းကောင်းစီစဉ်ကာ ကြိုတင်တွေးဆမှုဖြင့် ဟန်ချက်ကို ဆက်၍ထိန်းထားနိုင်သည်။

ရှေ့ဆောင်များစွာသည် အိမ်သားများ အိမ်တွင်မရှိစဉ် သူတို့၏ဟောပြောခြင်းလုပ်ငန်းအဝဝကို ကြိုးစားလုပ်ဆောင်ကြသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော ကူမီးကိုသည် နံနက်ပိုင်းတွင် အိမ်သားများနှင့်အတူနံနက်စာစားပြီး လင်သားနှင့် သားသမီးများအိမ်မှထွက်ခွာသွားသောအခါ နှုတ်ဆက်ပြီးနောက် သူပါထွက်ခဲ့ကာ သူတို့ပြန်မလာမီအိမ်ပြန်လာသည်။ သူမသည် နွမ်းလျမနေရန်နှင့် မီးဖိုချောင်တွင် အလုပ်ရှုပ်နေမည့်အစား မိသားစုနှင့်အတူ အစာစားနိုင်ရန်အတွက် တနင်္လာနေ့များကို အစာအမျိုးမျိုးကြိုတင်ချက်ထားဖို့ အသုံးပြုသည်။ ချက်ပြုတ်နေစဉ် အခြားအိမ်အလုပ်များကို လုပ်ခြင်းကဲ့သို့သော တစ်ချိန်တည်းတွင် အလုပ်တစ်ခုထက်မက လုပ်ခြင်းသည်လည်း အကူအညီဖြစ်သည်။ ဤနည်းဖြင့် ကူမီးကိုသည် သားသမီးများ၏ မိတ်ဆွေများကို ခေါ်ဖိတ်ကာ အထူးပျော်ပွဲရွှင်ပွဲများ ပြင်ဆင်ကျင်းပပေးရန်ပင် အချိန်ရခဲ့သည်။

သားသမီးသည် ဆယ်ကျော်သက်ဝင်လာသည်နှင့်အမျှ သူတို့အပေါ်လွှမ်းမိုးနေသည့် စိတ်လှုပ်ရှားမှုအသစ်၊ သဘောထားအသစ်၊ ဒွိဟပွားစရာအသစ်နှင့် စိုးရိမ်စရာအသစ်များကို ဖြေရှင်းနိုင်ရန် မိဘဖြစ်သူများထံမှ ပို၍ဂရုစိုက်ရန်လိုအပ်လေ့ရှိသည်။ ယင်းက နိုးကြားမှုနှင့် ရှေ့ဆောင်လုပ်သူမိဘ၏ အစီအစဉ်ဇယားတွင် ပြုပြင်ရန်လိုအပ်သည်။ သားသမီးသုံးယောက်ရှိသော ရှေ့ဆောင်လုပ်နေသည့် မိခင်ဖြစ်သူ ဟီစာကိုကို သုံးသပ်ကြည့်ပါ။ ကျောင်းမှ လောကသူငယ်ချင်းများ၏ လွှမ်းမိုးမှုကြောင့် အကြီးဆုံးသမီးသည် ခရစ်ယာန်အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းတို့တွင် ရွှင်လန်းမှုမရှိတော့ဘဲ စိတ်မပါကြောင်းစတင်ပြသလာသည့်အခါ သူမဘာလုပ်ခဲ့သည်။ အမှန်လိုအပ်ချက်မှာ သမ္မာတရားကို သူမကိုယ်ပိုင်ဖြစ်ရန်လုပ်ဖို့နှင့် လောကီသားများနှင့် သီးခြားနေခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်း လုံးလုံးလျားလျားယုံကြည်လာဖို့ဖြစ်သည်။—ယာကုပ် ၄:၄။

ဟီစာကို ဤသို့ဆိုသည်– “နေ့စဉ်အခြေခံအဖြစ် ထာဝစဉ်အသက်ရှင် စာအုပ်မှာပါတဲ့ အခြေခံအယူဝါဒတွေကို သူမနဲ့တစ်ခါထပ်လေ့လာဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ အစပိုင်းမှာတော့ လေ့လာမယ့်အချိန်ရောက်လာရင် ဗိုက်တအားနာတယ်၊ ခေါင်းတအားကိုက်တယ်လို့ သမီးကညည်းညူတဲ့အတွက်ကြောင့် မိနစ်အနည်းငယ်လောက်ပဲလေ့လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မှန်မှန်သင်ပေးတယ်။ လအနည်းငယ်အကြာမှာ၊ သူမရဲ့စိတ်နေစိတ်ထားဟာ အကြီးအကျယ်တိုးတက်လာတယ်။ အချိန်တိုလေးအတွင်းမှာပဲ ဆက်ကပ်အပ်နှံနှစ်ခြင်းခံဖို့ဖြစ်သွားစေတယ်။” ယခုဆိုလျှင် ဟီစာကိုသည် သမီးဖြစ်သူနှင့်အတူ အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်နေပါသည်။

ရှေ့ဆောင်လုပ်နေသော ဖခင်ဖြစ်သူများသည် ကြီးပြင်းလာနေသော မိမိ၏သားသမီးများ ရသင့်ရထိုက်သည့် ခိုင်မာသောစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုနှင့် ညွှန်ကြားချက်များကိုပေးရန် ပျက်ကွက်သည့်အထိ လယ်ကွင်းရှိစိတ်ဝင်စားသူများနှင့် မိမိတို့၏အသင်းတော်တာဝန်များကို ဂရုစိုက်လုပ်ဆောင်ရေးတွင် အလွန့်အလွန်လုံးပန်းသူဖြစ်မသွားဖို့ရန် ဂရုစိုက်ဖို့လည်းလိုသည်။ ယင်းသည် ဇနီးဖြစ်သူကို လွှဲထားပေးသင့်သည့် ကိစ္စတစ်ခုမဟုတ်ပါ။ နှစ်ရှည်လများရှေ့ဆောင်လုပ်လာခဲ့ပြီး စီးပွားရေးလုပ်ငန်းငယ်လေးကိုလည်း စီမံအုပ်ချုပ်ရသော အလုပ်ရှုပ်သည့်အကြီးအကဲတစ်ဦးသည် မိမိသားသမီးလေးယောက်ကို တစ်ဦးချင်းနှင့်သင်အံမှုပြုဖို့ အချိန်သတ်မှတ်သည်။ (ဧဖက် ၆:၄) ထို့အပြင် သူသည် မိသားစုနှင့်အတူ အပတ်စဉ်စည်းဝေးများအတွက် ပြင်ဆင်သည်။ ဟန်ချက်ညီသောရှေ့ဆောင်များသည် သူတို့မိသားစု၏ ရုပ်ပိုင်းအရကော ဝိညာဉ်ရေးအရပါ လျစ်လျူရှုမထားကြပါ။

စီးပွားရေးဆိုင်ရာဟန်ချက်

ရှေ့ဆောင်များ ဟန်ချက်ကောင်းကောင်း ဆက်ရှိဖို့ကြိုးစားသင့်သည့် နောက်ကဏ္ဍတစ်ခုမှာ နေ့စဉ်လိုအပ်ချက်များအပေါ် သင့်လျော်သောသဘောထားဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ကျွန်ုပ်တို့သည် ယေရှု၏စံနမူနာကောင်းများနှင့် ဩဝါဒမှ များစွာသင်ယူနိုင်သည်။ ရုပ်ပစ္စည်းစိုးရိမ်စရာများကို အလွန်အမင်းပူပန်မနေဖို့ ကိုယ်တော်သတိပေးတော်မူခဲ့သည်။ ယင်းအစား ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားရန် မိမိတပည့်တော်များကို အားပေးကာ ဘုရားသခင်သည် အခြားသတ္တဝါများကို ဂရုစိုက်သကဲ့သို့ သူတို့ကိုလည်းဂရုစိုက်မည်ဖြစ်ကြောင်း ကတိပေးတော်မူသည်။ (မဿဲ ၆:၂၅-၃၄) ဤသြဝါဒကောင်းကိုလိုက်နာခြင်းအားဖြင့် ရှေ့ဆောင်များစွာသည် အချိန်ပြည့်လုပ်ငန်းတော်တွင် နှစ်နှင့်ချီ၍ ဆက်မြဲနိုင်ခဲ့ကြပြီး ယေဟောဝါသည် သူတို့၏အားထုတ်လုပ်ဆောင်မှုများအတွက် ‘တစ်ရက်စာ’ ရရှိစေရန် ကောင်းချီးပေးတော်မူခဲ့သည်။—မဿဲ ၆:၁၁။

တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား ‘သူတို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေ’ ရန် ဩဝါဒပေးခဲ့သည်။ (ဖိလိပ္ပိ ၄:၅၊ ကဘ) ကျွန်ုပ်တို့၏ကျန်းမာရေးကို သင့်လျော်သလိုဂရုစိုက်ရန် အကျိုးသင့်အကြောင်းသင့်သဘောလိုအပ်မည်မှာ သေချာသည်။ ဟန်ချက်ညီသောရှေ့ဆောင်များသည် အခြားသူများက မိမိတို့၏အပြုအမူကို ဂရုစိုက်ကြည့်ရှုနေကြောင်း သိထားကာ သူတို့၏အသက်တာလမ်းစဉ်တွင်၊ ရုပ်ပစ္စည်းနှင့်ပတ်သက်သည့် သူတို့၏သဘောထားတွင် အကျိုးသင့်အကြောင်းသင့်သဘောကို တင်ပြဖို့အတတ်နိုင်ဆုံးကြိုးစားကြသည်။— ၁ ကောရိန္သု ၄:၉ နှိုင်းယှဉ်။

ရှေ့ဆောင်လုပ်ငန်းဝင်ရောက်နေသော လူငယ်မောင်မယ်များသည် မိဘများ၏ရက်ရောမှုကို အခွင့်ရေးအရမ်းမယူသင့်ပါ။ သူတို့သည် မိဘများနှင့်အတူနေလျှင် အိမ်ဗာဟီရအလုပ်များကို ဝိုင်းလုပ်ခြင်း၊ အိမ်၏လည်ပတ်မှုကုန်ကျစရိတ်ကို ထည့်ဝင်နိုင်မည့် အချိန်ပိုင်းအလုပ်ကိုလုပ်ခြင်းတို့သည် ဟန်ချက်ကောင်းကောင်းရှိကြောင်းနှင့် ယင်းတို့ကို တန်ဖိုးထားကြောင်း တင်ပြမည်ဖြစ်သည်။—၂ သက်သာလောနိတ် ၃:၁၀။

ဟန်ချက်ညီသောရှေ့ဆောင်များသည် ကောင်းချီးအစစ်ဖြစ်

သင်သည် သင့်လျော်သောဟန်ချက်ရှိရန် အပြင်းအထန်ကြိုးစားနေသော ရှေ့ဆောင်တစ်ဦးဖြစ်အံ့။ ဖြစ်နိုင်ကြောင်းစိတ်ချပါ။ ကလေးငယ်ကလေးပင် ဟန်ချက်ညီရန်နှင့် လမ်းလျှောက်ရန် ကိုယ်တိုင်သင်ယူဖို့ အချိန်ယူရသကဲ့သို့ ရင့်ကျက်သောရှေ့ဆောင်များစွာသည် မိမိတို့၏တာဝန်ရှိသမျှတွင် ဟန်ချက်ညီစေရန် အချိန်ယူခဲ့ကြရကြောင်း ပြောသည်။

ကိုယ်ပိုင်လေ့လာမှုလုပ်ခြင်း၊ အိမ်သားများအတွက် ဂရုစိုက်ပေးခြင်းနှင့် မိမိတို့ကိုယ်တိုင်၏ရုပ်ပိုင်းလိုအပ်ချက်များကို ထောက်ပံ့ခြင်းတို့သည် ဟန်ချက်ညီစေရန် ရှေ့ဆောင်များအားထုတ်လုပ်ဆောင်ရမည့် ကဏ္ဍများတွင်ပါဝင်သည်။ ရှေ့ဆောင်များစွာသည် ထူးခြားပေါ်လွင်သည့်နည်းဖြင့် သူတို့၏တာဝန်များကို ကျေပွန်ခဲ့ကြကြောင်း မှတ်တမ်းများကပြသည်။ သူတို့သည် ရပ်ကွက်အတွက် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်ပြီး ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းအတွက် ဂုဏ်တက်စရာဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ