ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁ စာ. ၅-၆
  • သခင်ဘုရား၏နာမည်ဖြင့် လျှို့ဝှက်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သခင်ဘုရား၏နာမည်ဖြင့် လျှို့ဝှက်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေးလျှို့ဝှက်ထားမှု၏ အန္တရာယ်များ
  • လျှို့ဝှက်မှု—အဘယ်ကြောင့် ဤမျှများရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မာတိကာ
    နိုးလော့!—၂၀၁၈
  • ခရစ်ယာန်များ မပြောဘဲမနေဝံ့သောလျှို့ဝှက်ချက်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • တခြားသူတွေကို ပြောပြလို့ရတဲ့ လျှို့ဝှက်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁ စာ. ၅-၆

သခင်ဘုရား၏နာမည်ဖြင့် လျှို့ဝှက်မှု

၁၉၉၅ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြေအောက်မီးရထားလမ်း၌ အဆိပ်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံးပြီး ထောင်နှင့်ချီ၍မအီမသာဖြစ်ကာ လျှို့ဝှက်ချက်တစ်ခုကိုလည်း ဖော်ထုတ်လိုက်နိုင်သည်။ အုမ်ရှင်နရီကျို (ထိပ်တန်းအမှန်တရား) အမည်ရှိ ဘာသာရေးဂိုဏ်းတစ်ဂိုဏ်းက ဆာရင်ဓာတ်ငွေ့ထုတ်လုပ်သည့် လက်နက်တိုက်တစ်ခုကို လျှို့ဝှက်စွာတည်ထောင်ထားကြကာ လျှို့ဝှက်သောရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် ယင်းကိုအသုံးပြုခြင်းဖြစ်သည်။

တစ်လအကြာ အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားမြို့ရှိ ဖယ်ဒရယ်အဆောက်အဦတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲရာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေ၍ ၁၆၇ ဦးအသက်ဆုံးရှုံးခဲ့ရသည်။ အထောက်အထားအရ ထိုတိုက်ခိုက်မှုသည် လွန်ခဲ့သောနှစ်နှစ်က တက္ကဆက်ပြည်နယ် ဝါကိုမြို့ရှိ အစိုးရနှင့်မတိုးသာမဆုတ်သာသည့်အခြေအနေတွင်ရှိနေခဲ့သော ဘရန့်ချ်ဒါဗီဒီယန်ခေါ် တစ်ယူသန်ဘာသာရေးဂိုဏ်းနှင့် တစ်နည်းတစ်ဖုံဆက်စပ်နေဟန်ရှိသည်။ ထိုအချိန်က ဂိုဏ်းဝင် ၈၀ ခန့်သေဆုံးခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုကလည်း လူအများမသိသော လျှို့ဝှက်ချက်တစ်ခုကို ပေါ်ထွက်စေသည်– ယခုအခါ အမေရိကန်ပြည်ထောင်စု၌ ပြည်သူလူထုများထဲတွင် အရန်တပ်ကဲ့သို့ဖွဲ့စည်းထားသောအုပ်စုများစွာရှိကာ၊ အနည်းဆုံး ယင်းတို့ထဲမှအချို့သည် အစိုးရဆန့်ကျင်ရေးလုပ်ငန်းကို လျှို့ဝှက်စွာကြံစည်နေကြသည်ဟု သံသယဝင်ခြင်းခံနေရသည်။

၁၉၉၅ ခုနှစ်အကုန်ပိုင်းတွင် ပြင်သစ်နိုင်ငံ၊ ဂရနိုးဘလ်မြို့အနီးရှိ သစ်တောတစ်ခုထဲတွင် မီးလောင်ကျွမ်းထားသော လူသေအလောင်း ၁၆ လောင်းကိုတွေ့ရှိခဲ့ကြသည်။ သူတို့သည် ဆိုလာဗိမာန်အဖွဲ့၏ ဂိုဏ်းဝင်များဖြစ်ကြသည်။ ထိုဂိုဏ်းသည် ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် ဆွစ်ဇလန်နိုင်ငံနှင့် ကနေဒါနိုင်ငံရှိ သတင်း၌ ယင်း၏ဂိုဏ်းဝင် ၅၃ ဦးမိမိတို့ကိုယ်ကိုသတ်သေခဲ့ကြောင်း သို့မဟုတ် အသတ်ခံခဲ့ရကြောင်းဖော်ပြခံရသည့် တစ်ယူသန်ဘာသာရေးဂိုဏ်းငယ်တစ်ခုဖြစ်သည်။ သို့သော် ဤကြေကွဲဖွယ်ရာဖြစ်ရပ် ဖြစ်ပြီးနောက်၌ပင်လျှင် ထိုဂိုဏ်းသည် ဆက်ရှိနေဆဲဖြစ်သည်။ ယင်း၏ လှုံ့ဆော်မှုနှင့် ပန်းတိုင်များကို ယနေ့ထက်တိုင် လျှို့ဝှက်ထားလျက်ရှိသည်။

ဘာသာရေးလျှို့ဝှက်ထားမှု၏ အန္တရာယ်များ

ထိုသို့သောဖြစ်ရပ်များကြောင့် ဘာသာရေးအုပ်စုများကို လူတို့သည် သံသယမျက်လုံးဖြင့် ကြည့်ရှုကြသည်မှာ အံအားသင့်စရာတစ်ခုဖြစ်ပါသလော။ မည်သူမျှ မိမိ၏ယုံကြည်ကိုးစားမှုကို အလွဲသုံးစားပြုပြီး မိမိသဘောမတူညီသည့် ပန်းတိုင်များကိုလိုက်လျှောက်စေသော—ဘာသာရေး သို့မဟုတ် ဘာသာရေးနှင့်မသက်ဆိုင်သည့်—လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ထောက်ပံ့လိုမည်မဟုတ်သည်မှာ သေချာပါသည်။ သို့သော်ငြားလည်း သံသယဖြစ်စရာအနေအထားရှိသော လျှို့ဝှက်အဖွဲ့အစည်းများနှင့်ပတ်သက်နေသည့် ထောင်ချောက်ထဲသို့ မကျရောက်စေဖို့ လူတို့ အဘယ်အရာပြုလုပ်နိုင်သနည်း။

ရှင်းနေသည်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်စုအတွင်းသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန်စဉ်းစားနေသူ မည်သူမဆို ယင်း၏စစ်မှန်သောရည်ရွယ်ချက်များကို ဂဃနဏသိထားရမည်။ မိတ်ဆွေများ သို့မဟုတ် အသိများ၏ဖိအားပေးမှုကို ချင့်ချိန်သင့်ပြီး ဆုံးဖြတ်ချက်များသည် စိတ်လှုပ်ရှားမှုကြောင့်မဟုတ်ဘဲ အကြောင်းတရားများအပေါ် အခြေခံသင့်သည်။ ဖြစ်လာမည့် မည်သည့်အကျိုးသက်ရောက်မှုမျိုးကိုမဆို အခြားသူများမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ခံစားရဖွယ်ရှိကြောင်း သတိရပါ။

မသမာသောရည်ရွယ်ချက်များရှိသည့် အန္တရာယ်ရှိသောအဖွဲ့များမှ ရှောင်ရှားဖို့ထိန်းကျောင်းပေးသည့် စိတ်အချရဆုံးသောနည်းလမ်းမှာ သမ္မာကျမ်းစာမူများကို လိုက်လျှောက်ခြင်းဖြစ်သည်။ (ဟေရှာယ ၃၀:၂၁) ယင်းတွင် နိုင်ငံရေးကြားနေခြင်း၊ သူတစ်ပါးကိုမေတ္တာပြရာတွင် ရန်သူများကိုပါပြခြင်း၊ “ဇာတိပကတိအကျင့်တို့” ကိုရှောင်ရှားပြီး ဘုရားသခင့်ဝိညာဉ်အသီးကို သီးပွင့်ခြင်းတို့ပါဝင်သည်။ ထိုထက်မက ယေရှုသည် ဤလောကနှင့်မစပ်ဆိုင်သကဲ့သို့ပင် စစ်မှန်သောခရစ်ယာန်တို့သည် မစပ်ဆိုင်ကြသောကြောင့် ဤလမ်းစဉ်က လောကရှိလျှို့ဝှက်အဖွဲ့အစည်းများတွင် ပါဝင်ခြင်းကိုဆီးတားပေးသည်။—ဂလာတိ ၅:၁၉-၂၃; ယောဟန် ၁၇:၁၄၊ ၁၆; ၁၈:၃၆; ရောမ ၁၂:၁၇-၂၁; ယာကုပ် ၄:၄။

ယေဟောဝါသက်သေများသည် မိမိတို့၏ယုံကြည်ချက်ကို အလေးအနက်ထားကာ ယင်းနှင့်လျော်ညီစွာနေထိုင်ဖို့ လူသိရှင်ကြားကြိုးစားကြသည့် စိတ်အားထက်သန်သော ကျမ်းစာကျောင်းသားများဖြစ်သည်။ ‘ငြိမ်သက်ခြင်းကို မီအောင်လိုက်သော’ ဘာသာရေးအုပ်စုတစ်ခုအဖြစ် သူတို့ကို ကမ္ဘာနှင့်ချီ၍ လူသိများကြသည်။ (၁ ပေတရု ၃:၁၁) သူတို့၏ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ အမည်ရှိစာအုပ်တွင် “ယေဟောဝါသက်သေများသည် လျှို့ဝှက်အသင်းတစ်ခုမဟုတ်ပါ။ သမ္မာကျမ်းစာပေါ်အခြေပြုသည့် သူတို့၏ယုံကြည်ချက်များကို မည်သူမဆိုရရှိနိုင်သည့် စာအုပ်စာတမ်းများတွင် အပြည့်အဝရှင်းပြထားသည်။ ထို့အပြင် သူတို့သည် မိမိတို့အဘယ်အရာကိုပြုလုပ်ကြကြောင်း လူအများကိုမြင်တွေ့ကြားနာစေရန် စည်းဝေးများကိုတက်ရောက်ဖို့ အထူးကြိုးစားအားထုတ်ဖိတ်ခေါ်ကြသည်” ဟုလျောက်ပတ်စွာရှင်းပြထားသည်။

စစ်မှန်သောဘာသာတရားသည် လျှို့ဝှက်သည့်အမှုများကို လုံးဝမပြုလုပ်ပါ။ စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူများသည် မိမိတို့မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် ယေဟောဝါသက်သေများအနေနှင့် မိမိတို့၏ရည်ရွယ်ချက်ကို မထိမ်ဝှက်ရန် ညွှန်ကြားခံရသည်။ ယေရှု၏ ကနဦးတပည့်တော်များသည် ယေရုရှလင်မြို့ကို မိမိတို့၏အယူဝါဒနှင့် ပြည့်စေခဲ့သည်။ သူတို့သည် မိမိတို့၏ ယုံကြည်ချက်များနှင့် လုပ်ဆောင်မှုကို မထိမ်မဝှက်ခဲ့ကြချေ။ ယနေ့တွင် ယေဟောဝါသက်သေများသည်လည်း အလားတူပင်ဖြစ်သည်။ ခရစ်ယာန်များသည် လူထုရှေ့ရဲစွမ်းသတ္တိရှိရှိသက်သေခံကြသောကြောင့် . . . က အကျပ်ကိုင်ကာ လွတ်လပ်စွာဝတ်ပြုမှုကို မတရားသဖြင့် တားဆီးလာသောအခြေအနေတွင် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” ၍သူတို့၏ဆောင်ရွက်မှုကို ဝီရိယရှိရှိနှင့် ရဲရင့်စွာ ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်ပါသည်။—တမန်တော် ၅:၂၇-၂၉; ၈:၁; ၁၂:၁-၁၄; မဿဲ ၁၀:၁၆၊ ၂၆၊ ၂၇။

ယေဟောဝါသက်သေများသည် တစ်ယူသန်လျှို့ဝှက်ဂိုဏ်း သို့မဟုတ် အဖွဲ့တစ်ခုဖြစ်သည်ဟူသောအတွေး သင်၌ဝင်လာပါက သင်သည် သူတို့အကြောင်းအနည်းအကျဉ်းမျှသာ သိထားသောကြောင့် ဖြစ်နိုင်သည်။ ပထမရာစုနှစ်ရှိ လူများစွာတို့၏အခြေအနေသည် ယင်းအတိုင်းပင်ဖြစ်ပေမည်။

တမန်တော် အခန်းကြီး ၂၈ က ရောမမြို့တွင် တမန်တော်ပေါလုသည် “ယုဒလူအကြီးအကဲတို့” နှင့် စုဝေးခဲ့ကြောင်း ဖော်ပြထားသည်။ သူတို့က “ဤဘာသာသည်အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍၊ သင်၏အယူဝါဒကို သင်သည်ကိုယ်တိုင်ဖော်ပြသောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါသည်” ဟု သူကိုပြောခဲ့ကြသည်။ (တမန်တော် ၂၈:၁၆-၂၂) တုံ့ပြန်သည်အနေနှင့် ပေါလုက “ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို သက်သေခံသဖြင့် . . . အချို့တို့သည် ပေါလု၏စကားကိုယုံကြ၏။” (တမန်တော် ၂၈:၂၃-၂၄) စစ်မှန်သောခရစ်ယာန်များနှင့်ပတ်သက်၍ မှန်ကန်သည့်အချက်အလက်များကိုရရှိခဲ့ခြင်းက သူတို့အတွက်မြဲမြံသောအကျိုးကို ဖြစ်စေခဲ့သည်မှာ သေချာပါသည်။

လူအများရှေ့ ပွင့်ပွင့်လင်းလင်းလုပ်ဆောင်သော ဘုရားသခင့်လုပ်ငန်းတော်၌ ယေဟောဝါသက်သေများသည် သူတို့၏ဘဝကိုနှစ်မြှုပ်ထားသည့်အတွက် မိမိတို့၏ဆောင်ရွက်မှုနှင့် ယုံကြည်ချက်သဘောတရားများ၏အမှန်တရားများကို သိလိုသူမည်သူ့ကိုမဆို ဖွင့်ဟဖော်ပြရမည်ကိုပျော်ရွှင်ကြသည်။ သူတို့၏ယုံကြည်ချက်ကို ကောင်းစွာသိရှိဖို့ သင့်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးပါလေ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများသည် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်းနှင့်အဘယ်အရာပြုလုပ်နေကြောင်းကို ဖော်ပြရန် နှစ်သက်ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ