ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁ စာ. ၂၉-၃၁
  • ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကျောင်းဆင်း ကျောင်းသားများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကျောင်းဆင်း ကျောင်းသားများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • [ခရစ်ယာန်] သာသနာပြုသစ်လွင်များအတွက်အခန့်သင့်အားပေးမှု
  • လူတွေ့မေးခြင်းများ
  • အောင်မြင်သောကျောင်းသားများမှ အောင်မြင်သော သာသနာပြုများသို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဂိလဒ်ကျောင်းဆင်းများ—“သာသနာပြုအစစ်များ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • တလိုတလားစိတ်ထားက လူတို့ကို ဂိလဒ်သို့ပို့ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “မြေကြီးစွန်းတိုင်အောင်”ခရစ်ယာန်သာသနာပြုများကို ဂိလဒ်စေလွှတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁ စာ. ၂၉-၃၁

ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကျောင်းဆင်း ကျောင်းသားများ

ပထမရာစုခရစ်ယာန်များကို တုပပြီးပြုလုပ်သည့် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကြောင့် ယေဟောဝါသက်သေများသည် ကမ္ဘာချီကျော်ကြားကြသည်။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ၁၀၂ ကြိမ်မြောက် သင်တန်းကျောင်းဆင်းပွဲအစီအစဉ်၏ နိဒါန်းတွင် ဤလုပ်ငန်းကို အထူးသတိပြုစေခဲ့ပါသည်။

၁၉၉၇၊ မတ် ၁ ရက်နေ့တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အဲလ်ဘတ်ရှရိုးဒါသည် ပြင်သစ်ဂျာနယ် လပွားန်ပါ ဆောင်းပါးတစ်ခုကို အာရုံပြုစေခဲ့သည်။ ယင်းက အီတလီနိုင်ငံတွင် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းကိုစတင် လုပ်ကိုင်ကြရန် ရိုမန်ကက်သလစ်တို့က အစီအစဉ်များရှိကြောင်း သတိပြုစေသည်။ “ယေဟောဝါသက်သေများ၏နယ်တွင် အပြိုင်အဆိုင်လုပ်ဆောင်သည့်အခါ သူတို့ [ဗက်တီကန်သာသနာပြုများ] သည်လက်ချည်းသက်သက်မဖြစ်ကြရန်၊ သတင်းကောင်းကို တစ်အိမ်မှတစ်အိမ် ‘ဝေငှခြင်း’ လုပ်ငန်းတွင် ကျွမ်းကျင်သူ [သက်သေခံ] များနှင့် သူတို့၏စေတမန်များ ယှဉ်နိုင်ဖို့ရန် မာကုခရစ်ဝင်ကျမ်းစာစောင်တစ်သန်းကို ပုံနှိပ်ထုတ်ဝေပေးသည့်အထိ ဗက်တီကင်က စီစဉ်ပေးသည်။”

ကျောင်းဆင်း ၄၈ ဦးတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပျံ့နှံ့စေရာတွင် ယေရှု၏ကျွမ်းကျင်သောနည်းလမ်းများကို တုပသူတို့တွင် အပါအဝင်ဖြစ်ကြပါသည်။ သူတို့သည် နယူးယောက်မြို့၊ ပက်တာစင်နယ်တွင်ရှိသော ကင်းမျှော်စင်ပညာပေးဌာနသို့ ရှစ်နိုင်ငံမှရောက်လာကြသူများဖြစ်ကြသည်။ သူတို့ကျောင်းတက်ချိန် ငါးလအတွင်းတွင် သမ္မာကျမ်းစာကို အစမှအဆုံး လေ့လာခဲ့ကြပါသည်။ သူတို့၏သင်ရိုးညွှန်းတမ်းတွင် ဘုရားသခင့်အဖွဲ့အစည်း၏သမိုင်း၊ သာသနာပြုလုပ်ငန်းဆိုင်ရာ လက်တွေ့ကျအကြောင်းအရာများနှင့် ဘုရားသခင့်ဝိညာဉ်အသီးသီးခြင်းအကြောင်းတို့လည်းပါဝင်သည်။ ယင်းတို့အားလုံးက ပန်းတိုင်တစ်ခုတည်းဖြစ်သော—သူတို့အားစေလွှတ်လိုက်သော နိုင်ငံ ၁၇ နိုင်ငံတွင် တိုင်းတစ်ပါး၌ [ခရစ်ယာန်] သာသနာပြုရန် အသင့်ပြင်ဆင်ပေးဖို့—ဖြစ်သည်။ သူတို့ကျောင်းဆင်းနေစဉ် အပြည်ပြည်ဆိုင်ရာပရိသတ် ၅,၀၁၅ ယောက်တို့ပါ သူတို့နှင့်အတူ ပါဝင်ရွှင်လန်းခဲ့ကြရသည်။ ထိုဂိလဒ်ကျောင်းသားများသည် အဘယ်လက်တွေ့ကျ နောက်ဆုံး ဆုံးမစကားများ ကြားနာခဲ့ကြရသနည်း။

[ခရစ်ယာန်] သာသနာပြုသစ်လွင်များအတွက်အခန့်သင့်အားပေးမှု

သဘာပတိက နိဒါန်းပျိုးပြီးနောက် အုပ်ချုပ်ရေးအဖွဲ့၏ ဝန်ထမ်းရေးရာကော်မတီကို အကူအညီပေးသူ ရာ့ဖ်ဝေါလ်သည် [ခရစ်ယာန်] သာသနာပြုသစ်လွင်များအတွက် လက်တွေ့ကျသော အကြံပေးချက်များကို ဦးဆုံးတိုတိုတုတ်တုတ်ဟောပြောပါသည်။ သူ၏အဓိကအချက်မှာ “ချစ်ခြင်းမေတ္တာရှိဖို့သတိရပါ” ဖြစ်သည်။ ဤလောကသည် တိုး၍တိုး၍ မေတ္တာခေါင်းပါးလာလိမ့်မည်ဟု သမ္မာကျမ်းစာက ၂ တိမောသေ အခန်းကြီး ၃ တွင်ကြိုတင်ဟောထားကြောင်း သူတင်ပြခဲ့သည်။ ၁ ကောရိန္သု ၁၃:၁-၇ တွင်ဖော်ပြထားသည့် ချစ်ခြင်းမေတ္တာနှင့်အညီဖြစ်သော ဤအခန့်သင့်သတိပေးချက်ကို [ခရစ်ယာန်] သာသနာပြုသစ်လွင်များအား ပြောဆိုပါသေးသည်– “သာသနာပြုများအဖြစ် သင်တို့၏နာရီကိုတာ ကျော်ပင်ကျော်ကြပေမည်။ ဂိလဒ်သင်တန်းမှ တတ်သိသွားသည့်အသိပညာ ကြွယ်ဝကြပေမည်။ သို့မဟုတ် ဌာနခွဲတွင် ကျွန်ုပ်တို့ကျရာတာဝန်ကို ဇွဲနပဲဖြင့်အချိန်ပိုလုပ်ဆောင်ပင်လုပ်ဆောင်ကြပေမည်။ သို့သော် မေတ္တာပြရန် မေ့လျော့နေမည်ဆိုလျှင် ကျွန်ုပ်တို့ကြိုးစားသမျှ၊ ကိုယ်ကျိုးစွန့်သမျှသည် အချည်းနှီးသက်သက်ဖြစ်မည်။”

“ယေဟောဝါသည် ကျွန်ုပ်တို့အား အောင်ပွဲခံခြင်းသို့ ဦးစီးနေ” ကြောင်း သုံးသပ်ခဲ့သူ အုပ်ချုပ်ရေးအဖွဲ့မှ ကယ်ရီဘာဘာသည် အစီအစဉ်တွင် ဆက်ပါဝင်ဟောပြောသည်။ ယေဟောဝါဘုရားသခင်သည် ပထမကမ္ဘာစစ်ပြီးနောက် သစ္စာရှိကျေးကျွန်များ စတင်ဖွဲ့စည်းခဲ့ကြသည့်အချိန်ကတည်းက နှိပ်စက်ညှဉ်းပန်းမှုကြား ကိုယ်တော်၏နိုင်ငံတော်သတင်းကောင်း ကြွေးကြော်ရေးအောင်ပွဲသို့ ဦးစီးဦးဆောင် ပြုလုပ်ပေးတော်မူခဲ့ပြီ။ ၁၉၃၁ ခုနှစ်တွင် ကျမ်းစာကျောင်းသားများဟု ထိုစဉ်ကအမည်တွင်ခဲ့သူများသည် ယေဟောဝါသက်သေများဟူသည့်အမည်ကို ခံယူကြသဖြင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် မခံချိမခံသာဖြစ်ခဲ့ကြသည်။ “ထိုမြင့်မြတ်သောနာမတော်ကို လူများစွာသိလာကြစေရန် ပြုလုပ်သည့် ထူးမြတ်သောလုပ်ငန်းတွင် ယခု ၁၀၂ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်း သာသနာပြုတို့ပါ အများအပြားပါဝင်နိုင်ကြပေပြီ” ဟုညီအစ်ကိုဘာဘာက ပြောပါသည်။ ဤသူတို့သည် ဂိလဒ်ကျောင်းတွင် သင်တန်းယူပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်သတင်း ဟောပြောခြင်းကို ၁၉၄၃ ခုနှစ်၌ ၅၄ နိုင်ငံမှ ယနေ့နိုင်ငံပေါင်း ၂၃၃ နိုင်ငံသို့တိုးချဲ့သွားစေရန် ကူညီပေးခဲ့သူ [ခရစ်ယာန်] သာသနာပြု ၇,၁၃၁ ယောက်တို့တွင် စာရင်းဝင်ကြလေပြီ။

ဆက်လက်ဟောပြောသူ အုပ်ချုပ်ရေးအဖွဲ့ဝင် လွိုက်ဘယ်ရီသည်လည်း ဂိလဒ်ကျောင်း၏ ၁၁ ကြိမ်မြောက် သင်တန်းမှကျောင်းဆင်းဖြစ်၍ ဂျပန်နိုင်ငံတွင် [ခရစ်ယာန်] သာသနာပြုအဖြစ် ၂၅ နှစ်ကျော်ကျော်အမှုဆောင်ခဲ့ပါသည်။ သူက အဓိကခေါင်းစဉ်ဖြစ်သည့် “တည်မြဲတည်နေလော့” ဟောပြောချက်ဖြင့် အားပေးတည်ဆောက်ခဲ့ပါသည်။ “သင်တို့သည် ခံနိုင်ရည်ရှိခြင်းမှ ပျော်ရွှင်မှု များစွာရရှိလိမ့်မည်” ဟုကျောင်းဆင်းများကိုပြောပါသည်။ သာသနာပြုလုပ်ငန်း သို့မဟုတ် မည်သည့်သီအိုကရက်တစ်တာဝန်တွင်မဆို ခံနိုင်ရည်ရှိခြင်းမှ မည်သည့်ဆုကျေးဇူးများ ရရှိကြသနည်း။ “ရှိရှိသမျှတို့ထက်ကား ကျွန်ုပ်တို့၏ခံနိုင်ရည်သည် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေသည်။ . . . စမ်းသပ်ခံရချိန်တွင် သစ္စာတည်ကြည်ခြင်းဖြင့် စိတ်ကျေနပ်မှုများစွာ ရရှိပါသည်။ . . . [ခရစ်ယာန်] သာသနာပြုလုပ်ငန်းကို သင့်ဘဝလုပ်ငန်းဖြစ်ပါစေ။ . . . သင့်ဆုကျေးဇူးကား အားတက်ဖွယ် ‘ကောင်းလေစွ’ ဖြစ်ပါလိမ့်မည်။ (မဿဲ ၂၅:၂၁; သု. ၂၇:၁၁) ညီအစ်ကိုဘယ်ရီသည် သူ၏ဟောပြောချက်နိဂုံးတွင် [ခရစ်ယာန်] သာသနာပြုသစ်လွင်များသည် သူတို့တာဝန်ကျရာလယ်ကွင်းကို သူတို့၏ဘဝဖြစ်စေကြရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြင့် “တည်မြဲတည်နေ” ကြရန်အားတက်သရော တိုက်တွန်းအားပေးခဲ့ပါသည်။—၁ တိမောသေ ၄:၁၆။

ဂိလဒ်သင်တန်း မြောက်မြားစွာတွင် သွန်သင်ပို့ချခွင့်ရခဲ့သူ ကာလ်အယ်ဒမ်စ်သည် “အဘယ်အရာတွေ့ရှိမည်နည်း” ဟူသည့်မေးခွန်းကို မေးမြန်းခဲ့သည်။ သာသနာပြုအသစ်များ တာဝန်ကျရာနေရာများတွင် တွေ့မြင်ကြရမည့်အရာသည် ပကတိမျက်စိဖြင့်သာမက ဉာဏ်မျက်စိဖြင့်လည်း မြင်ကြမည့်အရာများ ပါဝင်မည်ဖြစ်သည်။ (ဧဖက် ၁:၁၈၊ ၁၉) ယင်းကို ကတိထားရာပြည်၌ ဣသရေလသူလျှိုများ တွေ့မြင်ခဲ့ရာတို့ဖြင့် ပုံဖော်ပြခဲ့ပါသည်။ သူလျှို ၁၂ ဦးစလုံးသည် မြေမျက်နှာပြင်ဆိုင်ရာတို့ကို အတူတူတွေ့မြင်ကြရသော်လည်း ကတိထားရာပြည်ကို ဘုရားသခင့်ရှုထောင့်မှ နှစ်ဦးကသာ ကြည့်မြင်ခဲ့ပါသည်။ [ခရစ်ယာန်] သာသနာပြုများသည်လည်း နည်းအမျိုးမျိုးဖြင့် အရာရာကို ရှုမြင်နိုင်ကြ၏။ သူတို့အမှုထမ်းကြရမည့် နိုင်ငံအချို့တွင် ဆင်းရဲနွမ်းပါးမှု၊ နာကျင်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို တွေ့မြင်ကြရပေမည်။ သို့သော် အပျက်သဘောမျိုးဖြင့်တုံ့ပြန်ပြီး မစွန့်ခွာသင့်ပါ။ မကြာမီက သင်တန်းဆင်းခဲ့သူ [ခရစ်ယာန်] သာသနာပြုတစ်ဦးက “ဒီတွေ့ကြုံမှုတွေကြောင့် ကျွန်မဒီမှာပဲနေရမယ်လို့ ရိပ်မိပါတယ်။ ဒီလူတွေခမျာ အနာဂတ်မျှော်လင့်ချက် လိုအပ်နေကြတယ်။ သူတို့ဘဝမှာ ထူးခြားမှု ရရှိစေချင်တယ်” ဟုပြောဆိုခဲ့သူတစ်ဦးအကြောင်း ညီအစ်ကိုအယ်ဒမ်စ်က ပြောပြသည်။ ညီအစ်ကိုအယ်ဒမ်စ်က [ခရစ်ယာန်] သာသနာပြုသစ်လွင်များသည် သူတို့တာဝန်ကျရာတိုင်းပြည်များကို ကမ္ဘာချီပရဒိသုဖြစ်ရန် ယေဟောဝါစိတ်ဆုံးဖြတ်ထားသော နေရာများအဖြစ် တွေ့မြင်ကြပြီး ထိုတွင်ရှိသူများကို ကမ္ဘာသစ်အဖွဲ့ဝင်များဖြစ်လာရန် အလားအလာရှိသူများအဖြစ် ယူမှတ်ကြရန် အားပေး၍ နိဂုံးချုပ်ခဲ့ပါသည်။

အစီအစဉ်၏ ဤအပိုင်းတွင် နောက်ဆုံးဟောပြောချက်ကို ဂိလဒ်သင်တန်းပို့ချသူတစ်ဦးမဖြစ်မီက နှစ်ပေါင်းများစွာ [ခရစ်ယာန်] သာသနာပြုခဲ့ဖူးသူ ဝေါလေ့စ်လစ်ဗရန့်စ်က ပေးခဲ့ပါသည်။ သူ၏အဓိကအချက်မှာ “ဘုရားသခင်၏အံ့ဖွယ်အမှုများကို ထိုးထွင်းသိမြင်ခြင်းဖြင့် ဆောင်ရွက်လော့” ဖြစ်သည်။ ထိုးထွင်းသိမြင်ခြင်းဖြင့် ဆောင်ရွက်ခြင်း၌ ပညာသတိရှိမှု၊ ပါးနပ်လိမ္မာမှုနှင့် သာမန်အသိဉာဏ်ဖြင့် ပြုမူဆောင်ရွက်မှုတို့ပါဝင်သည်။ ယင်းကို ဣသရေလပြည်ဘုရင်ရှောလုသည် မပြုလုပ်ခဲ့ပါ။—၁ ဓမ္မရာဇဝင် ၁၃:၉-၁၃; ၁၅:၁-၂၂။

ထိုးထွင်းသိမြင်ခြင်းဖြင့် ဆောင်ရွက်သည့်နည်းတစ်နည်းမှာ ဘဝပုံစံအသစ်သို့ ပြုပြင်ပြောင်းလဲခြင်း၏ စိန်ခေါ်ချက်များကို လက်ခံခြင်း ပါဝင်သည်။ ထိုတွင် ဘာသာစကားအသစ်တစ်ခုကို သင်ယူပြီး လူတို့ကို သိကျွမ်းလာရန် ကြိုးစားခြင်းပါဝင်သည်။ ဘုရားသခင်ပေးအပ်သောနိုင်ငံကို ယောရှုနှင့်ကာလက်တို့ သိမ်းပိုက်ချိန်တွင် ဝိညာဉ်ရေးဘက် ခွန်အားရခဲ့ကြသကဲ့သို့ စိန်ခေါ်ချက်များကိုရင်ဆိုင်ပြီး အတားအဆီးများကို ကျော်လွှားရာတွင် [ခရစ်ယာန်]သာသနာပြုများ၏ တွေ့ကြုံမှုများသည် သူတို့အား ဝိညာဉ်ရေးအရ ခွန်အားရှိစေနိုင်သည်။

လူတွေ့မေးခြင်းများ

နောက်ပိုင်းအစီအစဉ်တွင် လူတွေ့မေးမြန်းခြင်းများပါဝင်သည်။ ဟယ်ရဲလ်ဒ်ဂျက်စင်သည် ယခုအသက် ၈၅ နှစ်ရှိသော ဂိလဒ်ကျောင်းမော်ကွန်းထိန်းနှင့် သွန်သင်ပေးသူ ယူလီစက်စ် ဂလပ်စ်ကိုခေါ်မေးပါသည်။ ယခုတိုင်လယ်ကွင်းဆင်း [ခရစ်ယာန်] သာသနာပြုများ ဖြစ်နေဆဲရှိသူတို့သည် သူ၏နှစ်ပေါင်းများစွာ သွန်သင်လေ့ကျင့်မှုကို ကောင်းစွာသတိရကြလျက်ပင်ဖြစ်သည်။ ထို့နောက် ဂိလဒ်ကျောင်းဆရာများအဝင်မဖြစ်မီ အာဖရိကတွင် တိုင်းတစ်ပါး၌ အမှုထမ်းခဲ့သူ ဂိလဒ်သွန်သင်သူ မာ့ခ်နူမားသည် ကျောင်းသားများ သင်တန်းတက်ချိန် ငါးလအတွင်း ဆောင်ရွက်ခဲ့ကြသော ဓမ္မအမှုအကြောင်း ဆွေးနွေးမေးမြန်းပါသည်။ သူတို့၏တွေ့ကြုံမှုများက ဒေသခံရပ်ကွက်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်ဝင်စားသူများရှိကြောင်း ထင်ရှားစေသည်။

ထို့နောက် ရောဘတ်စီရန်ကိုနှင့် ချားလ်စ်မော်လဟန်တို့က ၎င်းအဆောက်အအုံများတွင် ကျင်းပနေသော အခြားသင်တန်းကျောင်းတစ်ခုဖြစ်သည့် ဌာနခွဲဝန်ထမ်းများအတွက်ကျောင်းမှ အတွေ့အကြုံရင့်ကျက်သူများနှင့် စကားပြောဆိုကြပါသည်။ သင်တန်းဆင်းများအား သူတို့ပေးသည့်အကြံဉာဏ်တွင် နှိမ့်ချမှုရှိဖို့လိုအပ်ကြောင်းနှင့် အသင်းတော်စည်းလုံးဖို့ ထောက်ပံ့ကူညီပေးရန်လိုကြောင်းတို့ပါဝင်သည်။ ကျောင်းဆင်းများသည် [ခရစ်ယာန်] သာသနာပြုလုပ်ငန်းတွင်ဖြစ်ပျက်လာမည့်အမှုများကို ကြိုတင်တွေးထင်မထားသင့်ဘဲ ဖြစ်ပျက်လာသမျှကို လက်ခံယူနိုင်ကြဖို့ အသင့်ရှိမည်ဟူ၍သာစဉ်းစားထားကြရန် သူတို့အကြံပေးပါသည်။ ဤဆုံးမစကားကို လိုက်နာကျင့်သုံးခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော် သွန်သင်ပေးသူများတာဝန်ကို ဤ [ခရစ်ယာန်] သာသနာပြုသစ်လွင်များ ကျေပွန်စေရန် အမှန်ကူညီပေးပါလိမ့်မည်။

နောက်ဆုံး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ်ဂျဲရက်စ်က “မည်သူ့ကို မည်သည့်အရာက ဩဇာလွှမ်းသနည်း” အကြောင်း ပရိသတ်အား တင်ပြပြောဆိုသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်များအနေနှင့် ဝိညာဉ်အသီးသီးကြသည့်အခါ အခြားသူများအပေါ် ကောင်းသောသြဇာလွှမ်းမိုးမှုဖြစ်နိုင်ကြောင်း သူကရှင်းပြသည်။ ယေဟောဝါ၏အဖွဲ့အစည်းစေလွှတ်သော [ခရစ်ယာန်] သာသနာပြုများသည် လူတို့အပေါ် ဝိညာဉ်ရေးဘက် ကောင်းစွာသြဇာလွှမ်းမိုးကြောင်း ချီးမွမ်းဖွယ်မှတ်တမ်း တင်ခဲ့ပြီ” ဟုသူကသတိပြုစေသည်။ ထို့နောက် [ခရစ်ယာန်] သာသနာပြုတို့၏ ပုံသက်သေကောင်းများကြောင့် ဘုရားသခင့်အမှုတော်ဆောင်ဖို့ အကူအညီရရှိခဲ့သူများ၏စကားကို ကိုးကားဖော်ပြပေးပါသည်။ “ယေဟောဝါ၏လူများ ရရှိထားသည့် နာမည်ကောင်းကို သင်တို့ဆက်ထိန်းသိမ်းနိုင်ပြီး သင်တို့တာဝန်ကျရာ တိုင်းတစ်ပါးအရပ်တွင် ထိုက်တန်သူများကို ရှာဖွေရန် ဆက်တံခါးခေါက်နိုင်ကြပါစေ။ . . . ထို့ပြင် သင်တို့၏ ဖြောင့်မတ်၊ သန့်ရှင်းသောအကျင့်အကြံဖြင့် ဤလောက၏စိတ်ဓာတ်ကို ငြင်းဆန်၍ ယေဟောဝါ၏ချီးမွမ်းထောမနာပြုမှုနှင့် ဘုန်းတော်ထင်ရှားရေးအတွက် ကောင်းသောသြဇာ ဖြစ်နိုင်ကြပါစေ” ဟူ၍သူက နိဂုံးချုပ်ခဲ့သည်။

အစီအစဉ်၏အဆုံးတွင် သဘာပတိက ရပ်ဝေးရပ်နီးမှ နှုတ်ခွန်းဆက်စကားများကို တင်ပြပြောဆိုပြီး ဒီပလိုမာများအပ်နှင်းကာ [ခရစ်ယာန်] သာသနာပြုများအဖြစ် သူတို့တာဝန်ကျရာနိုင်ငံများကို ကြေညာလိုက်ပါသည်။ ထို့နောက် ကျောင်းဆင်းတစ်ဦးက သွန်သင်ပို့ချမှုတို့အတွက် ကျေးဇူးတင်စကားများကိုဖော်ပြသော သင်တန်းသားများ၏အဓိဋ္ဌာန်ပြုချက်ကို ဖတ်ပြပါသည်။ ၁၀၂ ကြိမ်မြောက်သင်တန်း၏ ကျောင်းဆင်းပွဲအစီအစဉ်သည် တက်ရောက်ကြသူအားလုံးကို ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုကြေညာခြင်းတွင် ရှေ့ချီတက်ကြရန် ပိုမိုစိတ်ထက်သန်စေကြောင်း ထင်ရှားပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ