ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၀/၁၅ စာ. ၃-၄
  • ပျော်ရွှင်မှု—ရနိုင်ခဲပါဘိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်မှု—ရနိုင်ခဲပါဘိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မပျော်ရွှင်ရခြင်း၏ အဓိကအချက်
  • မီနိုင်ခဲသည့်ပန်းတိုင်
  • ပျော်ရွှင်မှု ရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင်စေနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကျန်းမာမှုနှင့်ပျော်ရွှင်ခြင်း—သင်မည်သို့တွေ့ရှိနိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မည်သည့်နေရာတွင် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့ နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၀/၁၅ စာ. ၃-၄

ပျော်ရွှင်မှု—ရနိုင်ခဲပါဘိ

အမျက်ဒေါသ၊ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ကျခြင်းတို့သည် ကြာမြင့်စွာကတည်းက သိပ္ပံနည်းကျ စူးစမ်းလေ့လာခဲ့သည့်အရာဖြစ်သည်။ သို့သော် မကြာသေးမီနှစ်များက ယင်းလုပ်ငန်းတွင်ဦးဆောင်နေသော သိပ္ပံပညာရှင်များသည် အပြုသဘောပါ၍ နှစ်လိုဖွယ်ကောင်းသော လူ့တွေ့ကြုံမှုဖြစ်သည့် ပျော်ရွှင်မှုကို အဓိကအာရုံစိုက်၍ သုတေသနပြုခဲ့ကြပြီ။

လူတို့ပို၍ပျော်ရွှင်စေရန် မည်သည့်အရာက ပြုလုပ်ပေးနိုင်ဖွယ်ရှိသနည်း။ သူတို့သည် ပို၍ငယ်ရွယ်ရမည်လော၊ ပို၍ချမ်းသာရမည်လော၊ ပို၍ကျန်းမာရမည်လော၊ ပို၍အရပ်ရှည်ရမည်လော၊ သို့မဟုတ် ပို၍ပိန်ရမည်လော။ စစ်မှန်သောပျော်ရွှင်မှု၏ သော့ချက်ကားအဘယ်နည်း။ လူအများစုတို့မှာ ထိုမေးခွန်းကိုဖြေနိုင်ဦးတော့ ဖြေဆိုဖို့ခက်ခဲလှသည်။ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် ပျော်ရွှင်မှုရှာမတွေ့နိုင်သော အခြေအနေကို စဉ်းစားကြည့်သောအခါ လူအချို့တို့သည် ပျော်ရွှင်မှု၏သော့ချက်မဟုတ်သည့်အရာကို ဖြေဆိုရန်ပို၍လွယ်ကူကြောင်း တွေ့ရှိခဲ့ကြသည်။

ဦးဆောင်နေကြသော စိတ်ပညာရှင်များသည် ငါသာပဓာနအယူအဆကို ပျော်ရွှင်မှု၏သော့ချက်အဖြစ် အချိန်အတော်ကြာ ထောက်ခံခဲ့ကြသည်။ မိမိတို့၏လိုအပ်ရာများကို ဖြည့်ဆည်းဖို့သာ လုံးလုံးအာရုံစိုက်ဖို့ ပျော်ရွှင်မှုမရှိသောသူများကို သူတို့အားပေးကြသည်။ “ထီးတည်းနေပါ” “ကိုယ့်လိုဘကိုယ်သိပါ” နှင့် “ကိုယ့်ကိုယ်ကိုစူးစမ်းပါ” စသည့် ဆွဲဆောင်မှုရှိသောစကားများကို စိတ်ကုထုံးတွင် အသုံးပြုခဲ့ကြပြီ။ သို့တိုင် ဤစိတ်နေစိတ်ထားမျိုးကို အားပေးထောက်ခံခဲ့ကြသည့် အထူးကျွမ်းကျင်သူအချို့တို့က ယင်းသို့သော တစ်သီးပုဂ္ဂလသဘောထားသည် တည်မြဲသောပျော်ရွှင်မှုကို မရစေပါဟူသည့်အချက်ကို ယခုသဘောတူလာကြသည်။ အတ္တဆန်လွန်းခြင်းသည် နာကျင်မှုနှင့် မပျော်ရွှင်ရခြင်းကိုသာ ဧကန်ဖြစ်ပေါ်စေမည်။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် ပျော်ရွှင်မှု၏သော့ချက်မဟုတ်ပေ။

မပျော်ရွှင်ရခြင်း၏ အဓိကအချက်

အပျော်အပါးလိုက်စားခြင်းဖြင့် ပျော်ရွှင်မှုကိုရှာသူများသည် မှားယွင်းသည့်နေရာတွင် ရှာဖွေနေကြခြင်းဖြစ်သည်။ ရှေးခေတ်ဣသရေလဘုရင် ပညာရှိရှောလမုန်မင်းကြီး၏နမူနာကို သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာမှ ဒေသနာကျမ်းတွင် သူဤသို့ရှင်းပြသည်– “ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာတစ်စုံတစ်ခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၏။ ကြိုးစားခြင်းအကျိုးကိုခံရ၏။” (ဒေသနာ ၂:၁၀) ရှောလမုန်သည် သူကိုယ်တိုင်အတွက် အိမ်များကိုဆောက်လုပ်ခဲ့ပြီး စပျစ်ဥယျာဉ်များကိုစိုက်ပျိုး၍ ဥယျာဉ်ပန်းခြံများနှင့် သူကိုယ်တိုင်အတွက် ရေကန်များကိုပြုလုပ်ခဲ့သည်။ (ဒေသနာ ၂:၄-၆) တစ်ကြိမ်တွင် သူဤသို့မေးမြန်းခဲ့သည်– ‘ငါ့ထက်၊ စားသောက်၍သုခဝေဒနာခံစားသူ မည်သူရှိသနည်း။’ (ဒေသနာ ၂:၂၅၊ သမ) အကောင်းဆုံးအဆိုကျော်များ၊ ဂီတပညာရှင်များဖြင့် ဖျော်ဖြေခံရပြီး တိုင်းပြည်အတွင်းရှိ အချောလှဆုံးအမျိုးသမီးများကို မောင်းမမိဿံအဖြစ် သူပေါင်းဖော်ခဲ့သည်။—ဒေသနာ ၂:၈။

အဓိကအချက်မှာ ရှောလမုန်သည် စိတ်ပျော်ရွှင်မှုပေးသည့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်လာလျှင် ဘာတစ်ခုကိုမျှမငြင်းဆိုခဲ့ပါ။ ဘဝတွင် အပျော်အပါးကို အတော်ကျေနပ်အောင်ခံစားပြီးနောက် သူမည်သို့ကောက်ချက်ချသနည်း။ သူဤသို့ဆိုသည်– “ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာ ကောင်းသောအကျိုးတစ်စုံတစ်ခုမျှမရှိ။”—ဒေသနာ ၂:၁၁။

ပညာရှိမင်းကြီး၏ တွေ့ရှိချက်များသည် ယနေ့ထိတိုင် မှန်ကန်နေဆဲဖြစ်သည်။ ဥပမာအနေနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့ ချမ်းသာကြွယ်ဝသောနိုင်ငံကိုကြည့်ပါ။ လွန်ခဲ့သည့်အနှစ်သုံးဆယ်အတွင်း အမေရိကန်လူမျိုးတို့သည် မော်တော်ကားနှင့် ရုပ်မြင်သံကြားစသည့် ရုပ်ပစ္စည်းပိုင်ဆိုင်မှုအတိုင်းအတာမှာ နှစ်ဆနီးပါးတိုးလာသည်။ သို့တိုင် စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအဆိုအရ အမေရိကန်လူမျိုးတို့သည် ပို၍မပျော်ရွှင်လာကြချေ။ မဂ္ဂဇင်းတစ်စောင်အရ “ထိုအချိန်အတောအတွင်း စိတ်ဓာတ်ကျဆင်းသည့်နှုန်းများ မြင့်တက်လာသည်။ ဆယ်ကျော်သက်များ မိမိကိုယ်ကိုသတ်သေမှု သုံးဆတိုးလာသည်။ ကွာရှင်းမှုနှုန်းမှာ နှစ်ဆတိုးလာသည်။” မကြာသေးမီက သုတေသီများသည် ငွေနှင့်ပျော်ရွှင်မှု ဆက်စပ်ပုံနှင့်ပတ်သက်၍ နိုင်ငံပေါင်း ၅၀ ခန့်မှလူများကို လေ့လာပြီးသည့်နောက် အလားတူကောက်ချက်ချခဲ့ကြသည်။ ရိုးရိုးလေးပြောရလျှင် ပျော်ရွှင်မှုကို ဝယ်ယူ၍မရပေ။

ယင်းနှင့်ဆန့်ကျင်လျက် ချမ်းသာကြွယ်ဝရန် ကြိုးစားအားထုတ်ခြင်းသည် မပျော်ရွှင်မှု၏ အဓိကအချက်ဟုပြောနိုင်သည်။ တမန်တော်ပေါလုက ဤသို့သတိပေးခဲ့သည်– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင်ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။

ချမ်းသာကြွယ်ဝခြင်းသော်လည်းကောင်း၊ ကျန်းမာခြင်းသော်လည်းကောင်း၊ ငယ်ရွယ်နုပျိုခြင်းသော်လည်းကောင်း၊ အလှအပသော်လည်းကောင်း၊ ဩဇာအာဏာသော်လည်းကောင်း ယင်းတို့အနက် တစ်ခုထက်မကပို၍ရှိခြင်းသော်လည်းကောင်း အဓွန့်ရှည်သည့်ပျော်ရွှင်မှုကို အာမခံမည်မဟုတ်ပေ။ အဘယ့်ကြောင့်နည်း။ မကောင်းသည့်အရာမဖြစ်ဖို့ ကာကွယ်နိုင်သည့်အစွမ်း ကျွန်ုပ်တို့၌ မရှိသောကြောင့်ပင်။ ရှောလမုန်မင်းကြီးသည် လျောက်ပတ်စွာဖြင့် ဤသို့ရေးသားခဲ့သည်– “လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြုရာပိုက်ကွန်အုပ်မိသော ငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်းမိသောငှက်ကဲ့သို့လည်းကောင်း၊ လူသားတို့သည်ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။”—ဒေသနာ ၉:၁၂။

မီနိုင်ခဲသည့်ပန်းတိုင်

မည်သည့်သိပ္ပံသုတေသနကမျှ ပျော်ရွှင်မှုကိုဖြစ်စေသော လူလုပ်ပုံသေနည်း သို့မဟုတ် နည်းပညာတစ်ခုကို မဖော်ထုတ်ပေးနိုင်ပါ။ ရှောလမုန်က “တစ်ဖန် နေအောက်မှာရှိသောအမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌မျက်နှာမရတတ်၊ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်းဖြစ်တတ်သည်ကို ငါမြင်၏” ဟုလည်းပြောဆိုခဲ့သည်။—ဒေသနာ ၉:၁၁။

အထက်ပါစကားများနှင့် သဘောတူညီသူများစွာတို့က အမှန်ပျော်ရွှင်သောအသက်တာကို မျှော်လင့်ခြင်းသည် ယုတ္တိမတန်ဟု ကောက်ချက်ချကြသည်။ နာမည်ကြီးပညာပေးသူတစ်ဦးက “ပျော်ရွှင်မှုသည် စိတ်ကူးယဉ်အခြေအနေ တစ်ခုဖြစ်သည်” ဟုဖော်ပြသည်။ အခြားသူတို့ကမူ ပျော်ရွှင်မှု၏သော့ချက်မှာ အကြားအမြင်ပေါက်သူအချို့သာ ဖော်ထုတ်နိုင်စွမ်းရှိသည့် ဆန်းကြယ်သောလျှို့ဝှက်ချက်ဖြစ်သည်ဟု ယုံကြည်ကြသည်။

သို့ဖြစ်သည့်တိုင် လူတို့သည် ဘဝပုံစံအမျိုးမျိုးဖြင့် ပျော်ရွှင်မှုကိုစမ်းသပ်ရှာဖွေနေကြသည်။ ယနေ့လူများစွာတို့သည် သူတို့ထက်ရှေးကျသူများ၏ ရှုံးနိမ့်ပျက်ကွက်မှုများကို တွေ့ မြင်ရသည့်ကြားမှ မိမိတို့၏မပျော်ရွှင်မှုကိုကုစားဖို့ ချမ်းသာကြွယ်ဝမှု၊ ဩဇာအာဏာ၊ ကျန်းမာရေး သို့မဟုတ် အပျော်အပါးစသည်တို့ကို လိုက်စားကြသည်။ လူအများစုတို့က တည်မြဲသောပျော်ရွှင်မှုသည် စိတ်ကူးယဉ်ထဲမှအခြေအနေ တစ်ခုမျှသာမဟုတ်ဟု လေးလေးနက်နက်ယုံကြည်ကြသောကြောင့် ယင်းကိုဆက်လက်ရှာဖွေကြလေသည်။ ပျော်ရွှင်မှုသည် ရယူရန်ခက်ခဲသည့် အိပ်မက်တစ်ခုမဟုတ်ဟု သူတို့မျှော်လင့်ကြသည်။ သို့ဖြစ်၍ ‘ယင်းကို ကျွန်ုပ်မည်သို့ရှာတွေ့နိုင်မည်နည်း’ ဟုသင်မေးပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ