ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁ စာ. ၂၉-၃၁
  • မြည်တမ်းမှုတိုင်းမှားသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြည်တမ်းမှုတိုင်းမှားသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ကိုကိုယ်နှင့် အခြားသူများအပေါ် ဆိုးကျိုးသက်ရောက်မှုများ
  • မြည်တမ်းမှုတိုင်းကို ရှုတ်ချပြစ်တင်ထားသလော
  • ခရစ်ယာန်အသင်းတော်
  • လျောက်ပတ်သောအခွင့်အာဏာရှိသူသို့
  • ညည်းညူသူ၏အဖြစ်သည် အဘယ်ကြောင့်ပျော်ရွှင်စရာမဟုတ်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ညည်းညူတတ်တဲ့ သဘောထားကို ဘာကြောင့် ရှောင်ရမလဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ညည်းညူ“မြည်တမ်းခြင်း” မပြုကြနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ပခုံးချင်းယှဉ်၍ ဆက်လက်အမှုဆောင်နေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁ စာ. ၂၉-၃၁

မြည်တမ်းမှုတိုင်းမှားသလော

ကျွန်ုပ်တို့မမြည်တမ်းနိုင်သည့် အရာများထက် ပို၍နာကြည်းဖွယ်ကောင်းသော အဘယ်စိတ်အနှောင့်အယှက်များရှိပါမည်နည်း။—မာကီးဒီကပ်စတဲန်၊ ၁၇၉၀-၁၈၅၇။

နှစ်နှစ်တိုင် အလုပ်ဖော်တစ်ဦးထံမှ လိင်ဆိုင်ရာနှောင့်ယှက်မှုကို သူမခံခဲ့ရသည်။ သူမ၏ကန့်ကွက်မှုများက မတော်မလျော်ပြောဆိုခံရခြင်းနှင့် အဖက်မတန်ဆက်ဆံခံရမှုကို ဖြစ်စေခဲ့သည်။ မျိုသိပ်ထားရသောဖိစီးမှုကြောင့် သူမ၏ကျန်းမာရေးထိခိုက်နေသော်လည်း သူမဘာတတ်နိုင်မှာနည်း။ အလားတူ၊ အတန်းထဲတွင် အတော်ဆုံးကျောင်းသားတစ်ဦးသည် ကျောင်းကတောင်းဆိုသည့် ကိုယ်ခံပညာလေ့ကျင့်မှုတွင် ပါဝင်ရန် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်မပြုသောကြောင့် ကျောင်းထုတ်ခံခဲ့ရသည်။ သူတို့နှစ်ဦးစလုံးသည် မိမိတို့မတော်မလျော်ပြုခံကြရသည်ဟု ခံစားရသော်လည်း သူတို့မြည်တမ်းသင့်သလော။ အကယ်၍ သူတို့ပြုခဲ့လျှင် သက်သာရာရဖို့မျှော်လင့်နိုင်သလော သို့တည်းမဟုတ် အခြေအနေများ ပို၍သာဆိုးလာမည်လော။

အဆင်မပြေသောလောက၌ မစုံလင်သူများကြားတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသောကြောင့် ဤကဲ့သို့သော မြည်တမ်းမှုများနှင့် အခြားအရာများသည် ယနေ့အဆန်းမဟုတ်တော့ချေ။ မြည်တမ်းခြင်းတွင် အခြေအနေတစ်ခုခုနှင့်ပတ်သက်၍ စိတ်မကျေနပ်မှု၊ သောကဖြစ်မှု၊ နာကျင်မှု၊ သို့မဟုတ် အညှိုးသိုမှုတို့ကိုဖော်ပြခြင်းမှအစ တစ်ဦးတစ်ယောက်ကို စွဲဆိုခြင်းအထိပါဝင်သည်။ လူအများစုက မြည်တမ်းခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်လိုကြသည်; သို့တိုင်၊ အမြဲနှုတ်ဆိတ်နေရမည်လော။ သမ္မာကျမ်းစာအမြင်ကော အသို့နည်း။

ကိုယ်ကိုကိုယ်နှင့် အခြားသူများအပေါ် ဆိုးကျိုးသက်ရောက်မှုများ

စွဲမြဲသောမြည်တမ်းသည့် သဘောထားသည် ထိခိုက်စေနိုင်သည်မှာ သံသယမရှိချေ။ သမ္မာကျမ်းစာတွင် ယင်းကို ပြစ်တင်ရှုတ်ချထားသည်။ မြည်တမ်းသူကိုယ်တိုင်သည် ကာယရေးနှင့်စိတ္တရေးပါ ထိခိုက်မည့်အပြင် မြည်တမ်းခံရသူတို့ကိုလည်း စိတ်သောကဖြစ်စေလိမ့်မည်။ မြည်တမ်းတတ်သော မယားတစ်ဦး၏အကြောင်းကို နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “ရန်တွေ့တတ်သောမယားသည် မိုးသည်းစွာရွာသောနေ့၌ အစက်စက်ကျသောမိုးပေါက်နှင့်တူ၏။” (သု. ၂၇:၁၅) ယေဟောဝါ သို့မဟုတ် ကိုယ်တော်၏ပြင်ဆင်ပေးချက်များမှတစ်ခုကို မြည်တမ်းခြင်းသည် အထူးသဖြင့်အပြစ်ရှိသည်။ အနှစ် ၄၀ တော၌ခရီးရှည်နှင်ချိန်အတွင်း ဣသရေလလူမျိုးသည် အံ့ချီးဖွယ်မန္နမုန့်ကို “ပေါ့ပျက်သောစားစရာ” ဟုခေါ်၍ မြည်တမ်းခဲ့သောအခါ ယေဟောဝါသည် လေးစားမှုမရှိသောမြည်တမ်းသူများကို အပြစ်ပေးရန် အဆိပ်ပြင်းသောမြွေများစေလွှတ်လိုက်ရာ များစွာသောသူတို့သေခဲ့ကြ၏။—တောလည်ရာ ၂၁:၅၊ ၆။

ထို့အပြင် ယေရှုက လူသားချင်း၌တွေ့ရှိသော သူတို့၏ “ငြောင့်ငယ်” အပြစ်များကို မြည်တမ်းဖို့မဟုတ်ဘဲ မိမိတို့၌ရှိသည့် ကြီးမားသောအားနည်းချက် “တံကျင်” ကိုကောင်းစွာသိရှိဖို့ တပည့်တော်များအား သွန်သင်ခဲ့သည်။ (မဿဲ ၇:၁-၅) ထပ်တူသဘောမျိုးဖြင့် ပေါလုက သူတစ်ပါးကိုစီရင်ခြင်း (မြည်တမ်းပုံတစ်မျိုး) အား “သင်၌ ထုချေရန်မရှိ။ စီရင်သောသင်သည် ထိုအမှုအတိုင်းပင်ပြုကျင့်တတ်သည်ဖြစ်၍” ဟုဆိုကာ ရှုတ်ချပြစ်တင်ထား၏။ မြည်တမ်းခြင်းနှင့်ပတ်သက်၍ ဤသတိပေးချက်များသည် မလိုအပ်ဘဲအပြစ်ရှာခြင်းနှင့် မြည်တမ်းစိတ်မွေးမြူခြင်းကို ရှောင်ရှားရန် လှုံ့ဆော်ပေးသင့်သည်။—ရောမ ၂:၁၊ သမ။

မြည်တမ်းမှုတိုင်းကို ရှုတ်ချပြစ်တင်ထားသလော

သို့ဖြစ်လျှင် မြည်တမ်းမှုပုံစံအားလုံးကို ရှုတ်ချပြစ်တင်ထားသည်ဟု ကျွန်ုပ်တို့ယူဆသင့်ပါသလော။ မယူဆသင့်ပါ။ အမှန်ပင် ပြုပြင်ရန်လိုသည့် ကျွန်ုပ်တို့နေထိုင်သော ဤယိုယွင်းသည့်ကမ္ဘာတွင် မတရားမှုများစွာရှိသည်ဟု သမ္မာကျမ်းစာကဖော်ပြထားသည်။ ပုံဥပမာတစ်ခုတွင် နှိပ်စက်ကလူပြုခံရသည့် မုဆိုးမတစ်ဦးသည် ‘အစဉ်လာ၍ သူ့ကိုပင်ပန်းစေလိမ့်မည်’ ကိုစိုး၍ တရားမစီရင်ချင်ဘဲ စီရင်ပေးခဲ့ရသည့် မတရားသောတရားသူကြီးတစ်ဦးအကြောင်းကို ယေရှုဖော်ပြတော်မူခဲ့သည်။ (လုကာ ၁၈:၁-၈) တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည်လည်း အမှားများကို မပြုပြင်ပေးမချင်း မကျေနပ်ကြောင်းကို စွဲစွဲမြဲမြဲဖော်ပြနေရန် လိုကောင်းလိုပေမည်။

ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပါစေဟု ဆုတောင်းရန် ကျွန်ုပ်တို့ကို ယေရှုအားပေးတော်မူခဲ့ခြင်းက ဤလက်ရှိကမ္ဘာ၏ အားနည်းချက်များကို အသိအမှတ်ပြုဖို့နှင့် ပြုပြင်ပေးဖို့ ဘုရားသခင်အား ‘အော်ဟစ်’ တောင်းလျှောက်ဖို့ ယေရှုတိုက်တွန်းတော်မူခဲ့ခြင်းမဟုတ်ပေလော။ (မဿဲ ၆:၁၀) ရှေးသောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ ဆိုးသွမ်းမှုနှင့်စပ်လျဉ်း၍ ‘ညည်းညူအော်ဟစ်သံ’ ကိုယေဟောဝါကြားတော်မူသောအခါ “အော်ဟစ်သံအတိုင်း အမှန်ပြုမပြုကို . . . ရှုမှတ်” တော်မူရန် ကိုယ်တော်၏တမန်များကို စေလွှတ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀၊ ၂၁၊ သမ) ထိုမြို့နှစ်မြို့နှင့် ၎င်းတို့၏အကျင့်ပျက်သော မြို့သားများကို ဖျက်ဆီးပစ်ခြင်းဖြင့် အခြေအနေကိုတည့်မတ်ခဲ့ကာ ယေဟောဝါထံမြည်တမ်းခဲ့သူများ စိတ်ချမ်းသာခဲ့ရကြသည်။

ခရစ်ယာန်အသင်းတော်

ခရစ်ယာန်အသင်းတော်အတွင်း ညီအစ်ကိုများကြား ကွာခြားသင့်သလော။ မစုံလင်သောယောက်ျား၊ မိန်းမများဖြစ်လင့်ကစား ခရစ်ယာန်များသည် ငြိမ်သက်၍ စည်းလုံးစွာဖြင့် ဘုရားသခင့်အမှုတော်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေကြသည်။ သို့တိုင်၊ အနည်းနှင့်အများမြည်တမ်းစရာဖြစ်၍ ပြုပြင်စရာလိုသည့် အခြေအနေများ သူတို့ကြားတွင် ပေါ်ပေါက်လာနိုင်သည်။ ပထမရာစု၌ ပင်တေကုတ္တေပွဲပြီးနောက် မကြာခင် ဘိသိက်ခံသူများ၏အသင်းတော်တွင် အခြေအနေတစ်ရပ်ပေါ်ပေါက်ခဲ့သည်။ ဘာသာပြောင်းဝင်ခါစ ခရစ်ယာန်များစွာတို့သည် နောက်ထပ် ညွှန်ကြားချက်နှင့်အားပေးမှုရရှိဖို့အတွက် ယေရုရှလင်မြို့တွင် ဆက်လက်နေခဲ့ကြသည်။ သူတို့ရရှိသည့်အစားအစာများကို ဝေမျှစားသုံးခဲ့ကြသည်။ သို့သော်ငြားလည်း၊ “နေ့ရက်အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုးမုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။” တမန်တော်များသည် အနှောင့်အယှက်ပေးသူများအဖြစ် ထိုမြည်တမ်းသူများကို ပြစ်တင်ရှုတ်ချမည့်အစား အခြေအနေကိုပြုပြင်ရန် ဆောင်ရွက်ခဲ့ကြသည်။ မှန်ပါသည်၊ အကြောင်းခိုင်လုံသော မြည်တမ်းမှုများကို လေးစားစွာ၊ စိတ်ထားမှန်ကန်စွာဖြင့် တင်ပြလျှင် အသင်းတော်ကိုကြီးကြပ်သူများသည် နှိမ့်ချစွာနားထောင်၍ ပြုပြင်ဆောင်ရွက်ပေးပါလိမ့်မည်။—တမန်တော် ၆:၁-၆; ၁ ပေတရု ၅:၃။

လျောက်ပတ်သောအခွင့်အာဏာရှိသူသို့

မြည်တမ်းမှုများကို စိတ်ထားမှန်ဖြင့် လျောက်ပတ်သောအခွင့်အာဏာရှိသူထံ၌ ဖော်ပြသင့်ကြောင်းကို အထက်ပါနမူနာများမှ သင်သတိထားမိသလော။ ဥပမာ၊ ကောက်ခံသည့်အခွန် များခြင်းနှင့်ပတ်သက်ပြီး ရဲသားထံလည်းကောင်း၊ ကာယဖျားနာမှုနှင့်ပတ်သက်ပြီး တရားသူကြီးထံလည်းကောင်း မြည်တမ်းခြင်းက အကျိုးမရှိပါ။ ထို့နည်းတူ အကူအညီပေးဖို့ အခွင့်အာဏာ သို့မဟုတ် အစွမ်းမရှိသောသူတစ်ဦးထံ၌ အသင်းတော်၏အတွင်းရေး၊ သို့မဟုတ် ပြင်ပရေးအခြေအနေတစ်ခုခုအကြောင်း မြည်တမ်းခြင်းက သင့်တော်မည်မဟုတ်ပါ။

ယနေ့ နိုင်ငံအများ၌ အတော်အတန်သက်သာမှု ရရှိရန်မျှော်လင့်ချက်ဖြင့် အယူခံနိုင်သည့် တရားရုံးများနှင့် အခြားလျောက်ပတ်သောအာဏာပိုင်များ ရှိကြပါသည်။ ဤဆောင်းပါး၏အစ၌ဖော်ပြခဲ့သော ကျောင်းသားသည် တရားရုံးကို တိုင်ကြားပြီးနောက် တရားသူကြီးများက သူ့ကိုမျက်နှာသာပေးသော စီရင်ချက်ချခဲ့သည့်အတွက် ကျောင်းက တောင်းပန်မှုနှင့်အတူ ပြန်လည်ကျောင်းတက်ခွင့်ပြုခဲ့သည်။ အလားတူ၊ လိင်ဆိုင်ရာနှောင့်ယှက်မှုခံနေရသူ အလုပ်သမသည် အမျိုးသမီးသမဂ္ဂအဖွဲ့အားဖြင့် သက်သာမှုကိုရရှိခဲ့ပါသည်။ သူမသည် ကျောင်းဘုတ်အဖွဲ့မှ တောင်းပန်စာတစ်စောင်ရရှိခဲ့သည်။ သူမ၏အလုပ်ရှင်များက လိင်ဆိုင်ရာနှောင့်ယှက်ခြင်းကို ရပ်တန့်ရန်အရေးယူဆောင်ရွက်ပေးခဲ့သည်။

သို့သော်လည်း မြည်တမ်းမှုအားလုံးသည် အလားတူရလဒ်မျိုးရရှိလိမ့်မည်ဟု မမျှော်လင့်သင့်ချေ။ ပညာရှိဘုရင်ရှောလမုန်သည် ယုတ္တိတန်စွာဤသို့ရှုမြင်ခဲ့သည်– “ကောက်သောအရာကိုမဖြောင့်စေနိုင်။” (ဒေသနာ ၁:၁၅) ဘုရားသခင်သည် အချို့ကိစ္စများကို ကိုယ်တော်သတ်မှတ်ထားတော်မူသောအချိန်တွင် ပြုပြင်ဆောင်ရွက်ပေးလိမ့်မည်ဟု ကျွန်ုပ်တို့စောင့်မျှော်နေရန်သာရှိကြောင်းကို အသိအမှတ်ပြုရန် ကောင်းပေသည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အကြီးအကဲများသည် တရားသောမြည်တမ်းမှုများကို နားထောင်ကာ လုပ်ဆောင်ပေးကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ