ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁၅ စာ. ၃-၄
  • အဘယ်ကြောင့်ကျေးဇူးတင်သင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်ကြောင့်ကျေးဇူးတင်သင့်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေးဇူးကန်းခြင်းကို သတိပြုရှောင်ရှားပါ
  • “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”
  • ကျေးဇူးသိတတ်သောစိတ် မွေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အခွင့်အရေးကို အမိအရဆုပ်ကိုင်မလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ကျေးဇူးသိတတ်ခြင်း
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁၅ စာ. ၃-၄

အဘယ်ကြောင့်ကျေးဇူးတင်သင့်သနည်း

ကျောရိုးခွဲစိတ်မှုကြောင့် ဟာလီသည် စက်ဆရာအလုပ်မှ ရုံးစာရေးအဖြစ်သို့ ပြောင်းလိုက်ရသည်။ ထိုအပြောင်းအလဲနှင့်ပတ်သက်၍ သူမည်သို့ခံစားရကြောင်း မေးမြန်းသည့်အခါ “စက်ပြင်ဘဝကိုတော့ ကျွန်တော်သတိရတာပေါ့ဗျာ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အရင်အလုပ်ထက်စာရင် အခုလက်ရှိအလုပ်မှာ ပိုပျော်မိတယ်” ဟုဖြေခဲ့သည်။

သူကျေနပ်ရောင့်ရဲရသည့်အကြောင်းရင်းကို ဖော်ပြရာတွင် ဟာလီဤသို့ပြောပြသည်– “ကျွန်တော်နဲ့အတူအလုပ်လုပ်တဲ့သူတွေရဲ့ သဘောထားကြောင့်ဖြစ်ပါတယ်။ အခုလက်ရှိအလုပ်ကြီးကြပ်ရေးမှူးနဲ့ လုပ်ဖော်ဆောင်ဖက်တွေက အရင်အလုပ်ကလူတွေနဲ့မတူဘဲ ကျွန်တော်လုပ်တာတွေကိုကျေးဇူးတင်ကြပြီး ချီးမွမ်းဖို့လည်းအသင့်ပါပဲ။ အဲဒါက အကြီးအကျယ်ထူးခြားချက်ပဲ။” မိမိသည် အသုံးကျပြီး လိုအပ်သည်ဟုခံစားရသောကြောင့် ဟာလီသည် ယခုပျော်ရွှင်သောလုပ်သားတစ်ဦးဖြစ်သည်။

ထိုက်သင့်သောအခါ ချီးမွမ်းခြင်း သို့မဟုတ် ကျေးဇူးတင်စကားပြောခြင်းသည် အမှန်ပင်နှလုံးနွေးထွေးစရာဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ကျေးဇူးမသိတတ်ခြင်း၏ အကျိုးဆက်မှာ “တိုက်ပါ၊ တိုက်ပါ အသင် ဆောင်းလေ၊ သင်သည် လူတို့ကျေးဇူးကန်းသလောက် မရက်စက်ပါ” ဟုရှိတ်စပီးယားသတိပြုမိသည်ထက်ပင် အေးစက်စက်နိုင်လွန်းသည်။ ဝမ်းနည်းစရာမှာ အများသည် ယင်းသို့သော အကြင်နာမဲ့မှုကို ခံစားခဲ့ရသူများဖြစ်ကြသည်။

ကျေးဇူးကန်းခြင်းကို သတိပြုရှောင်ရှားပါ

ယနေ့ကမ္ဘာပေါ်တွင် စိတ်ရင်းမှန်ဖြင့်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းဖော်ပြသည့်အသုံးအနှုန်းများကို မကြားရသလောက်ပင်။ ဥပမာအနေနှင့် စာရေးဆရာတစ်ဦးက “သတို့သမီးတစ်ဦးသည် မင်္ဂလာဖိတ်စာ ၂၀၀ ကိုလိပ်စာရေးရန်အချိန်ရလျှင် လက်ဆောင်ပစ္စည်း ၁၆၃ ခုအတွက် ကျေးဇူးတင်ကြောင်းစာတိုလေးကို အဘယ်ကြောင့်မရေးနိုင်သနည်း” ဟုမေးခွန်းထုတ်ခဲ့၏။ “ကျေးဇူးတင်ပါတယ်” ဟူသော စကားရိုးရိုးလေးကိုပင် ပြောလေ့မရှိကြတော့ပါ။ ကျေးဇူးသိတတ်သောစိတ်နေရာတွင် ငါသာပဓာနသဘောထားက တိုး၍နေရာယူလျက်ရှိသည်။ ယင်းသည် နောက်ဆုံးကာလကို ခွဲခြားဖော်ပြသည့် အမှတ်အသားတစ်ခုဖြစ်သည်။ တမန်တော်ပေါလုက ဤသို့သတိပေးခဲ့၏– “နောက်ဆုံးသော နေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်ဟုသိမှတ်လော့။ လူတို့သည် ငါနှင့်ငါသာဟူသော စိတ်ထားရှိသောသူ . . . ကျေးဇူးသိတတ်သောစိတ် အလျှင်းမရှိသောသူ . . . ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁၊ ၂၊ ဖိလစ်ဘာသာပြန်။

အချို့ကိစ္စများတွင်မူ ကျေးဇူးသိတတ်သောစိတ်နေရာတွင် မြှောက်ပင့်ပြောဆိုခြင်းက အစားထိုးဝင်ရောက်လာသည်။ ကျေးဇူးတင်ကြောင်းဖော်ပြသော အသုံးအနှုန်းများသည် ကိုယ်ကျိုးမတွက်ဘဲ နှလုံးသားမှထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် စိတ်ရင်းမမှန်ဘဲ ချဲ့ကားတတ်လေ့ရှိသော မြှောက်လုံးပင့်လုံးတို့သည် မျက်နှာသာရရန် သို့မဟုတ် ကိုယ်ကျိုးတစ်စုံတစ်ရာရလိုသည့် အတွင်းကျိတ်သဘောထားမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ (ယုဒ ၁၆) ယင်းသို့ပျားသကာလို ချိုသာသည့်စကားများသည် မြှောက်ပင့်ခံရသူကို ရွှင်မြူးစေသည့်အပြင် မာန်မာနနှင့် မောက်မာခြင်းကိုဖြစ်ပေါ်စေသည်။ သို့ဖြစ်လျှင် စေတနာမမှန်သော မြှောက်ပင့်ခြင်းကို မည်သူခံလိုမည်နည်း။ သို့ရာတွင် စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ခြင်းသည် အမှန်ပင်လန်းဆန်းစေပါသည်။

ကျေးဇူးတင်ကြောင်းဖော်ပြသူသည် ယင်းသို့ပြုခြင်းမှ အကျိုးရရှိသည်။ နှလုံးသားမှလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ခြင်းကြောင့် သူရရှိသည့်စိတ်လှုပ်ရှားမှုက ပျော်ရွှင်မှုနှင့် ငြိမ်သက်မှုကိုဖြစ်ပေါ်စေသည်။ (သု. ၁၅:၁၃၊ ၁၅ နှိုင်းယှဉ်။) ထို့ပြင် ကျေးဇူးသိတတ်သောစိတ်သည် အပြုသဘောပါသော အရည်အသွေးတစ်ခုဖြစ်ခြင်းကြောင့် အမျက်ဒေါသ၊ မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော အပျက်သဘောထားများမှ ကာကွယ်ပေးပါသည်။

“ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”

ကျေးဇူးသိတတ်သောစိတ်ကို ပြုစုပျိုးထောင်ပေးရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုရှိ၏။” (၁ သက်သာလောနိတ် ၅:၁၈) ထို့ပြင် ပေါလုသည် ကောလောသဲမြို့သားများကို ဤသို့အကြံပြုခဲ့သည်– “သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးစေ။ . . . ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့။” (ကောလောသဲ ၃:၁၅) ဆာလံကျမ်းများတွင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သောစိတ်သည် ဘုရားသခင်ရေးရာမွန်မြတ်သော အကျင့်တစ်ခုဖြစ်ကြောင်းဖော်ပြသည့် ကျေးဇူးတော်ကိုချီးမွမ်းသည့်စကားများစွာပါရှိသည်။ (ဆာလံ ၂၇:၄; ၇၅:၁) နေ့စဉ်အသက်တာကိစ္စရပ်များ၌ ကျေးဇူးတင်တတ်သောစိတ်ကို ကျွန်ုပ်တို့တင်ပြကြလျှင် ယေဟောဝါဘုရားသခင်နှစ်သက်တော်မူသည်မှာ ရှင်းနေပါသည်။

သို့သော် ကျေးဇူးမသိတတ်သော ဤလောကကြီးတွင် ကျေးဇူးသိတတ်သောစိတ်ကို ပြုစုပျိုးထောင်ရန် မည်သည့်အခြေခံအကြောင်းက ကျွန်ုပ်တို့ကိုခက်ခဲစေသနည်း။ ကျေးဇူးသိတတ်သောသဘောထားကို ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာတွင် မည်သို့တင်ပြနိုင်မည်နည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါး၌ ဆွေးနွေးပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ