ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁ စာ. ၄-၆
  • ဘုရားသခင်ကို အမှန်တရားဖြင့် ကိုးကွယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို အမှန်တရားဖြင့် ကိုးကွယ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တရားကိုသိကျွမ်းခြင်းက ကြောက်ရွံ့မှုကိုပပျောက်စေ
  • အဘယ်ကြောင့်ဤမျှကွာခြားရသနည်း
  • ‘ယေဟောဝါ၌ယုံစား’ သော လူငယ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သင့်မှာ အမှန်တရားရှိတယ်ဆိုတာ ယုံသလား၊ ဘာကြောင့်လဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁ စာ. ၄-၆

ဘုရားသခင်ကို အမှန်တရားဖြင့် ကိုးကွယ်ခြင်း

ဘုရားသခင်နှစ်သက်သော ဝတ်ပြုကိုးကွယ်မှုဖြစ်ရန် အမှန်တရားပေါ်အခြေပြုရမည်။ (ယောဟန် ၄:၂၃) သမ္မာကျမ်းစာက စစ်မှန်သောဝတ်ပြုကိုးကွယ်သူများကို ‘[အမှန်] တရား၏အမှီတံကဲဖြစ်၍ [အမှန်] တရား၏တည်ရာလည်းဖြစ်သော အသက်ရှင်တော်မူသောဘုရားသခင့် အသင်းတော်’ ၏ပိုင်ဆိုင်ရာအဖြစ် ခွဲခြားသတ်မှတ်ထားသည်။ (၁ တိမောသေ ၃:၁၅) ဘုရားသခင့်အသင်းတော်တွင်ပါဝင်သူများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားကိုယုံကြည်သည်သာမက ၎င်းနှင့်အညီအသက်ရှင်နေထိုင်၍ ၎င်းကိုကာကွယ်ပြီး ကမ္ဘာတစ်ဝန်းဟောပြောကြေညာကြသည်။ —မဿဲ ၂၄:၁၄; ရောမ ၁၀:၉-၁၅။

ယေဟောဝါသက်သေများသည် ယနေ့ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် သူတို့ဆောင်ရွက်နေကြသော ကျမ်းစာပညာပေးလုပ်ငန်းကြောင့် လူသိများကြသည်။ သမ္မာကျမ်းစာကို သူတို့လေ့လာ၍ ၎င်းကို လူ့အတွေးအခေါ်များ၏ပေါ့ပျက်စေသော ဩဇာများကိုမထည့်ဘဲ အမှန်တရားအတိုင်း သွန်သင်ပေးကြသည်။ ကျမ်းစာပေါ်အခြေခံသော သူတို့၏သွန်သင်ချက်များနှင့် သင်အကျွမ်းတဝင်ရှိပါသလော။ သူတို့ကိုရှုတ်ချပြောဆိုသောစကားများကြောင့် များစွာသောသူတို့သည် ယေဟောဝါသက်သေများ၏သတင်းတရားကို နားမထောင်လိုကြပါ။ သို့ရာတွင် နှလုံးရိုးဖြောင့်သူတို့အနေဖြင့် ယေဟောဝါသက်သေများဟောပြောရာသည် အမှန်တရားဟုတ်မဟုတ် မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ကြရန် ဖိတ်ခေါ်ခံရကြသည်။ ဤမျှအရေးပါသောဆုံးဖြတ်ချက်သည် ကောလာဟလစကားပေါ် အခြေမပြုသင့်ပေ။ ယေဟောဝါသက်သေများ၏ သွန်သင်ချက်များကို ကိုယ်တိုင်စူးစမ်းစစ်ဆေးခဲ့သူများသည် အကျိုးကျေးဇူးများစွာခံစားခဲ့ကြရသည်။

အမှန်တရားကိုသိကျွမ်းခြင်းက ကြောက်ရွံ့မှုကိုပပျောက်စေ

သာဓကအနေနှင့် ယူဂျီနီယာ၏အဖြစ်ကို သုံးသပ်ကြည့်ပါလေ။ သူမသည် စည်းကမ်းတင်းကျပ်သော . . . မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့သည်။ သူမ၏ဖခင်မှာ ၁၉၇၉ တွင်မက္ကဆီကိုသို့ ပုပ်ရဟန်းမင်းလည်ပတ်လာသည့်ကိစ္စ၌ ပါဝင်စည်းရုံးခဲ့သူတစ်ဦးဖြစ်သည်။ ယူဂျီနီယာသည် မိတ်ဆွေများထံလည်ပတ်ရင်း ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ရလာသည်။ သူတို့၏ကူညီမှုဖြင့် သမ္မာကျမ်းစာတွင်ဖော်ပြသည့်အရာကို သာ၍စေ့စပ်စွာ စစ်ဆေးကြည့်လာသည်။ သူမဤသို့ပြန်ပြောင်းပြောပြခဲ့သည်– “အစမှာတော့ ကြောက်စိတ်ပေါ်လာတယ်။ ကျွန်မသမ္မာတရားတွေ့ပြီ! ဒါပေမဲ့ အဲဒါကြောင့် ကျွန်မရဲ့အရင်ယုံကြည်ချက်တွေအားလုံးနီးပါးဟာ မှားနေတာပေါ့။ ကျွန်မရဲ့မိသားစု၊ ကျွန်မရဲ့မိတ်ဆွေနဲ့ ကျွန်မချစ်တဲ့သူတွေ အားလုံးမှားနေတယ်။ ကျွန်မစိတ်အတော်ချောက်ချားလာတယ်။ ကျွန်မတွေ့သိခါစတရားအသစ်ကို ကျွန်မရဲ့မိသားစုက ဘယ်လိုများတုံ့ပြန်လာမလဲဆိုပြီး ကိုယ့်ကိုယ်ကိုပြန်ပြန်မေးနေမိတယ်။ ကြာလာတော့ ယေဟောဝါရဲ့အကူအညီနဲ့ အဲဒီစိုးရိမ်နေတဲ့ခံစားချက်ကို ကျွန်မကျင့်သားရလာတယ်။ တစ်နေ့ကျတော့ [ခရစ်ယာန်] ဓမ္မပညာပါမောက္ခတစ်ဦးဖြစ်တဲ့ မိသားစုမိတ်ဆွေတစ်ယောက်ကို ပြောပြဖို့ကျွန်မဆုံးဖြတ်လိုက်တယ်။ သမ္မာတရားကိုရှာတွေ့ချင်တဲ့ ကျွန်မရဲ့ဆန္ဒတွေအားလုံးကို ပြောပြတယ်။ ဒါနဲ့ သူက ‘သမ္မာတရားကိုမင်းသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေကိုရှာပါ’ ဆိုပြီးမှတ်ချက်ချတယ်။”

ယူဂျီနီယာစိုးရိမ်ခဲ့သည့်အတိုင်း သူမ၏မိသားစုက သူမကိုအိမ်မှနှင်ထုတ်လိုက်သည်။ သို့သော် သက်သေခံများက သူမကိုဝိညာဉ်ရေးဘက် ဆက်ကူညီပေးကြသည်။ သူမကဤသို့ထုတ်ဖော်ပြောသည်– “သမ္မာတရားဘက်ရပ်တည်ဖို့ ကျွန်မခွန်အားရလာတယ်။ တိုက်လှန်ယူဖို့ထိုက်တဲ့အရာဖြစ်တယ်ဆိုတာကို ကျွန်မသိလာတယ်။ ယေဟောဝါသက်သေတွေ ကျွန်မကိုကြိုဆိုခဲ့တာကလည်း တကယ်အရေးပါခဲ့တယ်။ ခရစ်ယာန်အသင်းတော်ထဲမှာ မေတ္တာခံစားခဲ့ရတယ်။ ဘုရားသခင့်အဖွဲ့အစည်းနဲ့ အနီးကပ်နေတာက တစ်ယောက်ထဲရပ်တည်ရမယ့် ကြောက်စိတ်ကိုကျော်လွှားနိုင်ဖို့ ကူညီပေးခဲ့တယ်။”

အခြားသာဓကတစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ စဘရီးနာသည် သမ္မာကျမ်းစာအကြောင်း မှန်မှန်ဆွေးနွေးလေ့ရှိသော မိသားစုတွင်ကြီးပြင်းလာသည်။ အမှန်ဆိုလျှင် သူတို့မှာ ‘မိသားစုဘာသာတရား’ တစ်မျိုးဖွဲ့ထားသည်။ ဘာသာတရားအမျိုးမျိုးမှလူများနှင့် သူမပေါင်းဖော်ပြီး သူတို့၏အမှားများကို ထုတ်ဖော်လေ့ရှိသည်။ ယေဟောဝါသက်သေတစ်ဦးက ကျမ်းစာလေ့လာရန် သူမကိုကမ်းလှမ်းသောအခါ သူတို့၏ယုံကြည်ချက်မှားကြောင်း ထောက်ပြဖို့ရည်ရွယ်လျက် ချက်ချင်းလက်ခံလိုက်သည်။ သူမက ဤသို့ပြန်သတိရပြောပြခဲ့သည်– “တစ်နှစ်ကျော်ကျော်လောက် လေ့လာပြီးတဲ့နောက် ‘ကျွန်မရဲ့အမှန်တရား’ ပျောက်သွားမှာကို စိုးရိမ်လာမိတယ်။ ကျွန်မပတ်သက်ခဲ့ဖူးတဲ့ ဘာသာအတော်များများရဲ့ လှည့်ဖြားမှုတွေကို ထုတ်ဖော်ပြရတာလွယ်ကူခဲ့ပေမဲ့ ဒီတစ်ခါတော့ မလွယ်လှဘူး။”

စဘရီးနာသည် စိုးရိမ်လာသောကြောင့် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခြင်းကို ရပ်စဲလိုက်သည်။ သို့သော် ထိုသို့ရပ်စဲလိုက်သောအခါ ဝိညာဉ်ရေးအရဗလာဖြစ်နေသည်ဟု သူမခံစားရသည်။ လေ့လာမှုကိုပြန်စရန် သူမဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် သဘောပေါက်ခါစ အမှန်တရားကို သူမလက်ခံလိုက်လေသည်။ စဘရီးနာသည် သူမတတ်သိလာသောတရားကို အခြားသူများအားသိရှိစေလိုစိတ်ပေါ်သည့်အထိ တိုးတက်လာသည်။ သက်သေခံတို့နှင့် တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းတွင်လိုက်ပါဖို့ သူမတောင်းဆိုခဲ့သည့်အထိပင်ဖြစ်သည်။ စဘရီးနာက ဤသို့ရှင်းပြသည်– “ယေဟောဝါသက်သေတွေနဲ့အတူဟောပြောဖို့ ခွင့်ပြုချက်မရခင်မှာ ကျွန်မကို ‘ယေဟောဝါသက်သေတစ်ယောက် တကယ်ဖြစ်ချင်သလား’ လို့မေးခဲ့ကြတယ်။ ‘မဖြစ်ချင်ဘူး!’ လို့ဖြေခဲ့တယ်။ ကျွန်မအထဲမှာ တစ်ခါပြန်ပြီးစိုးရိမ်စိတ်ပေါ်လာပြန်တယ်။” နောက်ဆုံးတွင် အစည်းအဝေးအားလုံးကို ဆက်၍တက်ရောက်ပြီးနောက် ဘုရားသခင့်လူမျိုးတော်သည် ကျမ်းစာမူများကို မည်သို့ကျင့်သုံးကြကြောင်း စဘရီးနာတွေ့မြင်လာရာ ယင်းသည်အမှန်ပင် အမှန်တရားဖြစ်ကြောင်း ကောက်ချက်ချလိုက်လေသည်။ သူမနှစ်ခြင်းယူလိုက်ပြီး ယခုဆိုလျှင် အချိန်ပြည့်ဧဝံဂေလိဟောပြောသူတစ်ဦးဖြစ်နေသည်။

အဘယ်ကြောင့်ဤမျှကွာခြားရသနည်း

တစ်ဦးတစ်ယောက်က ‘ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်က တခြားဘာသာတွေနဲ့ ဘာကြောင့်ဒီလောက်ကွာခြားရတာလဲ’ ဟုမေးပေမည်။ သက်သေခံများယုံကြည်ရာကို ခေတ္တသုံးသပ်ခြင်းက သူတို့သည် စိတ်ရင်းမှန်သောခရစ်ယာန်များ၊ စေ့စပ်သေချာစွာလေ့လာသော ကျမ်းစာကျောင်းသားများဖြစ်ကြောင်း သိလာရန်ထောက်ကူပါလိမ့်မည်။ အထက်တွင်ဖော်ပြထားသည့် သူတို့၏အခြေခံယုံကြည်ချက်များဆိုင်ရာ ကျမ်းချက်များကို သင်၏ကိုယ်ပိုင်ကျမ်းစာတွင် ဖွင့်ဖတ်ကြည့်ရန်အားပေးပါသည်။

ယေဟောဝါသက်သေများ၏ယုံကြည်ချက်များနှင့် ကျမ်းစာသွန်သင်သမျှကို သူတို့မည်သို့လိုက်နာကြကြောင်း စေ့စေ့စပ်စပ်လေ့လာကြည့်ခြင်းဖြင့် အမှန်တရားအားဖြင့်ရသည့် လွတ်လပ်မှုကောင်းချီးကို သင်ခံစားနိုင်သည်။ (ယောဟန် ၁၇:၁၇) အမှန်တရားကို ကြောက်ရွံ့စရာအကြောင်းမရှိပါ။ “[အမှန်] တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်” ဟူသော ယေရှု၏ကတိတော်ကို သတိရမှတ်ထားပါလေ။—ယောဟန် ၈:၃၂။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ယေဟောဝါသက်သေများ၏အခြေခံယုံကြည်ချက်အချို့

○ ယေဟောဝါသည် အကြီးမြတ်ဆုံးတန်ခိုးရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှေးအကျဆုံးကျမ်းစာလက်ရေးစာမူများတွင် ကိုယ်တော်၏ကိုယ်ပိုင်နာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ ကျော်တွေ့ ရှိရသည်။—ဆာလံ ၈၃:၁၈။

○ ယေရှုခရစ်သည် လူသားတို့အတွက် မိမိ၏အသက်ကိုစွန့်ရန် မြေကြီးပေါ်သို့ကြွလာသော ဘုရားသခင့်သားတော်ဖြစ်သည်။ (ယောဟန် ၃:၁၆၊ ၁၇) ယေဟောဝါသက်သေများသည် ခရစ်ဝင်ကျမ်းများတွင် တွေ့ ရှိရသည့် ယေရှုခရစ်၏သွန်သင်ချက်များကို လိုက်နာကြသည်။

○ ယေဟောဝါသက်သေများဟူသည့်အမည်မှာ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] မိန့်တော်မူသည်ကား၊ သင်တို့သည် . . . ငါ၏သက်သေ . . . ဖြစ်ကြ၏” ဟုဆိုထားသော ဟေရှာယ ၄၃:၁၀ အပေါ်အခြေပြုထားခြင်းဖြစ်သည်။”

○ “ကျွန်ုပ်တို့၏အဘ” ဆုတောင်းချက်တွင် လူတို့ဆုတောင်းကြသည့် ဘုရားသခင့်နိုင်ငံတော်မှာ မကြာမီကမ္ဘာပေါ်ရှိ ဆင်းရဲခြင်းနှင့်နာကျင်မှုရှိရှိသမျှကို ဖယ်ရှားပစ်ကာ ကျမ်းစာကတိပြုထားသည့် ပရဒိသုကိုဖြစ်ပေါ်စေမည့် ကောင်းကင်အစိုးရဖြစ်သည်။—ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၂:၄၄-၄၅; မဿဲ ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၃၊ ၄။

○ ဘုရားသခင့်အလိုတော်ကိုဆောင်သောသူတိုင်း ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို ထာဝစဉ်ခံစားရမည့်အခွင့်အရေးရှိသည်။—ယောဟန် ၁၇:၃; ၁ ယောဟန် ၂:၁၇။

○ ခရစ်ယာန်များသည် မိမိတို့၏အမူအကျင့်များကို ကျမ်းစာနှင့်ကိုက်ညီစေရမည်။ ရိုးသားရန်၊ သန့်ရှင်းရန်၊ ကိုယ်ကျင့်တရားစင်ကြယ်ရန်၊ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရန် ကြိုးစားကြရမည်။—မဿဲ ၂၂:၃၉; ယောဟန် ၁၃:၃၅; ၁ ကောရိန္သု ၆:၉၊ ၁၀။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိလူတို့ထံ ကျမ်းစာအမှန်တရားကိုဟောပြောကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ