ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁၅ စာ. ၂-၄
  • တစ်ဦးဦးသည် အမှန်ပင်ဂရုစိုက်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ဦးဦးသည် အမှန်ပင်ဂရုစိုက်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂရုစိုက်မည့်သူတစ်ဦး လိုအပ်နေ
  • ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • တစ်စုံတစ်ဦးသည် သင့်ကို အမှန်တကယ် ဂရုစိုက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘာဒဲလ်ကျမ်းစာ—ကျမ်းစာကို ကောင်းစွာနားလည်ဖို့ ခြေလှမ်းအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အမှန်ပင်ဂရုစိုက်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁၅ စာ. ၂-၄

တစ်ဦးဦးသည် အမှန်ပင်ဂရုစိုက်သလော

‘ဖိနှိပ်ခံနေရသူတို့၏မျက်ရည်’ သည်အဟုန်နှင့်စီးဆင်းသည့် ချောင်းကဲ့သို့ဖြစ်လာချေပြီ။ကမ္ဘာတစ်ဝန်း မရေမတွက်နိုင်လောက်အောင်များသော ‘ဖိနှိပ်မှုအမျိုးမျိုး’ခံရသူများ၏မျက်ရည်ဖြစ်၏။ ဖိနှိပ်ခံရသူတို့က မိမိတို့ကို‘နှစ်သိမ့်ပေးမည့်သူမရှိ’၊ မိမိတို့ကိုမည်သူမျှအမှန်တကယ်ဂရုမစိုက်ဟု ယူဆကြလေ့ရှိသည်။—ဒေ. ၄:၁။

ဤမျက်ရည်စီးကြောင်းကိုတွေ့မြင်လျက်ပင် အချို့တို့မှာ လူသားချင်းတို့ဆင်းရဲမှုခံနေရခြင်းအပေါ် မည်သို့မျှမခံစားကြရချေ။ သူတို့သည် ယေရှု၏ပုံဥပမာထဲတွင် ရိုက်နှက်၍ဓားပြတိုက်ခံရပြီးနောက် လမ်းဘေးတွင်မသေမရှင်ပစ်ထားခြင်းခံရသော လူတစ်ဦးအား ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ပြုသကဲ့သို့ သူတစ်ပါး၏နာကျင်မှုကို လျစ်လျူရှုကြ၏။ (လုကာ ၁၀:၃၀-၃၂) မိမိတို့နှင့် မိမိတို့၏မိသားစုများ အဆင်ပြေနေသ၍ အခြားသူများကို သူတို့အရေးမစိုက်ကြချေ။ တစ်နည်းအားဖြင့် သူတို့က “ဂရုစိုက်စရာမလိုပါဘူး” ဟုဆိုကြသည်။

၎င်းကို ကျွန်ုပ်တို့မအံ့သြသင့်ပါ။ တမန်တော်ပေါလုက ‘နောက်ဆုံးသောကာလ’ ၌လူအများသည် ‘ပင်ကိုချစ်ခင်စုံမက်ခြင်း’ ကင်းကြမည်ဟု ကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၁၊ ၃) တိုးများလာသည့် ဂရုမစိုက်တတ်သည့်သဘောထားများကို တွေ့မြင်သူတစ်ဦးက ဝမ်းနည်းစွာ ဤသို့ဆိုခဲ့သည်။ “ဂရုစိုက် ဝေမျှခြင်းဟူသော ရှေးအိုင်းရစ်အတွေးအခေါ်နှင့် ထုံးတမ်းစဉ်လာအစား ကိုယ့်အတွက်ကြံဖန်ပြုလုပ် ရအောင်ယူဟူသော မူသစ်ကိုတွေ့နေရသည်။” ကမ္ဘာတစ်ဝန်းတွင် လူတို့သည် အခြားသူတို့၏ဆိုးဝါးသောအခြေအနေကို လုံးဝထည့်မစဉ်းစားသလောက် မိမိတို့အတွက်သာကြံဖန်ပြုလုပ်၊ ရအောင်ယူနေကြသည်။

ဂရုစိုက်မည့်သူတစ်ဦး လိုအပ်နေ

ဂရုစိုက်မည့်သူတစ်ဦး အမှန်ပင်လိုအပ်နေသည်။ ဥပမာ၊ “ခရစ္စမတ်တွင် သေဆုံးခဲ့ပြီး ငါးနှစ်အကြာမှ—သူ၏ရုပ်မြင်သံကြားစက်ရှေ့ထိုင်လျက်သားတွေ့ရှိ” ရသည့် ဂျာမနီမှအထီးကျန်သူတစ်ဦး၏ အဖြစ်ကိုစဉ်းစားကြည့်ပါ။ ဝမ်းနည်းဖွယ်ဘဝတွေ့ကြုံမှုများကြောင့် စိတ်နာကြည်းလျက်ရှိသည့် ဤ “ကွာရှင်းထားသော၊ မသန်မစွမ်းသည့်အထီးကျန်သမား” ပျောက်နေကြောင်းကို သူ၏အိမ်ငှားခအားပေးချေသော ဘဏ်စာရင်းငွေကုန်သွားချိန်မှ သိကြတော့သည်။ သူ့ကိုဂရုစိုက်သူ မည်သူမျှမရှိခဲ့ချေ။

ဩဇာကြီးမားသော၊ လောဘကြီးသူ အရှင်သခင်များ၏နှိပ်စက်မှုကိုခံကြရသော အကူအညီမဲ့သူများကိုလည်း စဉ်းစားကြည့်ပါ။ ဒေသတစ်ခုတွင် လူပေါင်း ၂၀၀,၀၀၀ ခန့် (လူဦးရေလေးပုံတစ်ပုံ) သည် သူတို့၏မြေ အဓမ္မသိမ်းပိုက်ခံရပြီးနောက် “ဖိနှိပ်ချုပ်ချယ်မှုနှင့် အငတ်ဘေးကြောင့် သေဆုံးခဲ့ကြသည်။” သို့မဟုတ် မယုံနိုင်စရာကောင်းလောက်အောင် ရက်စက်စွာပြုမူခံခဲ့ရသည့် [နိုင်ငံတစ်ခုမှ] ကလေးငယ်များကို စဉ်းစားကြည့်ပါ။ မှတ်တမ်းတစ်ခုကဤသို့ဆိုသည်– “ရဝမ်ဒါတွင် ရက်စက်ယုတ်မာမှုအမျိုးမျိုး—တစ်ခါတစ်ရံ အခြားမြီးကောင်ပေါက်များ ကျူးလွန်ကြသည့် သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဗလက္ကာရပြုကျင့်ခြင်း—ကို ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ကလေးရာခိုင်နှုန်းမှာ ထိတ်လန့်စရာပင်။” ယင်းသို့သောမတရားမှုများကိုခံရသူက မျက်ရည်စက်လက်ဖြင့် “ကျွန်တော့်ကိုတကယ်အရေးစိုက်သူ တစ်ယောက်ယောက်ရှိရဲ့လား” ဟုမေးရခြင်းကို သင်နားလည်နိုင်သည်။

ကုလသမဂ္ဂမှတ်တမ်းတစ်ခုအရ ဖွံ့ဖြိုးဆဲနိုင်ငံရှိ လူဦးရေ ၁.၃ ဘီလီယံမှာ တစ်ရက်လျှင် ယူ.အက်စ်. တစ်ဒေါ်လာပင်မရှိသည့်ငွေဖြင့် အသက်ဆက်နေရကြသည်။ တစ်ဦးဦးကဂရုစိုက်ရဲ့လားဟု သူတို့တွေးတောရမည်ဖြစ်သည်။ သည်အိုင်းရစ်တိုင်းမ်စ်မှ မှတ်တမ်းတစ်ခုက ထောင်ပေါင်းများစွာသောဒုက္ခသည်များမှာ “စုတ်ချာသည့်စခန်းများ သို့မဟုတ် ဖော်ရွေမှုမရှိသောနိုင်ငံ၌နေထိုင်မည်လော၊ သို့မဟုတ် စစ်၊ လူမျိုးစုခွဲခြားမှုတို့ကြောင့် ပြိုကွဲ [သို့မဟုတ် ဖရိုဖရဲဖြစ်] ဆဲဖြစ်သည့် အမိနိုင်ငံသို့ပြန်ရမည်လောဟု ရွေးချယ်ရာတွင် အခက်တွေ့ရကြသည်” ဟုဆို၏။ ထိုမှတ်တမ်းက ဤစိတ်ပျက်ဖွယ်ဖြစ်ရိုးဖြစ်စဉ်ကို ဖော်ပြထားသည်– “မျက်စိကိုပိတ်၊ သုံးအထိရေတွက်ကြည့်၊ ကလေးတစ်ဦးသေသွားပြီ။ ၎င်းသည် အာဟာရဓာတ်မပြည့်ခြင်း၊ သို့မဟုတ် တားဆီး၍ရနိုင်သည့်ရောဂါကြောင့် ယနေ့သေဆုံးမည့်ကလေး ၃၅,၀၀၀ မှတစ်ယောက်ဖြစ်သည်။” များစွာသောသူတို့စိတ်ပျက်၊ နာကြည်းစွာ ညည်းတွားအော်ဟစ်ကြခြင်းမှာ အံ့ဩစရာမဟုတ်ပါလေ!—ယောဘ ၇:၁၁ နှိုင်းယှဉ်။

ဤအတိုင်းဖြစ်ရန် ရည်ရွယ်ထားသလော။ အမှန်ဂရုစိုက်ရုံမက လူတို့တွေ့ကြုံရကြသော ဆင်းရဲခြင်းများကိုရပ်တန့်စေ၍ နာကျင်မှုမှန်သမျှကိုကုသပေးရန် တန်ခိုးရှိသူတစ်ဦး တကယ်ပင်ရှိသလော။

[Picture Credit Line on page 2]

Cover and page 32: Reuters/​Nikola Solic/​Archive Photos

[Picture Credit Line on page 3]

A. Boulat/​Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ