ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၂/၁ စာ. ၅-၈
  • အပေါကလစ်–ကြောက်ရွံ့ရန်လော၊မျှော်လင့်ရန်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပေါကလစ်–ကြောက်ရွံ့ရန်လော၊မျှော်လင့်ရန်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစောပိုင်းချာ့ချ်နှင့် အပေါကလစ်
  • အပေါကလစ်မျှော်လင့်ချက်အပယ်ခံခဲ့ရသည့်အကြောင်း
  • “ချာ့ချ်သည်ယင်း၏မျှော်လင့်ချက်သတင်းပျောက်ဆုံးခဲ့”
  • ထူးမြတ်လှသောအပေါကလစ်မျှော်လင့်ချက် ရှင်သန်ဆဲ!
  • အပေါကလစ်ကြောက်စိတ်အဘယ်ကြောင့်ရှိရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဒီလောက အဆုံးတိုင်တော့မလား။ ကမ္ဘာပျက်ကပ်ဆိုတာ ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အပေါကလစ်မှ‘ဝမ်းမြောက်ဖွယ်သတင်းများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဗျာဒိတ်ကျမ်း—၎င်း၏ပျော်ရွှင်ဖွယ်အထွတ်အထိပ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၂/၁ စာ. ၅-၈

အပေါကလစ်–ကြောက်ရွံ့ရန်လော၊မျှော်လင့်ရန်လော

“ယနေ့ အပေါကလစ်သည် သမ္မာကျမ်းစာ၏ဖော်ပြချက်တစ်ခုမျှသာမဟုတ်တော့ဘဲအမှန်ဖြစ်ပျက်နိုင်စရာ ဖြစ်လာလေပြီ။”

—ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဟာဗီရာ ပဲရက်စ်ဒီကွေးလျား။

ကမ္ဘာ့ခေါင်းဆောင်တစ်ဦးက “အပေါကလစ်” ဟူသောစကားလုံးကို ထိုသို့အသုံးပြုခြင်းသည် ရုပ်ရှင်၊ စာအုပ်များ၊ မဂ္ဂဇင်းဆောင်းပါးများနှင့် သတင်းစာများတွင် အသုံးပြုထားသည့် ယင်းကို လူအများစုနားလည်သဘောပေါက်ပုံကို ပေါ်လွင်စေသည်။ ယင်းက အာကာသမှကပ်ဆိုးကြီးဆိုက်သော အဆင်းအာရုံများကို မြင်ယောင်စေသည်။ သို့သော် “အပေါကလစ်” ဟူသောစကားလုံးသည် စင်စစ်အားဖြင့် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ထို့ထက်ပိုအရေးကြီးသည်မှာ အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းဟုအမည်တွင်သော သမ္မာကျမ်းစာစောင်၌ပါဝင်သည့် သတင်းကား အဘယ်နည်း။

“အပေါကလစ်” ဟူသောစကားလုံးသည် “လှစ်ဟခြင်း” သို့မဟုတ် “ဖော်ထုတ်ခြင်း” ဟူ၍အဓိပ္ပာယ်ရသော ဂရိဝေါဟာရတစ်ခုမှဆင်းသက်လာသည်။ ဗျာဒိတ်ကျမ်းတွင် အဘယ်အရာကို ဖော်ထုတ် သို့မဟုတ် ဖော်ပြခဲ့သနည်း။ ယင်းသည် ကပ်ကျော်မည့်သူမရှိသည့် ပျက်စီးခြင်း၏ရှေ့ပြေး၊ ပျက်စီးခြင်းသတင်းသက်သက်လော။ အပေါကလစ်ကို မည်သို့ယူဆကြောင်း အင်စတီကျု ဒီ ဖရဲန့် အဖွဲ့ဝင် သမိုင်းဆရာ ယန်း ဒီလျူမိုကိုမေးမြန်းခဲ့ရာ ဤသို့ဆိုခဲ့သည်– “နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ လူတို့သည် ယင်း၏ ကပ်ဘေးနှင့်ပတ်သက်သောအကြောင်းများကို အာရုံစိုက်ခြင်းဖြင့် ထိုတွင်ပါဝင်သောအကြောင်းအရာများကို ပြဇာတ်ဆန်ဆန်ဖြစ်စေခဲ့ကြသည်။”

အစောပိုင်းချာ့ချ်နှင့် အပေါကလစ်

အပေါကလစ်နှင့် မြေကြီးပေါ်ခရစ်တော် အနှစ်တစ်ထောင်အုပ်စိုးချိန်နှင့်ပတ်သက်သော မျှော်လင့်ချက်ကို အစောပိုင်း “ခရစ်ယာန်များ” မည်သို့ယူမှတ်ခဲ့ကြသနည်း။ ထိုသမိုင်းဆရာက ဤသို့ဖော်ပြခဲ့သည်– “ပထမရာစုနှစ်အနည်းငယ်ရှိ ခရစ်ယာန်များကို ခြုံ၍ကြည့်သော် အနှစ်တစ်ထောင်ယုံကြည်မှုကို လက်ခံခဲ့ကြသည်။ . . . အနှစ်တစ်ထောင်အုပ်စိုးချိန်ကိုယုံကြည်ခဲ့သည့် အစောပိုင်းရာစုများမှ ခရစ်ယာန်များတွင် အာရှမိုင်းနားမှ ဟိုင်အရာပေါလိမြို့နေ ဘိရှော့ပေပီယပ်စ်၊ . . . ၁၆၅ ခန့်က ရောမမြို့၌ အာဇာနည်အဖြစ်ခံရပ်ခဲ့သူ ပါလက်စတိုင်းပြည်ဖွား စိန့် ဂျပ်စတင်၊ ၂၀၂ တွင် ကွယ်လွန်ခဲ့သူ လိုင်ယွန်ဘိရှော့ စိန့်အိုင်ရီနီယပ်စ်၊ ၂၂၂ တွင်ကွယ်လွန်ခဲ့သူ တာတူလျံနှင့် . . . စာရေးဆရာကြီး လက်တဲန်တီးယပ်စ်တို့သည် အထင်ကရဖြစ်ခဲ့ကြသည်။”

စီ.အီး. ၁၆၁ သို့မဟုတ် ၁၆၅ ၌ပါဂမမ်တွင် အာဇာနည်အဖြစ်ခံရပ်ခဲ့သော ပေပီယပ်စ်နှင့်စပ်လျဉ်း၍ ကက်သလစ်စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “စိန့်ယောဟန်၏ တပည့်ဖြစ်သူ ဟိုင်အရာပေါလိမြို့၏ ဘိရှော့ပေပီယပ်စ်သည် အနှစ်တစ်ထောင်အယူကို ထောက်ခံသူတစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ သူ၏အယူဝါဒကို သူသည် တမန်တော်များနှင့်တစ်ခေတ်တည်းသားဖြစ်သူများထံမှ ဆက်ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုခဲ့ပြီး တပည့်တော်ယောဟန်ကို သိမြင်ကြားနာခဲ့ဖူးသော အခြား ‘ပရက်စ်ဘေတီရီ’ တို့သည် သူ့ထံမှ အနှစ်တစ်ထောင်အုပ်စိုးခြင်းယုံကြည်ချက်ကို သခင်၏အယူဝါဒတစ်ခုအဖြစ် သင်ယူခဲ့ကြကြောင်း အိုင်ရီနီယပ်စ်က ပြန်ပြောပြသည်။ ယူစီဘီးယပ်စ်၏အဆိုအရ . . . ပေပီယပ်စ်သည် သူ၏စာအုပ်တွင် လူသေများ ရှင်ပြန်ထမြောက်လာပြီးနောက် ခရစ်တော်၏ဘုန်းထွန်းတောက်သော မြေကြီးဆိုင်ရာ မျက်မြင်ရနိုင်ငံတော်၏ အနှစ်တစ်ထောင်အုပ်စိုးမှုလိုက်ပါလာမည်ဟု အခိုင်အမာဆိုထားသည်။”

၎င်းက အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းသည် အစောပိုင်းယုံကြည်သူများအပေါ် အကျိုးသက်ရောက်မှုအကြောင်း အဘယ်အရာကိုဖော်ပြသနည်း။ ယင်းက ကြောက်လန့်စေခဲ့သလော၊ မျှော်လင့်ချက်ပေးခဲ့သလော။ စိတ်ဝင်စားစရာမှာ သမိုင်းဆရာများသည် ရှေးကျသောခရစ်ယာန်များကို ဂရိစကားလုံး ခီလီအအဲတဲ (အနှစ်တစ်ထောင်) မှဆင်းသက်လာသည့် အနှစ်တစ်ထောင်သမားများဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မှန်ပါသည်၊ ၎င်းတို့အများစုသည် မြေကြီးကိုပရဒိသုဖြစ်စေမည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုကို ယုံကြည်သူများအဖြစ် လူသိများခဲ့ကြသည်။ သမ္မာကျမ်းစာတွင် အနှစ်တစ်ထောင်မျှော်လင့်ချက်အကြောင်းကို အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်း၌သာ သတ်သတ်မှတ်မှတ်ဖော်ပြထား၏။ (ဗျာဒိတ် ၂၀:၁-၇) ထို့ကြောင့် ယုံကြည်သူများကို ကြောက်လန့်စေဖို့ဝေးစွ၊ အပေါကလစ်သည် ထူးမြတ်လှသောမျှော်လင့်ချက်ကိုပေးသည်။ မိမိ၏ အစောပိုင်းချာ့ချ်နှင့်လောက ဟူသောစာအုပ်တွင် ချာ့ချ်သမိုင်းဆိုင်ရာ အောက်စ်ဖို့ဒ်ပါမောက္ခ စဲစီလ် ကာဒုစ်က ဤသို့ရေးသည်– “အနှစ်တစ်ထောင်ယူဆချက်များကို နောက်ဆုံးတွင် ငြင်းပယ်ခဲ့ကြသော်လည်း ချာ့ချ်တွင်အတန်ကြာ ကျယ်ပြန့်စွာလက်ခံခဲ့ကြပြီး အလွန်လေးစားခံရသည့် အာဘော်ရှင်အချို့က ယင်းကိုသွန်သင်ပေးခဲ့သည်။”

အပေါကလစ်မျှော်လင့်ချက်အပယ်ခံခဲ့ရသည့်အကြောင်း

အစောပိုင်းခရစ်ယာန်အများစုမဟုတ်သည့်တိုင် များစွာတို့သည် ပရဒိသုမြေကြီးပေါ် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုကို မျှော်လင့်ခဲ့ကြကြောင်း မငြင်းဆန်နိုင်သည့်သမိုင်းဖြစ်ရပ်တစ်ခုဖြစ်ခဲ့ရာ အဆိုပါ “အနှစ်တစ်ထောင်ယူဆချက်များ” “နောက်ဆုံးတွင်” မည်သို့ “ငြင်းပယ်” ခံခဲ့ရသနည်း။ ကျမ်းပညာရှင် ရောဘတ် မောင်းစ်က ဤသို့ဖော်ပြသည်– “ဝမ်းနည်းစရာမှာ၊ အနှစ်တစ်ထောင်ကာလတွင် စည်းစိမ်ဥစ္စာရှိခြင်း၊ ကာမဂုဏ်ခံစားခြင်းနှင့်ပတ်သက်၍ အနှစ်တစ်ထောင်သမားများစွာ၏ များပြားလှသော စိတ်ကူးစိတ်သန်းများသည် အစွန်းရောက်ခဲ့ခြင်းဖြစ်သည်။” သို့သော် အနှစ်တစ်ထောင်အုပ်စိုးမှုဆိုင်ရာ စစ်မှန်သောမျှော်လင့်ချက်ကို မငြင်းပယ်ဘဲ ဤအစွန်းရောက်အမြင်များကို ပြုပြင်နိုင်ခဲ့ကြပါသည်။

အနှစ်တစ်ထောင်အယူကို နှိမ်နင်းဖို့ ရန်ဘက်ပြုသူများအသုံးပြုသည့်နည်းများမှာ အမှန်တကယ်အံ့သြစရာဖြစ်ခဲ့သည်။ ဒစ်ရှောနရီ ဒီ တေအိုလိုဂျီး ကာတိုလစ်ခ်က ရောမချာ့ချ်ခေါင်းဆောင် ဂေးယပ်စ် (ဒုတိယရာစုအဆုံး၊ တတိယရာစုအစပိုင်း) သည် “အနှစ်တစ်ထောင်အယူကို အနိုင်ယူရန် အပေါကလစ် [ဗျာဒိတ်ကျမ်း] နှင့် စိန့်ယောဟန်၏ခရစ်ဝင်ကျမ်းတို့သည် ကျမ်းစစ်ကျမ်းမှန်မဟုတ်ဟု ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည်။” ၎င်းဒစ်ရှောနရီက တတိယရာစုမှ အလက်ဇန္ဒြားဘိရှော့ ဒိုင်အိုနီးစီးယပ်စ်သည် အနှစ်တစ်ထောင်အယူကို ဆန့်ကျင်သည့်ကျမ်းတစ်ကျမ်းရေးခဲ့ရခြင်းအကြောင်းကို ဤသို့ထပ်ဆင့်ဖော်ပြသည်– “စိန့်ယောဟန်၏အပေါကလစ်ကို အခြေပြုထားသော ၎င်းတို့၏ယုံကြည်ချက် ဆုပ်ကိုင်ထားသူတို့အားဆီးတားရန် ထိုကျမ်း၏ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို ငြင်းပယ်ရန်မတွန့်ဆုတ်ပေ။” မြေကြီးပေါ် အနှစ်တစ်ထောင်မျှော်လင့်ချက်ကောင်းချီးများကို ထိုသို့အပြင်းအထန်ဆန့်ကျင်ခြင်းသည် ထိုအချိန်ရှိကျမ်းပညာရှင်များက မသိမသာသြဇာလွှမ်းနေကြကြောင်း ဖော်ပြသည်။

အနှစ်တစ်ထောင်ကိုမီအောင်လိုက်ခြင်း ဟူသောစာအုပ်တွင် ပါမောက္ခ နော်မန်ကော်န်းက ဤသို့ရေးသားသည်– “တတိယရာစုတွင် ရှေးခေတ်ချာ့ချ်ကျမ်းပညာရှင်များအားလုံးတွင် ဩဇာအရှိဆုံးဖြစ်ကောင်းဖြစ်မည့် အော်ရဂျန်က ဘုရားသခင့်နိုင်ငံတော်ဟူသည် နေရာဒေသတစ်ခုတွင် တစ်ချိန်ချိန်ဖြစ်ပျက်လာမည့်အရာမဟုတ်ဘဲ ယုံကြည်သူများ၏စိုးလ်များ၌သာတည်ရှိမည်ဟု စ၍တင်ပြသောအခါ အနှစ်တစ်ထောင်အယူကို သံသယဖြစ်ရန် ဦးဆုံးကြိုးပမ်းခဲ့ခြင်းဖြစ်သည်။” အော်ရဂျန်သည် သမ္မာကျမ်းစာအစား ဂရိအတွေးအခေါ်ကို အားထားကာ မေရှိယနိုင်ငံတော်အောက် မြေကြီးဆိုင်ရာကောင်းချီးများနှင့်ပတ်သက်သည့် ထူးမြတ်လှသောမျှော်လင့်ချက်ကို နားလည်ရခက်သည့် “ယုံကြည်သူများ၏စိုးလ်များ၌ . . . ဖြစ်ရပ်” တစ်ခုအဖြစ် ပေါ့ပျက်သွားစေခဲ့သည်။ ကက်သလစ်စာရေးဆရာ လီယွန်ဂရေးက ဤသို့ရေးသားခဲ့သည်– “ဂရိအတွေးအခေါ် အကြီးအကျယ်လွှမ်းမိုးမှုကြောင့် . . . အနှစ်တစ်ထောင်ယူဆချက်များ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။”

“ချာ့ချ်သည်ယင်း၏မျှော်လင့်ချက်သတင်းပျောက်ဆုံးခဲ့”

ဩဂတ်စတင်းသည် ဂရိအတွေးအခေါ်ကို သူ့အချိန်တွင် ခရစ်ယာန်ဘာသာတရား၏ အပေါ်ယံအသွင်အပြင်မျှသာကျန်ရှိရာနှင့် ရောထွေးဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့သော ချာ့ချ်ဖခင်ဖြစ်သည်မှာအမှန်။ အစပိုင်းတွင် အနှစ်တစ်ထောင်အယူကို ထက်သန်စွာထောက်ခံခဲ့ကာ နောက်ဆုံး၌ သူသည် မြေကြီးပေါ်ခရစ်တော်၏အနာဂတ်အနှစ်တစ်ထောင်အုပ်စိုးမှု အယူအဆမှန်သမျှကို ငြင်းပယ်ခဲ့သည်။ ဗျာဒိတ်အခန်းကြီး ၂၀ ကို သူသည် ပုံဆောင်သဘောဖြင့် တလွဲပုံဖော်ပြခဲ့သည်။

ကက်သလစ်စွယ်စုံကျမ်းက ဤသို့ဆိုသည်– “နောက်ဆုံးတွင် အနှစ်တစ်ထောင်အုပ်စိုးမှု ရှိမည်မဟုတ်ဟူသောအယူကို ဩဂတ်စတင်းလက်ခံခဲ့သည်။ . . . ဤအခန်းကြီးတွင်ဖော်ပြထားသော ပထမရှင်ပြန်ထမြောက်ခြင်းသည် နှစ်ခြင်းခံခြင်းအားဖြင့် ဝိညာဉ်ရေးသဘောအရ ပြန်မွေးဖွားခြင်းကိုဆိုလိုသည်; အနှစ်ခြောက်ထောင်လွန်ပြီးနောက် အနှစ်တစ်ထောင်ဥပုသ်သည် ထာဝရအသက်ဖြစ်သည်ဟု သူဆိုသည်။” ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်က ဤသို့ဖော်ပြသည်– “ဩဂတ်စတင်း၏ ပုံဆောင်အနှစ်တစ်ထောင်အုပ်စိုးမှုသည် ချာ့ချ်၏တရားဝင်အယူဝါဒဖြစ်လာခဲ့သည်။ . . . လူသာရဲန်၊ ကာလ်ဗင်နစ်နှင့် အင်္ဂလီကန်ထုံးတမ်းများ၏ ပရိုတက်စတင့်ပြုပြင်ရေးသမားများသည် . . . ဩဂတ်စတင်းအယူများကို ခိုင်မာစွာစွဲကိုင်ထားခဲ့ကြသည်။” ထို့ကြောင့် ခရစ်ယာန်ဘောင်ချာ့ချ်အသင်းသားများသည် အနှစ်တစ်ထောင်မျှော်လင့်ချက်ကို လက်လွတ်သွားခဲ့ကြသည်။

ထို့အပြင် ဆွစ်လူမျိုးကျမ်းပညာရှင် ဖရက်ဒရစ် ဒီ ရိုရှီမွန့်တ်၏အဆိုအရ “အနှစ်တစ်ထောင်အုပ်စိုးမှုဟူသော သူ၏ကနဦးယုံကြည်ချက်ကို စွန့်လွှတ်လိုက်ခြင်းဖြင့် [ဩဂတ်စတင်း] သည် ချာ့ချ်အပေါ် များစွာထိခိုက်နစ်နာစေခဲ့သည်။ သူ၏ကြီးမားသောသြဇာအာဏာဖြင့် [ချာ့ချ်] ကို ယင်း၏မြေကြီးဆိုင်ရာအကောင်းဆုံးမျှော်လင့်ချက် လက်လွတ်သွားစေသည့်အမှားကို သူအတည်ပြုခဲ့သည်။” ဂျာမန်လူမျိုးကျမ်းပညာရှင် အဒေါ့ဖ် ဟားနက်ခ်က အနှစ်တစ်ထောင်အုပ်ချုပ်မှုကို ငြင်းပယ်ခြင်းက သာမန်လူတို့ “သိနားလည်သောဘာသာတရား” ကိုလက်လွတ်စေပြီး “ယုံကြည်ခြင်းအဟောင်း၊ မျှော်လင့်ခြင်းအဟောင်းများ” အစား “သူတို့နားမလည်နိုင်သောဘာသာတရား” ကိုခံယူစေသည်ဟု သဘောတူခဲ့သည်။ ယနေ့ နိုင်ငံများစွာရှိ ဟောင်းလောင်းချာ့ချ်များက လူတို့သဘောပေါက်နားလည်နိုင်သော ယုံကြည်ခြင်းနှင့် မျှော်လင့်ချက် လိုအပ်နေကြောင်း ကောင်းကောင်းသက်သေထူသည်။

ဗျာဒိတ်ကျမ်း၏ပေါ်လွင်ချက်များ စာအုပ်တွင် ကျမ်းပညာရှင် ဂျော့ဂ်ျ ဘီဇလီမာရေးက ဤသို့ရေးသားခဲ့သည်– “တစ်ဖက်တွင် ဩဂတ်စတင်း၏ ကြီးမားသောသြဇာနှင့် အခြားတစ်ဖက်တွင် ဂိုဏ်းဂဏများက အနှစ်တစ်ထောင်အယူကို ခံယူကြခြင်းကြောင့် ကက်သလစ်နှင့်ပရိုတက်စတင့်များသည် ၎င်းကိုငြင်းပယ်ရာတွင် ပူးပေါင်းညီညွတ်လာခဲ့ကြသည်။ ဤကမ္ဘာမြေကြီးတွင် လူအတွက် အခြားမည်သည့်မျှော်လင့်ချက်ရှိသနည်းဟု အမေးခံရသောအခါ တရားဝင်အဖြေမှာ– ဘာမျှမရှိပါ။ ခရစ်တော်ပြန်ကြွလာချိန်တွင် သမိုင်းကိုမေ့လျော့သွားကြမည့် ထာဝရကောင်းကင်နှင့်ငရဲကိုနေရာပေးဖို့ ကမ္ဘာကြီးဖျက်ဆီးခံရလိမ့်မည်။ . . . ချာ့ချ်သည်ယင်း၏မျှော်လင့်ခြင်းသတင်း ပျောက်ဆုံးနေပြီ ဟူ၍ဖြစ်သည်။”

ထူးမြတ်လှသောအပေါကလစ်မျှော်လင့်ချက် ရှင်သန်ဆဲ!

ယေဟောဝါသက်သေများမူကား အနှစ်တစ်ထောင်အုပ်စိုးမှုနှင့်စပ်လျဉ်းသည့် ထူးမြတ်လှသောကတိတော်များ ပြည့်စုံလာလိမ့်မည်ဟု ယုံကြည်စိတ်ချကြသည်။ “သက္ကရာဇ် ၂၀၀၀– အပေါကလစ်ကြောက်ရွံ့မှု” ဟူသောခေါင်းစဉ်ရှိ ပြင်သစ်ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် လူတွေ့မေးမြန်းခံခဲ့ရရာ ပြင်သစ်သမိုင်းဆရာ ယန်းဒီလျူမိုက ဤသို့ဖော်ပြခဲ့သည်– “ယေဟောဝါသက်သေများသည် အနှစ်တစ်ထောင်အုပ်စိုးမှုလမ်းစဉ်ကို အတိအကျလိုက်လျှောက်နေကြသည်၊ အကြောင်းမှာ သူတို့က မကြာမီ . . . ကျွန်ုပ်တို့သည် အနှစ် ၁,၀၀၀ ပျော်ရွှင်မှုကာလသို့—ကြီးမားသောအပြောင်းအလဲများခံရပြီးနောက်—ဝင်ရောက်ရတော့မည်ဟု ဆိုကြသောကြောင့်ဖြစ်သည်။”

ယင်းသည် အဆင်းအာရုံတစ်ခုတွင် တမန်တော်ယောဟန်မြင်ခဲ့ပြီး အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည်။ သူက ဤသို့ရေးခဲ့သည်– “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ . . . ကောင်းကင်မှကြီးသောအသံကား၊ ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’ ”—ဗျာဒိတ် ၂၁:၁၊ ၃၊ ၄။

ယေဟောဝါသက်သေများသည် လူများနိုင်သ၍များစွာတို့ကို ဤမျှော်လင့်ချက်ရရှိစေရန် ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းတွင် ပါဝင်နေကြသည်။ ယင်းကို အသင်ပိုမိုသိရှိလာရန် ဝမ်းမြောက်အားရစွာဖြင့် သူတို့ကူညီပေးကြပါလိမ့်မည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ပေပီယပ်စ်က တမန်တော်များ၏တစ်ခေတ်တည်းသားများထံမှအနှစ်တစ်ထောင်အယူဝါဒကိုတိုက်ရိုက်ရရှိခဲ့သည်ဟုဆို

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုကို တာတူလျံယုံကြည်ခဲ့

[Credit Line]

© Cliché Bibliothèque Nationale de France, Paris

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“အနှစ်တစ်ထောင်အုပ်စိုးမှုဟူသောသူ၏ကနဦးယုံကြည်ခြင်းကိုစွန့်လွှတ်လိုက်ခြင်းဖြင့် [ဩဂတ်စတင်း] သည် ချာ့ချ်အပေါ် များစွာထိခိုက်နစ်နာစေခဲ့”

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အပေါကလစ်တွင် ကတိပေးထားသော မြေကြီးပရဒိသုသည် အလွန်တောင့်တဖွယ် မျှော်လင့်ချက်ဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ