ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၈/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် မိမိ၏ မေရှိယကျွန်ကို ချီးမြှောက်တော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ယေဟောဝါ၏ကျွန်သည် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အလိုတော်ဆောင်တာဟာ ကြည်နူးစရာပါ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • ယေရှုဟာ မေရှိယ ဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၈/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ဟေရှာယအခန်းကြီး ၅၃ တွင် ကျော်ကြားသော မေရှိယဆိုင်ရာပရောဖက်ပြုချက်တစ်ခု ပါရှိသည်။ အခန်းငယ် ၁၀ တွင်ဤသို့ဆိုသည်– “ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ [“နှစ်ထောင်းအားရ၊” ကဘ] ၍ နာစေတော်မူ၏။” ယင်းက အဘယ်အရာကိုဆိုလိုသနည်း။

ဟေရှာယ ၅၃:၁၀ နှင့်စပ်လျဉ်း၍ အဘယ်ကြောင့်မေးခွန်းပေါ်ပေါက်သည်ကို သိမြင်ရန် လွယ်ကူပါသည်။ စာနာထောက်ထားပြီး သနားကြင်နာတတ်သော ကျွန်ုပ်တို့၏ဘုရားသခင်သည် တစ်ဦးတစ်ယောက်ကို နှိပ်စက်ခြင်း၊ သို့မဟုတ် နာကျင်စေခြင်း၌ နှစ်ထောင်းအားရလိမ့်မည်ဟု စစ်မှန်သောခရစ်ယာန်များ မယူမှတ်နိုင်ကြချေ။ ဘုရားသခင်သည် အပြစ်မဲ့သူကို ညှဉ်းဆဲနှိပ်စက်ခြင်းတွင် အားရနှစ်သက်တော်မမူကြောင်း သမ္မာကျမ်းစာက ယုံကြည်စိတ်ချစေသည်။ (တရားဟောရာ ၃၂:၄; ယေရမိ ၇:၃၀၊ ၃၁) ယေဟောဝါသည် ရာစုနှစ်များတစ်လျှောက် မိမိ၏ဉာဏ်ပညာ၊ မေတ္တာတော်နှင့်ညီညွတ်သည့်အကြောင်းများကြောင့် ဆင်းရဲဒုက္ခကို ရံဖန်ရံခါ ခွင့်ပြုကောင်းခွင့်ပြုတော်မူခဲ့ပေမည်။ သို့သော် မိမိချစ်မြတ်နိုးသည့် သားတော်ယေရှုကို ဝေဒနာခံစားရရန် ကိုယ်တော်မပြုခဲ့သည်မှာ သေချာသည်။ သို့ဆိုလျှင် ဤကျမ်းပိုဒ်က အဘယ်အရာကို အမှန်ဆိုလိုနေခြင်းဖြစ်သနည်း။

နှစ်နေရာတွင်တွေ့ ရှိရသည့် “နှစ်ထောင်းအားရ” ဟူသည့်စကားလုံးကိုမှတ်သားကာ ၎င်းအခန်းငယ်တစ်ခုလုံးကို သုံးသပ်လျှင် ဆိုလိုရင်းကိုသဘောပေါက်ရန် အကူအညီရနိုင်သည်။ ဟေရှာယ ၅၃:၁၀ [ကဘ] တွင်ဤသို့ဖတ်ရသည်– “ယေဟောဝါသည် သူ့ကိုနှိပ်စက်ခြင်းငှာနှစ်ထောင်းအားရ၍ နာစေတော်မူ၏။ ကိုယ်တော်သည် အပြစ်ဖြေရာယဇ်အဖြစ် သူ၏စိုးလ်ကိုပူဇော်ပြီးမှ အမျိုးအနွယ်တော်ကိုမြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ယေဟောဝါ၏နှစ်ထောင်းအားရမှုသည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်လိမ့်မည်။”

သမ္မာကျမ်းစာ၏ ခြုံငုံသတင်းတရားက ထိုအခန်းငယ်၏ အဆုံးပိုင်းတွင် ဖော်ပြထားသည့် “ယေဟောဝါ၏နှစ်ထောင်းအားရမှု” သည်ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကိုယ်တော်၏ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်ခြင်းအပေါ် ဗဟိုပြုကြောင်း ဖော်ပြသည်။ ယေဟောဝါသည် ဤသို့လုပ်ဆောင်ခြင်းဖြင့် မိမိ၏ပိုင်သအုပ်စိုးမှုကို ထင်ရှားစေမည်ဖြစ်ပြီး နာခံသောလူသားများရှိ အမွေခံအပြစ်—ကျွန်ုပ်တို့၏အပြစ်များ—ကိုဖယ်ရှားလိမ့်မည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၁; ဆာလံ ၈၃:၁၈; တမန်တော် ၄:၂၄; ဟေဗြဲ ၂:၁၄၊ ၁၅; ၁ ယောဟန် ၃:၈) ယင်းတို့အားလုံးဖြစ်မြောက်လာရန် အဓိကအချက်မှာ ဘုရားသခင့်သားတော်သည် လူသားတစ်ဦးဖြစ်လာ၍ ရွေးနုတ်ဖိုးပူဇော်သကာကို ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့သိရှိသည့်အတိုင်း ဤသို့လုပ်ဆောင်ရာတွင် ယေရှုသည် ဝေဒနာအမှန်ခံစားခဲ့ရသည်။ ကိုယ်တော်သည် “ဆင်းရဲ . . . ခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏” ဟူ၍သမ္မာကျမ်းစာက ဖော်ပြသည်။ ထို့ကြောင့် ယေရှုသည် ထိုသို့ဆင်းရဲခံခြင်းမှ အကျိုးကျေးဇူးခံစားခဲ့ရသည်။—ဟေဗြဲ ၅:၇-၉။

မိမိလျှောက်လှမ်းရမည့် ဂုဏ်အသရေရှိသောလမ်းစဉ်တွင် ပြင်းထန်သောဝေဒနာ အနည်းငယ်ခံစားရမည်ကို ယေရှုကြိုတင်သိခဲ့သည်။ ယောဟန် ၁၂:၂၃၊ ၂၄ တွင်မှတ်တမ်းတင်ထားသည့် ကိုယ်တော့်စကားအရ ယင်းသို့ဖြစ်ကြောင်း သိသာသည်၊ ထိုတွင် ဤသို့ဖတ်ရသည်– “လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။” မှန်ပါသည်၊ ဝေဒနာခံရပြီး သေသည်အထိ မိမိ၏သမာဓိ ကို စောင့်ထိန်းရမည်ဖြစ်ကြောင်း ယေရှုသိသည်။ မှတ်တမ်းက “‘ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါအဘ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။ အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါ’ ဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှစကားသံကား၊ ‘ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန်ချီးမြှောက်ဦးမည်’ ဟုလာ၏” ဟူ၍ဆက်ဖော်ပြသည်။—ယောဟန် ၁၂:၂၇၊ ၂၈; မဿဲ ၂၆:၃၈၊ ၃၉။

ဤရှေ့နောက်စကားများမှ ဟေရှာယ ၅၃:၁၀ ကိုကျွန်ုပ်တို့သဘောပေါက်နိုင်ကြသည်။ မိမိသားတော်သည် တစ်နည်းအားဖြင့် ဖိစီးနှိပ်စက်ခံရလိမ့်မည်ကို ယေဟောဝါ ကောင်းစွာသိရှိသည်။ သို့တိုင် ဘုန်းထင်ရှား၍ များစွာအကျိုးရှိမည့်ရလဒ် စိတ်တော်တွင်ရှိကာ ယေရှုခံစားရမည့်အတွေ့အကြုံကို ယေဟောဝါသည် နှစ်ထောင်းအားရသည်။ ယေဟောဝါသည် ဤသဘောမျိုးဖြင့် မေရှိယကို “နှိပ်စက်ခြင်းငှာ နှစ်ထောင်းအားရတော်မူ” သည်။ ယေရှုသည်လည်း မိမိစွမ်းဆောင်ပြီးမြောက်နိုင်ခဲ့သည့်အရာကြောင့် နှစ်ထောင်းအားရဖြစ်ခဲ့ရသည်။ မှန်ပါသည်၊ ဟေရှာယ ၅၃:၁၀ တွင်ကောက်ချက်ချထားသည့်အတိုင်း ‘ယေဟောဝါ၏နှစ်ထောင်းအားရမှုသည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်ခဲ့သည်။’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ