ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၈/၁၅ စာ. ၃
  • လူငယ်အများ အမှုမထားသည့် စာအုပ်တစ်အုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်အများ အမှုမထားသည့် စာအုပ်တစ်အုပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချို့ ခြားနားသောအမြင် စွဲကိုင်
  • သမ္မာကျမ်းစာကို သင်မည်မျှ ကောင်းစွာသိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သင့်လူငယ့်ဘဝကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သမ္မာကျမ်းစာ —ဖတ်ရှုရမည့်စာအုပ်တစ်အုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၈/၁၅ စာ. ၃

လူငယ်အများ အမှုမထားသည့် စာအုပ်တစ်အုပ်

“သမ္မာကျမ်းစာဟာ ဘုရားသခင့်စကားတော်အမှန်ဖြစ်မဖြစ် ကျွန်မဘယ်လိုလုပ်သိနိုင်မလဲ။ စာအုပ်တစ်အုပ်အနေနဲ့ အဲဒါက ကျွန်မကိုစိတ်မဝင်စားစေဘူး” ဟု ဘီအားထာအမည်ရှိ အမျိုးသမီးငယ်တစ်ဦးကပြောသည်။

ဘီအားထာနေထိုင်သည့် ဂျာမနီနိုင်ငံတွင် လူငယ်အများစုသည် သူ့ကဲ့သို့ သဘောထားကြသည်; ထို့ကြောင့် ကျမ်းစာဖတ်ရှုခြင်းကို အရေးမကြီးဟု သူတို့ယူမှတ်ကြ၏။ မကြာသေးမီကပြုသော လေ့လာမှုတစ်ရပ်အရ ခန့်မှန်းခြေအားဖြင့် ထိုတွင်ရှိလူငယ် ၁ ရာခိုင်နှုန်းသည် သမ္မာကျမ်းစာကို အမြဲဖတ်ရှုကြ၍ ၂ ရာခိုင်နှုန်းသည် မကြာခဏဖတ်ကြကာ ၁၉ ရာခိုင်နှုန်းသည် တစ်ခါတလေသာဖတ်ပြီး ၈၀ ရာခိုင်နှုန်းနီးပါးသည် လုံးဝမဖတ်ကြောင်း ဖော်ပြသည်။ ထိုကိန်းဂဏန်းများသည် သင့်နိုင်ငံ၌ဖြစ်ကောင်းဖြစ်မည့်နည်းတူ အခြားသောနိုင်ငံများ၌လည်း အလားတူဖြစ်ပေလိမ့်မည်။ ရှင်းနေသည်မှာ သမ္မာကျမ်းစာသည် လူငယ်အများ အမှုမထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။

ထို့ကြောင့် ငယ်ရွယ်သူလူမျိုးဆက်တွင် ကျမ်းစာမတတ်သူများခြင်းသည် အံ့ဩစရာမဟုတ်ပေ! ပညတ်တော်ဆယ်ပါးကိုသိကျွမ်းကာ ယင်းတို့ကို ဘဝလမ်းညွှန်အဖြစ်သုံးစွဲကြသူ မည်မျှရှိကြောင်းဖော်ပြသည့် စစ်တမ်းတစ်ရပ်ကို ၂၀၀၀ ပြည့်နှစ်အစောပိုင်း၌ လောင်းဇစ်စာ ရုဒ်ရှောင် သတင်းစာတွင် ဖော်ပြခဲ့သည်။ အသက် ၆၀ ကျော်လူမျိုးဆက်တွင် ၆၇ ရာခိုင်နှုန်းသည် ပညတ်တော်များကိုသိကျွမ်းကာ ယင်း၏လမ်းညွှန်မှုကိုခံယူကြ၏; အသက် ၃၀ အောက်ရှိသူများတွင် ၂၈ ရာခိုင်နှုန်းသာရှိသည်။ မှန်ပါသည်၊ လူငယ်အများအတွက် သမ္မာကျမ်းစာသည် အကျွမ်းတဝင်မရှိသည့်နယ်ပယ်ဖြစ်သည်။

အချို့ ခြားနားသောအမြင် စွဲကိုင်

အခြားတစ်ဖက်တွင်မူ သမ္မာကျမ်းစာသည် အလွန်အဖိုးထိုက်ကြောင်း တွေ့ရှိကြသည့် လူငယ်သန်းပေါင်းများစွာ ကမ္ဘာတစ်ဝန်းတွင်ရှိပါသည်။ ဥပမာ၊ အလက်ဇန္ဒားသည် အသက် ၁၉ နှစ်ရှိပြီး အလုပ်မသွားမီ နံနက်တိုင်း ကျမ်းစာဖတ်လေ့ရှိသည်။ “နေ့တစ်နေ့ကို ဒီနည်းနဲ့အစပြုတာထက်ကောင်းတဲ့နည်း ကျွန်တော်စဉ်းစားလို့မရဘူး” ဟုသူရှင်းပြသည်။ စန္ဒရာသည် ညနေတိုင်း ကျမ်းစာတစ်ပိုဒ်ကို ဖတ်ရှုလေ့ရှိသည်။ “အဲဒါက ကျွန်မရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုဖြစ်လာပြီ” ဟုသူပြောပြသည်။ ၁၃ နှစ်အရွယ်ရှိ ဂျူလီယာသည် အိပ်ရာမဝင်မီ ကျမ်းစာအခန်းကြီးတစ်ခန်း အနည်းဆုံးဖတ်သည့်အကျင့်ရှိလေပြီ။ “အဲဒီလိုလုပ်ရတာ ကျွန်မတကယ်ပျော်တယ်၊ နောင်လည်း ဒီအတိုင်းဆက်လုပ်သွားမယ်။”

အဘယ်ရှုမြင်ချက်သည် နည်းလမ်းကျ၍ ပညာရှိသနည်း။ သမ္မာကျမ်းစာကို အမှန်ပင်ဖတ်ရှုထိုက်သလော။ ငယ်ရွယ်သူလူမျိုးဆက်အတွက် ယင်းသည် တန်ဖိုးရှိပြီး အရေးပါသလော။ သင်မည်သို့ထင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ