ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၂/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆစ်သီယန်းများ  ပဟေဠိဆန်သောရှေးခေတ်လူသားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ပျော်ရွှင်ဖွယ်လောက၏ သော့ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • လူ့ဒုက္ခဆင်းရဲ—ယင်းကိုဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင်မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၂/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ဂျာမနီနိုင်ငံ၏ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြုတရားရုံးသည် ဘာသာရေးနှင့်ပတ်သက်၍ မည်သည့်တရားဝင်အောင်ပွဲကို ရရှိစေခဲ့သနည်း။

ထိုတရားရုံးသည် ယေဟောဝါသက်သေများနှင့်စပ်လျဉ်း၍ တခြားတရားရုံး၏ မဟုတ်မမှန်စီရင်ချက်ကို ပယ်ဖျက်ပြီး သက်သေခံများသည် ပြည်သူ့ ဥပဒေအရ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည်ကို တရားဝင်အသိအမှတ်ပြုခဲ့သည်။ ဘာသာရေးလွတ်လပ်မှုဘောင်အတွင်း၌ တစ်ဦးတစ်ယောက်သည် တိုင်းပြည်၏တောင်းဆိုချက်များထက် ‘ယုံကြည်ခြင်း၏အခြေခံမူများကိုနာခံ’ နိုင်သည်ဟု အနိုင်ပေးစီရင်ချက်က မှတ်တမ်းတင်ခဲ့သည်။—၈/၁၅၊ စာမျက်နှာ ၈။

• ယောဘသည် အချိန်မည်မျှတိုင် ဆင်းရဲခြင်းခံခဲ့ရသနည်း။

ယောဘသည် နှစ်ပေါင်းများစွာ ဆင်းရဲခံခဲ့ရသည်ဟု ယောဘကျမ်းက မဖော်ပြထားချေ။ ယောဘ၏ဆင်းရဲခြင်းနှင့် ၎င်း၏ဖြေရှင်းချက်သည် လအနည်းငယ်အကြာ တစ်နှစ်အတွင်းဖြစ်နိုင်ဖွယ်ရှိသည်။—၈/၁၅၊ စာမျက်နှာ ၃၁။

• စာတန်သည် အယူသီးမှုမျှမဟုတ်ကြောင်း အဘယ်ကြောင့် ကျွန်ုပ်တို့သေချာနိုင်သနည်း။

စာတန် တကယ်ရှိသည်ကို ယေရှုခရစ်သိရှိခဲ့၏။ ယေရှုသည် မိမိကိုယ်နှိုက်ရှိ ဆိုးညစ်သောအရာတစ်ခုဖြင့်မဟုတ်၊ တကယ့်ပုဂ္ဂိုလ်တစ်ပါး၏ စမ်းသပ်ခြင်းကို ခံခဲ့ရသည်။ (မဿဲ ၄:၁-၁၁; ယောဟန် ၈:၄၄; ၁၄:၃၀)—၉/၁၊ စာမျက်နှာ ၅-၆။

• “ငွေရတတ်သောသူ၏စည်းစိမ်သည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား သူတို့၏အကျိုးနည်းကြောင်းဖြစ်၏” ဟု နယပုံပြင် ၁၀:၁၅ ကဆိုသည်။ ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။

ခိုင်ခံ့သောမြို့သည် ၎င်းတွင်နေထိုင်ကြသူများကို လုံခြုံမှုအနည်းအကျဉ်းပေးသည့်နည်းတူ စည်းစိမ်ဥစ္စာသည် ဘဝတွင်ကြုံတွေ့ရသည့် မရေရာမှုအချို့မှ ကာကွယ်ပေးနိုင်သည်။ အခြားတစ်ဖက်တွင်မူ၊ မမျှော်လင့်သောအဖြစ်အပျက်များ ဖြစ်ပေါ်လာသောအခါ ဆင်းရဲခြင်းသည် အခြေအနေပိုဆိုးဝါးစေနိုင်သည်။—၉/၁၅၊ စာမျက်နှာ ၂၄။

• ဧနုတ်ခေတ်တွင် မည်သည့်သဘောမျိုးဖြင့် “ယေဟောဝါ၏နာမကို ခေါ်စပြု” ခဲ့ကြသနည်း။ (ကမ္ဘာဦး ၄:၂၆၊ ကဘ)

လူ့သမိုင်းစတင်ကတည်းက ဘုရားသခင့်နာမတော်ကို အသုံးပြုခဲ့ကြ၏; ထို့ကြောင့် ဧနုတ်အသက်ရှင်ချိန်အတွင်း စတင်ခဲ့ရာသည် ယုံကြည်ခြင်းနှင့် ယေဟောဝါအား ခေါ်ခဲ့ခြင်းမဖြစ်နိုင်ချေ။ လူတို့သည် မိမိတို့ကိုယ်နှိုက်ကိုလည်းကောင်း၊ ကြားခံဖြင့် ဘုရားသခင်ကို ဝတ်ပြုဟန်ဆောင်ရန် အခြားသူများကိုလည်းကောင်း ဘုရားသခင်၏နာမတော်တပ်ပြီး မခန့်လေးစားခေါ်ခဲ့ကြခြင်းဖြစ်ပေမည်။—၉/၁၅၊ စာမျက်နှာ ၂၉။

• သမ္မာကျမ်းစာတွင် အသုံးပြုထားသော “ဆုံးမခြင်း” ဟူသည် အဘယ်နည်း။

ထိုအသုံးအနှုန်းက ကြမ်းတမ်းစွာပြုမူခြင်း သို့မဟုတ် ရက်စက်မှုသဘောမပါချေ။ (သု. ၄:၁၃; ၂၂:၁၅) “ဆုံးမခြင်း” အတွက် ဂရိစကားလုံးသည် သွန်သင်ခြင်း၊ ပညာပေးခြင်း၊ ပဲ့ပြင်ခြင်းနှင့် ရံဖန်ရံခါ ခိုင်မာသော်လည်း မေတ္တာပါပါရိုက်နှက်ခြင်းသဘောနှင့် အဓိကဆက်နွှယ်၏။ မိဘတို့သည် ယေဟောဝါကိုတုပနိုင်သည့် အရေးကြီးဆုံးနည်းမှာ မိမိတို့ကလေးများနှင့် ဆက်သွယ်ရေးလမ်းကြောင်း အမြဲပွင့်နေစေခြင်းအားဖြင့်ဖြစ်သည်။ (ဟေဗြဲ ၁၂:၇-၁၀)—၁၀/၁၊ စာမျက်နှာ ၈၊ ၁၀။

• ယနေ့ စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင်၏အုပ်ချုပ်မှုကိုထောက်ခံကြောင်း မည်သို့ဖော်ပြကြသနည်း။

ဘုရားသခင့်နိုင်ငံတော်ကို ကြေညာရာတွင် ယေဟောဝါသက်သေများသည် ပိတ်ပင်ခံရကြသည့် နိုင်ငံများ၌ပင် နိုင်ငံရေးနှင့်ရောထွေးခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်ရန် လှုံ့ဆော်ပေးခြင်းမရှိကြချေ။ (တိတု ၃:၁) သူတို့သည် ယေရှုနှင့် ကိုယ်တော်၏အစောပိုင်းတပည့်တော်များနည်းတူ အပြုသဘောပါပါ ကူညီပေးကြပြီး ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်တရားစင်ကြယ်ခြင်းနှင့် အလုပ်ကိုကောင်းစွာလုပ်ကိုင်သည့်အကျင့်ရှိခြင်းအစရှိသော အကျိုးပြုသည့် ကျမ်းစာစံနှုန်းများကို လက်ခံရန် ကြိုးစားကူညီပေးကြသည်။—၁၀/၁၅၊ စာမျက်နှာ ၆။

• အင်ဒီးစ်တောင်တန်းများပေါ်တွင် အသက်ပေးရေ မည်သို့စီးဆင်းနေသနည်း။

ယေဟောဝါသက်သေများသည် ထိုတွင် ဒေသခံဘာသာစကားနှစ်ခုဖြစ်သော ကွီချူဝါနှင့် အိုင်မာရာစကားနှင့်ပင် လူများထံ ကျမ်းစာအမှန်တရားကို ကြိုးစားသယ်ဆောင်ပေးလျက်ရှိကြသည်။ ကန်ရေပေါ်တွင် ပေါက်နေသောကျူပင်များဖြင့် ပြုလုပ်ထားသည့် “ရေပေါ်” ကျွန်းကြမ်းမြင့်များအပါအဝင် တိတိကာကာအိုင်မှ ကျွန်းများပေါ် နေထိုင်ကြသူများထံ သက်သေခံများလည်ပတ်နေကြသည်။—၁၀/၁၅၊ စာမျက်နှာ ၈-၁၀။

• မျက်မှောက်ခေတ် ခရီးသည်တင်လေယာဉ်များပေါ်မှ ကွန်ပျူတာလမ်းညွှန်မှုစနစ်နှင့်နှိုင်းယှဉ်နိုင်သည့် ကျွန်ုပ်တို့ကိုလမ်းညွှန်သော အဘယ်အရာကို ဘုရားသခင်ပေးထားသနည်း။

ဘုရားသခင်သည် လူသားတို့အား ကိုယ်ကျင့်တရားလမ်းညွှန်မှု၊ အတွင်းကိုယ်ကျင့်တရားအသိစိတ်ကို ပေးထားသည်။ ယင်းသည် ကျွန်ုပ်တို့အမွေရရှိထားသော သိစိတ်ဖြစ်သည်။ (ရောမ ၂:၁၄၊ ၁၅)—၁၁/၁၊ စာမျက်နှာ ၃-၄။

• ယေရှု၏သေခြင်းသည် အဘယ်ကြောင့် တန်ဖိုးကြီးမားလှသနည်း။

စုံလင်သောလူသားအာဒံ အပြစ်ပြုသောအခါ သူကိုယ်တိုင်နှင့် သူ၏သားစဉ်မြေးဆက်များသည် လူ့အသက်ဆုံးရှုံးခဲ့ရသည်။ (ရောမ ၅:၁၂) စုံလင်သောလူသား ယေရှုသည် မိမိ၏လူ့အသက်ကို ရွေးနုတ်ဖိုးအဖြစ်ယဇ်ပူဇော်ပြီး တည်ကြည်သောလူသားများကို ထာဝရအသက်ရရှိနိုင်စေခဲ့သည်။—၁၁/၁၅၊ စာမျက်နှာ ၅၊ ၆။

• ကောလောသဲ ၃:၁၁ တွင်ဖော်ပြထားသော ဆစ်သီယန်းများကား မည်သူနည်း။

ဆစ်သီယန်းများသည် ယူရေရှားစတက်လွင်ပြင်တွင် နေထိုင်ကြသော ခြေသလုံးအိမ်ပါလူမျိုးဖြစ်ပြီး ဘီ.စီ.အီး. ၇၀၀ ခန့်မှ ၃၀၀ အထိ လွှမ်းမိုးခဲ့ကြသည်။ သူတို့သည် မြင်းစီးသူရဲကောင်းများနှင့် စစ်သည်တော်များဖြစ်ကြသည်။ ကောလောသဲ ၃:၁၁ ကသတ်သတ်မှတ်မှတ်နိုင်ငံတစ်ခုကို ဆိုလိုနေခြင်းမဟုတ်ဘဲ အရိုင်းစိုင်းဆုံးလူများကို ဆိုလိုခြင်းဖြစ်ပေမည်။—၁၁/၁၅၊ စာမျက်နှာ ၂၄-၅။

• ရွှေပညတ်သည် ကျွန်ုပ်တို့မှန်မှန်ဂရုစိုက်သင့်သည့် သွန်သင်ချက်တစ်ခုဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

လူ့ကျင့်ဝတ်ဆိုင်ရာ ဤအခြေခံမူကို ယုဒဘာသာ၊ . . . ဘာသာ၊ ဂရိအတွေးအခေါ်ပညာရပ်နှင့် ကွန်ဖြူးရှပ်ဘာသာတို့တွင် ရှင်းလင်းဖော်ပြထားသည်။ သို့သော် ယေရှု၏ တောင်ပေါ်တရားတော်တွင်ပါသည့် ကိုယ်တော့်ညွှန်ကြားချက်သည် အပြုသဘောဆောင်ပြီး နေရာတိုင်းရှိ လူများနှင့်အသက်အရွယ်တိုင်း၏ဘဝအပေါ် သက်ရောက်မှုရှိသည်။ (မဿဲ ၇:၁၂)—၁၂/၁၊ စာမျက်နှာ ၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ