ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၂/၁ စာ. ၃
  • ထိခိုက်သည့်အထိပေးကမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိခိုက်သည့်အထိပေးကမ်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်တို့ ဆယ်ဖို့တစ်ဖို့ ပေးသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ယေဟောဝါကို ကျွန်ုပ်တို့မည်သို့ပေးဆပ်နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆယ်ဖို့တစ်ဖို့အကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရွှင်လန်းမှုရရှိစေသောပေးကမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၂/၁ စာ. ၃

ထိခိုက်သည့်အထိပေးကမ်းခြင်း

“သူတောင်းစားလို့ ကျွန်တော့်ကိုခေါ်နိုင်ပါတယ်; ကျွန်တော်စိတ်မဆိုးပါဘူး။ ယေရှုအတွက် ကျွန်တော်အလှူခံနေတာ။” ပရိုတက်စတင့်တရားဟောဆရာတစ်ဦး၏ အဆိုပါစကားများက ဝတ်ပြုရေးရန်ပုံငွေနှင့်ပတ်သက်၍ အငြင်းပွားမှုရှိနေကြောင်း အလေးအနက်ဖော်ပြသည်။ ဖွဲ့စည်းတည်ထောင်ထားသော [ခရစ်ယာန်]ဘာသာရေးသည် အတည်တကျရှိနိုင်ရန် ငွေကြေးထောက်ပံ့မှု အတော်များများလိုသည်။ လစာများပေးဖို့လိုသည်၊ ဘုရားကျောင်းများ ဆောက်လုပ်၍ ပြုပြင်ထိန်းသိမ်းရသည်၊ ဧဝံဂေလိတရားဟောကင်ပိန်းများကို ငွေကြေးထောက်ပံ့ရသည်။ ၎င်းတို့ကိုပြုလုပ်ရန် လိုအပ်သောငွေ မည်သို့ရနိုင်မည်နည်း။

ချာ့ချ်များစွာသည် ဆယ်ဖို့တစ်ဖို့အစီအစဉ်ဖြင့် ၎င်းကိုဖြေရှင်းသည်။a ဧဝံဂေလိတရားဟောပြောသူ နော်မဲန် ရော်ဘတ်စဲန်က “ဆယ်ဖို့တစ်ဖို့ပေးစေခြင်းဖြင့် မြေကြီးပေါ်ရှိနိုင်ငံတော်ကို ဘုရားသခင်ထောက်ပံ့ကူညီပေးသည်” ဟုဆို၏။ “ဆယ်ဖို့တစ်ဖို့ပေးခြင်းအစီအစဉ်သည် ဝမ်းမြောက်ဖွယ်သတင်းတရားဟောပြောဖို့ ကိုယ်တော်၏စီးပွားရေးနည်းစနစ်ဖြစ်သည်။” ပေးကမ်းစွန့်ကြဲရန် တာဝန်ရှိကြောင်း သတိပေးဖို့ ဝန်မလေးဘဲ မိမိ၏နောက်လိုက်များကို ဤသို့အလေးအနက်ဆိုသည်– ‘ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် သင်တတ်နိုင်၍ လုပ်ဆောင်သည့်အရာမဟုတ်ပါ။ နာခံမှုပြသည့်လုပ်ရပ်တစ်ခုဖြစ်သည်။ ဆယ်ဖို့တစ်ဖို့မပေးခြင်းသည် ဘုရားသခင့်ပညတ်တော်ကို တမင်တကာချိုးဖောက်ခြင်းဖြစ်၏။ ငွေကို အလွဲသုံးစားပြုခြင်းဖြစ်သည်။’—ဆယ်ဖို့တစ်ဖို့ပေးခြင်း—ဘုရားသခင့်ဘဏ္ဍာရေးအစီအစဉ်။

ပေးကမ်းခြင်းသည် ခရစ်ယာန်ဝတ်ပြုရေး၏ ကဏ္ဍတစ်ခုဖြစ်သင့်ကြောင်း သင်သဘောတူပေမည်။ သို့ရာတွင် မရမကငွေတောင်းခံခြင်းကို သင်စိတ်အနှောင့်အယှက်ဖြစ်သလော၊ စိတ်ပင် တိုမိသလော။ ဘရာဇီးလ်လူမျိုး ခရစ်ယာန်ဓမ္မပညာရှင် အီနာစီအို စထရိုင်ဒါက ချာ့ချ်များသည် “မိမိတို့၏အဖွဲ့အစည်းပြဿနာများကိုဖြေရှင်း” ရန် ဆယ်ဖို့တစ်ဖို့တောင်းခံသည်ဟု စွပ်စွဲပြီး ထိုသို့ပြုခြင်းသည် “တရားမဝင်၊ အလွဲသုံးစားပြုခြင်းဖြစ်ပြီး ဝတ်ပြုရေးဆိုင်ရာသွေဖည်မှုဖြစ်၏” ဟုသမုတ်သည်။ ထိုသို့ပြုခြင်း၏ရလဒ်မှာ “အလုပ်လက်မဲ့ဖြစ်သူများ၊ မုဆိုးမများ၊ ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်သူများ၊ ဝေဖန်သုံးသပ်နိုင်ခွင့်မရှိသူများတို့က မိမိတို့ကို ဘုရားသခင်စွန့်ပစ်ထားပြီဟု ယူမှတ်ကြပြီး မိမိတို့မိသားစုများ မလောက်မငစားရသည့်အထိ ‘တရားဟောဆရာ’ ကိုပေးကမ်းဖို့ တာဝန်ရှိသည်ဟုယူမှတ်စေသည်” ဟုသူဆို၏။

‘ဆယ်ဖို့တစ်ဖို့ထည့်ရန် အတင်းအကျပ်တောင်းခံသော ချာ့ချ်များသည် သမ္မာကျမ်းစာအတိုင်း အမှန်လိုက်လျှောက်နေပါသလော။ သို့မဟုတ် အချို့သောဝတ်ပြုရေးသည် မိမိတို့ သိုးတော်စုထံမှ ငွေညှစ်ယူခြင်းဖြင့် ဘုရားသခင့်အမျက်တော်ကို နှိုးဆွနေသလော။ ဘုရားသခင်သည် ဆုံးရှုံးနစ်နာသည့်အထိ ကျွန်ုပ်တို့ကို ပေးကမ်းစွန့်ကြဲစေလိုသလော’ ဆိုသည်ကို သင်သိလိုပေမည်။

[အောက်ခြေမှတ်ချက်]

a ဆယ်ဖို့တစ်ဖို့ဟူသည် လူတစ်ဦး၏ စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ