ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၂၈
  • သင်တို့ ဆယ်ဖို့တစ်ဖို့ ပေးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်တို့ ဆယ်ဖို့တစ်ဖို့ ပေးသလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွှင်လန်းမှုရရှိစေသောပေးကမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါကို ကျွန်ုပ်တို့မည်သို့ပေးဆပ်နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆယ်ဖို့တစ်ဖို့အကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ထိခိုက်သည့်အထိပေးကမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၂၈

သင်တို့ ဆယ်ဖို့တစ်ဖို့ ပေးသလား။

ယေဟောဝါသက်သေတွေဟာ ဆယ်ဖို့တစ်ဖို့ မပေးပါဘူး။ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းက စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လည်ပတ်ပါတယ်။ ဆယ်ဖို့တစ်ဖို့ဆိုတာ ဘာလဲ။ ယေဟောဝါသက်သေတွေက ဘာကြောင့် ဆယ်ဖို့တစ်ဖို့ မပေးတာလဲ။

ဆယ်ဖို့တစ်ဖို့ပညတ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုထဲက ဆယ်ပုံ,ပုံ တစ်ပုံကို ပေးလှူရမယ်ဆိုတဲ့ ပညတ် ဖြစ်တယ်။ ရှေးအစ္စရေးလူမျိုးတွေကို ဘုရားသခင် ပေးတဲ့ ပညတ်တရားထဲမှာ အဲဒီပညတ်လည်း ပါဝင်တယ်။ ဒါပေမဲ့ “ဆယ်ဖို့တစ်ဖို့ကို ကောက်ခံ” ခြင်း အပါအဝင် အဲဒီပညတ်တရားကို ခရစ်ယာန်တွေ လိုက်နာစရာ မလိုတော့ဘူးလို့ ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။—ဟီဘရူး ၇:၅၊ ၁၈; ကောလောသဲ ၂:၁၃၊ ၁၄။

ယေဟောဝါသက်သေတွေဟာ ဆယ်ဖို့တစ်ဖို့ ပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ရှေးခရစ်ယာန်တွေကို တုပပြီး အခကြေးငွေ မယူဘဲ ဟောပြောသွန်သင်ပေးခြင်း၊ စေတနာအလျောက် အလှူငွေ ထည့်ဝင်ခြင်းအားဖြင့် ဘုရားအမှုဆောင်လုပ်ငန်းကို ထောက်ပံ့ကြတယ်။

သမ္မာကျမ်းစာရဲ့ ဒီညွှန်ကြားချက်ကို ကျွန်ုပ်တို့ လိုက်နာကြတယ်– “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။”—၂ ကောရိန္သု ၉:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ